iMyanmarHouse.com - Best Property Website for Myanmar
×
  ---------------------
၂။ နေရာတကာ ဆရာမလုပ်နဲ့
------------------------
------------------------
------------------------
၅။ အချိန်ကို လေးစားပါ
---------------------
-----------------------
၇။ ရန်ဖြစ်ရင် လက်မပါနဲ့
--------------------
------------------------
---------၊၊၊၊၊၊၊၊၊---------
၁။ စကားကို ပိတ်မပြောပါနဲ့
  ---------------------
ယောကျာ်းလေးတွေဟာ သူတို့ရှင်းပြဖို့ ကြိုးစားနေချိန်မှာ နင်ပြောတာငါ ဘာမှမကြားချင်ဘူး၊ ဘာမှလာရှင်းပြမနေနဲ့တော့ လို့ ပိတ်ပြောတဲ့ အခါမျိုးမှာ အကြီၤးအကျယ် စိတ်ပျက်သွားတတ်ပါတယ်။ ပိတ်မပြော မိပါစေနဲ့။ ရှင်းပြတာကို သေချာတစ်ခေါက်လောက် နားထောင်ပြီးမှဘာ ဆက်လုပ် သင့်တယ်ဆုံးဖြတ်ပါ။
၂။ နေရာတကာ ဆရာမလုပ်နဲ့
------------------------
ယောကျာ်းဆိုတဲ့အမျိုးက ကိုယ်တိုင်ဦးဆောင်ပီး လုပ်ချင်ကြတယ် (တစ်ချို့ အရည်ချင်းမရှိတဲ့ လူတွေက လွဲလို့ပေါ့) အဲ့တာကို နေရာတကာ ကားကို ဘယ်လိုမောင်း၊ ဟိုရှေ့မှာကားကြီး လာနေတယ်လေ၊ မမြင်ဘူးလား ဆိုပြီးတော့ ဆရာဝင်လုပ်ရင် အမြင်ကပ်လာရော။
၃။ တခြားဘဲတွေနဲ့ သိပ်ရောရောနှောနှော နေမပြနဲ့
------------------------
ချစ်သူမရှိခင်က ကြိုက်သလို နေခွင့်ရှိပေမဲ့ ချစ်သူရှိပြီး နောက်ပိုင်း တခြားဘဲတွေနဲ့ ပလူးပလဲ လုပ်ပြနေရင် ယောကျာ်းလေးတွေ စိတ်ထဲမှာ ဒီလိုပဲ အမြဲတမ်း နေနေတာလို့ထင်သွားတတ်ပါတယ်။
၄။ သိပ်ပြီး မိုက်ရူးရဲမဆန်နဲ့
------------------------
မိန်းကလေးတစ်ယောက် အနေနဲ့မလုပ်သင့်တဲ့ အရာကို မလုပ်နဲ့လို့တားနေရင် သိပ်ချစ်လို့ဆိုတာ သတိရပါ ။ မချစ်တဲ့လူက အဖက်တောင်လုပ်ပီး ပြောမနေဘူးလေ။
၅။ အချိန်ကို လေးစားပါ
---------------------
မိန်းကလေးတွေ အချိန်ကိုနောက်ကျတာမကြိုက်သလို ယောကျာ်းလေးတွေလဲ သိပ်မကြိုက်ကြပါဘူး။ အမြဲတမ်းမဟုတ်တောင် ကြိုးစားပြီးတော့တော့ အချိန်ကိုလေးစားပေးပါ ၊
၆။ အကြောင်းမရှိအကြောင်းရှာ စိတ်မကောက်နဲ့
-----------------------
စိတ်ကောက်တတ်တာ မိန်းကလေးတွေရဲ့ သဘာ၀ ဆိုပေမဲ့ ခဏခဏ စိတ်ကောက်နေတာ မျိုးကျတော့ ယောကျာ်းလေး တွေဖက်က ကြာတော့ စိတ်မရှည်တော့တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ စိတ်ကောက်တာက ကောက်ပါ။ အချော့ခံချင်တိုင်း အရမ်းကာရော ခဏခဏ စိတ်မကောက်ပါနဲ့ ။ ချစ်ချစ်ခင်ခင်လေးပဲ နေချင်ကြတယ်။ စိတ်ကောက်တာကို ချော့နေတာနဲ့ပဲ အချိန်ကုန်မခံချင်ဘူး။
၇။ ရန်ဖြစ်ရင် လက်မပါနဲ့
--------------------
မိန်းကလေးတွေက တစ်ခုခုဆို ပါးရိုက် ချင်ကြတယ်။ အဲ့တာကို မှန်တယ်လို့ယူဆနေကြတယ်။ ကိုယ့်ချစ်သူက ကိုယ့်အပေါ်မှာ ဘယ်တုန်းကမှ လက်မပါခဲ့ဖူးဘူး ဆိုရင် ကိုယ့်ဖက်ကလဲ မပါနိုင်အောင် ထိန်းချုပ်ပြီး အေးအေးဆေးဆေး ဖြေရှင်းပါ။
၈။ လမ်းခွဲစကားကို အလွယ်တကူမပြောနဲ့
------------------------
ရန်ဖြစ်တဲ့အခါ နင့်လိုကောင်မျိုးတော့ ခေါင်းခေါက်ရွေးလို့ ရတယ်၊ နင်နဲ့ငါပြတ်ပြီ၊ ထပ်ပတ်သတ်ဖို့ မလိုတော့ဘူး ဆိုတဲ့ စကားမျိုးပြောတဲ့အခါ ယောကျာ်းလေးဖက်က သိပ်ချစ်လွန်းတဲ့ လူမျိုးတောင် မာနနဲ့သိက္ခာအရ လမ်းခွဲ ပေးသွားတတ်ပါတယ်။ အဲ့ဒီတော့ လမ်းခွဲစကားကို အလွယ်တကူ မပြောမိပါစေနဲ့။
---------၊၊၊၊၊၊၊၊၊---------
တစ်ကယ်တော့ အားလုံးပြည့်စုံတဲ့ လူဆိုတာ မရှိပါဘူး။ ချစ်သူတွေ တစ်ယောက်နဲ့ တစ်ယောက် နားလည်နိုင်ရင် အကောင်းဆုံး ပါပဲ ။
ချစ်သူအားလုံး ပျော်ရွှင်စွာ လက်တွဲသွားနိုင်ပါစေ... လို့ ဆုတောင်းပေးရင်း ..
Credit : Original Writer
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top