iMyanmarHouse.com - Best Property Website for Myanmar
×

Sugar Apple (or) Sweet Sop လို႕လဲ ေခၚတဲ့ ၾသဇာသီးကိုေတာ့ လူတိုင္းစားဖူးၾကမွာပါ။ ကေလးဘ၀တုန္းကဆိုရင္ ၾသဇာသီးအေစ့ေလးေတြနဲ႕ ဇယ္ေတာက္တမ္းေတာင္ ကစားခဲ့ၾကတယ္ေလ။ ဒါေပမယ့္လည္း ၾသဇာသီးရဲ႕ က်န္းမာေရး ေကာင္းက်ိဳးေတြကိုေတာ့ သိသူနည္းပါးပါတယ္။ ၾသဇာသီးအပင္ဟာ ေသးငယ္ျပီးေတာ့ ၁၀ေပ ကေန ေပ၂၀ အတြင္းပဲ ၾကီးထြားပါတယ္။ ကိုင္းတစ္ခုတည္းမွာတင္ကို အသီးေတြျပြတ္သိပ္ေနေအာင္ သီးေလ့ရွိျပီးေတာ့ အသီးအေရာင္ကလည္း အစိမ္းေရာင္ပါပဲ။ အျဖဴေရာင္အသားနဲ႕ အနက္ေရာင္အေစ့ ရွိတဲ့ ၾသဇာသီးရဲ႕ အရသာကေတာ့ စားဖူးသူေတြ သိတဲ့အတုိင္းပဲ။ ခ်ိဳအီေနျပီးေတာ့ လွ်ာေပၚမွာ အရသာက စြဲထင္က်န္ေနခဲ့ေတာ့တာပါပဲ။ ၾသဇာသီးရဲ႕ က်န္းမာေရးေကာင္းက်ိဳးေတြက ဘာေတြျဖစ္မလဲဆိုတာကို ၾကည့္လိုက္ၾကရေအာင္ေနာ္။

၁။ Antioxidant Properties

တကယ္လို႕မ်ား ပန္းနာရင္က်ပ္ျဖစ္ေနျပီဆိုရင္ေတာ့ ၾသဇာသီးက သင့္အတြက္ အေကာင္းဆံုးေဆး၀ါးပါပဲ။ ဗီတာမင္စီဓာတ္ အမ်ားအျပားပါ၀င္ျပီးေတာ့ antioxidants ဓာတ္တစ္ခုက ပန္းနာေရာဂါ ေပ်ာက္ကင္းေစဖို႕အတြက္ ျပင္းျပင္းထန္ထန္ကို တြန္းလွန္ေပးတာေၾကာင့္ ပန္းနာေရာဂါကို သိသာစြာ သက္သာေစပါတယ္။

၃။ ကိုလက္စထေရာပါ၀င္မႈ နည္းပါးျခင္း

အမွ်င္ဓာတ္က ေသြးအတြင္း ကိုလက္စထေရာပါ၀င္မႈကို ေလွ်ာ့ခ်ေပးျပီးေတာ့ ေသြးေၾကာပိတ္ဆို႕ျခင္းကိုလည္း တားဆီးေပးပါတယ္။ ၾသဇာသီးမွာဆိုရင္ေတာ့ ဗီတာမင္ဘီဓာတ္လည္း ျပည့္၀စြာ ပါ၀င္ျပီး၊ အမွ်င္ဓာတ္ နဲ႕ niacin တို႕လည္း ပါ၀င္ေနတာေၾကာင့္ အ၀လြန္ေနမႈကိုလည္း ထိန္းသိမ္းေပးျပီးေတာ့ ကိုယ္လက္လႈပ္ရွားမႈကိုလည္း အေကာင္းဆံုးျဖစ္ေအာင္ ေထာက္ပံ့ေပးပါတယ္။

၄။ ႏွလံုးက်န္းမာေရးအတြက္ သင့္ေတာ္တယ္

ဗီတာမင္ B6 ၾကြယ္၀စြာပါ၀င္တဲ့ ၾသဇာသီးဟာ သင့္ရဲ႕ ႏွလံုးအတြက္လည္း အေကာင္းဆံုးအေဖာ္မြန္တစ္ဦးလိုပါပဲ။ amino acid တစ္မ်ိဳးျဖစ္တဲ့ homocystein ေၾကာင့္ ႏွလံုးအတြက္ ဆိုးက်ိဳးျဖစ္ပြားမႈကို တားဆီးေပးႏိုင္ပါတယ္။ amino acid ခႏၶာကိုယ္တြင္းမ်ားျပား ေနတဲ့အခါမ်ိဳးမွာဆိုရင္ေတာ့ ႏွလံုးေရာဂါျဖစ္ပြားမႈ နဲ႕ ႏွလံုးၾကီးထြားမႈအစရွိတာေတြ ျဖစ္ပြားႏိုင္ပါတယ္။ ဒါကို ၾသဇာသီးစားသံုးေပးျခင္းျဖင့္ ကာကြယ္ေပးႏိုင္ပါတယ္။

၅။ ဗီတာမင္စီ ၾကြယ္၀စြာပါ၀င္ျခင္း

ၾသဇာသီတစ္လံုးမွာဆိုရင္ေတာ့ ဗီတာမင္စီဓာတ္ဟာ ၅၆ မီလီဂရမ္အထိ ပါ၀င္ပါတယ္။ ဗီတာမင္စီက အရိုးေတြရဲ႕ က်န္းမာေရး၊ ၾကြက္သားေတြအတြက္ အေကာင္းဆံုးျဖစ္ျပီး ေသြးေၾကာေတြကို ပိုမိုျပီး သန္မာလာေအာင္လည္း ေထာက္ကူေပးႏိုင္ပါတယ္။ ပင္ပန္းစြာ အလုပ္လုပ္ကိုင္ရတဲ့  အမ်ိဳးသမီးတစ္ဦး အတြက္ ေန႕စဥ္ ဗီတာမင္စီဓာတ္ဟာ ၇၅ မီလီဂရမ္အထိ လိုအပ္ျပီး အမ်ိဳးသားေတြအတြက္ဆိုရင္ေတာ့ ၉၀ မီလီဂရမ္အထိ ျဖည့္တင္းေပးဖို႕ လိုအပ္တာမို႕ ၾသဇာသီးကို ေန႕စဥ္စားသံုးေပးျခင္းကေန လိုအပ္တဲ့ ဗီတာမင္စီကို ရယူႏိုင္မွာပါ။

၆။ ခႏၶာကိုယ္စြမ္းအင္ထုတ္လုပ္မႈကို ကူညီေပးႏိုင္

ပင္ပန္းႏြမ္းနယ္မႈေတြ ခံစားလာရျပီဆိုရင္ေတာ့ ၾသဇာသီးသာ စားလိုက္ပါ။ ခႏၶာကိုယ္အတြက္ လိုအပ္တ့ဲ စြမ္းအင္ေတြ ပိုမိုရရွိဖို႕အတြက္ အေထာက္အကူျပဳေပးျပီး ဗီတာမင္ B1 နဲ႕ အာဟာရဓာတ္၊ၾသဇာဓာတ္ေတြကို ပိုမိုရရွိလာဖို႕ အေကာင္းဆံုးျဖစ္လို႕ပါပဲ။

Source : 1mhealthtips

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Sugar Apple (or) Sweet Sop လို့လဲ ခေါ်တဲ့ သြဇာသီးကိုတော့ လူတိုင်းစားဖူးကြမှာပါ။ ကလေးဘဝတုန်းကဆိုရင် သြဇာသီးအစေ့လေးတွေနဲ့ ဇယ်တောက်တမ်းတောင် ကစားခဲ့ကြတယ်လေ။ ဒါပေမယ့်လည်း သြဇာသီးရဲ့ ကျန်းမာရေး ကောင်းကျိုးတွေကိုတော့ သိသူနည်းပါးပါတယ်။ သြဇာသီးအပင်ဟာ သေးငယ်ပြီးတော့ ၁၀ပေ ကနေ ပေ၂၀ အတွင်းပဲ ကြီးထွားပါတယ်။ ကိုင်းတစ်ခုတည်းမှာတင်ကို အသီးတွေပြွတ်သိပ်နေအောင် သီးလေ့ရှိပြီးတော့ အသီးအရောင်ကလည်း အစိမ်းရောင်ပါပဲ။ အဖြူရောင်အသားနဲ့ အနက်ရောင်အစေ့ ရှိတဲ့ သြဇာသီးရဲ့ အရသာကတော့ စားဖူးသူတွေ သိတဲ့အတိုင်းပဲ။ ချိုအီနေပြီးတော့ လျှာပေါ်မှာ အရသာက စွဲထင်ကျန်နေခဲ့တော့တာပါပဲ။ သြဇာသီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။

၁။ Antioxidant Properties

တကယ်လို့များ ပန်းနာရင်ကျပ်ဖြစ်နေပြီဆိုရင်တော့ သြဇာသီးက သင့်အတွက် အကောင်းဆုံးဆေးဝါးပါပဲ။ ဗီတာမင်စီဓာတ် အများအပြားပါဝင်ပြီးတော့ antioxidants ဓာတ်တစ်ခုက ပန်းနာရောဂါ ပျောက်ကင်းစေဖို့အတွက် ပြင်းပြင်းထန်ထန်ကို တွန်းလှန်ပေးတာကြောင့် ပန်းနာရောဂါကို သိသာစွာ သက်သာစေပါတယ်။

၃။ ကိုလက်စထရောပါဝင်မှု နည်းပါးခြင်း

အမျှင်ဓာတ်က သွေးအတွင်း ကိုလက်စထရောပါဝင်မှုကို လျှော့ချပေးပြီးတော့ သွေးကြောပိတ်ဆို့ခြင်းကိုလည်း တားဆီးပေးပါတယ်။ သြဇာသီးမှာဆိုရင်တော့ ဗီတာမင်ဘီဓာတ်လည်း ပြည့်ဝစွာ ပါဝင်ပြီး၊ အမျှင်ဓာတ် နဲ့ niacin တို့လည်း ပါဝင်နေတာကြောင့် အဝလွန်နေမှုကိုလည်း ထိန်းသိမ်းပေးပြီးတော့ ကိုယ်လက်လှုပ်ရှားမှုကိုလည်း အကောင်းဆုံးဖြစ်အောင် ထောက်ပံ့ပေးပါတယ်။

၄။ နှလုံးကျန်းမာရေးအတွက် သင့်တော်တယ်

ဗီတာမင် B6 ကြွယ်ဝစွာပါဝင်တဲ့ သြဇာသီးဟာ သင့်ရဲ့ နှလုံးအတွက်လည်း အကောင်းဆုံးအဖော်မွန်တစ်ဦးလိုပါပဲ။ amino acid တစ်မျိုးဖြစ်တဲ့ homocystein ကြောင့် နှလုံးအတွက် ဆိုးကျိုးဖြစ်ပွားမှုကို တားဆီးပေးနိုင်ပါတယ်။ amino acid ခန္ဓာကိုယ်တွင်းများပြား နေတဲ့အခါမျိုးမှာဆိုရင်တော့ နှလုံးရောဂါဖြစ်ပွားမှု နဲ့ နှလုံးကြီးထွားမှုအစရှိတာတွေ ဖြစ်ပွားနိုင်ပါတယ်။ ဒါကို သြဇာသီးစားသုံးပေးခြင်းဖြင့် ကာကွယ်ပေးနိုင်ပါတယ်။

၅။ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်ခြင်း

သြဇာသီတစ်လုံးမှာဆိုရင်တော့ ဗီတာမင်စီဓာတ်ဟာ ၅၆ မီလီဂရမ်အထိ ပါဝင်ပါတယ်။ ဗီတာမင်စီက အရိုးတွေရဲ့ ကျန်းမာရေး၊ ကြွက်သားတွေအတွက် အကောင်းဆုံးဖြစ်ပြီး သွေးကြောတွေကို ပိုမိုပြီး သန်မာလာအောင်လည်း ထောက်ကူပေးနိုင်ပါတယ်။ ပင်ပန်းစွာ အလုပ်လုပ်ကိုင်ရတဲ့  အမျိုးသမီးတစ်ဦး အတွက် နေ့စဉ် ဗီတာမင်စီဓာတ်ဟာ ၇၅ မီလီဂရမ်အထိ လိုအပ်ပြီး အမျိုးသားတွေအတွက်ဆိုရင်တော့ ၉၀ မီလီဂရမ်အထိ ဖြည့်တင်းပေးဖို့ လိုအပ်တာမို့ သြဇာသီးကို နေ့စဉ်စားသုံးပေးခြင်းကနေ လိုအပ်တဲ့ ဗီတာမင်စီကို ရယူနိုင်မှာပါ။

၆။ ခန္ဓာကိုယ်စွမ်းအင်ထုတ်လုပ်မှုကို ကူညီပေးနိုင်

ပင်ပန်းနွမ်းနယ်မှုတွေ ခံစားလာရပြီဆိုရင်တော့ သြဇာသီးသာ စားလိုက်ပါ။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေ ပိုမိုရရှိဖို့အတွက် အထောက်အကူပြုပေးပြီး ဗီတာမင် B1 နဲ့ အာဟာရဓာတ်၊သြဇာဓာတ်တွေကို ပိုမိုရရှိလာဖို့ အကောင်းဆုံးဖြစ်လို့ပါပဲ။

Source : 1mhealthtips

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top