iMyanmarHouse.com - Best Property Website for Myanmar
×

ပ်ိဳေမေလးတုိ႔အေနနဲ႔ ငယ္႐ြယ္တက္ၾကြသူေတြပီပီ က်န္းမာေရးကိုေရာ အလွအပကိုပါ ဂ႐ုစိုက္ၾကမယ္လို႔ ယံုပါတယ္ေနာ္။ ဒီလိုမ်ိဳး ဂ႐ုစိုက္ေနတဲ့ၾကားကပဲ ဝက္ျခံေတြထြက္လာလုိက္၊ အသားအေရေတြ ညစ္ႏြမ္းလိုက္နဲ႔မို႔ စိတ္ညစ္ေနသူေတြရွိလား။ အဲ့တာေတြဟာ မသိလိုက္ မသိဘာသာနဲ႔ လုပ္ေနမိတဲ့ အက်င့္ေလးေတြကေန အစပ်ိဳးၿပီး ျဖစ္လာရတာပါ။ ဘယ္လိုအက်င့္ေတြလဲဆုိတာ မဒီက ေျပာျပပါဦးမယ္ေနာ္။

၁။ မ်က္ႏွာကို လက္နဲ႔ ခဏခဏကိုင္တာ

လက္ေတြနဲ႔ မ်က္ႏွာကိုကိုင္တာ တစ္ေန႔ကို ဘယ္ႏွႀကိမ္ေလာက္ လုပ္မိလဲ? တစ္ႀကိမ္ ထိမိတုိင္း မ်က္ႏွာေပၚကို ဘက္တီးရီးယားနဲ႔ဖုန္ေတြ တင္ေပးလိုက္တယ္ဆုိတာ သိပါရဲ႕လား။ မ်က္ႏွာသစ္တာနဲ႔ မိတ္ကပ္လိမ္း၊ skincare လိမ္းတာကလြဲရင္ က်န္တဲ့အခ်ိန္ေတြမွာ မ်က္ႏွာကို လက္နဲ႔ မထိမိေအာင္ ေနႏိုင္သမွ်ေနရပါတယ္။

၂။ ေလ့က်င့္ခန္းလုပ္ၿပီးမွ မ်က္ႏွာသစ္တယ္

Gym မွာ ေလ့က်င့္ခန္းလုပ္ၿပီးေတာ့ ေခၽြးတ႐ႊဲ႐ႊဲနဲ႔မို႔ မ်က္ႏွာသစ္ရတယ္။ အဲ့ဒီအခါ ဘာျဖစ္သြားသလဲဆုိရင္ ေခၽြး၊ ဖုန္နဲ႔ လိမ္းထားတဲ့ မိတ္ကပ္ေတြက ေၾကး(ဂ်ီး)ေတြအျဖစ္နဲ႔ ေခၽြးေပါက္ထဲကို ျပန္ဝင္သြားႏိုင္တယ္ေလ။ တကယ္ျဖစ္သင့္တာကေတာ့ ေလ့က်င့္ခန္းမလုပ္ခင္ မ်က္ႏွာသစ္ရတာပါ။ ၿပီးေတာ့မွ ေခၽြးတိတ္ေအာင္ေစာင့္ၿပီး မ်က္ႏွာသစ္တာကသာလွ်င္ မွန္ကန္တဲ့နည္းျဖစ္ပါတယ္။

၃။ ေရခ်ိဳးၿပီးအခ်ိန္အရမ္းၾကာေတာ့မွ lotion လူးတယ္

Body lotion လူးတယ္ဆုိတာက ေရခ်ိဳးၿပီးလို႔ ခႏၶာကိုယ္မွာ အစိုဓာတ္ေလး က်န္ေနတဲ့အခ်ိန္မွာလိမ္းရင္ အထိေရာက္ဆံုး ျဖစ္ပါတယ္။ ေရခ်ိဳးထားစအခ်ိန္မွာ လိမ္းရင္ body lotion ကို အေရျပားက ပိုစုပ္ယူႏိုင္လို႔ အသားအေရကိုပိုလွေစတယ္။ ေရခ်ိဳးၿပီးလို႔ အခ်ိန္ၾကာေတာ့မွလိမ္းရင္ မထိေရာက္ဘူး။

၄။ ေၾကးတြန္းဖတ္ေတြကို မလဲဘူး

ေၾကးတြန္းဖတ္ေတြကို အခ်ိန္အၾကာႀကီးသံုးေနတာမ်ိဳးလည္း မျဖစ္သင့္ဘူး။ ေနာက္တစ္ခုက ခႏၶာကိုယ္ကိုပြတ္တိုက္တဲ့ ေၾကးတြန္းဖတ္ကို မ်က္ႏွာေပၚ မတင္ဖုိ႔လည္းလိုတယ္။ ေၾကးတြန္းဖတ္ေတြကို ၾကာၾကာသံုးရင္ ဘက္တီးရီးယားေတြကပ္ေနၿပီး အဲ့ဒီဘက္တီးရီးယားေတြက ခႏၶာကိုယ္ေပၚ ျပန္ကပ္တဲ့အခါ ယားနာေတြေပါက္လာေရာ။

၅။ မိတ္ကပ္လိမ္းတဲ့ပစၥည္းေတြ

မိတ္ကပ္လိမ္းတဲ့အခါ အသံုးျပဳတဲ့ ဘရပ္႐ွ္၊ ေဖာ့၊ ၾကက္ဥ စတာေတြကိုလည္း အၿမဲတမ္း သန္႔႐ွင္းေနေအာင္ ထားေပးရမယ္။ သိမ္းတဲ့အခါလည္း ေလလံုေအာင္ထားၿပီး သိမ္းဖုိ႔လိုတယ္။ အဲ့တာေတြကို မေဆးဘဲသံုးေနရင္ ဝက္ျခံေတြျဖစ္လာႏုိင္တယ္ေနာ္။

Source : List

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပျိုမေလေးတို့အနေနဲ့ ငယ်ရွယ်တက်ကြွသူတွေပီပီ ကျန်းမာရေးကိုရော အလှအပကိုပါ ဂရုစိုက်ကြမယ်လို့ ယုံပါတယ်နော်။ ဒီလိုမျိုး ဂရုစိုက်နေတဲ့ကြားကပဲ ဝက်ခြံတွေထွက်လာလိုက်၊ အသားအရေတွေ ညစ်နွမ်းလိုက်နဲ့မို့ စိတ်ညစ်နေသူတွေရှိလား။ အဲ့တာတွေဟာ မသိလိုက် မသိဘာသာနဲ့ လုပ်နေမိတဲ့ အကျင့်လေးတွေကနေ အစပျိုးပြီး ဖြစ်လာရတာပါ။ ဘယ်လိုအကျင့်တွေလဲဆိုတာ မဒီက ပြောပြပါဦးမယ်နော်။

၁။ မျက်နှာကို လက်နဲ့ ခဏခဏကိုင်တာ

လက်တွေနဲ့ မျက်နှာကိုကိုင်တာ တစ်နေ့ကို ဘယ်နှကြိမ်လောက် လုပ်မိလဲ? တစ်ကြိမ် ထိမိတိုင်း မျက်နှာပေါ်ကို ဘက်တီးရီးယားနဲ့ဖုန်တွေ တင်ပေးလိုက်တယ်ဆိုတာ သိပါရဲ့လား။ မျက်နှာသစ်တာနဲ့ မိတ်ကပ်လိမ်း၊ skincare လိမ်းတာကလွဲရင် ကျန်တဲ့အချိန်တွေမှာ မျက်နှာကို လက်နဲ့ မထိမိအောင် နေနိုင်သမျှနေရပါတယ်။

၂။ လေ့ကျင့်ခန်းလုပ်ပြီးမှ မျက်နှာသစ်တယ်

Gym မှာ လေ့ကျင့်ခန်းလုပ်ပြီးတော့ ချွေးတရွှဲရွှဲနဲ့မို့ မျက်နှာသစ်ရတယ်။ အဲ့ဒီအခါ ဘာဖြစ်သွားသလဲဆိုရင် ချွေး၊ ဖုန်နဲ့ လိမ်းထားတဲ့ မိတ်ကပ်တွေက ကြေး(ဂျီး)တွေအဖြစ်နဲ့ ချွေးပေါက်ထဲကို ပြန်ဝင်သွားနိုင်တယ်လေ။ တကယ်ဖြစ်သင့်တာကတော့ လေ့ကျင့်ခန်းမလုပ်ခင် မျက်နှာသစ်ရတာပါ။ ပြီးတော့မှ ချွေးတိတ်အောင်စောင့်ပြီး မျက်နှာသစ်တာကသာလျှင် မှန်ကန်တဲ့နည်းဖြစ်ပါတယ်။

၃။ ရေချိုးပြီးအချိန်အရမ်းကြာတော့မှ lotion လူးတယ်

Body lotion လူးတယ်ဆိုတာက ရေချိုးပြီးလို့ ခန္ဓာကိုယ်မှာ အစိုဓာတ်လေး ကျန်နေတဲ့အချိန်မှာလိမ်းရင် အထိရောက်ဆုံး ဖြစ်ပါတယ်။ ရေချိုးထားစအချိန်မှာ လိမ်းရင် body lotion ကို အရေပြားက ပိုစုပ်ယူနိုင်လို့ အသားအရေကိုပိုလှစေတယ်။ ရေချိုးပြီးလို့ အချိန်ကြာတော့မှလိမ်းရင် မထိရောက်ဘူး။

၄။ ကြေးတွန်းဖတ်တွေကို မလဲဘူး

ကြေးတွန်းဖတ်တွေကို အချိန်အကြာကြီးသုံးနေတာမျိုးလည်း မဖြစ်သင့်ဘူး။ နောက်တစ်ခုက ခန္ဓာကိုယ်ကိုပွတ်တိုက်တဲ့ ကြေးတွန်းဖတ်ကို မျက်နှာပေါ် မတင်ဖို့လည်းလိုတယ်။ ကြေးတွန်းဖတ်တွေကို ကြာကြာသုံးရင် ဘက်တီးရီးယားတွေကပ်နေပြီး အဲ့ဒီဘက်တီးရီးယားတွေက ခန္ဓာကိုယ်ပေါ် ပြန်ကပ်တဲ့အခါ ယားနာတွေပေါက်လာရော။

၅။ မိတ်ကပ်လိမ်းတဲ့ပစ္စည်းတွေ

မိတ်ကပ်လိမ်းတဲ့အခါ အသုံးပြုတဲ့ ဘရပ်ရှ်၊ ဖော့၊ ကြက်ဥ စတာတွေကိုလည်း အမြဲတမ်း သန့်ရှင်းနေအောင် ထားပေးရမယ်။ သိမ်းတဲ့အခါလည်း လေလုံအောင်ထားပြီး သိမ်းဖို့လိုတယ်။ အဲ့တာတွေကို မဆေးဘဲသုံးနေရင် ဝက်ခြံတွေဖြစ်လာနိုင်တယ်နော်။

Source : List

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top