iMyanmarHouse.com - Best Property Website for Myanmar
×

ေျခက်င္းဝတ္နာက်င္ျခင္း ဆိုတာ ဘာလဲ။

ေျခက်င္းဝတ္တဝိုက္မွာ နာက်င္ျခင္း၊သက္ေတာင့္သက္သာ မရွိျခင္းတို႕ကို ဆိုလိုပါတယ္။ေျခက်င္းဝတ္ေခါက္ျခင္း၊လိမ္ျခင္းေၾကာင့္ အဓိက ျဖစ္ေလ့ရွိျပီး ေအာက္ပါအခ်က္ေတြေၾကာင့္လည္း ေျခက်င္းဝတ္နာက်င္ႏိုင္ပါတယ္။

·        အဆစ္အျမစ္ေရာင္ျခင္း။

·        ေဂါက္ေရာဂါ။

·        အာရုံေၾကာထိခိုက္ျခင္း။

·        ေသြးေၾကာပိတ္ျခင္း။

·        အဆစ္ပိုးဝင္ျခင္း။
ေျခက်င္းဝတ္ဒါဏ္ရာရျခင္းကို ဘယ္လိုအျမန္ဆုံး ကုသမလဲ။

ေအာက္ပါနည္းလမ္းေလးေတြကို အသုံးျပဳျပီး အိမ္ေနရင္း ကုသေပးႏိုင္ပါတယ္။

အနားေပးပါ : ထိခိုက္ဒါဏ္ရာ ရေနတဲ့ ေျခက်င္းဝတ္ေပၚကို ေနာက္ထပ္ဖိအားေတြ မသက္ေရာက္ပါေစနဲ႕ေတာ့။အနားေပးထားပါ။ဒါေၾကာင့္ ဒါဏ္ရာ ရျပီးျပီးခ်င္း ရက္အနည္းငယ္အတြင္းမွာ အဆိုပါ ေျခက်င္းဝတ္ကို အသုံးျပဳျပီး လႈပ္ရွားသြားလာတာမ်ိဳးကို တတ္ႏိုင္သမွ် ေရွာင္ရွားပါ။

လမ္းေလွ်ာက္ရလြယ္ကူေစဖို႕အတြက္ ခ်ိဳင္းေထာက္ ဒါမွမဟုတ္ လမ္းေလွ်ာက္တုတ္ကို အသုံးျပဳႏိုင္ပါတယ္။

ေရခဲကပ္ပါ : ဒါဏ္ရာရေနတဲ့ ေျခက်င္းဝတ္ေပၚကို ေရခဲအိတ္ကပ္ေပးပါ။တခါကပ္ရင္ မိနစ္ႏွစ္ဆယ္ႏွုန္းနဲ႕ တေန့ကို ေလးငါးခါေလာက္ ကပ္ေပးရမွာျဖစ္ျပီး တၾကိမ္နဲ႕တၾကိမ္ၾကားမွာ တနာရီခြဲေလာက္ ခြါရပါမယ္။

ဒီလိုမ်ိဳး ေရခဲကပ္တာကို ဒါဏ္ရာရျပီး သံုးရက္ေလာက္အထိ လုပ္ေပးရပါမယ္။ေရခဲဟာ ေရာင္ရမ္းျခင္းေတြကို သက္သာေစတဲ့အတြက္ ထံုက်ဥ္ကိုက္ခဲျခင္းေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

ပတ္တီးစည္းထားပါ : နာေနတဲ့ ေျခက်င္းဝတ္တဝိုက္ကို က်ံု့ႏိုင္ဆန္႕ႏိုင္တဲ့ ပတ္တီးေလးစည္းေပးထားရပါမယ္။အရမ္းၾကီးတင္းတင္းစည္းထားရင္ ေျခေခ်ာင္းေလးေတြ ျပာႏွမ္းတာ၊ထံုက်ဥ္လာတာမ်ိဳး ျဖစ္ႏိုင္တဲ့အတြက္ အေလ်ာ့မတင္း အေနေတာ္ေလး စည္းေပးရပါမယ္။

ေျခေထာက္ကို ေျမႇာက္ထားပါ : ဒါဏ္ရာရေနတဲ့ ေျခက်င္းဝတ္ကို ႏွလုံးထက္ ျမင့္တဲ့ေနရာမွာ ရွိေနေစရပါမယ္။ေခါင္းအုံးေတြကို ထပ္ျပီး ေျခေထာက္တင္ထားႏိုင္ပါတယ္။

အထက္ေဖာ္ျပပါ ကုသမႈေတြ ျပဳလုပ္ျပီးတဲ့အခါ ေရာင္ရမ္းနာက်င္ျခင္းေတြကို သက္သာေစဖို႕အတြက္ (ဆရာဝန္ညႊန္ၾကားခ်က္မလိုဘဲ မိမိဖာသာ ဝယ္ေသာက္ႏိုင္တဲ့) အကိုက္အခဲေပ်ာက္ေဆးေတြကို သုံးစြဲႏိုင္ပါတယ္ (ဥပမာ acetaminophen or ibuprofen စသည္)။အနည္းငယ္ သက္သာလာတဲ့အခါ သင့္ေျခက်င္းဝတ္ကို ေလ့က်င့္ခန္းျပဳလုပ္ေပးပါ (ေျခက်င္းဝတ္ကို ပတ္ခ်ာလည္လွည့္တာမ်ိဳး)။

ဒါေပမယ့္ ဒီလိုေလ့က်င့္ခန္းလုပ္ေနရင္း နာက်င္မႈတစံုတရာကို ခံစားရရင္ေတာ့ အျမန္ရပ္လိုက္ပါ။ဒါ့အျပင္ သင့္လက္ကို အသုံးျပဳျပီး ေျခက်င္းဝတ္ကို ေကြးလိုက္ဆန္႕လိုက္ ျပဳလုပ္ေပးႏိုင္ပါေသးတယ္။

ေလ့က်င့္ခန္းေတြ ျပဳလုပ္ေပးျခင္းအားျဖင့္ ေျခက်င္းဝတ္အေနနဲ႕ အလ်င္အျမန္ ျပန္လည္လႈပ္ရွားလာႏိုင္မွာျဖစ္သလို ဒါဏ္ထပ္ျဖစ္ျခင္းကိုလည္း ေလွ်ာ့ခ်ေပးႏိုင္ပါလိမ့္မယ္။
ေဆးဝါးအကူအညီယူျခင္း

တကယ္လို႕ သင့္ေျခက်င္းဝတ္နာက်င္မႈရဲ့ ေနာက္ခံအေၾကာင္းရင္းဟာ အဆစ္အျမစ္ေရာင္ေရာဂါေၾကာင့္ဆိုရင္ေတာ့ သင့္အေနနဲ႕ ေဆးဝါးအကူအညီ မယူဘဲနဲ႕ လုံးဝသက္သာေပ်ာက္ကင္းမွာ မဟုတ္ပါဘူး။သင္လက္ရွိခံစားေနရတဲ့ အဆစ္အျမစ္ေရာင္ေရာဂါပံုစံအမ်ိဳးအစားနဲ႕ အျခားေသာ က်န္းမာေရးအေျခအေနေတြေပၚ မူတည္ျပီး သုံးစြဲရမယ့္ ေဆးအမ်ိဳးအစားကြာျခားမွာ ျဖစ္ပါတယ္။

အမ်ားဆုံး သုံးစြဲေလ့ရွိတဲ့ ေဆးေတြကေတာ့ စတီးရြိုက္မဟုတ္ေသာ အကိုက္အခဲေပ်ာက္ေဆးေတြပဲ ျဖစ္ပါတယ္။

စတီးရြိုက္မဟုတ္ေသာ အကိုက္အခဲေပ်ာက္ေဆးေတြဟာ အဆစ္အျမစ္ေရာင္ေရာဂါပံုစံအမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္လာတဲ့ နာက်င္ေရာင္ရမ္းမႈေတြကို သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။ဒါ့အျပင္ သူတို႕ကို ဝယ္ယူသုံးစြဲဖို႕ ဆရာဝန္ေဆးစာ မလိုပါဘူး။

စတီးရြိုက္ေဆးမ်ား : ေရာင္ရမ္းျခင္းေတြကို သက္သာေစတဲ့ အာနိသင္ရဖို႕ အခ်ိန္အနည္းငယ္ေတာ့ ေစာင့္ရပါမယ္။စတီးရြိုက္ေဆးေတြကို ေသာက္ေဆး၊ထိုးေဆး ပံုစံႏွစ္မ်ိဳးလုံးနဲ႕ ရရွိႏိုင္ပါတယ္။

အကိုက္အခဲေပ်ာက္ေဆးမ်ား : အဆစ္အျမစ္ေရာင္ျခင္းနဲ႕ အျခားေသာ နာက်င္ျခင္းေတြကို အကိုက္အခဲေပ်ာက္ေဆးေတြကို သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။စတီးရြိုက္မဟုတ္ေသာ အကိုက္အခဲေပ်ာက္ေဆးေတြနဲ႕ မတူတဲ့အခ်က္က ယခုအကိုက္အခဲေပ်ာက္ေဆးေတြဟာ နာက်င္မႈကို သက္သာဖို႕ပဲ အဓိကထားျပီး ေရာင္ရမ္းျခင္းေတြကို ကာကြယ္မေပးႏိုင္ပါဘူး။

DMARDs ေဆးမ်ား : ဒီေဆးေတြဟာ နာက်င္မႈကို ျဖစ္ေစတဲ့ ေရာဂါဇစ္ျမစ္ကို တျဖည္းျဖည္း ကုသေပးတာေၾကာင့္ rheumatoid အဆစ္အျမစ္ေရာင္ေရာဂါ၊lupus နဲ႕ psoriatic အဆစ္ေရာင္ေရာဂါေတြကို ကုသဖို႕ အသုံးျပဳပါတယ္။

ေဂါက္ေရာဂါတြင္သုံးေသာ ေဆးမ်ား : ဒီေဆးေတြကေတာ့ သင့္ေသြးထဲမွာရွိတဲ့ uric အက္ဆစ္ပမာဏကို ေလွ်ာ့ခ်ေပးတဲ့အတြက္ အဆစ္အျမစ္ေတြ ေရာင္ရမ္းနာက်င္ျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။

ခုခံအားစနစ္ေပၚ အက်ိဳးသက္ေရာက္ေသာ ေဆးမ်ား : ဒီအုပ္စုမွာ ပါဝင္တဲ့ ေဆးေတြဟာ ခႏၶာကိုယ္မွာ ျဖစ္ေပၚတဲ့ ေရာင္ရမ္းျခင္းျဖစ္စဥ္ေတြကို ပိတ္ဆို႕ေလွ်ာ့ခ်ေပးႏိုင္ျပီး ခုခံအားစနစ္တခုလုံးကို ဖိႏွိပ္တဲ့သေဘာ မဟုတ္ပါဘူး။

အ႐ိုးပြေရာဂါတြင္ သုံးေသာေဆးမ်ား : ဒီေဆးေတြဟာ သင့္အ႐ိုးေတြကို ပိုမိုသန္စြမ္းေစတဲ့အတြက္ အ႐ိုးက်ိဳးျခင္း၊ထိခိုက္ဒါဏ္ရာရျခင္းေတြကို ေလ်ာ့နည္းေစမွာပါ။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ခြေကျင်းဝတ်နာကျင်ခြင်း ဆိုတာ ဘာလဲ။

ခြေကျင်းဝတ်တဝိုက်မှာ နာကျင်ခြင်း၊သက်တောင့်သက်သာ မရှိခြင်းတို့ကို ဆိုလိုပါတယ်။ခြေကျင်းဝတ်ခေါက်ခြင်း၊လိမ်ခြင်းကြောင့် အဓိက ဖြစ်လေ့ရှိပြီး အောက်ပါအချက်တွေကြောင့်လည်း ခြေကျင်းဝတ်နာကျင်နိုင်ပါတယ်။

·        အဆစ်အမြစ်ရောင်ခြင်း။

·        ဂေါက်ရောဂါ။

·        အာရုံကြောထိခိုက်ခြင်း။

·        သွေးကြောပိတ်ခြင်း။

·        အဆစ်ပိုးဝင်ခြင်း။
ခြေကျင်းဝတ်ဒါဏ်ရာရခြင်းကို ဘယ်လိုအမြန်ဆုံး ကုသမလဲ။

အောက်ပါနည်းလမ်းလေးတွေကို အသုံးပြုပြီး အိမ်နေရင်း ကုသပေးနိုင်ပါတယ်။

အနားပေးပါ : ထိခိုက်ဒါဏ်ရာ ရနေတဲ့ ခြေကျင်းဝတ်ပေါ်ကို နောက်ထပ်ဖိအားတွေ မသက်ရောက်ပါစေနဲ့တော့။အနားပေးထားပါ။ဒါကြောင့် ဒါဏ်ရာ ရပြီးပြီးချင်း ရက်အနည်းငယ်အတွင်းမှာ အဆိုပါ ခြေကျင်းဝတ်ကို အသုံးပြုပြီး လှုပ်ရှားသွားလာတာမျိုးကို တတ်နိုင်သမျှ ရှောင်ရှားပါ။

လမ်းလျှောက်ရလွယ်ကူစေဖို့အတွက် ချိုင်းထောက် ဒါမှမဟုတ် လမ်းလျှောက်တုတ်ကို အသုံးပြုနိုင်ပါတယ်။

ရေခဲကပ်ပါ : ဒါဏ်ရာရနေတဲ့ ခြေကျင်းဝတ်ပေါ်ကို ရေခဲအိတ်ကပ်ပေးပါ။တခါကပ်ရင် မိနစ်နှစ်ဆယ်နှုန်းနဲ့ တနေ့ကို လေးငါးခါလောက် ကပ်ပေးရမှာဖြစ်ပြီး တကြိမ်နဲ့တကြိမ်ကြားမှာ တနာရီခွဲလောက် ခွါရပါမယ်။

ဒီလိုမျိုး ရေခဲကပ်တာကို ဒါဏ်ရာရပြီး သုံးရက်လောက်အထိ လုပ်ပေးရပါမယ်။ရေခဲဟာ ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့အတွက် ထုံကျဉ်ကိုက်ခဲခြင်းတွေကို လျှော့ချပေးနိုင်ပါတယ်။

ပတ်တီးစည်းထားပါ : နာနေတဲ့ ခြေကျင်းဝတ်တဝိုက်ကို ကျုံ့နိုင်ဆန့်နိုင်တဲ့ ပတ်တီးလေးစည်းပေးထားရပါမယ်။အရမ်းကြီးတင်းတင်းစည်းထားရင် ခြေချောင်းလေးတွေ ပြာနှမ်းတာ၊ထုံကျဉ်လာတာမျိုး ဖြစ်နိုင်တဲ့အတွက် အလျော့မတင်း အနေတော်လေး စည်းပေးရပါမယ်။

ခြေထောက်ကို မြှောက်ထားပါ : ဒါဏ်ရာရနေတဲ့ ခြေကျင်းဝတ်ကို နှလုံးထက် မြင့်တဲ့နေရာမှာ ရှိနေစေရပါမယ်။ခေါင်းအုံးတွေကို ထပ်ပြီး ခြေထောက်တင်ထားနိုင်ပါတယ်။

အထက်ဖော်ပြပါ ကုသမှုတွေ ပြုလုပ်ပြီးတဲ့အခါ ရောင်ရမ်းနာကျင်ခြင်းတွေကို သက်သာစေဖို့အတွက် (ဆရာဝန်ညွှန်ကြားချက်မလိုဘဲ မိမိဖာသာ ဝယ်သောက်နိုင်တဲ့) အကိုက်အခဲပျောက်ဆေးတွေကို သုံးစွဲနိုင်ပါတယ် (ဥပမာ acetaminophen or ibuprofen စသည်)။အနည်းငယ် သက်သာလာတဲ့အခါ သင့်ခြေကျင်းဝတ်ကို လေ့ကျင့်ခန်းပြုလုပ်ပေးပါ (ခြေကျင်းဝတ်ကို ပတ်ချာလည်လှည့်တာမျိုး)။

ဒါပေမယ့် ဒီလိုလေ့ကျင့်ခန်းလုပ်နေရင်း နာကျင်မှုတစုံတရာကို ခံစားရရင်တော့ အမြန်ရပ်လိုက်ပါ။ဒါ့အပြင် သင့်လက်ကို အသုံးပြုပြီး ခြေကျင်းဝတ်ကို ကွေးလိုက်ဆန့်လိုက် ပြုလုပ်ပေးနိုင်ပါသေးတယ်။

လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးခြင်းအားဖြင့် ခြေကျင်းဝတ်အနေနဲ့ အလျင်အမြန် ပြန်လည်လှုပ်ရှားလာနိုင်မှာဖြစ်သလို ဒါဏ်ထပ်ဖြစ်ခြင်းကိုလည်း လျှော့ချပေးနိုင်ပါလိမ့်မယ်။
ဆေးဝါးအကူအညီယူခြင်း

တကယ်လို့ သင့်ခြေကျင်းဝတ်နာကျင်မှုရဲ့ နောက်ခံအကြောင်းရင်းဟာ အဆစ်အမြစ်ရောင်ရောဂါကြောင့်ဆိုရင်တော့ သင့်အနေနဲ့ ဆေးဝါးအကူအညီ မယူဘဲနဲ့ လုံးဝသက်သာပျောက်ကင်းမှာ မဟုတ်ပါဘူး။သင်လက်ရှိခံစားနေရတဲ့ အဆစ်အမြစ်ရောင်ရောဂါပုံစံအမျိုးအစားနဲ့ အခြားသော ကျန်းမာရေးအခြေအနေတွေပေါ် မူတည်ပြီး သုံးစွဲရမယ့် ဆေးအမျိုးအစားကွာခြားမှာ ဖြစ်ပါတယ်။

အများဆုံး သုံးစွဲလေ့ရှိတဲ့ ဆေးတွေကတော့ စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးတွေပဲ ဖြစ်ပါတယ်။

စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးတွေဟာ အဆစ်အမြစ်ရောင်ရောဂါပုံစံအမျိုးမျိုးကြောင့် ဖြစ်လာတဲ့ နာကျင်ရောင်ရမ်းမှုတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ဒါ့အပြင် သူတို့ကို ဝယ်ယူသုံးစွဲဖို့ ဆရာဝန်ဆေးစာ မလိုပါဘူး။

စတီးရွိုက်ဆေးများ : ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့ အာနိသင်ရဖို့ အချိန်အနည်းငယ်တော့ စောင့်ရပါမယ်။စတီးရွိုက်ဆေးတွေကို သောက်ဆေး၊ထိုးဆေး ပုံစံနှစ်မျိုးလုံးနဲ့ ရရှိနိုင်ပါတယ်။

အကိုက်အခဲပျောက်ဆေးများ : အဆစ်အမြစ်ရောင်ခြင်းနဲ့ အခြားသော နာကျင်ခြင်းတွေကို အကိုက်အခဲပျောက်ဆေးတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးတွေနဲ့ မတူတဲ့အချက်က ယခုအကိုက်အခဲပျောက်ဆေးတွေဟာ နာကျင်မှုကို သက်သာဖို့ပဲ အဓိကထားပြီး ရောင်ရမ်းခြင်းတွေကို ကာကွယ်မပေးနိုင်ပါဘူး။

DMARDs ဆေးများ : ဒီဆေးတွေဟာ နာကျင်မှုကို ဖြစ်စေတဲ့ ရောဂါဇစ်မြစ်ကို တဖြည်းဖြည်း ကုသပေးတာကြောင့် rheumatoid အဆစ်အမြစ်ရောင်ရောဂါ၊lupus နဲ့ psoriatic အဆစ်ရောင်ရောဂါတွေကို ကုသဖို့ အသုံးပြုပါတယ်။

ဂေါက်ရောဂါတွင်သုံးသော ဆေးများ : ဒီဆေးတွေကတော့ သင့်သွေးထဲမှာရှိတဲ့ uric အက်ဆစ်ပမာဏကို လျှော့ချပေးတဲ့အတွက် အဆစ်အမြစ်တွေ ရောင်ရမ်းနာကျင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

ခုခံအားစနစ်ပေါ် အကျိုးသက်ရောက်သော ဆေးများ : ဒီအုပ်စုမှာ ပါဝင်တဲ့ ဆေးတွေဟာ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်တဲ့ ရောင်ရမ်းခြင်းဖြစ်စဉ်တွေကို ပိတ်ဆို့လျှော့ချပေးနိုင်ပြီး ခုခံအားစနစ်တခုလုံးကို ဖိနှိပ်တဲ့သဘော မဟုတ်ပါဘူး။

အရိုးပွရောဂါတွင် သုံးသောဆေးများ : ဒီဆေးတွေဟာ သင့်အရိုးတွေကို ပိုမိုသန်စွမ်းစေတဲ့အတွက် အရိုးကျိုးခြင်း၊ထိခိုက်ဒါဏ်ရာရခြင်းတွေကို လျော့နည်းစေမှာပါ။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top