iMyanmarHouse.com - Best Property Website for Myanmar
×
















Credit:Apannpyay

#Unicode Version#
သန္ဓေသားဆေးသောက်တဲ့သူတွေဟာရင်သားကင်ဆာဖြစ်နိုင်ခြေ ၂၀% ပိုများတယ်။

ဒီအခြေအနေဟာ သန္ဓေသားဆေးဖြတ်ပြီးနောက် ၅ နှစ်တိုင်အထိ အန္တရာယ်ရှိပါတယ်။

သန္ဓေသားဆေးကြောင့် ရင်သားကင်ဆာဖြစ်နိုင်တယ်ဆိုတာ နှစ်ပေါင်းများစွာကတည်း သိခဲ့သော်လည်း

Combined pill ကသာ ဖြစ်နိုင်တယ်လို့ ယူဆခဲ့ကြတယ်။

နောက်ပိုင်းသုတေသနပြုမှုတွေအရဘာ-သန္ဓေသားဆေးဖြစ်ဖြစ် (Combined pill or Progestogen-only pill)

သို့မဟုတ် သောက်ဆေးမဟုတ်တဲ့ IUS Hormone-intrauterine system တို့ဟာလည်း

အန္တရာယ်ဖြစ်စေမှု ဆတူရှိတယ်ဆိုတာတွေ့ရတယ်။

သန္ဓေသားဆေး ၅ နှစ်ဆက်သောက်တဲ့သူတွေကို လေ့လာကြည့်တဲ့အခါသူတို့ဟာ အခြားသူများထက်

ရင်သားကင်ဆာပိုဖြစ်ကြတာတွေ့ရတယ်။

ရင်သားကင်ဆာသည် ၃ ပုံ ၂ ပုံဟာ Hormone receptor-positive တနည်းအားဖြင့် ဟော်မုန်းက ကင်ဆာဆဲလ်တွေကြီးထွားဖို့

အားပေးကူညီနေတာတွေ့ရတယ်။

University of Aberdeen မှပရော်ဖက်ဆာ Phil Hanbaford ရဲ့လေ့လာချက်အရ

သန္ဓေသားဆေးများသောက်ခြင်းရဲ့အကျိုးတွေကမလိုအပ်သေးတဲ့သန္ဓေသားမရစေခြင်းအပြင်

အမျိုးသမီးများ အသက်အရွယ်ရလာတဲ့အခါ သားအိမ်ကင်ဆာ အူမကြီးကင်ဆာတို့မဖြစ်အောင် ကာကွယ်ပေးရာရောက်တယ်။

သို့သော် ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေများတာနဲ့ယှဉ်ရင် အကျိုးသက်ရောက်မှု နည်းပါးတာတွေ့ရတယ်။


Credit:Apannpyay

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top