iMyanmarHouse.com - Best Property Website for Myanmar
×

ေရွာက္ရြက္ႏုေလးေတြ ေစ်းထဲ ျမင္ရင္ တို႔စရာ အျဖစ္ စားခ်င္စိတ္ကို ထိန္းမရေအာင္ပါပဲ။ ေရွာက္ရြက္ဟာ အနံ႔ သင္းလွပါတယ္။ အရသာမွာ အနည္းငယ္ခါးၿပီး ပူရွိန္းရွိန္း ျဖစ္ပါတယ္။ ေရွာက္ရြက္ဟာ ဒီလို မိုးတြင္းကာလေတြမွာေတာ့ ပိုၿပီး လတ္ဆတ္ပါတယ္။

ေရွာက္ရြက္ကို အျခား အသားသုပ္ေတြထဲမွာလည္း ထည့္သုပ္ၿပီး စားၾကပါတယ္။ အနံ႔ေလး သင္းတဲ့ အတြက္ ေတာ္ရံု အသားနံ႔ေတြကို ဖံုးလႊမ္းသြားေစပါတယ္။ အမဲအူသုပ္၊ ဆိတ္အူသုပ္တို႔မွာေတာ့ မပါမျဖစ္ပါပဲ။ အရြက္ႏုေလးေတြဟာ အစိမ္းတို႔စားလို႔ ေကာင္းသလို ဟင္းခ်ိဳခ်က္ေသာက္ ရင္လည္း ေကာင္းပါတယ္။

ျမန္မာ့ေဆးက်မ္းမွာေတာ့ ေရွာက္ရြက္ကုိ ပူ၊ ခါး၊ စပ္၏။ ဆီးနည္းေစၿပီး ၀မ္းကိုခ်ဳပ္ေစသည္။ ေလကို သက္ေစၿပီး ေခြ်းထြက္ေစႏိုင္သည္။ ေသြးတက္ေစသည္။ ၀မ္းမီးကို ေတာက္ေစသည္။ အစာကို ေၾကေစႏိုင္ပါသည္ဟု ေဖာ္ျပထားပါတယ္။

ေရွာက္ရြက္ရဲ႕ အျခား အာနိသင္ေတြကေတာ့ အရိုးနဲ႔ သြားကို ေကာင္းမြန္ေစပါတယ္။ ကလာပ္စည္းမ်ားကို ဖံြ႔ၿဖိဳးေစႏုိင္ပါတယ္။ ေသြးအားနဲ႔ ခြန္အားကို ျဖစ္ေစပါတယ္။ လန္းဆန္းေစၿပီး ႏွလံုးကို ေကာင္းမြန္ေစႏုိင္ပါတယ္။ အာရံုေၾကာကို သန္စြမ္းေစၿပီး အသားအေရကို စိုျပည္ေစပါတယ္။ မ်က္စိအျမင္ကို ၾကည္လင္ေစၿပီး ကိုယ္တြင္းအားကို ေကာင္းမြန္ေစႏိုင္ပါတယ္။

Credit : MyFood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရှောက်ရွက်နုလေးတွေ ဈေးထဲ မြင်ရင် တို့စရာ အဖြစ် စားချင်စိတ်ကို ထိန်းမရအောင်ပါပဲ။ ရှောက်ရွက်ဟာ အနံ့ သင်းလှပါတယ်။ အရသာမှာ အနည်းငယ်ခါးပြီး ပူရှိန်းရှိန်း ဖြစ်ပါတယ်။ ရှောက်ရွက်ဟာ ဒီလို မိုးတွင်းကာလတွေမှာတော့ ပိုပြီး လတ်ဆတ်ပါတယ်။

ရှောက်ရွက်ကို အခြား အသားသုပ်တွေထဲမှာလည်း ထည့်သုပ်ပြီး စားကြပါတယ်။ အနံ့လေး သင်းတဲ့ အတွက် တော်ရုံ အသားနံ့တွေကို ဖုံးလွှမ်းသွားစေပါတယ်။ အမဲအူသုပ်၊ ဆိတ်အူသုပ်တို့မှာတော့ မပါမဖြစ်ပါပဲ။ အရွက်နုလေးတွေဟာ အစိမ်းတို့စားလို့ ကောင်းသလို ဟင်းချိုချက်သောက် ရင်လည်း ကောင်းပါတယ်။

မြန်မာ့ဆေးကျမ်းမှာတော့ ရှောက်ရွက်ကို ပူ၊ ခါး၊ စပ်၏။ ဆီးနည်းစေပြီး ဝမ်းကိုချုပ်စေသည်။ လေကို သက်စေပြီး ချွေးထွက်စေနိုင်သည်။ သွေးတက်စေသည်။ ဝမ်းမီးကို တောက်စေသည်။ အစာကို ကြေစေနိုင်ပါသည်ဟု ဖော်ပြထားပါတယ်။

ရှောက်ရွက်ရဲ့ အခြား အာနိသင်တွေကတော့ အရိုးနဲ့ သွားကို ကောင်းမွန်စေပါတယ်။ ကလာပ်စည်းများကို ဖွံ့ဖြိုးစေနိုင်ပါတယ်။ သွေးအားနဲ့ ခွန်အားကို ဖြစ်စေပါတယ်။ လန်းဆန်းစေပြီး နှလုံးကို ကောင်းမွန်စေနိုင်ပါတယ်။ အာရုံကြောကို သန်စွမ်းစေပြီး အသားအရေကို စိုပြည်စေပါတယ်။ မျက်စိအမြင်ကို ကြည်လင်စေပြီး ကိုယ်တွင်းအားကို ကောင်းမွန်စေနိုင်ပါတယ်။

Credit : MyFood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top