iMyanmarHouse.com - Best Property Website for Myanmar
×

ဂါဝန္တိုတိုေလးဝတ္ၿပီး ေရွာ႔ပင္ထြက္ခ်င္ရင္ လက္ေမာင္းၾကား၊ ခ်ိဳင္းၾကားနဲ႔ ဒေကာက္ေကြး (ဒူးအေနာက္ဖက္) ၾကားက အမဲေၾကာင္းေတြက အလွဖ်က္ေနတဲ႔အခါ သိပ္စိတ္ညစ္ရပါတယ္ေနာ္။
ကမ္းေျခမွာ ဘီကီနီေလးဝတ္ၿပီး လန္းခ်င္ရင္၊ ဂါဝန္တိုတိုေလးဝတ္ၿပီး ေရွာ႔ပင္ထြက္ခ်င္ရင္ လက္ေမာင္းၾကား၊ ခ်ိဳင္းၾကားနဲ႔ ဒေကာက္ေကြး (ဒူးအေနာက္ဖက္) ၾကားက အမဲေၾကာင္းေတြက အလွဖ်က္ေနတဲ႔အခါ သိပ္စိတ္ညစ္ရပါတယ္ေနာ္။ ဒီလိုအမဲေၾကာင္းေတြက ဆဲလ္ေသေတြနဲ႔ ေနေလာင္ဒဏ္ေၾကာင္႔ ျဖစ္လာရတယ္ဆိုေပမယ္႔ တစ္ခါတေလမွာ ဆဲလ္ေသဖယ္ရွားျခင္း (scrubbing) လုပ္တာေတာင္ မေပ်ာက္ပါဘူး။
အတင္းႀကီးပြတ္မိတဲ႔အခါ နီရဲလာၿပီး ပိုေတာင္အေျခအေန ဆိုးသြားႏိုင္ပါေသးတယ္။ မိမိတို႔ရဲ႕ လွပတဲ႔ ေျခတံရွည္ေလးေတြ၊ ခ်ိဳင္းၾကားေလးေတြကို ယံုၾကည္မႈအျပည္႔နဲ႔ ေဖာ္ျပႏိုင္ဖို႔အတြက္ နည္းလမ္းေလးေတြ ရွိေနပါေသးတယ္။

၁။ ပ်ားရည္

ပ်ားရည္တစ္ဇြန္းကို သံပုရာရည္အနည္းငယ္နဲ႔ ေရာၿပီး ခြက္တစ္ခြက္ထဲမွာ ထည္႔ထားလိုက္ပါ။ ၿပီးရင္ ကံုကုမံရြက္ အနည္းငယ္ကိုလည္း ထည္႔ခ်င္ထည္႔လိုက္ပါဦး။ ၿပီးရင္ အမဲေၾကာင္းေလးေတြ ရွိတဲ႔ေနရာကို အသာေလးပြတ္ေပးလိုက္ပါ။ ပ်ားရည္ေရာ၊ သံပုရာရည္ေရာဟာ အေကာင္းစား သဘာဝေခ်းခြ်တ္ေဆးေတြျဖစ္ၿပီး အေရျပားေပၚက အမဲေၾကာင္းေတြကို ေပ်ာက္ကင္း ေစႏိုင္ပါတယ္။ ဒါ႔အျပင္ အေရျပားကိုလည္း အစိုဓာတ္ျပန္လည္ ထိန္းသိမ္းေပးႏုိင္ပါတယ္။

၂။ ခရမ္းခ်ဥ္သီးေဖ်ာ္ရည္

ခရမ္းခ်ဥ္သီးဟာလည္း အေရျပားက်န္းမာေရးအတြက္ အထူးေကာင္းမြန္ပါတယ္။ ခရမ္းခ်ဥ္သီးအႏွစ္ရည္ လက္ဖက္ရည္ဇြန္း (၄) ဇြန္းခန္႔ကို ေထာပတ္ႏို႔အနည္းငယ္နဲ႔ေရာၿပီး အမဲေရာင္အစင္းေၾကာင္းေတြ ေပၚေနတဲ႔ေနရာေတြကုိ လိမ္းေပးလုိက္ပါ။ ခရမ္းခ်ဥ္သီးေရာ၊ ေထာပတ္ေရာဟာ အေရျပားေပၚက အမဲစက္ေတြ၊ အမဲေၾကာင္းေတြကို အခ်ိန္တိုအတြင္း ဖယ္ရွားေပးႏိုင္ၿပီး အေရျပားကို လင္းလက္ေတာက္ပေစတဲ႔ ဂုဏ္သတၱိရွိပါတယ္။ ပံုမွန္ေလးသာလိမ္းေပးမယ္ဆိုရင္ အေရျပားေပၚက အမဲစက္ေတြကို လံုးဝေပ်ာက္ကင္းသြားေအာင္ ဖယ္ရွားေပးႏိုင္ပါတယ္။

၃။ အုတ္ဂ်ံဳမႈန္႔

အုတ္ဂ်ံဳမႈန္႔အနည္းငယ္ကုိ ပ်ားရည္ လက္ဖက္ရည္ဇြန္း (၁) ဇြန္း၊ ႏြားႏို႔ လက္ဖက္ရည္ဇြန္း (၂) ဇြန္းတို႔နဲ႔ေရာၿပီး အမဲေၾကာင္းထင္ေနတဲ႔ ေနရာေတြနားမွာ အသာေလး လိမ္းေပးလိုက္ပါ။ ဒီေဆးေလးကို face mask အျဖစ္သံုးလို႔လည္း ရပါတယ္။ ပ်ားရည္ေလးက အေရျပားေလးကို တင္းရင္းေစသလို အုတ္ဂ်ံဳမႈန္႔ကေတာ႔ အေရျပားေပၚက ဆဲလ္ေသေတြကို ဖယ္ရွားေပးပါလိမ္႔မယ္။

၄။ သံလြင္ဆီ

သံလြင္ဆီဟာလည္း အေရျပားေပၚက အမဲေၾကာင္းေတြကို ျပန္လည္ကုသေပးႏိုင္တဲ႔ ဂုဏ္သတၱိရွိပါတယ္။ ညအိပ္ခါနီးမွာ သံလြင္ဆီနည္းနည္းကို လက္ခုပ္ထဲထည္႔ၿပီး အမဲေၾကာင္းေလးေတြေပၚမွာ လိမ္းေပးလိုက္ရံုပါပဲ။ ၿပီးရင္ တစ္ညသိပ္ထားေပးလိုက္ေပါ႔။ သံလြင္ဆီဟာ ကေလးေမြးျခင္းေၾကာင္႔ျဖစ္ေပၚလာတဲ႔ ဗိုက္ေၾကာျပတ္ျခင္းေတြကိုလည္း ေပ်ာက္ကင္းေစပါတယ္။

၅။ ဗိုက္တာမင္အီး

ဗိုက္တာမင္အီး ပါဝင္တဲ႔ ငါးႀကီးဆီလို ေဆးဝါးေတြဟာ အေရျပားေပၚက အမဲေၾကာင္းေတြကို အမွန္တကယ္ ေပ်ာက္ကင္းေစတဲ႔ antioxidant ေလးေတြ ျဖစ္ပါတယ္။ ၄င္းဟာ အေရျပားကိုလည္း က်န္းမာသန္႔စင္ေစၿပီး သတိမထားလိုက္မိခင္မွာပဲ အမဲေၾကာင္းေတြ၊ အမဲစက္ေတြ ကင္းေဝးသြားမွာပါ။

Source: Youngisthan

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဂါဝန်တိုတိုလေးဝတ်ပြီး ရှော့ပင်ထွက်ချင်ရင် လက်မောင်းကြား၊ ချိုင်းကြားနဲ့ ဒကောက်ကွေး (ဒူးအနောက်ဖက်) ကြားက အမဲကြောင်းတွေက အလှဖျက်နေတဲ့အခါ သိပ်စိတ်ညစ်ရပါတယ်နော်။
ကမ်းခြေမှာ ဘီကီနီလေးဝတ်ပြီး လန်းချင်ရင်၊ ဂါဝန်တိုတိုလေးဝတ်ပြီး ရှော့ပင်ထွက်ချင်ရင် လက်မောင်းကြား၊ ချိုင်းကြားနဲ့ ဒကောက်ကွေး (ဒူးအနောက်ဖက်) ကြားက အမဲကြောင်းတွေက အလှဖျက်နေတဲ့အခါ သိပ်စိတ်ညစ်ရပါတယ်နော်။ ဒီလိုအမဲကြောင်းတွေက ဆဲလ်သေတွေနဲ့ နေလောင်ဒဏ်ကြောင့် ဖြစ်လာရတယ်ဆိုပေမယ့် တစ်ခါတလေမှာ ဆဲလ်သေဖယ်ရှားခြင်း (scrubbing) လုပ်တာတောင် မပျောက်ပါဘူး။
အတင်းကြီးပွတ်မိတဲ့အခါ နီရဲလာပြီး ပိုတောင်အခြေအနေ ဆိုးသွားနိုင်ပါသေးတယ်။ မိမိတို့ရဲ့ လှပတဲ့ ခြေတံရှည်လေးတွေ၊ ချိုင်းကြားလေးတွေကို ယုံကြည်မှုအပြည့်နဲ့ ဖော်ပြနိုင်ဖို့အတွက် နည်းလမ်းလေးတွေ ရှိနေပါသေးတယ်။

၁။ ပျားရည်

ပျားရည်တစ်ဇွန်းကို သံပုရာရည်အနည်းငယ်နဲ့ ရောပြီး ခွက်တစ်ခွက်ထဲမှာ ထည့်ထားလိုက်ပါ။ ပြီးရင် ကုံကုမံရွက် အနည်းငယ်ကိုလည်း ထည့်ချင်ထည့်လိုက်ပါဦး။ ပြီးရင် အမဲကြောင်းလေးတွေ ရှိတဲ့နေရာကို အသာလေးပွတ်ပေးလိုက်ပါ။ ပျားရည်ရော၊ သံပုရာရည်ရောဟာ အကောင်းစား သဘာဝချေးချွတ်ဆေးတွေဖြစ်ပြီး အရေပြားပေါ်က အမဲကြောင်းတွေကို ပျောက်ကင်း စေနိုင်ပါတယ်။ ဒါ့အပြင် အရေပြားကိုလည်း အစိုဓာတ်ပြန်လည် ထိန်းသိမ်းပေးနိုင်ပါတယ်။

၂။ ခရမ်းချဉ်သီးဖျော်ရည်

ခရမ်းချဉ်သီးဟာလည်း အရေပြားကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ ခရမ်းချဉ်သီးအနှစ်ရည် လက်ဖက်ရည်ဇွန်း (၄) ဇွန်းခန့်ကို ထောပတ်နို့အနည်းငယ်နဲ့ရောပြီး အမဲရောင်အစင်းကြောင်းတွေ ပေါ်နေတဲ့နေရာတွေကို လိမ်းပေးလိုက်ပါ။ ခရမ်းချဉ်သီးရော၊ ထောပတ်ရောဟာ အရေပြားပေါ်က အမဲစက်တွေ၊ အမဲကြောင်းတွေကို အချိန်တိုအတွင်း ဖယ်ရှားပေးနိုင်ပြီး အရေပြားကို လင်းလက်တောက်ပစေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ ပုံမှန်လေးသာလိမ်းပေးမယ်ဆိုရင် အရေပြားပေါ်က အမဲစက်တွေကို လုံးဝပျောက်ကင်းသွားအောင် ဖယ်ရှားပေးနိုင်ပါတယ်။

၃။ အုတ်ဂျုံမှုန့်

အုတ်ဂျုံမှုန့်အနည်းငယ်ကို ပျားရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ နွားနို့ လက်ဖက်ရည်ဇွန်း (၂) ဇွန်းတို့နဲ့ရောပြီး အမဲကြောင်းထင်နေတဲ့ နေရာတွေနားမှာ အသာလေး လိမ်းပေးလိုက်ပါ။ ဒီဆေးလေးကို face mask အဖြစ်သုံးလို့လည်း ရပါတယ်။ ပျားရည်လေးက အရေပြားလေးကို တင်းရင်းစေသလို အုတ်ဂျုံမှုန့်ကတော့ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပါလိမ့်မယ်။

၄။ သံလွင်ဆီ

သံလွင်ဆီဟာလည်း အရေပြားပေါ်က အမဲကြောင်းတွေကို ပြန်လည်ကုသပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ညအိပ်ခါနီးမှာ သံလွင်ဆီနည်းနည်းကို လက်ခုပ်ထဲထည့်ပြီး အမဲကြောင်းလေးတွေပေါ်မှာ လိမ်းပေးလိုက်ရုံပါပဲ။ ပြီးရင် တစ်ညသိပ်ထားပေးလိုက်ပေါ့။ သံလွင်ဆီဟာ ကလေးမွေးခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဗိုက်ကြောပြတ်ခြင်းတွေကိုလည်း ပျောက်ကင်းစေပါတယ်။

၅။ ဗိုက်တာမင်အီး

ဗိုက်တာမင်အီး ပါဝင်တဲ့ ငါးကြီးဆီလို ဆေးဝါးတွေဟာ အရေပြားပေါ်က အမဲကြောင်းတွေကို အမှန်တကယ် ပျောက်ကင်းစေတဲ့ antioxidant လေးတွေ ဖြစ်ပါတယ်။ ၎င်းဟာ အရေပြားကိုလည်း ကျန်းမာသန့်စင်စေပြီး သတိမထားလိုက်မိခင်မှာပဲ အမဲကြောင်းတွေ၊ အမဲစက်တွေ ကင်းဝေးသွားမှာပါ။

Source: Youngisthan

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top