iMyanmarHouse.com - Best Property Website for Myanmar
×

လွပၿပီး စတိုင္က်တဲ့ ဆံပင္ဟာ သင့္ကို သပ္ရပ္စနစ္က်သူအျဖစ္ ညႊန္ျပပါတယ္။ ဒါေပမယ့္ သင့္မွာ အဆီျပန္တဲ့ ဆံပင္ရွိေနခဲ့ရင္ သင့္ဆံပင္ကို တစ္ေနကုန္ ေတာက္ပသန႔္ရွင္းေအာင္ ထားဖုိ႔ ခက္ခဲပါတယ္။ ဒီေဆာင္းပါးမွာေတာ့ အဆီျပန္တဲ့ ဆံပင္ကို ဘယ္လိုဂရုစိုက္မလဲဆိုတာ ေဖၚျပသြားမွာ ျဖစ္ပါတယ္။
တတ္ႏိုင္သမွ် ဆံပင္ကို လက္နဲ႔ထိျခင္း၊ ဖီးျခင္းေတြကို ေရွာင္က်ဥ္သင့္ပါတယ္။

ဆံပင္ေတြကို လက္နဲ႔ ထိျခင္းဟာ ျပႆနာအခံကို ထင္တာထက္ပိုၿပီး ဆိုးရြားေစႏိုင္ပါတယ္။ ဥပမာ အဆီပါတဲ့ ဟင္းေတြကို ျပင္ဆင္ၿပီး ဆံပင္ကို လက္နဲ႔ ထိလိုက္တယ္ဆိုရင္ ဒီအဆီေတြဟာ ဆံပင္ထဲကိုေရာက္သြားပါလိမ့္မယ္။ ဒီလုိပဲ မိတ္ကပ္လိမ္းေနစဥ္ အဆီပါတဲ့ အလွျပင္ပစၥည္းေတြဟာ လက္မွာ ကပ္ေနႏိုင္တာေၾကာင့္ ဒါဟာလည္း ဆံပင္ထဲေရာက္သြားႏိုင္ပါတယ္။ ဒီအေျခအေနကို ေရွာင္က်ဥ္ဖို႔ မိတ္ကပ္ မလိမ္းစဥ္ သင့္ဆံပင္ကို အေနာက္မွာ

သပ္ရပ္စြာ ခ်ည္ေႏွာင္ထားသင့္ပါတယ္။ ဆံပင္ကို လက္နဲ႔မဟုတ္ပဲဘီးနဲ႔ ၿဖီးသင့္တယ္ဆိုတာကိုလည္း သတိရသင့္ပါတယ္။
အေရးႀကီးကိစၥေတြ ရွိတယ္ဆိုရင္ ေခါင္းေလွ်ာ္တာထက္ တစ္နည္းနည္းနဲ႔ ဆံပင္ကို ျပဳျပင္သင့္ပါတယ္။

သင္တခုခုသြားစရာရွိေနၿပီး ေနာက္က်ေနၿပီဆိုရင္ ဆံပင္ကို အျမန္ေလွ်ာ္ျခင္းဟာ လူေတြအမ်ားစု ၾကံဳေတြ႔ေနက် ျဖစ္ပါတယ္။ ဒါေပမယ့္ ဆံပင္ကို အျမန္ေလွ်ာ္မယ္ဆိုရင္ ေခါင္းေလွ်ာ္ရည္နဲ႔ ေပ်ာ့ေဆးေတြဟာ ဆံပင္အတြင္းမွာ က်န္ေနႏိုင္ၿပီး အဆီပိုထြက္ႏိုင္ပါတယ္။ ဒီလိုလုပ္မယ့္အစား ကေလးေပါင္ဒါ (သို႔) dry shampoo ကို အသံုးျပဳၿပီး သင့္ဆံပင္ကို ခဏတာ ေျခာက္ေသြ႔သန႔္ွရွင္းေအာင္္ လုပ္သြားသင့္ပါတယ္။ dry shampoo ကို ဆံပင္အရင္းနားကို ဖ်န္းေပးၿပီး လံုေလာက္တဲ့ ပမာဏ အသံုးျပဳဖုိ႔ သတိရသင့္ပါတယ္။ ေပါင္ဒါ အသံုးျပဳသူေတြမွာေတာ့ အသံုးျပဳၿပီးရင္ ေခါင္းၿဖီးေပးျခင္းျဖင့္ သင့္ဆံပင္အတြင္းမွာ ရွိတဲ့ အျဖဴေတြကို ေလ်ာ့က်ေစမွာ ျဖစ္ပါတယ္။
ေန႔တိုင္းေခါင္းေလွ်ာ္ျခင္းဟာ ဆံပင္ဆီထြက္ျခင္းကို သက္သာေစပါသလား။

လူအေတာ္မ်ားမ်ားကေတာ့ ဒီလုိထင္ၿပီး ဒါဟာ မွားယြင္းပါတယ္။ ေန႔စဥ္ ေခါင္းေလွ်ာ္ျခင္းဟာ အဆီေတြကို မေပ်ာက္ကြယ္သြားေစတဲ့အျပင္ အဆီပိုထြက္ေစၿပီး ဆံပင္ဟာ ဆီပိုမ်ားလာပါလိမ့္မယ္။ သဘာဝအတုိင္း အဆီထြက္တဲ့ ဆံပင္ရွိရင္ ေန႔စဥ္ ေခါင္းေလွ်ာ္ျခင္းကို ေရွာင္က်ဥ္သင့္ပါတယ္။ ဒီ့အစား သင့္ဆံပင္ကို တစ္ပတ္မွာ ၃-၄ ႀကိမ္ေလာက္ ေလွ်ာ္ေပးႏိုင္ပါတယ္။

ေခါင္းေလွ်ာ္ရည္နဲ႔ ေပ်ာ့ေဆးတံဆိပ္ကို ေသခ်ာ ေရြးခ်ယ္သင့္ၿပီး အဆီထြက္တဲ့ ဆံပင္အတြက္ ထုတ္လုပ္ထားတဲ့ ထုတ္ကုန္ေတြကိုသာ သံုးစြဲသင့္ပါတယ္။ ဒီထုတ္ကုန္ေတြဟာ သင့္ဆံပင္ကို အရမ္းေျခာက္ေသြ႔မေနေစပဲ အဆီပိုေတြကို ဖယ္ရွားေပးတယ္ဆိုရင္ ဒါဟာ သင္သုံးသင့္တဲ့ ထုတ္ကုန္ေတြပဲျဖစ္ပါတယ္။ သင္နဲ႔ သင့္ေလ်ာ္တဲ့ ထုတ္ကုန္ကို ရွာမေတြ႔ခင္

    စမ္းသံုးၾကည့္ရမွာမို႔ စိတ္ရွည္သင့္ပါတယ္။ စမ္းသုံုးဖို႔ ေငြေရးေၾကးေရးေရာ အခ်ိန္ေရာ မရွိခဲ့ရင္ ဆံပင္ကြ်မ္းက်င္သူကို ေမးျမန္းဝယ္ယူသင့္ပါတယ္။

တစ္လတစ္ခါမွာ clarifying shampoo ကို အသံုးျပဳသင့္ၿပီး သူဟာ အဆီပိုေတြနဲ႔ သင့္ဆံပင္ေပၚမွာ ရွိေနတဲ့ အျခားထုတ္ကုန္ေတြ႕ို ဖယ္ရွားေပးမွာျဖစ္ပါတယ္။ သူ႔ကို တစ္လတစ္ခါသာ အသံုးျပဳသင့္ၿပီး ေန႔စဥ္ အသံုးျပဳျခင္းဟာ သူဖယ္ရွားေပးလိုက္တဲဲ့ အစိတ္အပိုင္းေတြကို တုန္႔ျပန္တဲ့အေနနဲ႔ ဆံပင္ေတြက အဆီပိုထုတ္ျခင္းေတြ ျဖစ္ေပၚေစပါတယ္။

အဆီျပန္တဲ့ ဆံပင္နဲ႔ပတ္သက္တဲ့ ျပႆနာေတြ ရွိေနေသးရင္ သင့္စားေသာက္ပံုဟာ အဆီထြက္ျခင္းနဲ႔ ပတ္သက္ေနမလားဆိုတာ သိရဖုိ႔ အစားအေသာက္ကၽြမ္းက်င္ပညာရွင္ ကို ဆက္သြယ္သင့္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လှပပြီး စတိုင်ကျတဲ့ ဆံပင်ဟာ သင့်ကို သပ်ရပ်စနစ်ကျသူအဖြစ် ညွှန်ပြပါတယ်။ ဒါပေမယ့် သင့်မှာ အဆီပြန်တဲ့ ဆံပင်ရှိနေခဲ့ရင် သင့်ဆံပင်ကို တစ်နေကုန် တောက်ပသန့်ရှင်းအောင် ထားဖို့ ခက်ခဲပါတယ်။ ဒီဆောင်းပါးမှာတော့ အဆီပြန်တဲ့ ဆံပင်ကို ဘယ်လိုဂရုစိုက်မလဲဆိုတာ ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။
တတ်နိုင်သမျှ ဆံပင်ကို လက်နဲ့ထိခြင်း၊ ဖီးခြင်းတွေကို ရှောင်ကျဉ်သင့်ပါတယ်။

ဆံပင်တွေကို လက်နဲ့ ထိခြင်းဟာ ပြဿနာအခံကို ထင်တာထက်ပိုပြီး ဆိုးရွားစေနိုင်ပါတယ်။ ဥပမာ အဆီပါတဲ့ ဟင်းတွေကို ပြင်ဆင်ပြီး ဆံပင်ကို လက်နဲ့ ထိလိုက်တယ်ဆိုရင် ဒီအဆီတွေဟာ ဆံပင်ထဲကိုရောက်သွားပါလိမ့်မယ်။ ဒီလိုပဲ မိတ်ကပ်လိမ်းနေစဉ် အဆီပါတဲ့ အလှပြင်ပစ္စည်းတွေဟာ လက်မှာ ကပ်နေနိုင်တာကြောင့် ဒါဟာလည်း ဆံပင်ထဲရောက်သွားနိုင်ပါတယ်။ ဒီအခြေအနေကို ရှောင်ကျဉ်ဖို့ မိတ်ကပ် မလိမ်းစဉ် သင့်ဆံပင်ကို အနောက်မှာ

သပ်ရပ်စွာ ချည်နှောင်ထားသင့်ပါတယ်။ ဆံပင်ကို လက်နဲ့မဟုတ်ပဲဘီးနဲ့ ဖြီးသင့်တယ်ဆိုတာကိုလည်း သတိရသင့်ပါတယ်။
အရေးကြီးကိစ္စတွေ ရှိတယ်ဆိုရင် ခေါင်းလျှော်တာထက် တစ်နည်းနည်းနဲ့ ဆံပင်ကို ပြုပြင်သင့်ပါတယ်။

သင်တခုခုသွားစရာရှိနေပြီး နောက်ကျနေပြီဆိုရင် ဆံပင်ကို အမြန်လျှော်ခြင်းဟာ လူတွေအများစု ကြုံတွေ့နေကျ ဖြစ်ပါတယ်။ ဒါပေမယ့် ဆံပင်ကို အမြန်လျှော်မယ်ဆိုရင် ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးတွေဟာ ဆံပင်အတွင်းမှာ ကျန်နေနိုင်ပြီး အဆီပိုထွက်နိုင်ပါတယ်။ ဒီလိုလုပ်မယ့်အစား ကလေးပေါင်ဒါ (သို့) dry shampoo ကို အသုံးပြုပြီး သင့်ဆံပင်ကို ခဏတာ ခြောက်သွေ့သန့်ှရှင်းအောင် လုပ်သွားသင့်ပါတယ်။ dry shampoo ကို ဆံပင်အရင်းနားကို ဖျန်းပေးပြီး လုံလောက်တဲ့ ပမာဏ အသုံးပြုဖို့ သတိရသင့်ပါတယ်။ ပေါင်ဒါ အသုံးပြုသူတွေမှာတော့ အသုံးပြုပြီးရင် ခေါင်းဖြီးပေးခြင်းဖြင့် သင့်ဆံပင်အတွင်းမှာ ရှိတဲ့ အဖြူတွေကို လျော့ကျစေမှာ ဖြစ်ပါတယ်။
နေ့တိုင်းခေါင်းလျှော်ခြင်းဟာ ဆံပင်ဆီထွက်ခြင်းကို သက်သာစေပါသလား။

လူအတော်များများကတော့ ဒီလိုထင်ပြီး ဒါဟာ မှားယွင်းပါတယ်။ နေ့စဉ် ခေါင်းလျှော်ခြင်းဟာ အဆီတွေကို မပျောက်ကွယ်သွားစေတဲ့အပြင် အဆီပိုထွက်စေပြီး ဆံပင်ဟာ ဆီပိုများလာပါလိမ့်မယ်။ သဘာဝအတိုင်း အဆီထွက်တဲ့ ဆံပင်ရှိရင် နေ့စဉ် ခေါင်းလျှော်ခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ ဒီ့အစား သင့်ဆံပင်ကို တစ်ပတ်မှာ ၃-၄ ကြိမ်လောက် လျှော်ပေးနိုင်ပါတယ်။

ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးတံဆိပ်ကို သေချာ ရွေးချယ်သင့်ပြီး အဆီထွက်တဲ့ ဆံပင်အတွက် ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကိုသာ သုံးစွဲသင့်ပါတယ်။ ဒီထုတ်ကုန်တွေဟာ သင့်ဆံပင်ကို အရမ်းခြောက်သွေ့မနေစေပဲ အဆီပိုတွေကို ဖယ်ရှားပေးတယ်ဆိုရင် ဒါဟာ သင်သုံးသင့်တဲ့ ထုတ်ကုန်တွေပဲဖြစ်ပါတယ်။ သင်နဲ့ သင့်လျော်တဲ့ ထုတ်ကုန်ကို ရှာမတွေ့ခင်

    စမ်းသုံးကြည့်ရမှာမို့ စိတ်ရှည်သင့်ပါတယ်။ စမ်းသုံးဖို့ ငွေရေးကြေးရေးရော အချိန်ရော မရှိခဲ့ရင် ဆံပင်ကျွမ်းကျင်သူကို မေးမြန်းဝယ်ယူသင့်ပါတယ်။

တစ်လတစ်ခါမှာ clarifying shampoo ကို အသုံးပြုသင့်ပြီး သူဟာ အဆီပိုတွေနဲ့ သင့်ဆံပင်ပေါ်မှာ ရှိနေတဲ့ အခြားထုတ်ကုန်တွေ့ို ဖယ်ရှားပေးမှာဖြစ်ပါတယ်။ သူ့ကို တစ်လတစ်ခါသာ အသုံးပြုသင့်ပြီး နေ့စဉ် အသုံးပြုခြင်းဟာ သူဖယ်ရှားပေးလိုက်တဲ့ အစိတ်အပိုင်းတွေကို တုန့်ပြန်တဲ့အနေနဲ့ ဆံပင်တွေက အဆီပိုထုတ်ခြင်းတွေ ဖြစ်ပေါ်စေပါတယ်။

အဆီပြန်တဲ့ ဆံပင်နဲ့ပတ်သက်တဲ့ ပြဿနာတွေ ရှိနေသေးရင် သင့်စားသောက်ပုံဟာ အဆီထွက်ခြင်းနဲ့ ပတ်သက်နေမလားဆိုတာ သိရဖို့ အစားအသောက်ကျွမ်းကျင်ပညာရှင် ကို ဆက်သွယ်သင့်ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top