iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္ၾကပ္အိက်ီ ၤေတြ ဝတ္ခ်င္ေပမဲ့ ဗိုက္ေခါက္ထူၿပီး ၀တ္လို႔မရလို႔ စိတ္ညစ္ေနလား။ ေဆာင္းရာသီကေတာ့ အေႏြထည္ေလး ၀တ္ထားဖို႔လိုတာေၾကာင့္ ဒီရာသီဟာ ဝမ္းဗိုက္က အဆီေတြကို ေလွ်ာ့ခ်ဖို႔ အေကာင္းဆံုးပါပဲ။ ဒါ့ေၾကာင့္ ဝမ္းဗိုက္ကအဆီေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ နည္းလမ္း ၆ ခုကို မွ်ေ၀ေပးသြားမွာျဖစ္ပါတယ္။

၁။ ဆား ေလွ်ာ့စားပါ။

ဆားက ခႏၱာကိုယ္ က်န္းမာဖို႔ အတြက္ လိုအပ္ၿပီး စားသံုးသင့္တဲ့အရာပါ။ ဒါေပမဲ ့ဘယ္အရာျဖစ္ျဖစ္ လြန္လြန္ကဲကဲစားသံုးတာက မေကာင္းပါဘူး။ ဆားအလြန္အကၽြံစားသံုးတာဟာ ေရဓါတ္ခမ္းေျခာက္တာကိုျဖစ္ေစဖို႔ မၾကာခဏဆိုသလို ေရေသာက္သံုးမိတတ္ပါတယ္။ အေကာင္းဆံုးကေတာ့ တစ္ေန႔ကို လက္ဖက္ရည္ဇြန္း တစ္၀က္သာစားသံုးသင့္ပါတယ္။

၂။ ကစီဓါတ္မ်ားတဲ့အစားအစာကို ေရွာင္ပါ။

၀မ္းဗိုက္က အဆီေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔က ကစီဓါတ္မ်ားတဲ့ အစားအစာ စားသံုးတာကို ေလွ်ာ့ခ်ဖို႔ပါပဲ။ အားလူး၊ ဂ်ံဳနဲ႔လုပ္ထားတဲ့ အစားအစားေတြကို စားသံုးတာဟာ ၀မ္းဗိုက္က အဆီေတြကို တက္ေစပါတယ္။ ပရိုတင္းဓါတ္ပါတဲ့ အစားအစာကို အစားထိုး စားသံုးသင့္ပါတယ္။

၃။ ႏြားႏို႔ မေသာက္ပါႏွင့္။

ႏြားႏို႕က ကိုယ္အေလးခိ်န္ေလွ်ာ့ခ်ရာမွာ တကယ္ကို အခက္အခဲျဖစ္ေစတဲ့ အရာပါ။ ႏြားႏို႔ကို တစ္ေန႔မွာ အမ်ားဆံုး ½ လီတာ ထက္ ပိုမေသာက္သင့္ပါဘူး။ ႏြားႏ္ို႔အစား ဒိန္ခ်ည္ကို ေသာက္သံုးႏိုင္ပါတယ္။

၄။ အရသာပူစပ္စပ္ ၊ စူးရွရွ အစားအစာ (Spicy Food) ေလွ်ာ့စားပါ။

အရသာ ပူစပ္စပ္၊ စူးရွွရွ အစားအစာကို အလြန္အကၽြံစားသံုးတာဟာ အစာအိမ္မွာ လိုအပ္တာထက္ အက္ဆစ္ဓါတ္ကို ပိုမိုထုတ္ေပးပါတယ္။ အစာအိမ္ကို နာက်င္ေစၿပီး ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ရာမွာ အဟန္႔အတားျဖစ္ေစပါတယ္။

၅။ ယမကာ၊ ေကာ္ဖီ၊ သၾကားနဲ႔ အထားခံေအာင္လုပ္ထားတဲ့ အစားအစာမ်ားကို ေရွာင္ပါ။

အထက္ေဖာ္ျပထားတဲ့ အစားအစာေတြကို ေရွာင္ရမွာပါ။ အဲဒီအစားအစာေတြဟာ က်န္းမာေရးအတြက္ မေကာင္းသလို အဆီေတြ သိုေလွာင္ထားတာကလြဲလို႔ သင့္အတြက္ ဘာေကာင္းက်ိဳးမွမျဖစ္ေစပါဘူး။

၆။ သစ္သီးဝလံမ်ားကို စားပါ။

သစ္သီးဝလံေတြကို စားသံုးတာဟာ အၿမဲတမ္း က်န္းမာေစပါတယ္။ သစ္သီးဝလံတိုင္းက အက်ိဳးရွိပါတယ္။ ဒါေပမဲ့ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔ဆိုရင္ေတာ့ ေရႊးခ်ယ္စားသံုးသင့္ပါတယ္။ ဒါေပမဲ့ ပန္းသီးနဲ႔ သစ္ေတာ္သီးေတြဟာ Fructose ဓါတ္ပါ၀င္မႈမ်ားျပားတာေၾကာင့္ အစာေခ်တာကို ပိုမို အဟန္႔အတားျဖစ္ေစပါတယ္။ အဲဒီသစ္သီးေတြအစား စပ်စ္သီး၊ လိေမၼာ္သီး၊ သံပုရာသီး စတာေတြကို ေရြးခ်ယ္ စားသံုးသင့္ပါတယ္။

Credit:Myfoodmyanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode  Version#


ကိုယ်ကြပ်အိကျီ ၤတွေ ဝတ်ချင်ပေမဲ့ ဗိုက်ခေါက်ထူပြီး ဝတ်လို့မရလို့ စိတ်ညစ်နေလား။ ဆောင်းရာသီကတော့ အနွေထည်လေး ဝတ်ထားဖို့လိုတာကြောင့် ဒီရာသီဟာ ဝမ်းဗိုက်က အဆီတွေကို လျှော့ချဖို့ အကောင်းဆုံးပါပဲ။ ဒါ့ကြောင့် ဝမ်းဗိုက်ကအဆီတွေကို လျှော့ချနိုင်ဖို့အတွက် နည်းလမ်း ၆ ခုကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ ဆား လျှော့စားပါ။

ဆားက ခန္တာကိုယ် ကျန်းမာဖို့ အတွက် လိုအပ်ပြီး စားသုံးသင့်တဲ့အရာပါ။ ဒါပေမဲ့ဘယ်အရာဖြစ်ဖြစ် လွန်လွန်ကဲကဲစားသုံးတာက မကောင်းပါဘူး။ ဆားအလွန်အကျွံစားသုံးတာဟာ ရေဓါတ်ခမ်းခြောက်တာကိုဖြစ်စေဖို့ မကြာခဏဆိုသလို ရေသောက်သုံးမိတတ်ပါတယ်။ အကောင်းဆုံးကတော့ တစ်နေ့ကို လက်ဖက်ရည်ဇွန်း တစ်ဝက်သာစားသုံးသင့်ပါတယ်။

၂။ ကစီဓါတ်များတဲ့အစားအစာကို ရှောင်ပါ။

ဝမ်းဗိုက်က အဆီတွေကို လျှော့ချနိုင်ဖို့က ကစီဓါတ်များတဲ့ အစားအစာ စားသုံးတာကို လျှော့ချဖို့ပါပဲ။ အားလူး၊ ဂျုံနဲ့လုပ်ထားတဲ့ အစားအစားတွေကို စားသုံးတာဟာ ဝမ်းဗိုက်က အဆီတွေကို တက်စေပါတယ်။ ပရိုတင်းဓါတ်ပါတဲ့ အစားအစာကို အစားထိုး စားသုံးသင့်ပါတယ်။

၃။ နွားနို့ မသောက်ပါနှင့်။

နွားနို့က ကိုယ်အလေးချိန်လျှော့ချရာမှာ တကယ်ကို အခက်အခဲဖြစ်စေတဲ့ အရာပါ။ နွားနို့ကို တစ်နေ့မှာ အများဆုံး ½ လီတာ ထက် ပိုမသောက်သင့်ပါဘူး။ နွားနို့အစား ဒိန်ချည်ကို သောက်သုံးနိုင်ပါတယ်။

၄။ အရသာပူစပ်စပ် ၊ စူးရှရှ အစားအစာ (Spicy Food) လျှော့စားပါ။

အရသာ ပူစပ်စပ်၊ စူးရှှရှ အစားအစာကို အလွန်အကျွံစားသုံးတာဟာ အစာအိမ်မှာ လိုအပ်တာထက် အက်ဆစ်ဓါတ်ကို ပိုမိုထုတ်ပေးပါတယ်။ အစာအိမ်ကို နာကျင်စေပြီး ကိုယ်အလေးချိန်လျှော့ချရာမှာ အဟန့်အတားဖြစ်စေပါတယ်။

၅။ ယမကာ၊ ကော်ဖီ၊ သကြားနဲ့ အထားခံအောင်လုပ်ထားတဲ့ အစားအစာများကို ရှောင်ပါ။

အထက်ဖော်ပြထားတဲ့ အစားအစာတွေကို ရှောင်ရမှာပါ။ အဲဒီအစားအစာတွေဟာ ကျန်းမာရေးအတွက် မကောင်းသလို အဆီတွေ သိုလှောင်ထားတာကလွဲလို့ သင့်အတွက် ဘာကောင်းကျိုးမှမဖြစ်စေပါဘူး။

၆။ သစ်သီးဝလံများကို စားပါ။

သစ်သီးဝလံတွေကို စားသုံးတာဟာ အမြဲတမ်း ကျန်းမာစေပါတယ်။ သစ်သီးဝလံတိုင်းက အကျိုးရှိပါတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန်လျှော့ချဖို့ဆိုရင်တော့ ရွှေးချယ်စားသုံးသင့်ပါတယ်။ ဒါပေမဲ့ ပန်းသီးနဲ့ သစ်တော်သီးတွေဟာ Fructose ဓါတ်ပါဝင်မှုများပြားတာကြောင့် အစာချေတာကို ပိုမို အဟန့်အတားဖြစ်စေပါတယ်။ အဲဒီသစ်သီးတွေအစား စပျစ်သီး၊ လိမ္မော်သီး၊ သံပုရာသီး စတာတွေကို ရွေးချယ် စားသုံးသင့်ပါတယ်။
Credit:Myfoodmyanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top