iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ဳိးသမီးမ်ား အတြက္ သတင္းေကာင္း တစ္ခုရွိေနပါၿပီ။ ကိုယ္ႏွင့္ ဒိတ္လုပ္သည့္ အမ်ဳိးသားသည္ ရက္ေရာသူ ျဖစ္သလား၊ တြန္႔တိုတတ္သည့္ ကပ္ေစးနည္း ျဖစ္သလားကို သိရွိႏုိင္မည့္ နည္းလမ္း ရွိေနပါၿပီ။

သိႏုိင္ဖို႔ အတြက္ သူ႔အလုပ္အကိုင္ ကိုလည္း မေမးပါႏွင့္။ သူ႔ ပိုက္ဆံအိတ္ထဲ ကိုလည္း မၾကည့္ပါႏွင့္။ သူ႔လက္ေခ်ာင္းေလးေတြကိုသာ ၾကည့္လိုက္ပါ။ ရက္ေရာသူလား၊ ကပ္ေစးနည္းသူလား သိဖို႔ရန္ လက္ေခ်ာင္းေလးမ်ား၏ အတိုအရွည္ကိုသာ ၾကည့္လိုက္ပါ။

- လက္ညႇိဳးတိုျပီး လက္သူႂကြယ္ရွည္ေနလွ်င္

ယင္းအမ်ဳိးသားသည္ အမ်ိဳးသမီးမ်ား အထင္ႀကီးေစရန္ အတြက္ ေငြေၾကးမ်ားစြာ သံုးစဲြသူ ျဖစ္ႏုိင္ေျခမ်ားေၾကာင္း ေလ့လာမႈ တစ္ခုတြင္ ေဖာ္ျပထားသည္။

အဆိုပါ အမ်ဳိးသားသည္ ပန္းမ်ား လက္ေဆာင္ ေပးတတ္သည္။ ေခ်ာကလက္မ်ား လက္ေဆာင္ ေပးတတ္သည္။ ညစာအတြက္လည္း သူကပဲ စိုက္ထုတ္ အကုန္အက် ခံတတ္သည္။ ထုိ႔ျပင္ အဆိုပါ အမ်ိဳးသားသည္ အားကစားလုပ္လိုစိတ္ရွိသည္။ စတိုင္က်ေသာ အ၀တ္မ်ားကိုလည္း ၀တ္တတ္သည္။

"တက္စတိုစထ႐ုန္း" ႏွင့္ "အီစထ႐ိုဂ်င္" အနည္းအမ်ား ကြာဟခ်က္ေၾကာင့္ လက္ေခ်ာင္းေလးမ်ား အတိုအရွည္ ကဲြျပားျခင္း ျဖစ္ေၾကာင္း သိပၸံပညာရွင္မ်ားက ေျပာသည္။

"တက္စတိုစထ႐ုန္း" ပမာဏပိုမ်ားေလ လက္ညႇိဳးသည္ လက္သူႂကြယ္ထက္ ပိုတုိေလ ျဖစ္ေၾကာင္း ေလ့လာမႈတြင္ ေဖာ္ျပထားသည္။ လက္ညႇိဳးသည္ လက္သူႂကြယ္ထက္ တုိေနလွ်င္ ေယာက်္ားဆန္ေသာ လက္မ်ားဟု သတ္မွတ္ထားၿပီး ယင္းကဲ့သို႔ လက္ပိုင္ရွင္ အမ်ဳိးသားမ်ားသည္ ရန္လိုတတ္ၾကၿပီး အားကစားလည္း လိုက္စားတတ္ၾကသည္။

- လက္ညႇိဳးရွည္ၿပီး လက္သူႂကြယ္ တိုေနလွ်င္

ဆန္႔က်င္ဘက္အားျဖင့္ လက္ညႇိဳးရွည္ၿပီး လက္သူႂကြယ္ တိုျခင္းကို အမ်ဳိးသမီးဆန္ေသာ လက္မ်ားဟု သတ္မွတ္ထားသည္။ ထိုလက္ေခ်ာင္း ပိုင္ရွင္မ်ားသည္ ခ်စ္သူ မိန္းကေလး အထင္ႀကီးေအာင္ အရမ္း အားထုတ္ေလ့ မရွိေၾကာင္းကို ေလ့လာမႈက ေဖာ္ျပထားသည္။

သုေတသန သစ္တစ္ခု၏ တစ္စိတ္ တစ္ပိုင္းအျဖစ္ စိတ္ပညာရွင္မ်ားသည္ လက္ေခ်ာင္း အတိုအရွည္ႏွင့္ ကိုယ္ရည္ ကိုယ္ေသြးတို႔ၾကား ဆက္စပ္မႈ ရွိမရွိကို သိရွိလုိခဲ့သည္။

ဘဲြ႕လြန္ ေက်ာင္းသားမ်ားအား ေလ့လာမႈ ျပဳလုပ္ခဲ့ရာ အမ်ဳိးသားဆန္ေသာ လက္ေခ်ာင္း ပိုင္ရွင္မ်ားသည္ ခ်စ္သူ မိန္းကေလး သို႔မဟုတ္ ပိုးပန္းေနသည့္ မိန္းကေလး အထင္ႀကီးေအာင္ ပိုမိုအားထုတ္ေလ့ ရွိေၾကာင္း ေလ့လာ ေတြ႕ရွိခဲ့သည္ဟု မြန္ထရီယယ္ တကၠသုိလ္မွ ေလ့လာမႈကုိ ဦးေဆာင္ ျပဳလုပ္ခဲ့သည့္ ေဒါက္တာ "မာဆယ္လို နီပိုမူဆဲႏို" က ေျပာဆုိခဲ့သည္။

Credit : Loveshop
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အမျိုးသမီးများ အတွက် သတင်းကောင်း တစ်ခုရှိနေပါပြီ။ ကိုယ်နှင့် ဒိတ်လုပ်သည့် အမျိုးသားသည် ရက်ရောသူ ဖြစ်သလား၊ တွန့်တိုတတ်သည့် ကပ်စေးနည်း ဖြစ်သလားကို သိရှိနိုင်မည့် နည်းလမ်း ရှိနေပါပြီ။

သိနိုင်ဖို့ အတွက် သူ့အလုပ်အကိုင် ကိုလည်း မမေးပါနှင့်။ သူ့ ပိုက်ဆံအိတ်ထဲ ကိုလည်း မကြည့်ပါနှင့်။ သူ့လက်ချောင်းလေးတွေကိုသာ ကြည့်လိုက်ပါ။ ရက်ရောသူလား၊ ကပ်စေးနည်းသူလား သိဖို့ရန် လက်ချောင်းလေးများ၏ အတိုအရှည်ကိုသာ ကြည့်လိုက်ပါ။

- လက်ညှိုးတိုပြီး လက်သူကြွယ်ရှည်နေလျှင်

ယင်းအမျိုးသားသည် အမျိုးသမီးများ အထင်ကြီးစေရန် အတွက် ငွေကြေးများစွာ သုံးစွဲသူ ဖြစ်နိုင်ခြေများကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။

အဆိုပါ အမျိုးသားသည် ပန်းများ လက်ဆောင် ပေးတတ်သည်။ ချောကလက်များ လက်ဆောင် ပေးတတ်သည်။ ညစာအတွက်လည်း သူကပဲ စိုက်ထုတ် အကုန်အကျ ခံတတ်သည်။ ထို့ပြင် အဆိုပါ အမျိုးသားသည် အားကစားလုပ်လိုစိတ်ရှိသည်။ စတိုင်ကျသော အဝတ်များကိုလည်း ဝတ်တတ်သည်။

"တက်စတိုစထရုန်း" နှင့် "အီစထရိုဂျင်" အနည်းအများ ကွာဟချက်ကြောင့် လက်ချောင်းလေးများ အတိုအရှည် ကွဲပြားခြင်း ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောသည်။

"တက်စတိုစထရုန်း" ပမာဏပိုများလေ လက်ညှိုးသည် လက်သူကြွယ်ထက် ပိုတိုလေ ဖြစ်ကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။ လက်ညှိုးသည် လက်သူကြွယ်ထက် တိုနေလျှင် ယောကျ်ားဆန်သော လက်များဟု သတ်မှတ်ထားပြီး ယင်းကဲ့သို့ လက်ပိုင်ရှင် အမျိုးသားများသည် ရန်လိုတတ်ကြပြီး အားကစားလည်း လိုက်စားတတ်ကြသည်။

- လက်ညှိုးရှည်ပြီး လက်သူကြွယ် တိုနေလျှင်

ဆန့်ကျင်ဘက်အားဖြင့် လက်ညှိုးရှည်ပြီး လက်သူကြွယ် တိုခြင်းကို အမျိုးသမီးဆန်သော လက်များဟု သတ်မှတ်ထားသည်။ ထိုလက်ချောင်း ပိုင်ရှင်များသည် ချစ်သူ မိန်းကလေး အထင်ကြီးအောင် အရမ်း အားထုတ်လေ့ မရှိကြောင်းကို လေ့လာမှုက ဖော်ပြထားသည်။

သုတေသန သစ်တစ်ခု၏ တစ်စိတ် တစ်ပိုင်းအဖြစ် စိတ်ပညာရှင်များသည် လက်ချောင်း အတိုအရှည်နှင့် ကိုယ်ရည် ကိုယ်သွေးတို့ကြား ဆက်စပ်မှု ရှိမရှိကို သိရှိလိုခဲ့သည်။

ဘွဲ့လွန် ကျောင်းသားများအား လေ့လာမှု ပြုလုပ်ခဲ့ရာ အမျိုးသားဆန်သော လက်ချောင်း ပိုင်ရှင်များသည် ချစ်သူ မိန်းကလေး သို့မဟုတ် ပိုးပန်းနေသည့် မိန်းကလေး အထင်ကြီးအောင် ပိုမိုအားထုတ်လေ့ ရှိကြောင်း လေ့လာ တွေ့ရှိခဲ့သည်ဟု မွန်ထရီယယ် တက္ကသိုလ်မှ လေ့လာမှုကို ဦးဆောင် ပြုလုပ်ခဲ့သည့် ဒေါက်တာ "မာဆယ်လို နီပိုမူဆဲနို" က ပြောဆိုခဲ့သည်။

Credit : Loveshop

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top