iMyanmarHouse.com - Best Property Website for Myanmar
×








Credit: 7daydaily

ယနေ့ခေတ် အမျိုးသားတွေက ခံ့ခံ့ညားညားနဲ့ ဆွဲဆောင်မှုရှိဖို့ အတွက် အသားအရေထိန်းသိမ်း တာကို လုပ်ဆောင်လာကြတဲ့အ လျောက် ငါးမိနစ်ကနေ ဆယ် မိနစ်အတွင်း လွယ်လွယ်ကူကူနဲ့ အချိန်ကုန်သက်သက်သာသာ လုပ်နိုင်မယ့် နည်းလမ်းလေးတွေ ဖော်ပြလိုက်ပါတယ်။

မျက်နှာသန့်စင်ခြင်း - မနက်မိုး လင်းနဲ့ ညအိပ်ခါနီးမှာ ပုံမှန်လုပ် လေ့ရှိတဲ့ မျက်နှာသစ်တာကို ကိုယ့်အသားအရေနဲ့ လိုက်ဖက် ညီတဲ့ မျက်နှာသစ်ဆေးရွေးချယ် သုံးစွဲခြင်းဖြင့် ချွေးပေါက်တွေကို ပိတ်စေတဲ့ အဆီနဲ့ဗက်တီးရီးယား တွေကို ဖယ်ရှားပြီးသား ဖြစ်စေ ပါတယ်။

ရေဓာတ်ဖြည့်ခြင်း - ခန္ဓာကိုယ် မှာ ရေဓာတ်ပြည့်ဝနေပါမှ အသားအရေစိုပြည်မှာဖြစ်လို့ ရေ၊ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ စားပေးဖို့လိုတဲ့အပြင်  နေ့စဉ်ရေ နှစ်လီတာသောက်ဖို့လည်း လိုပါ တယ်။

ကြေးချွတ်ခြင်း - တစ်ပတ်ကို တစ် ကြိမ်၊    ဒါမှမဟုတ်    နှစ်ကြိမ် လောက် အရေပြားကြေးချွတ်ပေး တာဟာ အသားအရေကို ညစ် ထေးထေးဖြစ်စေတဲ့ အရေပြား ဆဲလ်သေတွေကို ဖယ်ရှားပြီး သားဖြစ်စေပါတယ်။

အစိုဓာတ်ထိန်းသိမ်းခြင်း - အ သားအရေအစိုဓာတ်ထိန်းသိမ်း ထားရင် နှုတ်ခမ်းမွေး၊ မုတ်ဆိတ် မွေးရိတ်တဲ့အခါမှာ အသားအရေ ကို နူးညံ့ပျော့ပျောင်းနေစေပါ တယ်။ ခရင်မ်တစ်ခုခုလိမ်းပေး ခြင်းဖြင့် အစိုဓာတ်ထိန်းသလို အိုမင်းရင့်ရော်မှုကိုလည်း ကာ ကွယ်နိုင်ပါတယ်။

ကာကွယ်ခြင်း -အပြင်ထွက်တဲ့ အခါမှာ နေရောင်ကြောင့် အသား အရေတွေ မပျက်စီးစေဖို့ နေ လောင်ခံခရင်မ်လိမ်းပြီးမှ သွား တာတို့၊ ဦးထုပ်ဆောင်းတာတို့ စသဖြင့် အရေပြားကိုနေရောင်မထိအောင် ကာကွယ်ဖို့လိုပါ တယ်။

မျက်လုံးခရင်မ်လိမ်းခြင်း - မျက် ကွင်းညိုတာ၊ မျက်လုံးဖောင်းအစ် တာ၊ အရေးအကြောင်းတွေ မဖြစ်အောင်လို့ မျက်လုံးတစ်ဝိုက် ကို အိုင်းခရင်မ်လိမ်းတာမျိုးလည်း လုပ်သင့်ပါတယ်။

Credit: 7daydaily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top