iMyanmarHouse.com - Best Property Website for Myanmar
×

Online မွာေတြ႕တဲ့ ေကာင္ေလး နဲ႔ Date ေတာ့မယ္ဆိုဒီဘက္ေခတ္မွာကေတာ့ လူတိုင္း စီးပြားေရး၊ စား၀တ္ေနေရး စတာေတြနဲ႔ ရွဳပ္ယွက္ခတ္ေနရတာနဲ႔ပဲ ဘယ္သူမွ အရင္ေခတ္ကလို အျပင္မွာေတြ႕၊ လမ္းထိပ္အုတ္ခံုမွာ ထိုင္ေစာင့္၊ ေနာက္ၿပီး ရည္းစား စာေပး ဒါမ်ိဳးေတြအတြက္ အခ်ိန္ေပးႏိုင္ေတာ့တာ မဟုတ္ပါဘူး။ ဒါေၾကာင့္ Facebook တို႔လို၊ Bee Talk တို႔လို Online Social Application ေတြကေန တစ္ဆင့္ပဲ လူတိုင္းဟာ တစ္ေယာက္အေၾကာင္း တစ္ေယာက္ေလ့လာၾကရတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ စကားေျပာၾကရတယ္။ ဒီလိုပဲ ရွင္သန္ေနၾကရတဲ့ လူငယ္ေတြအတြက္ကေတာ့ ေယာက္်ားေလး တစ္ေယာက္ကို အျပင္မွာ Date ေတာ့မယ္ဆိုရင္ Online ေပၚကလိုမွ ဟုတ္ရဲ႕လားဆိုတဲ့ သံသဃေလးေတြေတာ့ လူတိုင္းမွာ အနည္းနဲ႔အမ်ားဆီ ရွိၾကတာပါပဲ။ ဒါေၾကာင့္ ဒီလို စိုးရိမ္စိတ္ ေတြ ေလ်ာ့ပါးႏိုင္ေအာင္ Online ေပၚက ဘယ္လို ေကာင္ေလး မ်ိဳးကို အျပင္မွာ Date သင့္လဲဆိုတာကို ေျပာျပမလို႔ပါေနာ္။

Profile Picture အမွန္တင္ထားတဲ့သူမ်ိဳး
အခုတစ္ေလာ သင္နဲ႔ ေန႔စဥ္ စကား ေျပာျဖစ္ေနတဲ့ ေကာင္ေလးဆိုသူက Profile မွာ သူ႔ရဲ႕ ဓာတ္ပံုအမွန္တင္ထားရဲ႕လား။ ဒါကို အရင္ဆံုးေလ့လာၿပီးမွ စကား ေျပာသင့္တာပါေနာ္။ အခုေခတ္က Photoshop ေတြ ႀကိဳက္သေလာက္လုပ္၊ ေနာက္ၿပီး ေယာက္်ားေလးပံုဆိုရင္လည္း Google မွာ ႀကိဳက္သေလာက္ရွာၿပီး ႀကိဳက္တဲ့ပံုရွာယူသံုးလို႔ရေနတာမို႔လို႔ သူ႔ရဲ႕မ်က္ႏွာမေဖာ္ျပႏိုင္သူတစ္ေယာက္ကိုေတာ့ အျပင္မွာေတြ႕ဖို႔ မေျပာနဲ႔။ လက္ခံ စကား ေျပာေနတာေတာင္ မ်ားေနပါေသးတယ္။ တစ္စံုတစ္ခု စိတ္ထဲမသကၤာရင္လည္း သူ႔ကို သင္ႀကိဳက္တဲ့ပံုစံလုပ္ခိုင္းၿပီး ဓာတ္ပံု ရိုက္ပို႔ခိုင္းတာမ်ိဳးလုပ္လို႔႔ရပါတယ္။ ဥပမာ – ဇြန္းကိုကိုက္ၿပီး ႏွဖူး မွာ အကၡရာ တစ္ခုခုေရးၿပီး ရိုက္ထားတဲ့ပံု ပို႔ခိုင္တာမ်ိဳး။ ဒါက နည္းနည္းေၾကာင္ေတာင္ေတာင္ႏိုင္တယ္လို႔ ထင္ရေပမယ့္ သင့္အတြက္ စိတ္ခ်ရပါတယ္။

လူစစ္စစ္ေတြနဲ႔ ဆက္သြယ္ေနတဲ့သူမ်ိဳး
ဒီေနရာမွာ Profile အမွန္မဟုတ္ပဲ မင္းသား မင္းသမီး ပံုေတြ၊ ရွဳခင္းပံုေတြကို Profile Picture သံုးထားသူေတြကို လူအတုေတြလို႔ သတ္မွတ္လိုက္ပါ့မယ္။ ဒါေၾကာင့္ သင္ Date ေတာ့မယ့္သူရဲ႕ Wall ကို ေသေသခ်ာခ်ာ ၀င္ၾကည့္ပါ။ သူတင္ထားတဲ့စာေတြ၊ ပံုေတြေအာက္မွာ ၀င္ေရာက္စကားေျပာ Comment ထားတဲ့သူေတြဟာ Profile Picture အမွန္နဲ႔ သံုးေနတဲ့ လူစစ္စစ္ေတြလားဆိုတာပါပဲ။ တကယ္လို႔မွ သူဟာ လူစစ္စစ္ေတြနဲ႔ ဆက္သြယ္ထားမႈ သိပ္မေတြ႕ရပဲ သူ႔ရဲ႕ပံုေအာက္က Comment ပိုင္ရွင္တိုင္းဟာ မင္းသား မင္းသမီး ပံုေတြ၊ ရွဳခင္းပံု ေတြ သံုးထားသူေတြဆိုရင္ေတာ့ သူဟာ သင့္ရဲ႕စိတ္ကူးအိပ္မက္ထဲက မင္းသားေလးလိုပံုစံမ်ိဳးလုံး၀ မျဖစ္ႏိုင္ေတာ့ပါဘူး။

Sexy ေတြကို လူၾကားတဲ့မခ်ျပထားတဲ့သူမ်ိဳး
ဒါကလည္း သိပ္အေရးႀကီးတဲ့အခ်က္ပါပဲ။ သင္ Date ဖို႔ စဥ္းစားေနတဲ့သူက ညစ္ညစ္ပတ္ပတ္ Video File ေတြနဲ႔ Photo ေတြကို လူၾကားထဲ ျဖန္႔ေ၀ရတာ ႀကိဳက္တတ္လား။ မႀကိဳက္တတ္တဲ့သူမ်ိဳးျဖစ္ရပါလိမ့္မယ္။ ေယာက္်ားေလးတိုင္းကေတာ့ Sexy က်တာေတြကို ႀကိဳက္ႏွစ္သက္ေပမယ့္ လူၾကားထဲ ခ်ျပတဲ့အထိ သတၱိ ရွိတဲ့သူမ်ိဳးကေတာ့ သူ႔ရဲ႕ သိကၡာတရားကို ေတာ္ေတာ္မေစာင့္ထိန္းတတ္တဲ့သူမ်ိဳးပဲ ျဖစ္ပါလိမ့္မယ္။ သူ႔လိုလူက သင့္အေပၚေကာင္းေနတယ္ဆိုရင္ေတာင္မွ သင္နဲ႔ ျပႆနာတတ္တဲ့အခ်ိန္မ်ိဳးၾကရင္ သင္နဲ႔ပတ္သက္လို႔လည္း ငဲ့ညာလိမ့္မယ္ မထင္ပါဘူး။

ေပ်ာ္တတ္ၿပီး ယံုၾကည္မႈ ရွိတဲ့သူမ်ိဳး
လူတစ္ေယာက္ကို Online ကေန ဆက္သြယ္ထားၿပီး အဲဒီ့သူနဲ႔ အျပင္မွာ Date ဖို႔စဥ္းစားၿပီဆိုတာနဲ႔ သူနဲ႔သင္ အၿမဲစကားေျပာဆက္သြယ္ခဲ့တဲ့ Chat List ေတြကို ျပန္ဖတ္ၿပီးေလ့လာၾကည့္ဖို႔လိုပါေသးတယ္။ အဲဒါက ဘာလဲဆိုရင္ သူဟာ သူ႔ရဲ႕ စီးပြားေရး၊ လူမႈေရး စိတ္အေႏွာင့္အယွက္ေတြကို အၿမဲတေစရင္ဖြင့္ၿပီး သူ႔ကိုယ္သူ ယံုၾကည္ခ်က္ ကင္းမဲ့ေနတဲ့လူမ်ိဳးလား သိဖို႔ပါ။ တကယ္ေတာ့ ခ်စ္ေရးခ်စ္ရာကိစၥဆိုတာဟာ ေပ်ာ္ရႊင္ဖို႔ေကာင္းၿပီး ၾကည္ႏူးစရာအျပည့္ ျဖစ္ေနရမွာပါ။ ဒီလိုမွ ေပ်ာ္ေပ်ာ္မေနတတ္၊ ယံုၾကည္မႈ မရွိပဲ အၿမဲတေစ Drama ပဲ ခင္းေနတတ္တဲ့သူမ်ိဳးဆိုရင္ေတာ့ သြားေတြ႔ဖို႔ မစဥ္းစားပါနဲ႔ေတာ့။ သူဟာ သင္သနားေအာင္ တမင္သက္သက္ ႀကိဳးစားေနတဲ့ ဟန္ေဆာင္ တတ္သူတစ္ဦးျဖစ္ႏိုင္သလို၊ သင့္ကို ဘာေပ်ာ္ရႊင္မႈမွ မေပးစြမ္းႏိုင္တဲ့ Drama မင္းသား တစ္ေယာက္ပဲ ျဖစ္ေနမွာပါ။
READ  အဂၤါ ယားယံျခင္း (မွတ္ခ်က္။ ။ က်န္းမာေရး အျမင္ျဖစ္ အမ်ိဳးသမီးမ်ားသာ ဖက္ပါရန္)

ဒီအေျခခံအခ်က္ေလးေတြကို ေလ့လာၾကည့္ၿပီးမွ သင္ အျပင္မွာေတြ႕ဆံုဖို႔ ယံုၾကည္စိတ္ခ်ရမယ့္သူတစ္ေယာက္ ဟုတ္သည္ မဟုတ္သည္ကို စဥ္းစားၿပီးမွ ဆံုးျဖတ္ၾကပါေနာ္။ Online မွာ ေတြ႕ရတယ္ဆိုတာ Blind Love ျဖစ္ၿပီး သူေျပာသမွ်ယံု၊ သူျပသမွ်သာ ျမင္ရမွာမို႔လို႔ မိန္းကေလးတစ္ေယာက္အေနနဲ႔ကေတာ့ မ်က္စိမွိတ္ၿပီး ေျပာသမွ်နဲ႔ ယံုၾကည္မေနဖို႔ရယ္ တျခားပတ္၀န္းက်င္ကလည္း စံုစမ္းေထာက္လွမ္းဖို႔ရယ္ အႀကံျပဳလုိက္ပါရေစ။

Credit : Moda Fashionn
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Online မှာတွေ့တဲ့ ကောင်လေး နဲ့ Date တော့မယ်ဆိုဒီဘက်ခေတ်မှာကတော့ လူတိုင်း စီးပွားရေး၊ စားဝတ်နေရေး စတာတွေနဲ့ ရှုပ်ယှက်ခတ်နေရတာနဲ့ပဲ ဘယ်သူမှ အရင်ခေတ်ကလို အပြင်မှာတွေ့၊ လမ်းထိပ်အုတ်ခုံမှာ ထိုင်စောင့်၊ နောက်ပြီး ရည်းစား စာပေး ဒါမျိုးတွေအတွက် အချိန်ပေးနိုင်တော့တာ မဟုတ်ပါဘူး။ ဒါကြောင့် Facebook တို့လို၊ Bee Talk တို့လို Online Social Application တွေကနေ တစ်ဆင့်ပဲ လူတိုင်းဟာ တစ်ယောက်အကြောင်း တစ်ယောက်လေ့လာကြရတယ်။ တစ်ယောက်နဲ့ တစ်ယောက် စကားပြောကြရတယ်။ ဒီလိုပဲ ရှင်သန်နေကြရတဲ့ လူငယ်တွေအတွက်ကတော့ ယောက်ျားလေး တစ်ယောက်ကို အပြင်မှာ Date တော့မယ်ဆိုရင် Online ပေါ်ကလိုမှ ဟုတ်ရဲ့လားဆိုတဲ့ သံသဃလေးတွေတော့ လူတိုင်းမှာ အနည်းနဲ့အများဆီ ရှိကြတာပါပဲ။ ဒါကြောင့် ဒီလို စိုးရိမ်စိတ် တွေ လျော့ပါးနိုင်အောင် Online ပေါ်က ဘယ်လို ကောင်လေး မျိုးကို အပြင်မှာ Date သင့်လဲဆိုတာကို ပြောပြမလို့ပါနော်။

Profile Picture အမှန်တင်ထားတဲ့သူမျိုး
အခုတစ်လော သင်နဲ့ နေ့စဉ် စကား ပြောဖြစ်နေတဲ့ ကောင်လေးဆိုသူက Profile မှာ သူ့ရဲ့ ဓာတ်ပုံအမှန်တင်ထားရဲ့လား။ ဒါကို အရင်ဆုံးလေ့လာပြီးမှ စကား ပြောသင့်တာပါနော်။ အခုခေတ်က Photoshop တွေ ကြိုက်သလောက်လုပ်၊ နောက်ပြီး ယောက်ျားလေးပုံဆိုရင်လည်း Google မှာ ကြိုက်သလောက်ရှာပြီး ကြိုက်တဲ့ပုံရှာယူသုံးလို့ရနေတာမို့လို့ သူ့ရဲ့မျက်နှာမဖော်ပြနိုင်သူတစ်ယောက်ကိုတော့ အပြင်မှာတွေ့ဖို့ မပြောနဲ့။ လက်ခံ စကား ပြောနေတာတောင် များနေပါသေးတယ်။ တစ်စုံတစ်ခု စိတ်ထဲမသင်္ကာရင်လည်း သူ့ကို သင်ကြိုက်တဲ့ပုံစံလုပ်ခိုင်းပြီး ဓာတ်ပုံ ရိုက်ပို့ခိုင်းတာမျိုးလုပ်လို့ရပါတယ်။ ဥပမာ – ဇွန်းကိုကိုက်ပြီး နှဖူး မှာ အက္ခရာ တစ်ခုခုရေးပြီး ရိုက်ထားတဲ့ပုံ ပို့ခိုင်တာမျိုး။ ဒါက နည်းနည်းကြောင်တောင်တောင်နိုင်တယ်လို့ ထင်ရပေမယ့် သင့်အတွက် စိတ်ချရပါတယ်။

လူစစ်စစ်တွေနဲ့ ဆက်သွယ်နေတဲ့သူမျိုး
ဒီနေရာမှာ Profile အမှန်မဟုတ်ပဲ မင်းသား မင်းသမီး ပုံတွေ၊ ရှုခင်းပုံတွေကို Profile Picture သုံးထားသူတွေကို လူအတုတွေလို့ သတ်မှတ်လိုက်ပါ့မယ်။ ဒါကြောင့် သင် Date တော့မယ့်သူရဲ့ Wall ကို သေသေချာချာ ဝင်ကြည့်ပါ။ သူတင်ထားတဲ့စာတွေ၊ ပုံတွေအောက်မှာ ဝင်ရောက်စကားပြော Comment ထားတဲ့သူတွေဟာ Profile Picture အမှန်နဲ့ သုံးနေတဲ့ လူစစ်စစ်တွေလားဆိုတာပါပဲ။ တကယ်လို့မှ သူဟာ လူစစ်စစ်တွေနဲ့ ဆက်သွယ်ထားမှု သိပ်မတွေ့ရပဲ သူ့ရဲ့ပုံအောက်က Comment ပိုင်ရှင်တိုင်းဟာ မင်းသား မင်းသမီး ပုံတွေ၊ ရှုခင်းပုံ တွေ သုံးထားသူတွေဆိုရင်တော့ သူဟာ သင့်ရဲ့စိတ်ကူးအိပ်မက်ထဲက မင်းသားလေးလိုပုံစံမျိုးလုံး၀ မဖြစ်နိုင်တော့ပါဘူး။

Sexy တွေကို လူကြားတဲ့မချပြထားတဲ့သူမျိုး
ဒါကလည်း သိပ်အရေးကြီးတဲ့အချက်ပါပဲ။ သင် Date ဖို့ စဉ်းစားနေတဲ့သူက ညစ်ညစ်ပတ်ပတ် Video File တွေနဲ့ Photo တွေကို လူကြားထဲ ဖြန့်ဝေရတာ ကြိုက်တတ်လား။ မကြိုက်တတ်တဲ့သူမျိုးဖြစ်ရပါလိမ့်မယ်။ ယောက်ျားလေးတိုင်းကတော့ Sexy ကျတာတွေကို ကြိုက်နှစ်သက်ပေမယ့် လူကြားထဲ ချပြတဲ့အထိ သတ္တိ ရှိတဲ့သူမျိုးကတော့ သူ့ရဲ့ သိက္ခာတရားကို တော်တော်မစောင့်ထိန်းတတ်တဲ့သူမျိုးပဲ ဖြစ်ပါလိမ့်မယ်။ သူ့လိုလူက သင့်အပေါ်ကောင်းနေတယ်ဆိုရင်တောင်မှ သင်နဲ့ ပြဿနာတတ်တဲ့အချိန်မျိုးကြရင် သင်နဲ့ပတ်သက်လို့လည်း ငဲ့ညာလိမ့်မယ် မထင်ပါဘူး။

ပျော်တတ်ပြီး ယုံကြည်မှု ရှိတဲ့သူမျိုး
လူတစ်ယောက်ကို Online ကနေ ဆက်သွယ်ထားပြီး အဲဒီ့သူနဲ့ အပြင်မှာ Date ဖို့စဉ်းစားပြီဆိုတာနဲ့ သူနဲ့သင် အမြဲစကားပြောဆက်သွယ်ခဲ့တဲ့ Chat List တွေကို ပြန်ဖတ်ပြီးလေ့လာကြည့်ဖို့လိုပါသေးတယ်။ အဲဒါက ဘာလဲဆိုရင် သူဟာ သူ့ရဲ့ စီးပွားရေး၊ လူမှုရေး စိတ်အနှောင့်အယှက်တွေကို အမြဲတစေရင်ဖွင့်ပြီး သူ့ကိုယ်သူ ယုံကြည်ချက် ကင်းမဲ့နေတဲ့လူမျိုးလား သိဖို့ပါ။ တကယ်တော့ ချစ်ရေးချစ်ရာကိစ္စဆိုတာဟာ ပျော်ရွှင်ဖို့ကောင်းပြီး ကြည်နူးစရာအပြည့် ဖြစ်နေရမှာပါ။ ဒီလိုမှ ပျော်ပျော်မနေတတ်၊ ယုံကြည်မှု မရှိပဲ အမြဲတစေ Drama ပဲ ခင်းနေတတ်တဲ့သူမျိုးဆိုရင်တော့ သွားတွေ့ဖို့ မစဉ်းစားပါနဲ့တော့။ သူဟာ သင်သနားအောင် တမင်သက်သက် ကြိုးစားနေတဲ့ ဟန်ဆောင် တတ်သူတစ်ဦးဖြစ်နိုင်သလို၊ သင့်ကို ဘာပျော်ရွှင်မှုမှ မပေးစွမ်းနိုင်တဲ့ Drama မင်းသား တစ်ယောက်ပဲ ဖြစ်နေမှာပါ။
READ  အင်္ဂါ ယားယံခြင်း (မှတ်ချက်။ ။ ကျန်းမာရေး အမြင်ဖြစ် အမျိုးသမီးများသာ ဖက်ပါရန်)

ဒီအခြေခံအချက်လေးတွေကို လေ့လာကြည့်ပြီးမှ သင် အပြင်မှာတွေ့ဆုံဖို့ ယုံကြည်စိတ်ချရမယ့်သူတစ်ယောက် ဟုတ်သည် မဟုတ်သည်ကို စဉ်းစားပြီးမှ ဆုံးဖြတ်ကြပါနော်။ Online မှာ တွေ့ရတယ်ဆိုတာ Blind Love ဖြစ်ပြီး သူပြောသမျှယုံ၊ သူပြသမျှသာ မြင်ရမှာမို့လို့ မိန်းကလေးတစ်ယောက်အနေနဲ့ကတော့ မျက်စိမှိတ်ပြီး ပြောသမျှနဲ့ ယုံကြည်မနေဖို့ရယ် တခြားပတ်ဝန်းကျင်ကလည်း စုံစမ်းထောက်လှမ်းဖို့ရယ် အကြံပြုလိုက်ပါရစေ။

Credit : Moda Fashionn

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top