iMyanmarHouse.com - Best Property Website for Myanmar
×

႐ိုက္ကြင္းတစ္ခုတြင္ေတြ႕ရသည့္ ထြန္းထြန္း
ဒီဇင္ဘာ ၂၄ ရက္တြင္ က်ေရာက္မည့္ (၃၄)ႏွစ္ျပည့္ေမြး ေန႔ကို ‘တန္ဖိုး’ဇာတ္ကား႐ိုက္ကူး ရင္း ျဖတ္သန္းမည္ျဖစ္၍ ထူးထူးျခားျခား အစီအစဥ္မရွိဘဲ ႏွစ္စဥ္ေတြ႕ဆံုေနက် ၎၏ Fan မ်ားႏွင့္ ေတြ႕ဆံုပြဲသို႔ တက္ေရာက္ရန္ ပ်က္ကြက္ႏိုင္ေၾကာင္း အဆိုေတာ္သ႐ုပ္ေဆာင္ ထြန္းထြန္းက ေျပာ ၾကားသည္။

ႏွစ္စဥ္ႏွစ္တိုင္း က်ေရာက္ သည့္ ၎၏ ေမြးေန႔တုိင္း မပ်က္ မကြက္ ဘုန္းႀကီးေက်ာင္း၌ အလွဴလုပ္ျဖစ္ေသာ္လည္း ယခုႏွစ္တြင္ ကိုရီးယားအႏုပညာတကၠသုိလ္ တက္ေရာက္ေနသည့္ မာစတာ ေက်ာင္းသားမ်ားႏွင့္ ဇာတ္ကား ႐ိုက္ကူးေရးရွိေသာေၾကာင့္ စီစဥ္ ထားျခင္းမရွိဟု ဆုိသည္။

‘‘Fan ေတြကိုေတာ့ ေမြးေန႔ မွာ ေခၚခ်င္ပါတယ္။ ဒါေပမဲ့လည္းကိုယ့္ျမန္မာ႐ိုက္ကြင္းမဟုတ္တဲ့ အတြက္ လူအမ်ားႀကီး တ႐ုန္း႐ုန္း နဲ႔ဆုိရင္ အလုပ္လုပ္ရတာ နည္း နည္းအခက္အခဲရွိမယ္။ ေမြးေန႔ မွာ ႏွစ္တုိင္း Fan ေတြနဲ႔ ေတြ႕ခဲ့ တယ္။ ဒီႏွစ္လည္း ေတြ႕ခ်င္ တယ္။ ဒါေပမဲ့ ဒီႏွစ္ေမြးေန႔က ေတာ့ အဲဒီအေလ့အထေလးပ်က္ ကြက္မလားမသိပါဘူး။ အာ႐ံု စိုက္ရမယ့္ဟာေလးေတြရွိေနလို႔ ပါ’’ဟု ၎က ေျပာသည္။

‘တန္ဖိုး’ ဇာတ္ကားထဲတြင္ ေပါ့ျပက္ျပက္ ေလးေလးနက္နက္ မရွိဘဲ ဘဝကို တန္ဖိုးမထားသည့္ လူငယ္တစ္ေယာက္အျဖစ္ သ႐ုပ္ ေဆာင္ရမည္ျဖစ္သည္။

လက္ရွိ အခ်စ္ေရးႏွင့္ပတ္ သက္ၿပီး သိလုိသည့္ ပရိသတ္မ်ား သည္ ၎ကိုယ္တိုင္ အသံုးျပဳ သည့္ အင္စတာဂရမ္ႏွင့္ ေဖ့စ္ ဘြတ္ခ္အေကာင့္မ်ားကို Follow လုပ္ထားပါဟု ဆုိသည္။

‘‘အိမ္ေထာင္ျပဳရမယ့္အ ရြယ္ကိုလည္း ေရာက္ေနပါၿပီ။ အားလံုးကို အသိေပးၿပီးေတာ့ အိမ္ေထာင္ျပဳမယ့္သူတစ္ေယာက္ ျဖစ္ပါတယ္။ က်န္တာအားလံုးက ေတာ့ အဆင္ေျပပါတယ္။ ေအး ေအးေဆးေဆးပါပဲ’’ဟု ထြန္းထြန္းက ေျပာသည္။

Credit :7Daydaily

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ရိုက်ကွင်းတစ်ခုတွင်တွေ့ရသည့် ထွန်းထွန်း
ဒီဇင်ဘာ ၂၄ ရက်တွင် ကျရောက်မည့် (၃၄)နှစ်ပြည့်မွေး နေ့ကို ‘တန်ဖိုး’ဇာတ်ကားရိုက်ကူး ရင်း ဖြတ်သန်းမည်ဖြစ်၍ ထူးထူးခြားခြား အစီအစဉ်မရှိဘဲ နှစ်စဉ်တွေ့ဆုံနေကျ ၎င်း၏ Fan များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ရန် ပျက်ကွက်နိုင်ကြောင်း အဆိုတော်သရုပ်ဆောင် ထွန်းထွန်းက ပြော ကြားသည်။

နှစ်စဉ်နှစ်တိုင်း ကျရောက် သည့် ၎င်း၏ မွေးနေ့တိုင်း မပျက် မကွက် ဘုန်းကြီးကျောင်း၌ အလှူလုပ်ဖြစ်သော်လည်း ယခုနှစ်တွင် ကိုရီးယားအနုပညာတက္ကသိုလ် တက်ရောက်နေသည့် မာစတာ ကျောင်းသားများနှင့် ဇာတ်ကား ရိုက်ကူးရေးရှိသောကြောင့် စီစဉ် ထားခြင်းမရှိဟု ဆိုသည်။

‘‘Fan တွေကိုတော့ မွေးနေ့ မှာ ခေါ်ချင်ပါတယ်။ ဒါပေမဲ့လည်းကိုယ့်မြန်မာရိုက်ကွင်းမဟုတ်တဲ့ အတွက် လူအများကြီး တရုန်းရုန်း နဲ့ဆိုရင် အလုပ်လုပ်ရတာ နည်း နည်းအခက်အခဲရှိမယ်။ မွေးနေ့ မှာ နှစ်တိုင်း Fan တွေနဲ့ တွေ့ခဲ့ တယ်။ ဒီနှစ်လည်း တွေ့ချင် တယ်။ ဒါပေမဲ့ ဒီနှစ်မွေးနေ့က တော့ အဲဒီအလေ့အထလေးပျက် ကွက်မလားမသိပါဘူး။ အာရုံ စိုက်ရမယ့်ဟာလေးတွေရှိနေလို့ ပါ’’ဟု ၎င်းက ပြောသည်။

‘တန်ဖိုး’ ဇာတ်ကားထဲတွင် ပေါ့ပြက်ပြက် လေးလေးနက်နက် မရှိဘဲ ဘဝကို တန်ဖိုးမထားသည့် လူငယ်တစ်ယောက်အဖြစ် သရုပ် ဆောင်ရမည်ဖြစ်သည်။

လက်ရှိ အချစ်ရေးနှင့်ပတ် သက်ပြီး သိလိုသည့် ပရိသတ်များ သည် ၎င်းကိုယ်တိုင် အသုံးပြု သည့် အင်စတာဂရမ်နှင့် ဖေ့စ် ဘွတ်ခ်အကောင့်များကို Follow လုပ်ထားပါဟု ဆိုသည်။

‘‘အိမ်ထောင်ပြုရမယ့်အ ရွယ်ကိုလည်း ရောက်နေပါပြီ။ အားလုံးကို အသိပေးပြီးတော့ အိမ်ထောင်ပြုမယ့်သူတစ်ယောက် ဖြစ်ပါတယ်။ ကျန်တာအားလုံးက တော့ အဆင်ပြေပါတယ်။ အေး အေးဆေးဆေးပါပဲ’’ဟု ထွန်းထွန်းက ပြောသည်။

Credit :7Daydaily


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top