iMyanmarHouse.com - Best Property Website for Myanmar
×

သနပ္ခါးဆိုတာကို အထူးတလည္မိတ္ဆက္ေပးဖို႔ လိုမယ္ေတာ့မထင္ပါဘူး။ ျမန္မာႏိုင္ငံက အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေလးေတြမ်က္ႏွာျပင္မွာ အေတြ႔ရမ်ားပါတယ္။   ျမန္မာအမ်ိဳးသမီးေတြက   ေရွးအစဥ္အဆက္ကာလေတြကတည္းက သနပ္ခါးကို ႏွစ္ႏွစ္ျခိဳက္ျခိဳက္လူးလာခဲ့ၾကတာပါ။ လူၾကီးလူငယ္မေရြးလည္းလူးလို႔သင့္ေတာ္ပါတယ္။

သနပ္ခါးရဲ႕ အသားအေရအတြက္  ေကာင္းက်ိဳးေတြက ဘာေတြမ်ားလဲ

သနပ္ခါးက အသားအေရအတြက္ေကာင္းတယ္ဆိုတာကို သိပ္ေျပာစရာေတာင္လိုမယ္မထင္ပါဘူး။ ေႏြရာသီလိုမ်ိဳး ပူျပင္းတဲ့အခါ သနပ္ခါးေရက်ဲေလးလူးေပးတာက အသားေအးသြားေစပါတယ္။   ေနေရာင္ျခည္ေၾကာင့္ အသားအေရေနေလာင္တာေတြကိုလည္း သနပ္ခါးလူးေပးရင္သက္သာေစပါတယ္။ ခႏၶာကိုယ္မွာ အပူဖုေတြ မိတ္ဖုေတြထြက္တဲ့အခါမ်ိဳးမွာလည္း သနပ္ခါးေလးအံုထားလိုက္ သက္သာသြားမယ္လို႔ လူၾကီးေတြေျပာတာ ၾကားဖူးၾကမယ္ထင္ပါတယ္။ သနပ္ခါးက အေရျပားကို ခရမ္းလြန္ေရာင္ျခည္ဒဏ္ကကာကြယ္ေပးႏိုင္တဲ့ သဘာဝေဆးတစ္မ်ိဳးပါ။ အေရျပားအစိုဓာတ္ကိုလည္း ထိန္းေပးပါေသးတယ္။ သနပ္ခါးမွာ ဓာတ္တိုးဆန္႔က်င္အာနိသင္ေတြမ်ားစြာပါဝင္ေနပါတယ္။ သနပ္ခါးအေပြးက ေရာင္ရမ္းမႈကိုေလ်ာ့ပါးသက္သာေစႏိုင္တဲ့ အစြမ္းရွိတာေၾကာင့္ မ်က္ႏွာအသားအေရကိုႏုပ်ိဳေစပါတယ္။ ဝက္ျခံထြက္ေနတဲ့သူေတြအေနနဲ႔လည္း သနပ္ခါးကိုလူးေပးလို႔ရပါတယ္။ သနပ္ခါးကဝက္ျခံေတြကို သက္သာေစႏိုင္သလို ဝက္ျခံေၾကာင့္ျဖစ္တဲ့ အမာရြတ္ေတြကိုလည္း သက္သာေစႏိုင္ပါတယ္။

သနပ္ခါးရဲ႕ေအးျမမႈနဲ႔ ေမႊးရနံ႔က ကိုယ္ေရာစိတ္ပါၾကည္လင္ေစပါတယ္။ ေရခ်ိဳးျပီး သနပ္ခါးေအးေအးေလးလူးလိုက္တာက ပင္ပန္းမႈေတြကိုေျပေလ်ာ့ေစပါတယ္။ အေသးစားထိခိုက္ရွနာ ဒဏ္ရာေတြကိုလည္း သနပ္ခါးလူးေပးလို႔ရပါတယ္။ အသားျဖဴခ်င္သူေတြအတြက္လည္း သနပ္ခါးက ေဘးဥပါဒ္မရွိတဲ့ ေဆးတစ္မ်ိဳးပါ။ဆီပူေလာင္၊ ေရေႏြးပူေလာင္တာေတြ။ အေရျပားယားယံတာေတြအတြက္လည္ သနပ္ခါးက အသံုးတည့္ပါတယ္။ သနပ္ခါးအျမစ္တံုးကိုေသြးလူးေပးမယ္ဆိုရင္ အသားေခ်ာျပီး ဝက္ျခံကင္းတဲ့အသားအေရကိုပိုင္ဆိုင္ႏိုင္ေစမွာျဖစ္ပါတယ္။ သနပ္ခါးက UV-A ကို အျပည့္အဝကာကြယ္ေပးပါတယ္။

သနပ္ခါးပင္ရဲ႕ က်န္းမာေရးအတြက္ အသံုးဝင္ပံုအခ်ိဳ႕

သနပ္ခါးက အရြက္ကေနစလို႔ အျမစ္အထိအသံုးတည့္တဲ့ အပင္တစ္မ်ိဳးပါ။ သနပ္ခါးအရြက္နဲ႔အေပြးမွာ ကင္ဆာကာကြယ္နိုင္တဲ့ အာနိသင္ေတြပိုင္ဆိုင္ထားပါတယ္။ အျမစ္ကလည္း ေအာ႔အန္တာ၊ ဝမ္းကိုက္တာ နဲ႔ ေလထိုးေလေအာင့္တာေတြကို သက္သာေစႏိုင္ပါတယ္။ အသီးျပဳတ္ရည္ကို ပိုးေကာင္ေတြကိုက္ခံရတဲ့ေနရာမွာ ဆြတ္ေပးရင္အဆိပ္ေျပေစႏိုင္ပါတယ္။ အဆစ္အျမစ္ေတြကိုက္ခဲရင္လည္း သနပ္ခါးလူးေပးရင္သက္သာပါတယ္။ ဝက္ရူးျပန္ေရာဂါအတြက္ ေဆးေဖာ္စပ္ရာမွာလည္း သနပ္ခါးပင္ရဲ႕ အရြက္ကို အသံုးျပဳၾကပါတယ္။ ငွက္ဖ်ားေရာဂါ၊အနာၾကီးေရာဂါေတြအတြက္လည္း သနပ္ခါးပင္ရဲ႕ အရြက္ကိုအသံုးျပဳၾကပါတယ္။ သနပ္ခါးကအေရျပားမိႈပိုးဝင္တာကိုသက္သာေစနိုင္သလို အေရျပားျပႆနာကိုျဖစ္ေစနိုင္တဲ့ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးႏိုင္တဲ့ အာနိသင္ရွိပါတယ္။
သနပ္ခါးကို ဒီလိုေတြသံုးပါတယ္

သနပ္ခါးကို အသားအေရထိန္းသိမ္းတဲ့ ပစၥည္းေတြထဲမွာ ထည့္သြင္းအသံုးျပဳၾကပါတယ္။

        မ်က္ႏွာေပါင္းတင္ေဆး
        သနပ္ခါးခရင္မ္
        ေဖာင္ေဒးရွင္း
        ဆပ္ျပာ
        ေဘာ္ဒီလိုးရွင္း
        ေရေမႊးလိုမ်ိဳး အလွကုန္ေတြျပဳလုပ္ရာမွာ အသံုးျပဳၾကပါတယ္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သနပ်ခါးဆိုတာကို အထူးတလည်မိတ်ဆက်ပေးဖို့ လိုမယ်တော့မထင်ပါဘူး။ မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ ကလေးငယ်လေးတွေမျက်နှာပြင်မှာ အတွေ့ရများပါတယ်။   မြန်မာအမျိုးသမီးတွေက   ရှေးအစဉ်အဆက်ကာလတွေကတည်းက သနပ်ခါးကို နှစ်နှစ်ခြိုက်ခြိုက်လူးလာခဲ့ကြတာပါ။ လူကြီးလူငယ်မရွေးလည်းလူးလို့သင့်တော်ပါတယ်။

သနပ်ခါးရဲ့ အသားအရေအတွက်  ကောင်းကျိုးတွေက ဘာတွေများလဲ

သနပ်ခါးက အသားအရေအတွက်ကောင်းတယ်ဆိုတာကို သိပ်ပြောစရာတောင်လိုမယ်မထင်ပါဘူး။ နွေရာသီလိုမျိုး ပူပြင်းတဲ့အခါ သနပ်ခါးရေကျဲလေးလူးပေးတာက အသားအေးသွားစေပါတယ်။   နေရောင်ခြည်ကြောင့် အသားအရေနေလောင်တာတွေကိုလည်း သနပ်ခါးလူးပေးရင်သက်သာစေပါတယ်။ ခန္ဓာကိုယ်မှာ အပူဖုတွေ မိတ်ဖုတွေထွက်တဲ့အခါမျိုးမှာလည်း သနပ်ခါးလေးအုံထားလိုက် သက်သာသွားမယ်လို့ လူကြီးတွေပြောတာ ကြားဖူးကြမယ်ထင်ပါတယ်။ သနပ်ခါးက အရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကကာကွယ်ပေးနိုင်တဲ့ သဘာဝဆေးတစ်မျိုးပါ။ အရေပြားအစိုဓာတ်ကိုလည်း ထိန်းပေးပါသေးတယ်။ သနပ်ခါးမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေများစွာပါဝင်နေပါတယ်။ သနပ်ခါးအပွေးက ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်တဲ့ အစွမ်းရှိတာကြောင့် မျက်နှာအသားအရေကိုနုပျိုစေပါတယ်။ ဝက်ခြံထွက်နေတဲ့သူတွေအနေနဲ့လည်း သနပ်ခါးကိုလူးပေးလို့ရပါတယ်။ သနပ်ခါးကဝက်ခြံတွေကို သက်သာစေနိုင်သလို ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။

သနပ်ခါးရဲ့အေးမြမှုနဲ့ မွှေးရနံ့က ကိုယ်ရောစိတ်ပါကြည်လင်စေပါတယ်။ ရေချိုးပြီး သနပ်ခါးအေးအေးလေးလူးလိုက်တာက ပင်ပန်းမှုတွေကိုပြေလျော့စေပါတယ်။ အသေးစားထိခိုက်ရှနာ ဒဏ်ရာတွေကိုလည်း သနပ်ခါးလူးပေးလို့ရပါတယ်။ အသားဖြူချင်သူတွေအတွက်လည်း သနပ်ခါးက ဘေးဥပါဒ်မရှိတဲ့ ဆေးတစ်မျိုးပါ။ဆီပူလောင်၊ ရေနွေးပူလောင်တာတွေ။ အရေပြားယားယံတာတွေအတွက်လည် သနပ်ခါးက အသုံးတည့်ပါတယ်။ သနပ်ခါးအမြစ်တုံးကိုသွေးလူးပေးမယ်ဆိုရင် အသားချောပြီး ဝက်ခြံကင်းတဲ့အသားအရေကိုပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။ သနပ်ခါးက UV-A ကို အပြည့်အဝကာကွယ်ပေးပါတယ်။

သနပ်ခါးပင်ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံအချို့

သနပ်ခါးက အရွက်ကနေစလို့ အမြစ်အထိအသုံးတည့်တဲ့ အပင်တစ်မျိုးပါ။ သနပ်ခါးအရွက်နဲ့အပွေးမှာ ကင်ဆာကာကွယ်နိုင်တဲ့ အာနိသင်တွေပိုင်ဆိုင်ထားပါတယ်။ အမြစ်ကလည်း အော့အန်တာ၊ ဝမ်းကိုက်တာ နဲ့ လေထိုးလေအောင့်တာတွေကို သက်သာစေနိုင်ပါတယ်။ အသီးပြုတ်ရည်ကို ပိုးကောင်တွေကိုက်ခံရတဲ့နေရာမှာ ဆွတ်ပေးရင်အဆိပ်ပြေစေနိုင်ပါတယ်။ အဆစ်အမြစ်တွေကိုက်ခဲရင်လည်း သနပ်ခါးလူးပေးရင်သက်သာပါတယ်။ ဝက်ရူးပြန်ရောဂါအတွက် ဆေးဖော်စပ်ရာမှာလည်း သနပ်ခါးပင်ရဲ့ အရွက်ကို အသုံးပြုကြပါတယ်။ ငှက်ဖျားရောဂါ၊အနာကြီးရောဂါတွေအတွက်လည်း သနပ်ခါးပင်ရဲ့ အရွက်ကိုအသုံးပြုကြပါတယ်။ သနပ်ခါးကအရေပြားမှိုပိုးဝင်တာကိုသက်သာစေနိုင်သလို အရေပြားပြဿနာကိုဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။
သနပ်ခါးကို ဒီလိုတွေသုံးပါတယ်

သနပ်ခါးကို အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေထဲမှာ ထည့်သွင်းအသုံးပြုကြပါတယ်။

        မျက်နှာပေါင်းတင်ဆေး
        သနပ်ခါးခရင်မ်
        ဖောင်ဒေးရှင်း
        ဆပ်ပြာ
        ဘော်ဒီလိုးရှင်း
        ရေမွှေးလိုမျိုး အလှကုန်တွေပြုလုပ်ရာမှာ အသုံးပြုကြပါတယ်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top