iMyanmarHouse.com - Best Property Website for Myanmar
×
Credit : MyStyle
မိတ်ကပ်လိမ်းတယ်ဆိုတာ မိမိမျက်နှာမှာရှိတဲ့ အပြစ်အနာဆာတချို့ကို ဖုံးဖို့နဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ဖြစ်ပါတယ်။ ဒါပေမယ့် မိတ်ကပ်လိမ်းတဲ့အခါ အခုဖော်ပြမယ့် အမှားတွေကို ပြုလုပ်မိရင်တော့ သင့်ကို ရုပ်ရင့်စေမှာဖြစ်ပါတယ်။
ဒါ့ကြောင့် မိတ်ကပ်လိမ်းရာမှာ ရှောင်ကျဉ်သင့်တဲ့အမှား (၅) ခုကို မျှဝေပေးချင်ပါတယ်။
၁။ Lip Gloss အများကြီးသုံးခြင်း
နှုတ်ခမ်းနီအဆီလိုမျိုး Lip Gloss ကို အများကြီးသုံးရင် နှုတ်ခမ်းက ကြည့်ရရုပ်ဆိုးစေမှာပါ။ အများကြီးမသုံးဘဲ နည်းနည်းပဲ သုံးသင့်ပါတယ်။
၂။ ဖောင်ဒေးရှင်းမှားရွေးခြင်း
မိတ်ကပ်လိမ်းရာမှာ ရှောင်ကျဉ်သင့်တဲ့ အမှား (၅)ခု
မိမိအသားအရေနဲ့ သင့်တော်တဲ့ ဖောင်ဒေးရှင်းကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ မဟုတ်ရင် မျက်နှာအရောင်ကသတ်သတ် လည်ပင်းအရောင်က သတ်သတ်ဖြစ်နေမှာပါ။
၃။ ပါးနီကို ဝိုင်းဝိုင်းလေးလိမ်းခြင်း
ပါးနီလိမ်းရာမှာ ပါးမို့ကနေ ပါးရိုးဖက်ကို ဆွဲပြီး ဆိုးပေးရမှာပါ။ ဝိုင်းဝိုင်းလေးဆိုးရင် ပါးပြင်က အကြီးကြီးဖြစ်နေမှာဖြစ်ပါတယ်။
၄။ တူညီတဲ့အရောင်တွေ အများကြီးသုံးခြင်း
ဥပမာ ပန်းရောင်အင်္ကျ ီဝတ်ရင် မျက်လုံးမှာချယ်တာလည်း ပန်းရောင်၊ ပါးနီလည်းပန်းရောင်၊ နှုတ်ခမ်းနီလည်းပန်းရောင်၊ စသဖြင့် အားလုံးအရောင်တူတွေပဲ မဆိုးသင့်ပါဘူး။ သင့်ကို အမြင်ရိုးစေပါတယ်။ မတူညီတဲ့အရောင်တွေကို လိုက်ဖက်အောင်လိမ်းချယ်ပါ။
၅။ မျက်လုံးအပြည့် ပန်ဒါလို ချယ်ခြင်း
မျက်လုံးတစ်ခုလုံးကို လိုင်နာ အပြည့်ချယ်တာဟာ သင့်ကို ပန်ဒါလိုဖြစ်စေပါတယ်။ တစ်ခုသိထားရမှာက သင်ဟာ ပန်ဒါမဟုတ်ဘူးဆိုတာပါပဲ။ Creation မိတ်ကပ်မဟုတ်ဘူး။ ထသွားထလာလိမ်းမယ်ဆိုရင် အဲဒီလို လိုင်နာကို မျက်လုံးအပြည့်မချယ်သင့်ပါဘူး။
Credit : MyStyle
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top