iMyanmarHouse.com - Best Property Website for Myanmar
×

တေန႕တာလံုးသြားလာလႈပ္ရွားေနရသည္ႏွင့္အမွ် သင့္အသားေရသည္လည္း ပူျပင္းေျခာက္ေသြ႕လြန္းလွသည့္ ခရမ္းလြန္ေနေရာင္ျခည္မ်ား၊ ဖုန္မႈန္႕မ်ား၊ ေလထုထဲရွိအညစ္အေႀကးမ်ား၊ ႀကမ္းတမ္းေသာဓာတ္သတၱဳမ်ား ႏွင့္ အမ်ိဳးမ်ိဳးေသာပတ္၀န္းက်င္အေျခအေနမ်ားႏွင့္ မႀကာခဏထိေတြ႕ေနရပါတယ္။

အခ်ိန္ႀကာလာသည္ႏွင့္အမွ် အသားအေရကိုသိသိသာသာပ်က္စီးလာေစႏိုင္ၿပီး အေရးအေႀကာင္းမ်ား၊ ပါးေရနားေရမ်ား၊ အသားအေရာင္မည္းညစ္လာျခင္း အစရွိသည့္ အရြယ္မတိုင္ခင္အိုမင္းရင့္ေရာ္ျခင္း၏ လကၡဏာအမ်ိဳးမ်ိဳးကိုျဖစ္ေပၚလာေစႏိုင္ပါတယ္။ သို႕ေသာ္လည္း ညဖက္အခ်ိန္မ်ားတြင္ သင့္အသားအေရႏွင့္ဆံသားကို ဂရုစိုက္ေပးျခင္းျဖင့္ ထိုလကၡဏာမ်ားကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။

ညတိုင္းညတိုင္း အသားအေရကိုမိနစ္အနည္းငယ္ခန္႕ေပးၿပီး ဂရုစိုက္လုိက္ျခင္းျဖင့္ ရက္အနည္းငယ္အတြင္း ပ်စ္မ်ိဳးမွဲ႕မထင္အလွကိုပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။ ထုိ႕ေႀကာင့္ ညစဥ္အၿမဲ လိုက္နာျပဳလုပ္ေပးရမည့္ အေလ့အက်င့္ (၁၀) မ်ိဳးကို ေဖာ္ျပေပးလုိက္ရပါတယ္။

၁။ မိတ္ကပ္ဖ်က္ပါ။

ညဖက္အိပ္ေနသည့္အခ်ိန္ အသားအေရရွိေခၽြးေပါက္မ်ားပြင့္ဟလာသည့္အတြက္ မိတ္ကပ္မ်ားရွိေနပါက ေခၽြးေပါက္ပိတ္သြားႏိုင္ပါတယ္။ ထုိမွတဆင့္ အစက္အေျပာက္မ်ား၊ အသားအေရမညီညာမႈမ်ား၊ ၀က္ျခံမ်ား စသည္တုိ႕ကို ျဖစ္ေပၚလာေစႏိုင္ပါတယ္။ ထုိ႕ေႀကာင့္ အလုပ္မည္မွ်ပင္မ်ားေနသည္ျဖစ္ေစ၊ မလႈပ္ႏိုင္ေလာက္ေအာင္ေမာပန္းႏြမ္းနယ္ေနသည္ျဖစ္ေစ ညဖက္အိပ္ရာမ၀င္ခင္ အခ်ိန္ယူ၍မိတ္ကပ္ဖ်က္ေပးပါ။

၂။ Toner အသံုးျပဳပါ။

သင့္အသားအေရ၏ နဂိုမူလ pH Levels တို႕ကို ျပန္လည္ထိန္းသိမ္းေပးရန္အတြက္သာမက ဖုန္မႈန္႕မ်ား၊ အညစ္အေႀကးမ်ားကို သန္႕ရွင္းရန္အတြက္လည္း ကူညီေပးမွာျဖစ္ပါတယ္။ အဆီျပန္တတ္သူမ်ား၊ ၀က္ၿခံထြက္တတ္သူမ်ား အထူးသင့္ေတာ္ၿပီး ညတိုင္းအိပ္ရာမ၀င္ခင္ အသံုးျပဳေပးရမွာျဖစ္ပါတယ္။

၃။ Hand Cream လိမ္းျခယ္ပါ။

ေရေႏြး၊ ဆပ္ၿပာတို႕ျဖင့္ လက္ကိုေသခ်ာေျပာင္စင္ေအာင္ေဆးေႀကာၿပီးေနာက္ တဘက္ျဖင့္သုတ္ေပးကာ hand cream ကို လိမ္းေပးပါ။ ထုိသုိ႕ျပဳလုပ္ေပးျခင္းက သင့္လက္သည္းႏွင့္ လက္တို႕ကို မနက္အခ်ိန္တြင္ အလွပဆံုးျဖစ္ေနေစမွာပါ။

၄။ Eye Cream သံုးေပးပါ။

ေရဓာတ္ျဖည့္တင္းေပးျခင္း၊ မ်က္ကြင္းညိဳမႈကိုသက္သာေစျခင္း၊ အေရးအေႀကာင္းမ်ားကိုေလ်ာ႕ခ်ေပးျခင္း စသည့္ေကာင္းက်ိုဳးမ်ားကို ေပးစြမ္းႏိုင္သည့္အတြက္ အိပ္ရာသို႕မ၀င္မွီ မိတ္ကပ္ေျပာင္စင္ေအာင္ဖ်က္ၿပီးေနာက္ Eye Cream ကို လိမ္းေပးႏိုင္ပါတယ္။

၅။ သြားတိုက္ပါ။

ညစာစားၿပီးေနာက္ အိပ္ရာသို႕မ၀င္ခင္ သြားတိုက္ေပးျခင္းသည္ သင့္အာခံတြင္းကို ေရာဂါပိုးမ်ား၊ ကလိုင္အေပါက္မ်ား ျဖစ္ေပၚျခင္းကို ကာကြယ္ဟန္႕တားေပးေသာေႀကာင့္ မနက္အိပ္ရာမွႏိုးသည့္အခ်ိန္ ခံတြင္းနံ႕ဆိုးရြားမႈကို သက္သာေစမွာျဖစ္ပါတယ္။

၆။ ေျခေထာက္ေပၚသို႕ ေရနံဂ်ယ္လီသုတ္လိမ္းေပးပါ။

ေရေႏြးျဖင့္ေျခေထာက္ကိုေဆးေႀကာၿပီးေနာက္ ေသခ်ာေျပာင္စင္ေအာင္သုတ္ေပးပါ။ ေျခဖ၀ါးကြဲအက္ျခင္းမွ ကာကြယ္ရန္အတြက္ ေျခေထာက္၏ႀကမ္းတမ္းေသာ၊ ေျခာက္ေသြ႕ေသာေနရာသို႕ ေရနံဂ်ယ္လီ သို႕မဟုတ္ Feet Cream ကိုသုတ္လိမ္းေပးၿပီးေနာက္ ေျခအိတ္စြပ္ကာအိပ္ရာသို႕၀င္ႏိုင္ပါၿပီ။

၇။ ဆံပင္စည္းပါ။

ဆံပင္တြင္ပါ၀င္သည့္ အဆီႏွင့္အညစ္အေႀကးမ်ားသည္ မ်က္ႏွာေပၚသို႕ေရာက္သည့္အခါ တင္းတိပ္၀က္ၿခံမ်ားကို ျဖစ္ေပၚလာေစႏိုင္သည့္အတြက္ အိပ္ရာ၀င္သည့္အခါ ဆံပင္ရႈပ္ေထြးမႈမရွိေစရန္ က်စ္ဆံၿမီး သို႕မဟုတ္ ဆံထံုးပံုစံျပဳလုပ္ၿပီး အိပ္ပါဟု အႀကံျပဳခ်င္ပါတယ္။

၈။ စိုထိုင္းမႈထိန္းသိမ္းစက္ကိုဖြင့္ပါ။

စိုထိုင္းမႈထိန္းသိမ္းစက္သည္ အခန္းအတြင္းရွိေလကို အစိုဓာတ္ျဖင့္ဖံုးလႊမ္းေပးသည့္အတြက္ ေျခာက္ေသြ႕၊ ယားယံၿပီး ကြဲအက္ေသာအသားအေရတုိ႕ကို သက္သာေစမွာျဖစ္ပါတယ္။ ေဆာင္းရာသီအတြင္း အသံုးျပဳရန္အထူးသင့္ေတာ္ပါတယ္။

၉။ ပိုးထည္ေခါင္းအံုးစြပ္မ်ားကို ေျပာင္းလဲအသံုးျပဳပါ။

ပိုးမွ်င္တြင္ ပရိုတင္းႏွင့္ အမီႏိုအက္စစ္ ၁၈ မ်ိဳးပါ၀င္သည့္အတြက္ အသားအေရသာမက ဆံေကသာကိုပါ ႏုပ်ိဳလွပေစရန္ကူညီေပးမွာျဖစ္ပါတယ္။ ခ်ည္သားေခါင္းအံုးစြပ္မ်ားတြင္ အိပ္စက္သည့္အခါ မ်က္ႏွာေပၚတြင္ ျဖစ္ေပၚတတ္သည့္ အရာထင္ျခင္းမ်ားကိုလည္း သက္သာေစမွာျဖစ္ပါတယ္။

၁၀။ အိပ္ေရး၀၀အိပ္ပါ။

သင္အိပ္စက္သည့္ပံုစံႏွင့္ အိပ္ခ်ိန္အတိုင္းအတာသည္ ေန႕အခ်ိန္အတြင္း သင့္အသြင္အျပင္အေပၚ သက္ေရာက္မႈအလြန္ရွိႏိုင္သျဖင့္ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ရန္အတြက္ အိပ္ခ်ိန္မွန္ျခင္း၊ တီဗြီမႀကည့္ျခင္း၊ လက္ကိုင္ဖုန္းကိုေ၀းေ၀းထားျခင္း၊ အိပ္ခါနီးအခ်ိန္ေကာ္ဖီမေသာက္သံုးျခင္း၊ ညေနခင္းအခ်ိန္တြင္ ေရေႏြးျဖင့္ေရခ်ိဳးျခင္း စသည့္လုပ္ငန္းေဆာင္တာမ်ားကို လုပ္ေဆာင္ေပးႏိုင္ပါတယ္။

Credit:Mystyle

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
တနေ့တာလုံးသွားလာလှုပ်ရှားနေရသည်နှင့်အမျှ သင့်အသားရေသည်လည်း ပူပြင်းခြောက်သွေ့လွန်းလှသည့် ခရမ်းလွန်နေရောင်ခြည်များ၊ ဖုန်မှုန့်များ၊ လေထုထဲရှိအညစ်အကြေးများ၊ ကြမ်းတမ်းသောဓာတ်သတ္တုများ နှင့် အမျိုးမျိုးသောပတ်ဝန်းကျင်အခြေအနေများနှင့် မကြာခဏထိတွေ့နေရပါတယ်။


အချိန်ကြာလာသည်နှင့်အမျှ အသားအရေကိုသိသိသာသာပျက်စီးလာစေနိုင်ပြီး အရေးအကြောင်းများ၊ ပါးရေနားရေများ၊ အသားအရောင်မည်းညစ်လာခြင်း အစရှိသည့် အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်း၏ လက္ခဏာအမျိုးမျိုးကိုဖြစ်ပေါ်လာစေနိုင်ပါတယ်။ သို့သော်လည်း ညဖက်အချိန်များတွင် သင့်အသားအရေနှင့်ဆံသားကို ဂရုစိုက်ပေးခြင်းဖြင့် ထိုလက္ခဏာများကို ပျောက်ကင်းစေနိုင်ပါတယ်။


ညတိုင်းညတိုင်း အသားအရေကိုမိနစ်အနည်းငယ်ခန့်ပေးပြီး ဂရုစိုက်လိုက်ခြင်းဖြင့် ရက်အနည်းငယ်အတွင်း ပျစ်မျိုးမှဲ့မထင်အလှကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ထို့ကြောင့် ညစဉ်အမြဲ လိုက်နာပြုလုပ်ပေးရမည့် အလေ့အကျင့် (၁၀) မျိုးကို ဖော်ပြပေးလိုက်ရပါတယ်။


၁။ မိတ်ကပ်ဖျက်ပါ။


ညဖက်အိပ်နေသည့်အချိန် အသားအရေရှိချွေးပေါက်များပွင့်ဟလာသည့်အတွက် မိတ်ကပ်များရှိနေပါက ချွေးပေါက်ပိတ်သွားနိုင်ပါတယ်။ ထိုမှတဆင့် အစက်အပြောက်များ၊ အသားအရေမညီညာမှုများ၊ ဝက်ခြံများ စသည်တို့ကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ထို့ကြောင့် အလုပ်မည်မျှပင်များနေသည်ဖြစ်စေ၊ မလှုပ်နိုင်လောက်အောင်မောပန်းနွမ်းနယ်နေသည်ဖြစ်စေ ညဖက်အိပ်ရာမဝင်ခင် အချိန်ယူ၍မိတ်ကပ်ဖျက်ပေးပါ။


၂။ Toner အသုံးပြုပါ။


သင့်အသားအရေ၏ နဂိုမူလ pH Levels တို့ကို ပြန်လည်ထိန်းသိမ်းပေးရန်အတွက်သာမက ဖုန်မှုန့်များ၊ အညစ်အကြေးများကို သန့်ရှင်းရန်အတွက်လည်း ကူညီပေးမှာဖြစ်ပါတယ်။ အဆီပြန်တတ်သူများ၊ ဝက်ခြံထွက်တတ်သူများ အထူးသင့်တော်ပြီး ညတိုင်းအိပ်ရာမဝင်ခင် အသုံးပြုပေးရမှာဖြစ်ပါတယ်။


၃။ Hand Cream လိမ်းခြယ်ပါ။


ရေနွေး၊ ဆပ်ပြာတို့ဖြင့် လက်ကိုသေချာပြောင်စင်အောင်ဆေးကြောပြီးနောက် တဘက်ဖြင့်သုတ်ပေးကာ hand cream ကို လိမ်းပေးပါ။ ထိုသို့ပြုလုပ်ပေးခြင်းက သင့်လက်သည်းနှင့် လက်တို့ကို မနက်အချိန်တွင် အလှပဆုံးဖြစ်နေစေမှာပါ။


၄။ Eye Cream သုံးပေးပါ။


ရေဓာတ်ဖြည့်တင်းပေးခြင်း၊ မျက်ကွင်းညိုမှုကိုသက်သာစေခြင်း၊ အရေးအကြောင်းများကိုလျော့ချပေးခြင်း စသည့်ကောင်းကျိုုးများကို ပေးစွမ်းနိုင်သည့်အတွက် အိပ်ရာသို့မဝင်မှီ မိတ်ကပ်ပြောင်စင်အောင်ဖျက်ပြီးနောက် Eye Cream ကို လိမ်းပေးနိုင်ပါတယ်။


၅။ သွားတိုက်ပါ။


ညစာစားပြီးနောက် အိပ်ရာသို့မဝင်ခင် သွားတိုက်ပေးခြင်းသည် သင့်အာခံတွင်းကို ရောဂါပိုးများ၊ ကလိုင်အပေါက်များ ဖြစ်ပေါ်ခြင်းကို ကာကွယ်ဟန့်တားပေးသောကြောင့် မနက်အိပ်ရာမှနိုးသည့်အချိန် ခံတွင်းနံ့ဆိုးရွားမှုကို သက်သာစေမှာဖြစ်ပါတယ်။


၆။ ခြေထောက်ပေါ်သို့ ရေနံဂျယ်လီသုတ်လိမ်းပေးပါ။


ရေနွေးဖြင့်ခြေထောက်ကိုဆေးကြောပြီးနောက် သေချာပြောင်စင်အောင်သုတ်ပေးပါ။ ခြေဖဝါးကွဲအက်ခြင်းမှ ကာကွယ်ရန်အတွက် ခြေထောက်၏ကြမ်းတမ်းသော၊ ခြောက်သွေ့သောနေရာသို့ ရေနံဂျယ်လီ သို့မဟုတ် Feet Cream ကိုသုတ်လိမ်းပေးပြီးနောက် ခြေအိတ်စွပ်ကာအိပ်ရာသို့ဝင်နိုင်ပါပြီ။


၇။ ဆံပင်စည်းပါ။


ဆံပင်တွင်ပါဝင်သည့် အဆီနှင့်အညစ်အကြေးများသည် မျက်နှာပေါ်သို့ရောက်သည့်အခါ တင်းတိပ်ဝက်ခြံများကို ဖြစ်ပေါ်လာစေနိုင်သည့်အတွက် အိပ်ရာဝင်သည့်အခါ ဆံပင်ရှုပ်ထွေးမှုမရှိစေရန် ကျစ်ဆံမြီး သို့မဟုတ် ဆံထုံးပုံစံပြုလုပ်ပြီး အိပ်ပါဟု အကြံပြုချင်ပါတယ်။


၈။ စိုထိုင်းမှုထိန်းသိမ်းစက်ကိုဖွင့်ပါ။


စိုထိုင်းမှုထိန်းသိမ်းစက်သည် အခန်းအတွင်းရှိလေကို အစိုဓာတ်ဖြင့်ဖုံးလွှမ်းပေးသည့်အတွက် ခြောက်သွေ့၊ ယားယံပြီး ကွဲအက်သောအသားအရေတို့ကို သက်သာစေမှာဖြစ်ပါတယ်။ ဆောင်းရာသီအတွင်း အသုံးပြုရန်အထူးသင့်တော်ပါတယ်။


၉။ ပိုးထည်ခေါင်းအုံးစွပ်များကို ပြောင်းလဲအသုံးပြုပါ။


ပိုးမျှင်တွင် ပရိုတင်းနှင့် အမီနိုအက်စစ် ၁၈ မျိုးပါဝင်သည့်အတွက် အသားအရေသာမက ဆံကေသာကိုပါ နုပျိုလှပစေရန်ကူညီပေးမှာဖြစ်ပါတယ်။ ချည်သားခေါင်းအုံးစွပ်များတွင် အိပ်စက်သည့်အခါ မျက်နှာပေါ်တွင် ဖြစ်ပေါ်တတ်သည့် အရာထင်ခြင်းများကိုလည်း သက်သာစေမှာဖြစ်ပါတယ်။


၁၀။ အိပ်ရေး၀၀အိပ်ပါ။


သင်အိပ်စက်သည့်ပုံစံနှင့် အိပ်ချိန်အတိုင်းအတာသည် နေ့အချိန်အတွင်း သင့်အသွင်အပြင်အပေါ် သက်ရောက်မှုအလွန်ရှိနိုင်သဖြင့် နှစ်ခြိုက်စွာအိပ်ပျော်ရန်အတွက် အိပ်ချိန်မှန်ခြင်း၊ တီဗွီမကြည့်ခြင်း၊ လက်ကိုင်ဖုန်းကိုဝေးဝေးထားခြင်း၊ အိပ်ခါနီးအချိန်ကော်ဖီမသောက်သုံးခြင်း၊ ညနေခင်းအချိန်တွင် ရေနွေးဖြင့်ရေချိုးခြင်း စသည့်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပေးနိုင်ပါတယ်။



Credit:Mystyle


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top