iMyanmarHouse.com - Best Property Website for Myanmar
×












ဖြတ်သန်းချင် ကြတာပါ။






Credit : Original

(၁) ကိုယ့်လက်တွဲဖော်ကို ဘယ်လို လေးစား တန်ဖိုးထားရမလဲ ဆိုတာ ကောင်းကောင်း သိပါတယ်။

လေးစားမှုဆိုတာ relationship တစ်ခုကို ပိုပြီး ခိုင်မာလာစေဖို့နဲ့ ပိုပြီး ရှင်သန်လာစေဖို့ပါ။ ယောင်္ကျားကောင်းဆိုတာ ကိုယ့် လက်တွဲဖော်အပေါ် ဘယ်လို လေးစားတန်ဖိုးထားရမလဲ ဆိုတာ သိကြသလို ထိုက်တန်တဲ့ လေးစားမှု၊တန်ဖိုးထားမှုတွေ ပေးဖို့အတွက်လည်း အသင့်ရှိနေတတ်ပါတယ်။

(၂) ပွေရှုပ်တာကို မနှစ်သက်ဘဲ တည်တည်ငြိမ်ငြိမ် နေတတ်ပါတယ်။

ယောင်္ကျားကောင်းတွေက သူတို့အနားက လက်တွဲဖော်က လွဲရင် ကျန်တဲ့ မိန်းကလေးတွေကို ဖွဲနဲ့ဆန်ကွဲလို့ သတ်မှတ်ထားတတ် ကြသူတွေပါ။ ဘဝရဲ့ ဆူကြုံနိမ့်မြင့် မှန်သမျှမှာ သူတို့အနားမှာ ရှိနေတတ်တဲ့၊ သူတို့ကို အားပေးကူညီတတ်တဲ့ မိန်းကလေး တစ်ယောက်တည်းကိုပဲ တန်ဖိုးထား ချစ်ခင် တတ်ကြပါတယ်။ ပွေရှုပ်တယ်ဆိုတာ ငယ်ငယ်ရွယ်ရွယ် ကောင်လေးတွေနဲ့ မရင့်ကျက်တဲ့ ယောင်္ကျားတွေရဲ့ အလုပ်ပါ။

(၃) လိမ်ညာရတာကို မနှစ်သက်ပါဘူး။

တစ်စုံတစ်ယောက်က လိမ်လည် လှည့်ဖျားတတ်တဲ့သူ
ဆိုရင် သူတို့စိတ်ထဲမှာ လိမ်ဖို့ပဲ အမြဲတွေးနေ တတ်တယ်။ ပြီးတော့ အဲ့ဒီလို အလိမ်အညာ သမားတွေဆီမှာ သူတို့ရဲ့ အပြစ်တွေကို ဖုံးဖိဖို့ ဆင်ခြေတွေလည်း အမြဲ အဆင်သင့် ရှိနေတတ်ကြပါတယ်။ ဒါပေမယ့် ယောင်္ကျားကောင်းတွေကတော့ ဘဝကို လိမ်ညာမှုတွေနဲ့ ဖြတ်သန်းဖို့ စဉ်းတောင် မစဉ်းစားကြပါဘူး။ သူတို့ဟာ သူတို့ လက်တွဲဖော်ကို လိမ်ညာဖို့ နေနေသာသာ သူတို့ အကြောင်း ‘ကကြီး ‘ ကနေ ‘ အ’ အထိ အကုန်ပြောပြရတာကိုပဲ နှစ်သက်တတ်ကြပါတယ်။

(၄) ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ကြပါတယ်။

ယောင်္ကျားကောင်းတွေမှာ သူတို့ကိုယ် သူတို့ ထိန်းချုပ်ဖို့ လုံလောက်တဲ့ စွမ်းအင်တွေ ရှိပါတယ်။ ပြီးတော့ သူတို့ဟာ အချစ်ဆိုတာ တပ်မက်ခြင်းထက် အများကြီး ပို အဓိပ္ပါယ်ရှိတယ်ဆိုတာ သိထားတာမို့ သူတို့ စိတ်ဆန္ဒတစ်ခု သာယာဖို့အတွက်နဲ့ ချစ်သူ မိန်းကလေးဒုက္ခရောက်အောင် ဘယ်တော့မှ မလုပ်တတ်ကြပါဘူး။

( ၅) သူတို့ လက်တွဲဖော် နာကျင်စေမယ့် လုပ်ရပ်မျိုး ဘယ်တော့မှ မပြုလုပ်ကြပါဘူး။

ယောင်္ကျားကောင်းတွေဟာ သူတို့ရဲ့ လက်တွဲဖော်ကို
အကြောင်းမရှိ အကြောင်းရှာပြီး နာကျင်အောင် မလုပ်တတ်ကြပါဘူး။ သူတို့အပေါ် မဟုတ်တာလုပ်တဲ့ သူမျိုးဆိုရင်တော့ သူတို့ရဲ့ ယုံကြည်မှုအားလုံးကို ရုတ်သိမ်းပြီး တစ်ကိုယ်တည်း ခံစားတတ်ကြပါတယ်။ ယောင်္ကျားကောင်းတွေဟာ သူတို့ လက်တွဲဖော်ကို အခက်အခဲ၊ အမှောင်အမိုက်တွေကြားထဲ ခေါ်ဆောင်သွားဖို့ တွေးတောင် မတွေးတတ်ကြသလို အခြားသူတွေရဲ့ ကုန်းစကားတွေကြောင့်လည်း သူတို့ လက်တွဲဖော်ကို နာကျင်မှုတွေ မပေးတတ်ကြပါဘူး။

( ၆) ယောင်္ကျားကောင်းတွေဟာ ဖြောင့်မတ်ကြပါတယ်။

မိန်းမ (၂)ယောက်ကို တစ်ပြိုင်ထဲ ချိန်းတွေ့တာမျိုး၊ (၂) ယောက်လုံးက သူတို့ကို အချစ်စစ်နဲ့ ချစ်တယ်လို့ ထင်အောင် ပလီပလာ ပြောတာမျိုး ယောင်္ကျားကောင်းတွေ မလုပ်ကြပါဘူး။ သူတို့မှာ အဲ့ဒီလို စိတ်မျိုး မရှိသလို အဲဒီ ကိစ္စတွေကြောင့်လည်း ခေါင်းရှုပ်မခံနိုင်ကြပါဘူး။
သူတို့ကို ချစ်တဲ့ မိန်းမတစ်ယောက်နဲ့ပဲ ပျော်ပျော်ရွှင်ရွှင်
ဖြတ်သန်းချင် ကြတာပါ။

(၇) လမ်းခွဲသင့်တဲ့ အချိန်မှာ ပြတ်ပြတ်သားသား လမ်းခွဲဖို့
မတွန့်ဆုတ် တတ်ကြပါဘူး။

တစ်ချို့ယောက်ျားတွေဟာ သူတို့ရဲ့ လက်ရှိလက်တွဲဖော်နဲ့ အတူရှိရတာကို မပျော်တော့တဲ့အခါ၊ သူတို့စိတ်တွေကို အခြားတစ်ယောက်က စိုးမိုးနေပြီဆိုတဲ့ အချိန်တွေမှာ ဖောက်ပြန်တတ်ကြပါတယ်။ သို့ပေမယ့် လက်ရှိချစ်သူနဲ့ အတိအလင်း လမ်းခွဲဖို့တော့ တွန့်ဆုတ်နေတတ်ကြပါတယ်။ ယောင်္ကျားကောင်းတွေဟာ ဒီလိုအခြေအနေမျိုး ကြုံလာခဲ့ရင်လည်း လိမ်လည်နေမယ့်အစား လေးစားမှုရှိတဲ့ အနေနဲ့ ပွင့်လင်း ရိုးသားစွာပဲ လမ်းခွဲပေးတတ်ကြပါတယ်။

(၈) ဘဝမှာ ဘယ်အရာက ပိုအရေးကြီးလဲ ဆိုတာ သိပါတယ်။

စိတ်ခံစားမှုတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ အမှတ်တရတွေ၊
စသည်ဖြင့် ဘဝမှာ အရေးကြီးတာတွေ အများကြီး ရှိပါတယ်။ ယောင်္ကျားကောင်းတွေက ဒီအရေးကြီးတဲ့ အချက်တွေကို သိတာကြောင့် အပြင်ထွက်ပြီး ပွေဖို့ ရှုပ်နေမှာထက် သူ့လက်တွဲဖော်ကို သစ္စာရှိပေးဖို့က ပိုအရေးကြီးတယ် ဆိုတာကို နားလည်ပါတယ်။ ဒါကြောင့်သူတို့ခေါင်းထဲမှာ မိသားစုအရေး၊ သာယာတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ဖို့ စတဲ့ အကြောင်းအရာတွေနဲ့ ပဲ ပြည့်နှက်နေပါတော့တယ်။

အမြဲတမ်း အချစ်တွေလွှမ်းခြုံတဲ့ ဘဝမှာ ပျော်ရွှင်ကြပါစေ။

Credit : Original

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top