iMyanmarHouse.com - Best Property Website for Myanmar
×

သင့္အသားေရကို ေကာင္းမြန္ေအာင္ ျပဳလုပ္ေသာ နည္းလမ္းမ်ားစြာရိွပါသည္ (အသားျဖဴေဆးထိုးျခင္း၊ ေဆးေသာက္ျခင္း၊ အသားျဖဴခရင္မ္လိမ္းျခင္း)။ သို႔ေသာ္လည္း သင့္ကိုသင္ မေျပာင္းလဲမီ ေသခ်ာစဥ္းစားပါ။ ယခုေဆာင္းပါးသည္ အသားျဖဴေစေသာ ကုထံုးႏွင့္ပတ္သက္၍ သင့္ကို အၾကံဥာဏ္ေကာင္းမ်ားေပးပါလိမ့္မည္။

အသားအေရအေရာင္ကို Melanocyteမွ ထုတ္လုပ္ေသာ မယ္လနင္ဓာတ္က ဆံုးျဖတ္ေပးပါသည္။ မယ္လနင္ (melanin) သံုးမ်ဳိးရိွပါသည္။ ၎တို႔မွာ eumelanin ၊ pheomelanin နဲ႔ neuromelanin ျဖစ္ၿပီး အသားေရာင္မည္းေစေသာ မယ္လနင္မွာ eumelanin ျဖစ္သည္။ Pheomelaninသည္ အသင့္အတင့္ အသားေရာင္ကိုျဖစ္ေစၿပီး neuromelanin ကို ဦးေႏွာက္မွာသာလွ်င္ ေတြ႕ရပါသည္။ ထို႔ေၾကာင့္ အသားျဖဴေစေသာ ကုသနည္းမ်ားသည္ မယ္လနင္ လုပ္ေဆာင္ခ်က္ကို ဆန္႔က်င္မႈေပၚတြင္ အေျခခံထားပါသည္။ နည္းလမ္းမွာ eumelanin ကို pheomelaninသို႔ ေျပာင္းျခင္း (သို႔) မယ္လနင္ထုတ္ျခင္းကို ရပ္ေအာင္ ျပဳလုပ္ျခင္းတို႔ ျဖစ္ပါသည္။

တခ်ဳိ႕ေသာကုသနည္းမ်ားမွာ –
၁။အသားျဖဴေဆးထိုးျခင္း

အသားျဖဴေဆးထိုးျခင္းသည္ ေဟာ္မုန္းအေျပာင္းအလဲကိုျဖစ္ေစျခင္း၊ မယ္လနင္ထုတ္လုပ္မႈကို ဟန္႔တားျခင္းတို႔ေၾကာင့္ အာနိသင္ ခ်က္ခ်င္းျပပါသည္။ မယ္လနင္သည္ လူတစ္ဦးခ်င္းစီ၏ အသားေရာင္ကို ဆံုးျဖတ္ေပးေသာေၾကာင့္ အေရျပားတြင္ မယ္လနင္ပါ၀င္မႈမ်ားေလ အသားညိဳေလ ျဖစ္သည္။ ေဆးထိုးျခင္းသည္ မယ္လနင္ပမာဏကိုေလ်ာ႔ေအာင္ ျပဳလုပ္ျခင္းျဖစ္ၿပီး အသားအေရာင္တျဖည္းျဖည္း ျဖဴလာႏိုင္ပါသည္။ Glutathione သည္ အသားျဖဴထုိးေဆးတြင္ပါ၀င္ေသာ အဓိကပါ၀င္ပစၥည္း ျဖစ္သည္။ တခ်ဳိ႕ေသာေဘးထြက္ဆိုးက်ဳိးမ်ား(ဥပမာဆံပင္ကၽြတ္ျခင္း၊ လက္သည္းတြင္ အျဖဴစက္ျဖစ္ျခင္း၊ ထံုက်ဥ္ျခင္း၊ လက္တုန္ျခင္း၊ စိတ္ဓာတ္က်ျခင္း၊ စိတ္ဂဏွာမၿငိမ္ျဖစ္ျခင္း၊ ေဆးႏွင့္မတည့္ သျဖင့္ အေရျပားကြာက်ျခင္း၊ ေက်ာက္ကပ္ထိခုိက္ျခင္းစသည္ျဖင့္)ရိွႏိုင္ပါသည္။
၂။ အသားျဖဴေရခ်ိဳးဆပ္ျပာ

အသားျဖဴေရခ်ိဳးဆပ္ျပာသည္ အမ်ဳိးသမီးမ်ားအသံုးျပဳေသာ ပထမဆံုးနည္းလမ္းျဖစ္သည္။ ထိေရာက္စိတ္ခ်ရေသာ အသားျဖဴေရခ်ဳိးဆပ္ျပာသည္ ေအာက္ပါအခ်က္မ်ားရိွရမည္ ျဖစ္သည္။
• ေရခ်ဳိးၿပီးေသာအခါ အသားေရသည္ ႏူးညံ့ညက္ေညာေနရမည္။
• ပါ၀င္ပစၥည္းမ်ားသည္ ေမြးပ်ံ႕ေနၿပီး ၁၀၀ရာခိုင္ႏႈန္း သဘာ၀ပစၥည္း ျဖစ္ရမည္။
• အသားအေရကို ေတာက္ပေစရမည္။ ကုသနည္းၿပီးေသာအခါ သင္ေန႔စဥ္ အသားေရထိန္းသိမ္းမႈကိုတိုး၍ျပဳလုပ္ရမည္။ (ဥပမာ- ေနကာမ်က္မွန္၊ ေနကာပစၥည္းမ်ား၊ လိုရွင္းစသည္ျဖင့္)
၃။Dermabrasion အေရျပားျခစ္ျခင္း

Dermabrasionဆိုသည္မွာအေရျပားအေပၚယံအလႊာကို ျခစ္ယူေသာခြဲစိတ္နည္းတစ္ခု ျဖစ္သည္။ အေရျပားကၽြမ္းက်င္ ပညာရွင္မ်ားသည္ အမာရြတ္ႏွင့္၀က္ျခံမ်ားကိုကုသရာတြင္ ထိုနည္းကို အသံုးျပဳေလ့ရိွသည္။
၄။Cryotherapy ေရခဲရိုက္ကုထံုး

Cryotherapyဆိုသည္မွာ Liquid nitrogen ကို အသံုးျပဳ၍ အေရျပားဆဲလ္မ်ားကို ေအးခဲသြားေအာင္ ျပဳလုပ္ျခင္းျဖစ္ သည္။ Liquid nitrogen ကိုအေရျပားေပၚတြင္ ဂြမ္း(သို႔) စပေရးဖ်န္း၍ အသံုးျပဳျခင္းျဖင့္ မေကာင္းေသာဆဲလ္မ်ားပ်က္စီးသြားၿပီးဆဲလ္အသစ္မ်ားပြားျခင္းကို အားေပးသည္။
၅။ Laser skin resurfacing ေလဆာျဖင့္ အေရျပားညွိျခင္း

ေလဆာအလင္းတန္းေရာင္ျခည္စုျဖင့္ သတ္မွတ္ထားေသာ အေရျပားေနရာကို ဖယ္ရွားကုသျခင္းျဖစ္သည္။ တစ္ႀကိမ္တည္းႏွင့္ အေရျပားအေပၚယံလႊာတစ္လႊာလံုးကို ဖယ္ရွားႏိုင္သည္။
၆။ Microdermabrasion

Microdermabrasion သည္ diamond tipped wand ဟုေခၚေသာ ကိရိယာေလးျဖင့္ ဆဲလ္အေသရိွေသာအလႊာ၊ ေနေလာင္ဒဏ္ေၾကာင့္ပ်က္စီးေနေသာ ဆဲလ္အလႊာမ်ားကို ဖယ္ရွားေသာနည္းျဖစ္သည္။ ထိုနည္းကို‘‘Diamond Peel’’ဟုလည္းေခၚသည္။
၇။ ဓာတုပစၥည္းျဖင့္ ေခ်းခၽြတ္ျခင္း

ေခ်းခၽြတ္သည့္ဓာတုပစၥည္းကို အေရျပားေပၚတြင္ အသံုးျပဳျပီးအေရျပားအေပၚယံလႊာ ကြာက်ေစကာ ႏုပ်ဳိေတာက္ပေသာေအာက္ခံအေရျပားအလႊာကို ျမင္ေတြ႕ရပါလိမ့္မည္။ ထိုနည္းကို အေရျပားဆရာ၀န္ (သို႔) သင္ကိုယ္တိုင္ ျပဳလုပ္ႏိုင္ပါသည္။

သင္ေရြးခ်ယ္ႏိုင္ေသာ ကုသနည္းမ်ားစြာရိွပါသည္။ ထုိ႔ေၾကာင့္ သင့္တြင္ ထိုအရာမ်ားႏွင့္ပတ္သက္၍ ဗဟုသုတမ်ားရိွထားလွ်င္ သင့္အသားေရအတြက္ အေကာင္းဆံုးနည္းလမ္းကို ေရြးခ်ယ္ႏိုင္မွာပါ။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သင့်အသားရေကို ကောင်းမွန်အောင် ပြုလုပ်သော နည်းလမ်းများစွာရှိပါသည် (အသားဖြူဆေးထိုးခြင်း၊ ဆေးသောက်ခြင်း၊ အသားဖြူခရင်မ်လိမ်းခြင်း)။ သို့သော်လည်း သင့်ကိုသင် မပြောင်းလဲမီ သေချာစဉ်းစားပါ။ ယခုဆောင်းပါးသည် အသားဖြူစေသော ကုထုံးနှင့်ပတ်သက်၍ သင့်ကို အကြံဉာဏ်ကောင်းများပေးပါလိမ့်မည်။

အသားအရေအရောင်ကို Melanocyteမှ ထုတ်လုပ်သော မယ်လနင်ဓာတ်က ဆုံးဖြတ်ပေးပါသည်။ မယ်လနင် (melanin) သုံးမျိုးရှိပါသည်။ ၎င်းတို့မှာ eumelanin ၊ pheomelanin နဲ့ neuromelanin ဖြစ်ပြီး အသားရောင်မည်းစေသော မယ်လနင်မှာ eumelanin ဖြစ်သည်။ Pheomelaninသည် အသင့်အတင့် အသားရောင်ကိုဖြစ်စေပြီး neuromelanin ကို ဦးနှောက်မှာသာလျှင် တွေ့ရပါသည်။ ထို့ကြောင့် အသားဖြူစေသော ကုသနည်းများသည် မယ်လနင် လုပ်ဆောင်ချက်ကို ဆန့်ကျင်မှုပေါ်တွင် အခြေခံထားပါသည်။ နည်းလမ်းမှာ eumelanin ကို pheomelaninသို့ ပြောင်းခြင်း (သို့) မယ်လနင်ထုတ်ခြင်းကို ရပ်အောင် ပြုလုပ်ခြင်းတို့ ဖြစ်ပါသည်။

တချို့သောကုသနည်းများမှာ –
၁။အသားဖြူဆေးထိုးခြင်း

အသားဖြူဆေးထိုးခြင်းသည် ဟော်မုန်းအပြောင်းအလဲကိုဖြစ်စေခြင်း၊ မယ်လနင်ထုတ်လုပ်မှုကို ဟန့်တားခြင်းတို့ကြောင့် အာနိသင် ချက်ချင်းပြပါသည်။ မယ်လနင်သည် လူတစ်ဦးချင်းစီ၏ အသားရောင်ကို ဆုံးဖြတ်ပေးသောကြောင့် အရေပြားတွင် မယ်လနင်ပါဝင်မှုများလေ အသားညိုလေ ဖြစ်သည်။ ဆေးထိုးခြင်းသည် မယ်လနင်ပမာဏကိုလျော့အောင် ပြုလုပ်ခြင်းဖြစ်ပြီး အသားအရောင်တဖြည်းဖြည်း ဖြူလာနိုင်ပါသည်။ Glutathione သည် အသားဖြူထိုးဆေးတွင်ပါဝင်သော အဓိကပါဝင်ပစ္စည်း ဖြစ်သည်။ တချို့သောဘေးထွက်ဆိုးကျိုးများ(ဥပမာဆံပင်ကျွတ်ခြင်း၊ လက်သည်းတွင် အဖြူစက်ဖြစ်ခြင်း၊ ထုံကျဉ်ခြင်း၊ လက်တုန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ဂဏှာမငြိမ်ဖြစ်ခြင်း၊ ဆေးနှင့်မတည့် သဖြင့် အရေပြားကွာကျခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်းစသည်ဖြင့်)ရှိနိုင်ပါသည်။
၂။ အသားဖြူရေချိုးဆပ်ပြာ

အသားဖြူရေချိုးဆပ်ပြာသည် အမျိုးသမီးများအသုံးပြုသော ပထမဆုံးနည်းလမ်းဖြစ်သည်။ ထိရောက်စိတ်ချရသော အသားဖြူရေချိုးဆပ်ပြာသည် အောက်ပါအချက်များရှိရမည် ဖြစ်သည်။
• ရေချိုးပြီးသောအခါ အသားရေသည် နူးညံ့ညက်ညောနေရမည်။
• ပါဝင်ပစ္စည်းများသည် မွေးပျံ့နေပြီး ၁၀၀ရာခိုင်နှုန်း သဘာဝပစ္စည်း ဖြစ်ရမည်။
• အသားအရေကို တောက်ပစေရမည်။ ကုသနည်းပြီးသောအခါ သင်နေ့စဉ် အသားရေထိန်းသိမ်းမှုကိုတိုး၍ပြုလုပ်ရမည်။ (ဥပမာ- နေကာမျက်မှန်၊ နေကာပစ္စည်းများ၊ လိုရှင်းစသည်ဖြင့်)
၃။Dermabrasion အရေပြားခြစ်ခြင်း

Dermabrasionဆိုသည်မှာအရေပြားအပေါ်ယံအလွှာကို ခြစ်ယူသောခွဲစိတ်နည်းတစ်ခု ဖြစ်သည်။ အရေပြားကျွမ်းကျင် ပညာရှင်များသည် အမာရွတ်နှင့်ဝက်ခြံများကိုကုသရာတွင် ထိုနည်းကို အသုံးပြုလေ့ရှိသည်။
၄။Cryotherapy ရေခဲရိုက်ကုထုံး

Cryotherapyဆိုသည်မှာ Liquid nitrogen ကို အသုံးပြု၍ အရေပြားဆဲလ်များကို အေးခဲသွားအောင် ပြုလုပ်ခြင်းဖြစ် သည်။ Liquid nitrogen ကိုအရေပြားပေါ်တွင် ဂွမ်း(သို့) စပရေးဖျန်း၍ အသုံးပြုခြင်းဖြင့် မကောင်းသောဆဲလ်များပျက်စီးသွားပြီးဆဲလ်အသစ်များပွားခြင်းကို အားပေးသည်။
၅။ Laser skin resurfacing လေဆာဖြင့် အရေပြားညှိခြင်း

လေဆာအလင်းတန်းရောင်ခြည်စုဖြင့် သတ်မှတ်ထားသော အရေပြားနေရာကို ဖယ်ရှားကုသခြင်းဖြစ်သည်။ တစ်ကြိမ်တည်းနှင့် အရေပြားအပေါ်ယံလွှာတစ်လွှာလုံးကို ဖယ်ရှားနိုင်သည်။
၆။ Microdermabrasion

Microdermabrasion သည် diamond tipped wand ဟုခေါ်သော ကိရိယာလေးဖြင့် ဆဲလ်အသေရှိသောအလွှာ၊ နေလောင်ဒဏ်ကြောင့်ပျက်စီးနေသော ဆဲလ်အလွှာများကို ဖယ်ရှားသောနည်းဖြစ်သည်။ ထိုနည်းကို‘‘Diamond Peel’’ဟုလည်းခေါ်သည်။
၇။ ဓာတုပစ္စည်းဖြင့် ချေးချွတ်ခြင်း

ချေးချွတ်သည့်ဓာတုပစ္စည်းကို အရေပြားပေါ်တွင် အသုံးပြုပြီးအရေပြားအပေါ်ယံလွှာ ကွာကျစေကာ နုပျိုတောက်ပသောအောက်ခံအရေပြားအလွှာကို မြင်တွေ့ရပါလိမ့်မည်။ ထိုနည်းကို အရေပြားဆရာဝန် (သို့) သင်ကိုယ်တိုင် ပြုလုပ်နိုင်ပါသည်။

သင်ရွေးချယ်နိုင်သော ကုသနည်းများစွာရှိပါသည်။ ထို့ကြောင့် သင့်တွင် ထိုအရာများနှင့်ပတ်သက်၍ ဗဟုသုတများရှိထားလျှင် သင့်အသားရေအတွက် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်နိုင်မှာပါ။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top