iMyanmarHouse.com - Best Property Website for Myanmar
×

 ငါးႀကီးဆီဟာ အဆီမ်ားတဲ့ငါးေတြထဲက တိုက္႐ိုက္ထုတ္ယူထားတဲ့ အဆီကို ေဆးေတာင့္ပံုစံေျပာင္းလဲၿပီး အားျဖည့္စာတစ္မ်ိဳးအျဖစ္ ေသာက္သံုးၾကတဲ့ ေဆးဝါးတစ္မ်ိဳးပါ။

ငါးႀကီးဆီဟာ အဆီမ်ားတဲ့ငါးေတြထဲက တိုက္႐ိုက္ထုတ္ယူထားတဲ့ အဆီကို ေဆးေတာင့္ပံုစံေျပာင္းလဲၿပီး အားျဖည့္စာတစ္မ်ိဳးအျဖစ္ ေသာက္သံုးၾကတဲ့ ေဆးဝါးတစ္မ်ိဳးပါ။ ငါးႀကီးဆီထဲမွာ ခႏၶာကိုယ္အတြက္ မ႐ွိမျဖစ္လိုအပ္တဲ့ အဆီဓာတ္တစ္မ်ိဳးျဖစ္တဲ့ အိုမီဂါသရီး ဖက္တီးအက္ဆစ္ ၾကြယ္ဝစြာပါဝင္တဲ့အတြက္ လူအမ်ားက အားေဆးတစ္မ်ိဳးလို သေဘာထားၿပီး ေသာက္သံုးၾကပါတယ္။ အထူးသျဖင့္ အမ်ိဳးသားေတြ ငါးႀကီးဆီေသာက္ေပးမယ္ဆိုရင္ ေအာက္ပါအက်ိဳးေက်းဇူးေတြကို ရ႐ွိေစႏိုင္ပါတယ္။

၁။ မွတ္ဉာဏ္ပိုေကာင္းေစတယ္

ငါးႀကီးဆီမွာ antioxidant ၾကြယ္ဝတဲ့အတြက္ free radical ေတြကို ႐ွင္းထုတ္ေပးႏုိင္ၿပီး ဦးေႏွာက္နဲ႔ အာ႐ံုေၾကာစနစ္ထဲက oxidative stree (ေအာက္ဆီဂ်င္ဓာတ္ျပဳဖိအား) ေတြကို ေလွ်ာ့က်ေပးပါတယ္။ ဒါေၾကာင့္ရလဒ္အေနနဲ႔ အယ္လ္ဇိုင္းမားေရာဂါလိုမ်ိဳး မွတ္ဉာဏ္ကို ထိခိုက္ေစတဲ့ ေရာဂါေတြကို ကာကြယ္ေပးႏိုင္သလို မွတ္ဉာဏ္ကိုလည္း တိုးတက္ေစႏိုင္ပါတယ္။

၂။ စကၡဳအာ႐ံုအားေကာင္းေစတယ္

သားေယာက်္ားေလး ေမြးထားတဲ့အေမေတြ အိမ္ကကေလး ဂိမ္းအရမ္းေဆာ့လို႔ မ်က္စိထိခိုက္မွာ စိုးရိမ္ေနပါသလား။ ငါးႀကီးဆီသာ ပံုမွန္တုိက္ေပးလိုက္ပါ။ ငါးႀကီးဆီထဲက antioxidant နဲ႔ အိုမီဂါသရီး ဖက္တီးအက္ဆစ္ေတြက အျမင္အာ႐ံုကို ကာကြယ္ေပးၿပီး စကၡဳအာ႐ံုေၾကာ အားနည္းျခင္းတို႔ကို ေလ်ာ့က်ေစပါတယ္။ ေလ့လာမႈေတြအရဆိုရင္ အိုမီဂါးသရီးဟာ မ်က္စိတိမ္စြဲျခင္းကို ျဖစ္မလာေအာင္ တားဆီးေပးႏိုင္ပါတယ္တဲ့။

၃။ ဆီးႀကိတ္ကို က်န္းမာေစတယ္

သုေတသနေတြအရဆိုရင္ ငါးႀကီးဆီကို ပံုမွန္မွီဝဲေပးျခင္းက အမ်ိဳးသားေတြအတြက္ ဆီးႀကိတ္က်န္းမာေရးကိုလည္း ေကာင္းမြန္ေစပါတယ္။ အမ်ိဳးသားေတြမွာ အျဖစ္အမ်ားဆံုး ေရာဂါတစ္မ်ိဳးျဖစ္တဲ့ ဆီးႀကိတ္ကင္ဆာေရာဂါဟာ အသက္အႏၱရာယ္ကိုပါ ခ်ိန္းေျခာက္ႏိုင္တဲ့ ေရာဂါတစ္မ်ိဳးပါပဲ။ ငါးႀကီးဆီထဲမွာပါဝင္တဲ့ အိုမီဂါသရီးဟာ ေရာင္ရမ္းမႈေတြကို ေလွ်ာ့ခ်ေပးႏိုင္တဲ့ ေနရာမွာ နာမည္ႀကီးေတာ့ အမ်ိဳးသားေတြမွာ ဒီလိုနာတာ႐ွည္ေရာဂါမ်ိဳး မျဖစ္ေအာင္ ကာကြယ္တားဆီးေပးႏိုင္ပါတယ္။

၄။ ခႏၶာကိုယ္ေတာင့္တင္း သန္မာေစတယ္

ခႏၶာကိုယ္ထဲက အဆီနဲ႔ပတ္သက္တဲ့ ဇီဝကမၼလုပ္ေဆာင္မႈေတြကို ျမွင့္တင္ေပးၿပီး အဆီဓာတ္လယ္ဗယ္ကို ေလ်ာ့နည္းေအာင္ ကူညီေပးျခင္းက အမ်ိဳးသားေတြ body building လုပ္ရာမွာ ငါးႀကီးဆီရဲ႕ အက်ိဳးေက်းဇူးတစ္ခုပါပဲ။ အမ်ိဳးသား Gym ေဆာ့ၿပီး ၾကြက္သားတင္ခ်ိန္မွာ ငါးႀကီးဆီစားေပးရင္ ၾကြက္သားဖြံ႕ၿဖိဳးေစဖို႔ ကူညီေပးႏိုင္ၿပီး ေလ့က်င့္ခန္းလုပ္ရတာလည္း ပိုေကာင္းပါလိမ့္မယ္။

၅။ ကိုယ္အေလးခ်ိန္က်ေစတယ္

ငါးႀကီးဆီစားေပးျခင္းက ဇီဝကမၼလုပ္ေဆာင္မႈေတြကို ျမွင့္တင္ေပးႏိုင္ၿပီး ခႏၶာကိုယ္မွာ အဆီေတြကို ပိုမိုေလာင္ကြ်မ္းေစဖို႔အတြက္ တြန္းအားေပးႏိုင္ပါတယ္။ ေနာက္ၿပီး ဝိတ္ခ်ဖို႔ႀကိဳးစားေနတဲ့ အမ်ိဳးသားေတြရဲ႕ မတရား စားခ်င္ေသာက္ခ်င္စိတ္ကို ငါးႀကီးဆီထဲက အိုမီဂါသရီး ဖက္တီးအက္ဆစ္က ထိန္းခ်ဳပ္ေပးႏိုင္တဲ့အတြက္ ဝိတ္ခ်ဖို႔ႀကိဳးစား အားထုတ္မႈေတြကို ပိုမိုထိေရာက္ေစႏိုင္ပါတယ္။

၆။ ႏွလံုးက်န္းမာေစတယ္

အမ်ိဳးသားေတြကို ခ်ိန္းေျခာက္ေနတဲ့ ေရာဂါထဲမွာ ႏွလံုးနဲ႔ ႏွလံုးေသြးေၾကာဆိုင္ရာ က်န္းမာေရးလည္း ပါဝင္ပါတယ္။ အရက္နဲ႔ အျမန္ရအစားအစာေတြ ႀကီးစိုးတဲ့ေခတ္မွာ အဝလြန္ေရာဂါနဲ႔ ႏွလံုးေရာဂါဟာ ဘီယာဗိုက္ေလးေတြ ကိုယ္စီနဲ႔ အမ်ိဳးသားေတြကို ခ်ိန္းေျခာက္ေနပါတယ္။ ဒါေပမဲ့ စိတ္မပူပါနဲ႔။ ငါးႀကီးဆီထဲက အိုမီဂါသရီး ဖက္တီးအက္ဆစ္ဟာ ကိုလက္စ္ထေရာလယ္ဗယ္ကို ေလ်ာ့က်ေစၿပီး ႏွလံုးေသြးေၾကာက်ဥ္းေရာဂါနဲ႔ ႐ုတ္တရက္ႏွလံုးထေဖာက္ျခင္းတို႔ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

Source: Organicfacts

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 ငါးကြီးဆီဟာ အဆီများတဲ့ငါးတွေထဲက တိုက်ရိုက်ထုတ်ယူထားတဲ့ အဆီကို ဆေးတောင့်ပုံစံပြောင်းလဲပြီး အားဖြည့်စာတစ်မျိုးအဖြစ် သောက်သုံးကြတဲ့ ဆေးဝါးတစ်မျိုးပါ။

ငါးကြီးဆီဟာ အဆီများတဲ့ငါးတွေထဲက တိုက်ရိုက်ထုတ်ယူထားတဲ့ အဆီကို ဆေးတောင့်ပုံစံပြောင်းလဲပြီး အားဖြည့်စာတစ်မျိုးအဖြစ် သောက်သုံးကြတဲ့ ဆေးဝါးတစ်မျိုးပါ။ ငါးကြီးဆီထဲမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အဆီဓာတ်တစ်မျိုးဖြစ်တဲ့ အိုမီဂါသရီး ဖက်တီးအက်ဆစ် ကြွယ်ဝစွာပါဝင်တဲ့အတွက် လူအများက အားဆေးတစ်မျိုးလို သဘောထားပြီး သောက်သုံးကြပါတယ်။ အထူးသဖြင့် အမျိုးသားတွေ ငါးကြီးဆီသောက်ပေးမယ်ဆိုရင် အောက်ပါအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

၁။ မှတ်ဉာဏ်ပိုကောင်းစေတယ်

ငါးကြီးဆီမှာ antioxidant ကြွယ်ဝတဲ့အတွက် free radical တွေကို ရှင်းထုတ်ပေးနိုင်ပြီး ဦးနှောက်နဲ့ အာရုံကြောစနစ်ထဲက oxidative stree (အောက်ဆီဂျင်ဓာတ်ပြုဖိအား) တွေကို လျှော့ကျပေးပါတယ်။ ဒါကြောင့်ရလဒ်အနေနဲ့ အယ်လ်ဇိုင်းမားရောဂါလိုမျိုး မှတ်ဉာဏ်ကို ထိခိုက်စေတဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်သလို မှတ်ဉာဏ်ကိုလည်း တိုးတက်စေနိုင်ပါတယ်။

၂။ စက္ခုအာရုံအားကောင်းစေတယ်

သားယောကျ်ားလေး မွေးထားတဲ့အမေတွေ အိမ်ကကလေး ဂိမ်းအရမ်းဆော့လို့ မျက်စိထိခိုက်မှာ စိုးရိမ်နေပါသလား။ ငါးကြီးဆီသာ ပုံမှန်တိုက်ပေးလိုက်ပါ။ ငါးကြီးဆီထဲက antioxidant နဲ့ အိုမီဂါသရီး ဖက်တီးအက်ဆစ်တွေက အမြင်အာရုံကို ကာကွယ်ပေးပြီး စက္ခုအာရုံကြော အားနည်းခြင်းတို့ကို လျော့ကျစေပါတယ်။ လေ့လာမှုတွေအရဆိုရင် အိုမီဂါးသရီးဟာ မျက်စိတိမ်စွဲခြင်းကို ဖြစ်မလာအောင် တားဆီးပေးနိုင်ပါတယ်တဲ့။

၃။ ဆီးကြိတ်ကို ကျန်းမာစေတယ်

သုတေသနတွေအရဆိုရင် ငါးကြီးဆီကို ပုံမှန်မှီဝဲပေးခြင်းက အမျိုးသားတွေအတွက် ဆီးကြိတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ အမျိုးသားတွေမှာ အဖြစ်အများဆုံး ရောဂါတစ်မျိုးဖြစ်တဲ့ ဆီးကြိတ်ကင်ဆာရောဂါဟာ အသက်အန္တရာယ်ကိုပါ ချိန်းခြောက်နိုင်တဲ့ ရောဂါတစ်မျိုးပါပဲ။ ငါးကြီးဆီထဲမှာပါဝင်တဲ့ အိုမီဂါသရီးဟာ ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်တဲ့ နေရာမှာ နာမည်ကြီးတော့ အမျိုးသားတွေမှာ ဒီလိုနာတာရှည်ရောဂါမျိုး မဖြစ်အောင် ကာကွယ်တားဆီးပေးနိုင်ပါတယ်။

၄။ ခန္ဓာကိုယ်တောင့်တင်း သန်မာစေတယ်

ခန္ဓာကိုယ်ထဲက အဆီနဲ့ပတ်သက်တဲ့ ဇီဝကမ္မလုပ်ဆောင်မှုတွေကို မြှင့်တင်ပေးပြီး အဆီဓာတ်လယ်ဗယ်ကို လျော့နည်းအောင် ကူညီပေးခြင်းက အမျိုးသားတွေ body building လုပ်ရာမှာ ငါးကြီးဆီရဲ့ အကျိုးကျေးဇူးတစ်ခုပါပဲ။ အမျိုးသား Gym ဆော့ပြီး ကြွက်သားတင်ချိန်မှာ ငါးကြီးဆီစားပေးရင် ကြွက်သားဖွံ့ဖြိုးစေဖို့ ကူညီပေးနိုင်ပြီး လေ့ကျင့်ခန်းလုပ်ရတာလည်း ပိုကောင်းပါလိမ့်မယ်။

၅။ ကိုယ်အလေးချိန်ကျစေတယ်

ငါးကြီးဆီစားပေးခြင်းက ဇီဝကမ္မလုပ်ဆောင်မှုတွေကို မြှင့်တင်ပေးနိုင်ပြီး ခန္ဓာကိုယ်မှာ အဆီတွေကို ပိုမိုလောင်ကျွမ်းစေဖို့အတွက် တွန်းအားပေးနိုင်ပါတယ်။ နောက်ပြီး ဝိတ်ချဖို့ကြိုးစားနေတဲ့ အမျိုးသားတွေရဲ့ မတရား စားချင်သောက်ချင်စိတ်ကို ငါးကြီးဆီထဲက အိုမီဂါသရီး ဖက်တီးအက်ဆစ်က ထိန်းချုပ်ပေးနိုင်တဲ့အတွက် ဝိတ်ချဖို့ကြိုးစား အားထုတ်မှုတွေကို ပိုမိုထိရောက်စေနိုင်ပါတယ်။

၆။ နှလုံးကျန်းမာစေတယ်

အမျိုးသားတွေကို ချိန်းခြောက်နေတဲ့ ရောဂါထဲမှာ နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးလည်း ပါဝင်ပါတယ်။ အရက်နဲ့ အမြန်ရအစားအစာတွေ ကြီးစိုးတဲ့ခေတ်မှာ အဝလွန်ရောဂါနဲ့ နှလုံးရောဂါဟာ ဘီယာဗိုက်လေးတွေ ကိုယ်စီနဲ့ အမျိုးသားတွေကို ချိန်းခြောက်နေပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ငါးကြီးဆီထဲက အိုမီဂါသရီး ဖက်တီးအက်ဆစ်ဟာ ကိုလက်စ်ထရောလယ်ဗယ်ကို လျော့ကျစေပြီး နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ရုတ်တရက်နှလုံးထဖောက်ခြင်းတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

Source: Organicfacts

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top