iMyanmarHouse.com - Best Property Website for Myanmar
×

ေန႔စဥ္ သင့္ကို ေနရာအႏွံ႔ေခၚသြားႏိုင္ဖို႔အတြက္ သင့္ေျခေထာက္ေတြဟာ အေရးႀကီးတဲ့အခန္းက႑ကေန ပါဝင္ပါတယ္။ ဒါေပမယ့္ သင္ဟာ နာက်င္မႈ မရရွိမခ်င္း သူတို႔အေၾကာင္းကို သိပ္စဥ္းစားမိမွာ မဟုတ္ပါဘူး။

သင့္ေျခေထာက္ ဒဏ္ရာရရွိျခင္းကို ကုသဖုိ႔နဲ႔ ပိုဆိုးျခင္းကေန ကာကြယ္ႏိုင္ဖို႔အတြက္ ဒီေဆာင္းပါးက ေျခေထာက္ ဒဏ္ရာရရွိျခင္းေတြကို ကုသဖို႔ အခ်က္အလက္ေတြကိုေပးမွာ ျဖစ္ပါတယ္။
အျဖစ္မ်ားတဲ့ ေျခဖဝါးဒဏ္ရာရရွိမႈမ်ား

Plantar fasciitis ဟာ ေျခဖဝါးခံုးနာက်င္မႈရဲ႕ အျဖစ္အမ်ားဆံုး အေၾကာင္းရင္းတစ္ခုျဖစ္ပါတယ္။ သူဟာ မနက္ပိုင္းမွာ ပိုဆိုးႏိုင္ၿပီး တျဖည္းျဖည္း ျပန္ေကာင္းလာႏိုင္ပါတယ္။

Plantar fasciitis အတြက္ ကုသမႈေတြကေတာ့ နာက်င္မႈသက္သာေစဖုိ႔ အကိုက္အခဲေပ်ာက္ေဆးေသာက္ျခင္း၊ ေျဖဖဝါးကို အနားေပးျခင္း၊ ေျခဖဝါးခံုးကို ေထာက္ပံ့မႈေပးႏိုင္တဲ့ ဖိနပ္ေတြကို ဝတ္ဆင္ျခင္း၊ ေျခဖဝါးနဲ႔ ေျခဖေနာင့္ႂကြက္သားေတြကို ဆန္႔ထုတ္ေစျခင္း၊ ေျခဖေနာင့္ကို တစ္ေန႔ ဆယ္မိနစ္ေလာက္ ေရခဲကပ္ျခင္းေတြပဲ ျဖစ္ပါတယ္။

တကယ္လုိ႔ Plantar fasciitis ဟာ ဆက္တိုက္ျဖစ္ေနခဲ့ရင္ စတီးရိြဳက္နဲ႔ ထံုေဆးကိုေရာၿပီး ထိုးေပးျခင္းကလည္း အသံုးဝင္ပါတယ္။

Bunion ဟာ ေျခမေအာက္က အဆစ္မွာ ျဖစ္တဲ့ ႀကိီးမားတဲ့အဖုျဖစ္ပါတယ္။ အလြန္တင္းက်ပ္တဲ့ ဖိနပ္ေတြကို စီးျခင္းဟာ Bunion ကို ပိုဆိုးေစပါတယ္။ ပိုမိုသက္ေတာင့္သက္သာ ရွိတဲ့ဖိနပ္ေတြကို ေရြးခ်ယ္ျခင္း (သို႔) ဖိအားသက္ေရာက္မႈ ညီမွ်ေအာင္ ျပဳလုပ္ျခင္းေတြ လုပ္သင့္ပါတယ္။

တကယ္လုိ႔ Bunion ေရာင္လာမယ္ဆိုရင္ ေရခဲကပ္ႏိုင္ပါတယ္။ တကယ္လုိ႔ Bunion ဟာ ျပင္းထန္တဲ့ နာက်င္မႈကို ခံစားရမယ္ဆိုရင္ ခြဲစိတ္မႈလိုအပ္ႏိုင္ပါတယ္။
ေျခေခ်ာင္းလိမ္ျခင္းႏွင့္နာက်င္ျခင္း

– အနားယူျခင္း၊ ေရခဲကပ္ျခင္း၊ ျမွင့္တင္ျခင္းေတြဟာ နာက်င္ေရာင္ရမ္းမႈကို သက္သာေစပါတယ္။ Peripheral arterial disease  (သုိ႔) ဆီးခ်ိဳေရာဂါ မရွိသူေတြဟာ ဒဏ္ရာရရွိျခင္းမရွိတဲ့ ကပ္လ်က္ေျခေခ်ာင္းကို ပူးတြဲတိပ္ပတ္ထားေပးျခင္းအားျဖင့္ နာက်င္မႈကို သက္သာေစႏိုင္ပါတယ္။

သူတို႔ကို အတူတကြ တိတ္ပတ္မေပးမီ အေရျပားကို ကာကြယ္ဖို႔အတြက္ ေျခေခ်ာင္းေတြၾကားမွာ ေပ်ာ့ေျပာင္းတဲ့ pudding ထားသင့္ပါတယ္။ ထိခိုက္ေနတဲ့ ေျခေခ်ာင္းဟာ ျပန္ေကာင္းသြားေစဖို႔ ၂ ပတ္ကေန ၄ ပတ္အထိ ၾကာျမင့္ႏိုင္ပါတယ္။ ဒီလိုေခါက္ၿပီးခ်ိန္မွာ ပိုဆိုးလာတယ္ဆုိရင္ေတာ့ တိပ္ကို ဖယ္ထုတ္သင့္ပါတယ္။
ေျခဖဝါးဒဏ္ရာရရွိမႈ အနည္းငယ္အတြက္ ကုသမႈ

ဒဏ္ရာရရွိတဲ့ေနရာပတ္လည္က ေျခစြပ္ နဲ႔ အျခားေျခဝတ္ရတနာေတြကို ဖယ္ထားသင့္ပါတယ္။ အေရျပားအနာကို ေရာဂါပိုးမဝင္ေအာင္၊ အနာအတြင္းက်န္ခဲ့တဲ့ အမိႈက္ေတြမွ အမာရြတ္မထင္က်န္ေအာင္ သန္႔ရွင္းေရးလုပ္သင့္ပါတယ္။

နာက်င္မႈနဲ႔ ေရာင္ရမ္းမႈေတြကို ေလ်ာ့နည္းေစဖို႔အတြက္ RICE နည္းလမ္းကို အသံုးျပဳသင့္ပါတယ္။

ေသြးလွည့္ပတ္မႈေကာင္းၿပီး နာက်င္မႈသက္သာေစဖို႔အတြက္ ဒဏ္ရာရရွိတဲ့ေနရာကို ညင္သာစြာ ႏွိပ္နယ္ေပးျခင္း၊ ပြတ္ေပးျခင္းေတြ ျပဳလုပ္သင့္ပါတယ္။ နာက်င္မႈ ျဖစ္ေပၚလာရင္ေတာ့ ႏွိပ္နယ္မႈကို ရပ္တန္႔သင့္ပါတယ္။

ပထမ ၄၈ နာရီမွာ ေရပူနဲ႔ေရခ်ဳိးျခင္း၊ အရက္နဲ႔ အျခား အရက္ပါတဲ့အခ်ိဳရည္ေတြေသာက္သံုးျခင္း၊ ဒဏ္ရာရရွိထားတဲ့ေနရာကို ေရာင္ရမ္းျခင္းေတြ ျဖစ္ေစတဲ့ အရာေတြကိုေရွာင္က်ဥ္သင့္ပါတယ္။

တကယ္လုိ႔ ေရာင္ရမ္းမႈဟာ ၄၈ နာရီကေန ၇၂ နာရီအထိ ၾကာျမင့္မယ္ဆိုရင္ ေပ်ာ့ေျပာင္းမႈကို ျပန္လည္ရရွိေစဖို႔အတြက္ ညင္သာတဲ့ေလ့က်င့္ခန္းေတြ လုပ္သင့္ပါတယ္။ နာက်င္မႈသက္သာေစဖို႔ အပူကပ္ျခင္းနဲ႔ အေအးကပ္ျခင္းေတြကို အလွည့္က် ျပဳလုပ္ႏိုင္ပါတယ္။
သင့္ေျခဖဝါးကို ဂရုစိုက္ပါ။

ေျခဖဝါးကို ေနာက္တစ္ႀကိမ္ ဒဏ္ရာရရွိျခင္းမွ ကာကြယ္ဖို႔ ေထာက္ပံ့ေပးႏိုင္တဲ့ ဖိနပ္ေတြကို ဝတ္ဆင့္သင့္ပါတယ္။ သင့္ေျခေထာက္ ေရွ႕ပုိင္းနာက်င္ေနတယ္ဆိုရင္ အခန္းတြင္းဝတ္တဲ့ ဖိနပ္ေတြကို ဝတ္ဆင္သင့္ပါတယ္။

ေျခဖဝါးနာက်င္မႈ ေလ်ာ့က်ေစဖို႔အတြက္ ေျခအခံုးကို ေထာက္ပံ့ေပးႏိုင္တဲ့ orthotic ေတြကို အသံုးျပဳသင့္ပါတယ္။

ေဆးလိပ္ေသာက္ျခင္းဟာ ေသြးစီးဆင္းမႈကို ေႏွးေကြးေစၿပီး တစ္ရွဴးျပန္လည္ေကာင္းမြန္ျခင္းကို ၾကာျမင့္ေစကာ ျပန္ေကာင္းတဲ့ ျဖစ္စဥ္ကို ရွည္ၾကာေစတာေၾကာင့္ ေဆးလိပ္နဲ႔ ေဆးလိပ္န႔ဲ ပတ္သက္တဲ့ ထုတ္ကုန္ပစၥည္းေတြကို အသံုးမျပဳသင့္ပါဘူး။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
နေ့စဉ် သင့်ကို နေရာအနှံ့ခေါ်သွားနိုင်ဖို့အတွက် သင့်ခြေထောက်တွေဟာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒါပေမယ့် သင်ဟာ နာကျင်မှု မရရှိမချင်း သူတို့အကြောင်းကို သိပ်စဉ်းစားမိမှာ မဟုတ်ပါဘူး။

သင့်ခြေထောက် ဒဏ်ရာရရှိခြင်းကို ကုသဖို့နဲ့ ပိုဆိုးခြင်းကနေ ကာကွယ်နိုင်ဖို့အတွက် ဒီဆောင်းပါးက ခြေထောက် ဒဏ်ရာရရှိခြင်းတွေကို ကုသဖို့ အချက်အလက်တွေကိုပေးမှာ ဖြစ်ပါတယ်။
အဖြစ်များတဲ့ ခြေဖဝါးဒဏ်ရာရရှိမှုများ

Plantar fasciitis ဟာ ခြေဖဝါးခုံးနာကျင်မှုရဲ့ အဖြစ်အများဆုံး အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ သူဟာ မနက်ပိုင်းမှာ ပိုဆိုးနိုင်ပြီး တဖြည်းဖြည်း ပြန်ကောင်းလာနိုင်ပါတယ်။

Plantar fasciitis အတွက် ကုသမှုတွေကတော့ နာကျင်မှုသက်သာစေဖို့ အကိုက်အခဲပျောက်ဆေးသောက်ခြင်း၊ ဖြေဖဝါးကို အနားပေးခြင်း၊ ခြေဖဝါးခုံးကို ထောက်ပံ့မှုပေးနိုင်တဲ့ ဖိနပ်တွေကို ဝတ်ဆင်ခြင်း၊ ခြေဖဝါးနဲ့ ခြေဖနောင့်ကြွက်သားတွေကို ဆန့်ထုတ်စေခြင်း၊ ခြေဖနောင့်ကို တစ်နေ့ ဆယ်မိနစ်လောက် ရေခဲကပ်ခြင်းတွေပဲ ဖြစ်ပါတယ်။

တကယ်လို့ Plantar fasciitis ဟာ ဆက်တိုက်ဖြစ်နေခဲ့ရင် စတီးရွိုက်နဲ့ ထုံဆေးကိုရောပြီး ထိုးပေးခြင်းကလည်း အသုံးဝင်ပါတယ်။

Bunion ဟာ ခြေမအောက်က အဆစ်မှာ ဖြစ်တဲ့ ကြီးမားတဲ့အဖုဖြစ်ပါတယ်။ အလွန်တင်းကျပ်တဲ့ ဖိနပ်တွေကို စီးခြင်းဟာ Bunion ကို ပိုဆိုးစေပါတယ်။ ပိုမိုသက်တောင့်သက်သာ ရှိတဲ့ဖိနပ်တွေကို ရွေးချယ်ခြင်း (သို့) ဖိအားသက်ရောက်မှု ညီမျှအောင် ပြုလုပ်ခြင်းတွေ လုပ်သင့်ပါတယ်။

တကယ်လို့ Bunion ရောင်လာမယ်ဆိုရင် ရေခဲကပ်နိုင်ပါတယ်။ တကယ်လို့ Bunion ဟာ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရမယ်ဆိုရင် ခွဲစိတ်မှုလိုအပ်နိုင်ပါတယ်။
ခြေချောင်းလိမ်ခြင်းနှင့်နာကျင်ခြင်း

– အနားယူခြင်း၊ ရေခဲကပ်ခြင်း၊ မြှင့်တင်ခြင်းတွေဟာ နာကျင်ရောင်ရမ်းမှုကို သက်သာစေပါတယ်။ Peripheral arterial disease  (သို့) ဆီးချိုရောဂါ မရှိသူတွေဟာ ဒဏ်ရာရရှိခြင်းမရှိတဲ့ ကပ်လျက်ခြေချောင်းကို ပူးတွဲတိပ်ပတ်ထားပေးခြင်းအားဖြင့် နာကျင်မှုကို သက်သာစေနိုင်ပါတယ်။

သူတို့ကို အတူတကွ တိတ်ပတ်မပေးမီ အရေပြားကို ကာကွယ်ဖို့အတွက် ခြေချောင်းတွေကြားမှာ ပျော့ပြောင်းတဲ့ pudding ထားသင့်ပါတယ်။ ထိခိုက်နေတဲ့ ခြေချောင်းဟာ ပြန်ကောင်းသွားစေဖို့ ၂ ပတ်ကနေ ၄ ပတ်အထိ ကြာမြင့်နိုင်ပါတယ်။ ဒီလိုခေါက်ပြီးချိန်မှာ ပိုဆိုးလာတယ်ဆိုရင်တော့ တိပ်ကို ဖယ်ထုတ်သင့်ပါတယ်။
ခြေဖဝါးဒဏ်ရာရရှိမှု အနည်းငယ်အတွက် ကုသမှု

ဒဏ်ရာရရှိတဲ့နေရာပတ်လည်က ခြေစွပ် နဲ့ အခြားခြေဝတ်ရတနာတွေကို ဖယ်ထားသင့်ပါတယ်။ အရေပြားအနာကို ရောဂါပိုးမဝင်အောင်၊ အနာအတွင်းကျန်ခဲ့တဲ့ အမှိုက်တွေမှ အမာရွတ်မထင်ကျန်အောင် သန့်ရှင်းရေးလုပ်သင့်ပါတယ်။

နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေကို လျော့နည်းစေဖို့အတွက် RICE နည်းလမ်းကို အသုံးပြုသင့်ပါတယ်။

သွေးလှည့်ပတ်မှုကောင်းပြီး နာကျင်မှုသက်သာစေဖို့အတွက် ဒဏ်ရာရရှိတဲ့နေရာကို ညင်သာစွာ နှိပ်နယ်ပေးခြင်း၊ ပွတ်ပေးခြင်းတွေ ပြုလုပ်သင့်ပါတယ်။ နာကျင်မှု ဖြစ်ပေါ်လာရင်တော့ နှိပ်နယ်မှုကို ရပ်တန့်သင့်ပါတယ်။

ပထမ ၄၈ နာရီမှာ ရေပူနဲ့ရေချိုးခြင်း၊ အရက်နဲ့ အခြား အရက်ပါတဲ့အချိုရည်တွေသောက်သုံးခြင်း၊ ဒဏ်ရာရရှိထားတဲ့နေရာကို ရောင်ရမ်းခြင်းတွေ ဖြစ်စေတဲ့ အရာတွေကိုရှောင်ကျဉ်သင့်ပါတယ်။

တကယ်လို့ ရောင်ရမ်းမှုဟာ ၄၈ နာရီကနေ ၇၂ နာရီအထိ ကြာမြင့်မယ်ဆိုရင် ပျော့ပြောင်းမှုကို ပြန်လည်ရရှိစေဖို့အတွက် ညင်သာတဲ့လေ့ကျင့်ခန်းတွေ လုပ်သင့်ပါတယ်။ နာကျင်မှုသက်သာစေဖို့ အပူကပ်ခြင်းနဲ့ အအေးကပ်ခြင်းတွေကို အလှည့်ကျ ပြုလုပ်နိုင်ပါတယ်။
သင့်ခြေဖဝါးကို ဂရုစိုက်ပါ။

ခြေဖဝါးကို နောက်တစ်ကြိမ် ဒဏ်ရာရရှိခြင်းမှ ကာကွယ်ဖို့ ထောက်ပံ့ပေးနိုင်တဲ့ ဖိနပ်တွေကို ဝတ်ဆင့်သင့်ပါတယ်။ သင့်ခြေထောက် ရှေ့ပိုင်းနာကျင်နေတယ်ဆိုရင် အခန်းတွင်းဝတ်တဲ့ ဖိနပ်တွေကို ဝတ်ဆင်သင့်ပါတယ်။

ခြေဖဝါးနာကျင်မှု လျော့ကျစေဖို့အတွက် ခြေအခုံးကို ထောက်ပံ့ပေးနိုင်တဲ့ orthotic တွေကို အသုံးပြုသင့်ပါတယ်။

ဆေးလိပ်သောက်ခြင်းဟာ သွေးစီးဆင်းမှုကို နှေးကွေးစေပြီး တစ်ရှူးပြန်လည်ကောင်းမွန်ခြင်းကို ကြာမြင့်စေကာ ပြန်ကောင်းတဲ့ ဖြစ်စဉ်ကို ရှည်ကြာစေတာကြောင့် ဆေးလိပ်နဲ့ ဆေးလိပ်နဲ့ ပတ်သက်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို အသုံးမပြုသင့်ပါဘူး။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top