iMyanmarHouse.com - Best Property Website for Myanmar
×

Soft Drink လို႕ေခၚတဲ့ အခ်ိဳရည္ေတြဟာ သင့္ရဲ႕ ဇီဝျဖစ္စဥ္ကို ဆိုးက်ိဳးျဖစ္ေစသလုိ ကိုယ္အေလးခ်ိန္လည္း တက္ေစပါတယ္။ ဒါ့ေၾကာင့္ အဲဒီ Soft Drink ေတြကိုသာ သင္လံုးဝမေသာက္ေတာ့ဘူးဆိုရင္ ကိုယ္အေလးခ်ိန္လည္း ေလွ်ာ့ခ်ၿပီးသားျဖစ္သြားမွာပါ။

သၾကားပါဝင္မႈမ်ားတဲ့ အခ်ိဳရည္ေတြဟာ က်န္းမာေရးနဲ႔မညီညႊတ္မွန္း လူတိုင္းသိၾကပါတယ္ေနာ္။ အဲဒီအခ်ိဳရည္ေတြ မေသာက္ေတာ့ရင္ ဘယ္လိုအက်ိဳးေက်းဇူးေတြရွိလာမလဲဆိုတာ မွ်ေဝေပးပါမယ္။

၁။ အားအင္ပိုရွိလာသလို ခံစားရမယ္

အခ်ိဳရည္ေတြဟာ ေသြးတြင္းသၾကားဓာတ္ကို ျမင့္တက္ေစႏိုင္ပါတယ္။ ဒါ့အျပင္ ပင္ပန္းႏြမ္းနယ္မႈကို ျဖစ္ေစၿပီး သင့္ကို စိတ္ပိုင္းဆိုင္ရာေရာ ရုပ္ပိုင္းဆိုင္ရာမွာပါ ဆိုးက်ိဳးသက္ေရာက္ေစပါတယ္။ ဒါ့ေၾကာင့္ အခ်ိဳရည္ကို လံုးဝမေသာက္ေတာ့ဘူးဆိုရင္ေတာ့ အားအင္ပိုရွိလာသလို ခံစားရေစမွာျဖစ္ပါတယ္။

၂။ သြားက်န္းမာေရးအတြက္လည္း ေကာင္းမြန္တယ္

အခ်ိဳရည္ေတြမွာပါတဲ့ အက္ဆစ္ဓာတ္ေတြ၊ ျပဳျပင္ထားတဲ့ သၾကားေတြဟာ သင့္သြားက်န္းမာေရးအတြက္ ဆိုးက်ိဳးျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ သြားကိုလည္း ဝါေစႏိုင္ၿပီး သြားပိုးစားတာမ်ိဳးျဖစ္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အခ်ိဳရည္ေတြသာမေသာက္ေတာ့ဘူးဆိုရင္ေတာ့ သင္သြားက်န္းမာေရးကို ေကာင္းမြန္လာေစမွာျဖစ္ပါတယ္။

၃။ ကိုယ္အေလးခ်ိန္ အလိုလိုက်သြားမယ္

ေနာက္ထပ္ စိတ္ဝင္စားစရာေကာင္းတဲ့အခ်က္ကေတာ့ အခ်ိဳရည္ေတြမေသာက္ေတာ့ဘူးဆိုရင္ ကိုယ္အေလးခ်ိန္ က်သြားမွာ အေသအခ်ာပါပဲ။

၄။ အရိုးကိုလည္း က်န္းမာေစတယ္

အခ်ိဳရည္ေတြဟာ ကာဘြန္နိတ္ပါဝင္တာေၾကာင့္ သင့္အရိုးက်န္းမာေရးအတြက္ မေကာင္းပါဘူး။ ဒါ့အျပင္ Phosphorous နဲ႔ ဓာတုပစၥည္းပါဝင္တာေၾကာင့္ ကယ္လ္ဆီယမ္ဓာတ္ကို စုပ္ယူမႈ အားနည္းေစၿပီး အရိုးက်န္းမာေရးကို ထိခိုက္ေစပါတယ္။

၅။ အစာေခ်စနစ္ ပိုေကာင္းလာမယ္

အခ်ိဳရည္ေတြဟာ သင့္အစာေခ်စနစ္ကို အဟန္႔အတားျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ အခ်ိဳရည္ေတြကို လံုးဝမေသာက္ေတာ့ဘူးဆိုရင္ေတာ့ အစာေခ်စနစ္ကို ပိုမိုေကာင္းမြန္ေစမွာျဖစ္ပါတယ္။

၆။ အသားအေရလည္းပိုေကာင္းလာမယ္

သၾကားပါဝင္မႈမ်ားတဲ့အခ်ိဳရည္ေတြမွာ ဓာတုပစၥည္းပါဝင္မႈမ်ားၿပီး အသားအေရကို အုိမင္းရင့္ေရာ္ေစပါတယ္။ ဒါ့ေၾကာင့္ အခ်ိဳရည္ေတြကိုသာ သင္မေသာက္ေတာ့ဘူးဆိုရင္ေတာ့ အသားအေရလည္း ပိုၿပီး ေကာင္းမြန္လာမွာျဖစ္ပါတယ္။

၇။ ေက်ာက္ကပ္က်န္းမာေရးကို ပိုမိုေကာင္းမြန္လာေစပါတယ္

ေက်ာက္ကပ္အတြင္း ေက်ာက္တည္တာကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ သၾကားပါဝင္မႈမ်ားတဲ့အခ်ိဳရည္ေတြဟာ ကာဘြန္နိတ္ပါဝင္တဲ့အျပင္ တျခား ဓာတုပစၥည္းေတြလည္း ပါဝင္လို႔ ေက်ာက္ကပ္က်န္းမာေရးကိုပ ထိခိုက္ေစပါတယ္။

Credit : MyFood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Soft Drink လို့ခေါ်တဲ့ အချိုရည်တွေဟာ သင့်ရဲ့ ဇီဝဖြစ်စဉ်ကို ဆိုးကျိုးဖြစ်စေသလို ကိုယ်အလေးချိန်လည်း တက်စေပါတယ်။ ဒါ့ကြောင့် အဲဒီ Soft Drink တွေကိုသာ သင်လုံးဝမသောက်တော့ဘူးဆိုရင် ကိုယ်အလေးချိန်လည်း လျှော့ချပြီးသားဖြစ်သွားမှာပါ။

သကြားပါဝင်မှုများတဲ့ အချိုရည်တွေဟာ ကျန်းမာရေးနဲ့မညီညွှတ်မှန်း လူတိုင်းသိကြပါတယ်နော်။ အဲဒီအချိုရည်တွေ မသောက်တော့ရင် ဘယ်လိုအကျိုးကျေးဇူးတွေရှိလာမလဲဆိုတာ မျှဝေပေးပါမယ်။

၁။ အားအင်ပိုရှိလာသလို ခံစားရမယ်

အချိုရည်တွေဟာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ ဒါ့အပြင် ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေပြီး သင့်ကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ ဆိုးကျိုးသက်ရောက်စေပါတယ်။ ဒါ့ကြောင့် အချိုရည်ကို လုံးဝမသောက်တော့ဘူးဆိုရင်တော့ အားအင်ပိုရှိလာသလို ခံစားရစေမှာဖြစ်ပါတယ်။

၂။ သွားကျန်းမာရေးအတွက်လည်း ကောင်းမွန်တယ်

အချိုရည်တွေမှာပါတဲ့ အက်ဆစ်ဓာတ်တွေ၊ ပြုပြင်ထားတဲ့ သကြားတွေဟာ သင့်သွားကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေပါတယ်။ ဒါ့ကြောင့် သွားကိုလည်း ဝါစေနိုင်ပြီး သွားပိုးစားတာမျိုးဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အချိုရည်တွေသာမသောက်တော့ဘူးဆိုရင်တော့ သင်သွားကျန်းမာရေးကို ကောင်းမွန်လာစေမှာဖြစ်ပါတယ်။

၃။ ကိုယ်အလေးချိန် အလိုလိုကျသွားမယ်

နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ အချိုရည်တွေမသောက်တော့ဘူးဆိုရင် ကိုယ်အလေးချိန် ကျသွားမှာ အသေအချာပါပဲ။

၄။ အရိုးကိုလည်း ကျန်းမာစေတယ်

အချိုရည်တွေဟာ ကာဘွန်နိတ်ပါဝင်တာကြောင့် သင့်အရိုးကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါ့အပြင် Phosphorous နဲ့ ဓာတုပစ္စည်းပါဝင်တာကြောင့် ကယ်လ်ဆီယမ်ဓာတ်ကို စုပ်ယူမှု အားနည်းစေပြီး အရိုးကျန်းမာရေးကို ထိခိုက်စေပါတယ်။

၅။ အစာချေစနစ် ပိုကောင်းလာမယ်

အချိုရည်တွေဟာ သင့်အစာချေစနစ်ကို အဟန့်အတားဖြစ်စေပါတယ်။ ဒါ့ကြောင့် အချိုရည်တွေကို လုံးဝမသောက်တော့ဘူးဆိုရင်တော့ အစာချေစနစ်ကို ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။

၆။ အသားအရေလည်းပိုကောင်းလာမယ်

သကြားပါဝင်မှုများတဲ့အချိုရည်တွေမှာ ဓာတုပစ္စည်းပါဝင်မှုများပြီး အသားအရေကို အိုမင်းရင့်ရော်စေပါတယ်။ ဒါ့ကြောင့် အချိုရည်တွေကိုသာ သင်မသောက်တော့ဘူးဆိုရင်တော့ အသားအရေလည်း ပိုပြီး ကောင်းမွန်လာမှာဖြစ်ပါတယ်။

၇။ ကျောက်ကပ်ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေပါတယ်

ကျောက်ကပ်အတွင်း ကျောက်တည်တာကို လျှော့ချပေးနိုင်ပါတယ်။ သကြားပါဝင်မှုများတဲ့အချိုရည်တွေဟာ ကာဘွန်နိတ်ပါဝင်တဲ့အပြင် တခြား ဓာတုပစ္စည်းတွေလည်း ပါဝင်လို့ ကျောက်ကပ်ကျန်းမာရေးကိုပ ထိခိုက်စေပါတယ်။

Credit : MyFood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top