iMyanmarHouse.com - Best Property Website for Myanmar
×

ကြ်န္ေတာ္တို႔ ျမန္မာလူမ်ိဳးအမ်ားစုရဲ႕ ေန႔စဥ္အစားအေသာက္မွာ မပါမျဖစ္ကေတာ႔ ထမင္းျဖဴ (white rice) ပါပဲ။ ထမင္းျဖဴစားျခင္းမွာ အာဟာရအက်ိဳးေက်းဇူးေတြရွိသလို က်န္းမာေရးအတြက္ မသင္႔ေတာ္တဲ႔ ဆိုးက်ိဳးေတြလည္း ရွိပါတယ္။ အဓိကကေတာ႔ ထမင္းျဖဴအမ်ားႀကီးစားမိရင္ က်န္းမာေရးအတြက္ ဆိုးက်ိဳးေတြ ျဖစ္ေစႏိုင္တာပါ။

အဓိကကေတာ႔ ဝိတ္တက္လာမွာပါ။ ေနာက္ၿပီး ထမင္းျဖဴအမ်ားႀကီး စားမိရင္ အစာအိမ္မွာ ဝန္ပိေစႏိုင္တဲ႔အတြက္ ကြ်မ္းက်င္သူေတြက ညဘက္မွာထမင္းျဖဴစားျခင္းကို ေရွာင္ရွားဖို႔ တိုက္တြန္းၾကတာျဖစ္ပါတယ္။ ထမင္းျဖဴကို တတ္ႏိုင္သမွ် ေရွာင္ၾကဥ္မယ္ဆိုရင္ ရရွိႏိုင္တဲ႔ ေကာင္းက်ိဳးေတြကေတာ႔...
၁။ ေသြးတြင္းသၾကားပမာဏကို ထိန္းညွိေပးတယ္

ထမင္းျဖဴမစားျခင္းက ေသြးတြင္းသၾကားပမာဏကို ပံုမွန္အတိုင္းျဖစ္ေအာင္ ထိန္းညွိေပးႏိုင္ပါတယ္။ ဘာေၾကာင္႔လဲဆိုေတာ႔ ထမင္းျဖဴအမ်ားႀကီးစားျခင္းက ေသြးတြင္းသၾကားဓာတ္ကို ေဆာင္႔တက္ လာေစႏိုင္လို႔ပါပဲ။ ဒါေၾကာင္႔ ဆီးခ်ိဳသမားေတြ ထမင္းျဖဴကို တတ္ႏိုင္သမွ် ေရွာင္ၾကတာပဲျဖစ္ပါတယ္။
၂။ ဝမ္းခ်ဳပ္ျခင္းကို သက္သာေစတယ္

ထမင္းျဖဴကို ပံုမွန္စားသူေတြဟာ ၾကာလာတာနဲ႔တၿပိဳင္နက္ ဝမ္းခ်ဳပ္ျခင္းကို ခံစားလာရႏိုင္ေျခရွိပါတယ္။ ထမင္းျဖဴမွာ အမွ်င္ဓာတ္မ်ားမ်ားစားစားမပါဝင္တဲ႔အတြက္ အစာအိမ္နဲ႔ အူလမ္းေၾကာင္း တေလွ်ာက္ ေခ်ာေမြ႕ေနေအာင္ မကူညီေပးႏိုင္ပါဘူး။ အက်ိဳးဆက္အေနနဲ႔ ဝမ္းခ်ဳပ္၊ ဝမ္းကိုက္ျခင္း ျဖစ္လာရပါတယ္။

၃။ ကိုယ္အေလးခ်ိန္ထိန္းညွိေပးတယ္

ကိုယ္အေလးခ်ိန္ကိုထိန္းညွိဖို႔အတြက္ ထမင္းျဖဴကို အနည္းဆံုး တစ္ပတ္ တစ္ႀကိမ္ေလာက္ လံုးဝမစားဘဲ ေနႏိုင္ရင္အေကာင္းဆံုးပါပဲ။ ထမင္းျဖဴထဲမွာ ကာဘုိဟိုက္ဒရိတ္ပမာဏ အမ်ားႀကီးပါဝင္တဲ႔အတြက္ မ်ားမ်ားစားမိရင္ ဝိတ္တက္လာဖို႔ပဲရွိပါတယ္။

၄။ အာဟာရတန္ဖိုးမက်ေစဘူး

တခ်ိဳ႕က ထင္ၾကပါတယ္။ ထမင္းမစားဘဲေနရင္ အာဟာရတန္ဖိုး မျပည္႔ဘဲ ေနမွာေပါ႔ဆိုၿပီး။ တကယ္တမ္းက်ေတာ႔ ထမင္းမွာပါဝင္တဲ႔ အာဟာရတန္ဖိုးကို ထမင္းေလာက္ ေဘးထြက္ဆိုးက်ိဳး မမ်ားတဲ႔ အစိမ္းေရာင္ ဟင္းသီးဟင္းရြက္ေတြကေန ရရွိႏိုင္ပါတယ္။ ထမင္းမစားရရင္ မတင္းတိမ္ႏိုင္ဘူးဆိုရင္ေတာ႔ ထမင္းျဖဴအစား ဆန္ညိဳထမင္း (brown rice) ကုိ ေရြးခ်ယ္သင္႔ပါတယ္။

၅။ ဗိုက္ဆာမလြယ္ေတာ႔ဘူး

ထမင္းျဖဴစားတဲ႔လူေတြအေနနဲ႔ ထမင္းျဖဴစားထားၿပီးရင္ ခဏခဏဗိုက္ျပန္ဆာတတ္တာကို ၾကံဳဖူးၾကပါလိမ္႔မယ္။ ဒါဟာ ထမင္းျဖဴထဲမွာပါဝင္တဲ႔ ကစီဓာတ္နဲ႔ ကာဘိုဟိုက္ဒရိတ္ေၾကာင္႔ပါပဲ။ ထမင္းျဖဴကို ေရွာင္လိုက္မယ္ဆိုရင္ ဒီျပႆနာေတြလည္း ကင္းေဝးသြားမွာပါ။

Source: Boldsky

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကျွန်တော်တို့ မြန်မာလူမျိုးအများစုရဲ့ နေ့စဉ်အစားအသောက်မှာ မပါမဖြစ်ကတော့ ထမင်းဖြူ (white rice) ပါပဲ။ ထမင်းဖြူစားခြင်းမှာ အာဟာရအကျိုးကျေးဇူးတွေရှိသလို ကျန်းမာရေးအတွက် မသင့်တော်တဲ့ ဆိုးကျိုးတွေလည်း ရှိပါတယ်။ အဓိကကတော့ ထမင်းဖြူအများကြီးစားမိရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်စေနိုင်တာပါ။

အဓိကကတော့ ဝိတ်တက်လာမှာပါ။ နောက်ပြီး ထမင်းဖြူအများကြီး စားမိရင် အစာအိမ်မှာ ဝန်ပိစေနိုင်တဲ့အတွက် ကျွမ်းကျင်သူတွေက ညဘက်မှာထမင်းဖြူစားခြင်းကို ရှောင်ရှားဖို့ တိုက်တွန်းကြတာဖြစ်ပါတယ်။ ထမင်းဖြူကို တတ်နိုင်သမျှ ရှောင်ကြဉ်မယ်ဆိုရင် ရရှိနိုင်တဲ့ ကောင်းကျိုးတွေကတော့...
၁။ သွေးတွင်းသကြားပမာဏကို ထိန်းညှိပေးတယ်

ထမင်းဖြူမစားခြင်းက သွေးတွင်းသကြားပမာဏကို ပုံမှန်အတိုင်းဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထမင်းဖြူအများကြီးစားခြင်းက သွေးတွင်းသကြားဓာတ်ကို ဆောင့်တက် လာစေနိုင်လို့ပါပဲ။ ဒါကြောင့် ဆီးချိုသမားတွေ ထမင်းဖြူကို တတ်နိုင်သမျှ ရှောင်ကြတာပဲဖြစ်ပါတယ်။
၂။ ဝမ်းချုပ်ခြင်းကို သက်သာစေတယ်

ထမင်းဖြူကို ပုံမှန်စားသူတွေဟာ ကြာလာတာနဲ့တပြိုင်နက် ဝမ်းချုပ်ခြင်းကို ခံစားလာရနိုင်ခြေရှိပါတယ်။ ထမင်းဖြူမှာ အမျှင်ဓာတ်များများစားစားမပါဝင်တဲ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက် ချောမွေ့နေအောင် မကူညီပေးနိုင်ပါဘူး။ အကျိုးဆက်အနေနဲ့ ဝမ်းချုပ်၊ ဝမ်းကိုက်ခြင်း ဖြစ်လာရပါတယ်။

၃။ ကိုယ်အလေးချိန်ထိန်းညှိပေးတယ်

ကိုယ်အလေးချိန်ကိုထိန်းညှိဖို့အတွက် ထမင်းဖြူကို အနည်းဆုံး တစ်ပတ် တစ်ကြိမ်လောက် လုံးဝမစားဘဲ နေနိုင်ရင်အကောင်းဆုံးပါပဲ။ ထမင်းဖြူထဲမှာ ကာဘိုဟိုက်ဒရိတ်ပမာဏ အများကြီးပါဝင်တဲ့အတွက် များများစားမိရင် ဝိတ်တက်လာဖို့ပဲရှိပါတယ်။

၄။ အာဟာရတန်ဖိုးမကျစေဘူး

တချို့က ထင်ကြပါတယ်။ ထမင်းမစားဘဲနေရင် အာဟာရတန်ဖိုး မပြည့်ဘဲ နေမှာပေါ့ဆိုပြီး။ တကယ်တမ်းကျတော့ ထမင်းမှာပါဝင်တဲ့ အာဟာရတန်ဖိုးကို ထမင်းလောက် ဘေးထွက်ဆိုးကျိုး မများတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။ ထမင်းမစားရရင် မတင်းတိမ်နိုင်ဘူးဆိုရင်တော့ ထမင်းဖြူအစား ဆန်ညိုထမင်း (brown rice) ကို ရွေးချယ်သင့်ပါတယ်။

၅။ ဗိုက်ဆာမလွယ်တော့ဘူး

ထမင်းဖြူစားတဲ့လူတွေအနေနဲ့ ထမင်းဖြူစားထားပြီးရင် ခဏခဏဗိုက်ပြန်ဆာတတ်တာကို ကြုံဖူးကြပါလိမ့်မယ်။ ဒါဟာ ထမင်းဖြူထဲမှာပါဝင်တဲ့ ကစီဓာတ်နဲ့ ကာဘိုဟိုက်ဒရိတ်ကြောင့်ပါပဲ။ ထမင်းဖြူကို ရှောင်လိုက်မယ်ဆိုရင် ဒီပြဿနာတွေလည်း ကင်းဝေးသွားမှာပါ။

Source: Boldsky

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top