iMyanmarHouse.com - Best Property Website for Myanmar
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ကိုုယ့္ကိုခ်စ္ေနတာ ကိုယ့္သူငယ္ခ်င္း အရင္းေခါက္ေခါက္ႀကီး ျဖစ္ေနရင္ေကာ ဘယ္လိုေျဖရွင္းၾကမလဲ။

အခ်စ္ဆိုတာ လူေတြကို ၾကည္ႏူးမႈနဲ႔ သာယာေပ်ာ္ရႊင္မႈေတြကို ေပးစြမ္းႏိုင္ပါတယ္။ ဘဝမွာ အခ်စ္ရွိေနလို႔ ေနေပ်ာ္ၿပီး သာယာေနတာပါ။ ဒါေပမယ့္ ကိုုယ့္ကိုခ်စ္ေနတာ ကိုယ့္သူငယ္ခ်င္း အရင္းေခါက္ေခါက္ႀကီး ျဖစ္ေနရင္ေကာ ဘယ္လိုေျဖရွင္းၾကမလဲ။

ကိုယ္ကသူ႔ကို ျပန္ႀကိဳက္ရင္ ကိစၥမရွိေပမယ့္ ျပန္မႀကိဳက္ႏိုင္ရင္ သူငယ္ခ်င္းခ်င္း မ်က္ႏွာပ်က္စရာေတြ ျဖစ္တတ္ပါတယ္။ ဒီကိစၥမ်ိဳးဆိုတာ ပါးပါးနပ္နပ္ကိုင္တြယ္တတ္မွ ေတာ္ကာက်တာပါ။ အခ်စ္ဆံုးသူငယ္ခ်င္းက ကိုယ့္ကို crush ေနလား သိႏိုင္တဲ့ အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ သူကကိုယ့္ကို လိုတာထက္ပိုၿပီး ကာကြယ္ေပးမယ္

ကိုယ့္သူငယ္ခ်င္းကို တျခားလူက မေကာင္းေျပာလာရင္ အကာအကြယ္ေပးရမွာက သဘာဝပါ။ ဒါေပမယ့္ လိုတာထက္ပိုၿပီး အကာအကြယ္ေပးခ်င္တဲ့၊ ကိုယ့္ကိုထိရင္ ဆတ္ဆတ္ထိမခံတဲ့ အမူအရာမ်ိဳး သူ႔ဆီမွာျမင္ေနရၿပီဆိုရင္ေတာ့ သူကိုယ့္အေပၚ မရိုးသားေတာ့ဘူးလို႔ ေယဘုယ်အားျဖင့္ ယူဆႏိုင္ပါၿပီ။ တစ္ခါတေလမွာ အိမ္ကအေဖ၊ အေမေတာင္ စိတ္မပူဘဲ လႊတ္ထားတာကို သူက "ဘယ္ေရာက္ေနလဲ၊ ခုထိအိမ္မျပန္ေသးဘူးလား" လာလုပ္ေနရင္လည္း မရိုးသားတဲ့ အရိပ္အေယာင္ပါပဲ။

၂။ ေယာက်္ားေလးမိတ္ေဆြေတြထားတာ ၾကည့္မရဘူး

BFF ေခါင္းစဥ္ေအာက္မွာ ေနေနေပမယ့္ တျခားေယာက်္ားေလး သူငယ္ခ်င္းေတြနဲ႔ ခင္ခင္မင္မင္ ရင္းရင္းႏွီးႏွီး ရွိေနတာကို သိသိသာသာတစ္မ်ိဳး၊ မသိမသာတစ္မ်ိဳး ေဂ်လာကိုက္ေနၿပီဆုိရင္လည္း ဒါသူကိုယ့္ကို crush ေနတဲ့ လကၡဏာျပေနတာပါ။ သူမပါဘဲ တျခားေယာက်္ားေလး သူငယ္ခ်င္းေတြနဲ႔ ညဘက္အျပင္ထြက္ရင္လည္း စိတ္ဆိုးစိတ္ေကာက္ျပပါလိမ့္မယ္။

၃။ အထိအေတြ႕ေတြကို သာယာမယ္

သူငယ္ခ်င္းခ်င္း လက္ေမာင္းကိုလာကိုင္တာတို႔၊ စရင္းေနာက္ရင္း ေပါင္ကိုရိုက္ပုတ္လိုက္တာတို႔က ရင္းႏွီးတဲ့သူငယ္ခ်င္းေတြၾကားမွာ ရွိတတ္တဲ့ အထိအေတြ႕၊ အျပဳအမူေလးေတြပါပဲ။ ဒါေပမယ့္ ကိုယ့္ဘက္က ရိုးရိုးသားသား ထိေတြ႕လိုက္ရင္ေတာင္ သူ႔ဘက္က ေနမထိထိုင္မသာျဖစ္သြားတာတို႔၊ အမူအရာေျပာင္းသြားတာတို႔ ျဖစ္မယ္ဆိုရင္ သူ႔စိတ္ထဲမွာ မရိုးသားေတာ့ဘူးဆိုတာကို ေဖာ္ျပေနတာပါပဲ။ ဒီထက္ပိုအဆင့္တက္လာရင္ သူ႔ဘက္က အဲဒီလိုမ်ိဳးေလး ထိေတြ႕ခြင့္ရဖို႔ နည္းအမ်ိဳးမ်ိဳးနဲ႔ ႀကိဳးစားလာပါလိမ့္မယ္။

၄။ ေအာင္ျမင္မႈေတြအတြက္ ဂုဏ္ယူမယ္

သူငယ္ခ်င္းဆိုတာ ကိုယ္ေအာင္ျမင္ေနခ်ိန္မွာပဲျဖစ္ျဖစ္၊ ရႈံးနိမ့္ခ်ိန္မွာပဲျဖစ္ျဖစ္ အနားမွာအျမဲရွိေနမွာပါ။ ဒါေပမယ့္ လူဆိုတဲ့အမ်ိဳးက မနာလိုဝန္တိုတတ္တဲ့ အမ်ိဳးပါ။ သူငယ္ခ်င္းအုပ္စုၾကားမွာ ကိုယ္တစ္ေယာက္ပဲ ကြက္ၿပီးေအာင္ျမင္မႈ ရရွိတဲဲ့အခါ ေရွ႕မွာခ်ီးက်ဴး စကားေျပာေပမယ့္ ေနာက္ကြယ္မွာ ဘာေျပာမလဲမသိႏုိင္ပါဘူး။ ဒါေပမယ့္ ကိုယ့္ကို ႀကိတ္ခ်စ္ေနတဲ့ အခ်စ္ဆံုး သူငယ္ခ်င္း ေလးကေတာ့ လူေရွ႕သူေရွ႕မွာ စိတ္လိုလက္ရ ခ်ီးမြမ္းတဲ့အျပင္ စိတ္ထဲက ႏွစ္ႏွစ္ကာကာ ဂုဏ္ယူေၾကာင္းကို ေဖာ္ျပပါလိမ့္္မယ္။

၅။ အနာဂတ္ကို ျပင္ဆင္မယ္

လူတိုင္းလူတိုင္း ကိုယ့္ဘဝအနာဂတ္အတြက္ ျပင္ဆင္ၾကတာ ထံုးစံပါပဲ။ ဒါေပမယ့္ သူငယ္ခ်င္းႏွစ္ေယာက္ စကားေျပာၾကရင္း သူ႕အနာဂတ္အတြက္ ပလန္ေတြထဲမွာ ကိုယ့္ကိုပါ ထည့္သြင္းစဥ္းစား ေပးထားတယ္ဆိုရင္ေတာ့ သူ႔စိတ္ထဲမွာ ကိုယ္ရွိေနတာ အထင္အရွားပါပဲ။ အနာဂတ္မွာ ကိုယ္နဲ႔ဒီထက္ပိုတဲ့ အေနအထားတစ္ခု ရယူလိုတဲ့ဆႏၵကို ေဖာ္ျပေနတာပါ။

၆။ ခိုးခိုးၾကည့္တယ္

ခ်စ္ျခင္းအစ မ်က္စိက ဆိုတဲ့အတိုင္းပါပဲ။ သူ႔ရဲ႕အၾကည့္သူခိုးေလးေတြကို ခဏခဏမိလာၿပီဆိုရင္ေတာ့ "ဒီေကာင္က ငါ့အေပၚ မရိုးသားေတာ့ဘူး" လို႔ ခန္႔မွန္းႏိုင္ပါၿပီ။ သူ႔မ်က္လံုးထဲက အေျဖကို ေဖာ္ႏိုင္ဖို႔ ႀကိဳးစားၾကည့္ၿပီး အခ်စ္ဆံုးသူငယ္ခ်င္းကို ဘယ္လိုကိုင္တြယ္ရမလဲ စဥ္းစားႏိုင္ပါၿပီ။

Soruce: Youngisthan

Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

ကိုုယ့်ကိုချစ်နေတာ ကိုယ့်သူငယ်ချင်း အရင်းခေါက်ခေါက်ကြီး ဖြစ်နေရင်ကော ဘယ်လိုဖြေရှင်းကြမလဲ။

အချစ်ဆိုတာ လူတွေကို ကြည်နူးမှုနဲ့ သာယာပျော်ရွှင်မှုတွေကို ပေးစွမ်းနိုင်ပါတယ်။ ဘဝမှာ အချစ်ရှိနေလို့ နေပျော်ပြီး သာယာနေတာပါ။ ဒါပေမယ့် ကိုုယ့်ကိုချစ်နေတာ ကိုယ့်သူငယ်ချင်း အရင်းခေါက်ခေါက်ကြီး ဖြစ်နေရင်ကော ဘယ်လိုဖြေရှင်းကြမလဲ။

ကိုယ်ကသူ့ကို ပြန်ကြိုက်ရင် ကိစ္စမရှိပေမယ့် ပြန်မကြိုက်နိုင်ရင် သူငယ်ချင်းချင်း မျက်နှာပျက်စရာတွေ ဖြစ်တတ်ပါတယ်။ ဒီကိစ္စမျိုးဆိုတာ ပါးပါးနပ်နပ်ကိုင်တွယ်တတ်မှ တော်ကာကျတာပါ။ အချစ်ဆုံးသူငယ်ချင်းက ကိုယ့်ကို crush နေလား သိနိုင်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သူကကိုယ့်ကို လိုတာထက်ပိုပြီး ကာကွယ်ပေးမယ်

ကိုယ့်သူငယ်ချင်းကို တခြားလူက မကောင်းပြောလာရင် အကာအကွယ်ပေးရမှာက သဘာဝပါ။ ဒါပေမယ့် လိုတာထက်ပိုပြီး အကာအကွယ်ပေးချင်တဲ့၊ ကိုယ့်ကိုထိရင် ဆတ်ဆတ်ထိမခံတဲ့ အမူအရာမျိုး သူ့ဆီမှာမြင်နေရပြီဆိုရင်တော့ သူကိုယ့်အပေါ် မရိုးသားတော့ဘူးလို့ ယေဘုယျအားဖြင့် ယူဆနိုင်ပါပြီ။ တစ်ခါတလေမှာ အိမ်ကအဖေ၊ အမေတောင် စိတ်မပူဘဲ လွှတ်ထားတာကို သူက "ဘယ်ရောက်နေလဲ၊ ခုထိအိမ်မပြန်သေးဘူးလား" လာလုပ်နေရင်လည်း မရိုးသားတဲ့ အရိပ်အယောင်ပါပဲ။

၂။ ယောကျ်ားလေးမိတ်ဆွေတွေထားတာ ကြည့်မရဘူး

BFF ခေါင်းစဉ်အောက်မှာ နေနေပေမယ့် တခြားယောကျ်ားလေး သူငယ်ချင်းတွေနဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ရှိနေတာကို သိသိသာသာတစ်မျိုး၊ မသိမသာတစ်မျိုး ဂျေလာကိုက်နေပြီဆိုရင်လည်း ဒါသူကိုယ့်ကို crush နေတဲ့ လက္ခဏာပြနေတာပါ။ သူမပါဘဲ တခြားယောကျ်ားလေး သူငယ်ချင်းတွေနဲ့ ညဘက်အပြင်ထွက်ရင်လည်း စိတ်ဆိုးစိတ်ကောက်ပြပါလိမ့်မယ်။

၃။ အထိအတွေ့တွေကို သာယာမယ်

သူငယ်ချင်းချင်း လက်မောင်းကိုလာကိုင်တာတို့၊ စရင်းနောက်ရင်း ပေါင်ကိုရိုက်ပုတ်လိုက်တာတို့က ရင်းနှီးတဲ့သူငယ်ချင်းတွေကြားမှာ ရှိတတ်တဲ့ အထိအတွေ့၊ အပြုအမူလေးတွေပါပဲ။ ဒါပေမယ့် ကိုယ့်ဘက်က ရိုးရိုးသားသား ထိတွေ့လိုက်ရင်တောင် သူ့ဘက်က နေမထိထိုင်မသာဖြစ်သွားတာတို့၊ အမူအရာပြောင်းသွားတာတို့ ဖြစ်မယ်ဆိုရင် သူ့စိတ်ထဲမှာ မရိုးသားတော့ဘူးဆိုတာကို ဖော်ပြနေတာပါပဲ။ ဒီထက်ပိုအဆင့်တက်လာရင် သူ့ဘက်က အဲဒီလိုမျိုးလေး ထိတွေ့ခွင့်ရဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားလာပါလိမ့်မယ်။

၄။ အောင်မြင်မှုတွေအတွက် ဂုဏ်ယူမယ်

သူငယ်ချင်းဆိုတာ ကိုယ်အောင်မြင်နေချိန်မှာပဲဖြစ်ဖြစ်၊ ရှုံးနိမ့်ချိန်မှာပဲဖြစ်ဖြစ် အနားမှာအမြဲရှိနေမှာပါ။ ဒါပေမယ့် လူဆိုတဲ့အမျိုးက မနာလိုဝန်တိုတတ်တဲ့ အမျိုးပါ။ သူငယ်ချင်းအုပ်စုကြားမှာ ကိုယ်တစ်ယောက်ပဲ ကွက်ပြီးအောင်မြင်မှု ရရှိတဲ့အခါ ရှေ့မှာချီးကျူး စကားပြောပေမယ့် နောက်ကွယ်မှာ ဘာပြောမလဲမသိနိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်ကို ကြိတ်ချစ်နေတဲ့ အချစ်ဆုံး သူငယ်ချင်း လေးကတော့ လူရှေ့သူရှေ့မှာ စိတ်လိုလက်ရ ချီးမွမ်းတဲ့အပြင် စိတ်ထဲက နှစ်နှစ်ကာကာ ဂုဏ်ယူကြောင်းကို ဖော်ပြပါလိမ့််မယ်။

၅။ အနာဂတ်ကို ပြင်ဆင်မယ်

လူတိုင်းလူတိုင်း ကိုယ့်ဘဝအနာဂတ်အတွက် ပြင်ဆင်ကြတာ ထုံးစံပါပဲ။ ဒါပေမယ့် သူငယ်ချင်းနှစ်ယောက် စကားပြောကြရင်း သူ့အနာဂတ်အတွက် ပလန်တွေထဲမှာ ကိုယ့်ကိုပါ ထည့်သွင်းစဉ်းစား ပေးထားတယ်ဆိုရင်တော့ သူ့စိတ်ထဲမှာ ကိုယ်ရှိနေတာ အထင်အရှားပါပဲ။ အနာဂတ်မှာ ကိုယ်နဲ့ဒီထက်ပိုတဲ့ အနေအထားတစ်ခု ရယူလိုတဲ့ဆန္ဒကို ဖော်ပြနေတာပါ။

၆။ ခိုးခိုးကြည့်တယ်

ချစ်ခြင်းအစ မျက်စိက ဆိုတဲ့အတိုင်းပါပဲ။ သူ့ရဲ့အကြည့်သူခိုးလေးတွေကို ခဏခဏမိလာပြီဆိုရင်တော့ "ဒီကောင်က ငါ့အပေါ် မရိုးသားတော့ဘူး" လို့ ခန့်မှန်းနိုင်ပါပြီ။ သူ့မျက်လုံးထဲက အဖြေကို ဖော်နိုင်ဖို့ ကြိုးစားကြည့်ပြီး အချစ်ဆုံးသူငယ်ချင်းကို ဘယ်လိုကိုင်တွယ်ရမလဲ စဉ်းစားနိုင်ပါပြီ။

Soruce: Youngisthan

Credit: Duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top