iMyanmarHouse.com - Best Property Website for Myanmar
×


မ်က္ႏွာတည္ႀကီးနဲ႔ ေနေနတာမ်ိဳးကို ခုပဲ ရပ္တန္႔လိုက္ပါေတာ့။

ငါ ဘာလို႔ သူ႔လို မေပ်ာ္ႏိုင္ရတာလဲဆုိတဲ့ ေမးခြန္းမ်ိဳး ကိုယ့္ကိုယ္ကိုယ္ ျပန္ေမးၾကည့္ဖူးလား။ ေပ်ာ္႐ႊင္ေနတဲ့လူေတြဟာ အေကာင္းဆံုးအရာေတြကို ပိုင္ဆိုင္ထားရလို႔ မဟုတ္ပါဘူး။ သူတုိ႔မွာ႐ွိတဲ့ အရာေတြကိုပဲ ေက်နပ္လက္ခံထားလို႔ ေပ်ာ္ႏိုင္တာပါ။ ၿပီးေတာ့ ဒီလိုအက်င့္ စိတ္ထားေလးေတြလည္း ရွိၾကေသးတယ္။

၁။ မွ်ေဝတယ္

လွ်ိဳ႕ဝွက္ခ်က္ေတြ အမ်ားႀကီးနဲ႔ တစ္ေယာက္တည္း အထီးက်န္ေနသူမ်ိဳး မဟုတ္ဘူး။ ကိုယ့္ခံစားခ်က္ေတြကို သိုဝွက္ၿပီး က်ိတ္မွိတ္နာက်င္ရမယ့္အစား ခ်စ္ခင္သူေတြကိုလည္း ရင္ဖြင့္တယ္။ စိတ္ထဲမွာ ေတးထားတာမ်ိဳး မရွိဘူး။ သူမ်ားေတြရင္ဖြင့္လာရင္လည္း နားေထာင္ေပးတတ္တယ္။

၂။ ခြင့္လႊတ္တတ္တယ္

ခြင့္လႊတ္တတ္တဲ့ ႏွလံုးသားဟာ အရမ္းေအးခ်မ္းပါတယ္။ လက္စားေခ်လိုစိတ္ေတြ ရွိေနသမွ် လူက ပူေလာင္ေနရတယ္ေလ။ ေပ်ာ္စရာေတြကိုလည္း မေပ်ာ္ႏိုင္ျဖစ္ရမွာ။

၃။ နားေထာင္တတ္သူ

ကိုယ္ကပဲ စကားေတြ တတြတ္တြတ္ ေျပာေနတာက တစ္ကိုယ္ေကာင္းဆန္ပါတယ္။ သူမ်ားေတြရဲ႕ ေျပာစကားကို နားေထာင္ေပးၾကည့္ပါ။ စကားဆံုးေအာင္ နားေထာင္ၿပီးေတာ့မွ ကိုယ့္အျမင္ကို ေျပာတတ္သူေတြဟာ ေသာကနဲ႔ေဒါသနည္းသူေတြ ျဖစ္ေနတတ္ၾကတယ္။

၄။ မနာလိုဝန္တိုမႈကို ခြန္အားအျဖစ္ေျပာင္းတယ္

ကိုယ့္ထက္သာေနတဲ့လူကို မနာလိုဝန္တိုစိတ္ေလးေတြကေတာ့ လူအေတာ္မ်ားမ်ားမွာ ႐ွိတတ္ၾကတယ္။ အၿမဲတမ္းျပံဳးေပ်ာ္ေနသူေတြမွာလည္း ရွိတတ္တယ္။ ဒါေပမဲ့ သူတုိ႔က မနာလိုမႈေတြကို ခြန္အားအျဖစ္ ေျပာင္းလဲလိုက္ၿပီး မခံခ်င္စိတ္နဲ႔ ပိုႀကိဳးစားၾကတယ္။ သူမ်ားကို ပုတ္ခတ္ေနမယ့္အစား ကိုယ့္ကိုယ္ကိုယ္ ပိုတိုးတက္လာေအာင္ပဲ ႀကိဳးစားတယ္။

၅။ အျပံဳး

ျပံဳးပါ.... မ်က္ႏွာတည္ႀကီးနဲ႔ ေနေနတာမ်ိဳးကို ခုပဲ ရပ္တန္႔လိုက္ပါေတာ့။ ကိုယ့္အျပံဳးေၾကာင့္ ကိုယ့္ပတ္ဝန္းက်င္ကလူေတြလည္း ေပ်ာ္ရႊင္ရတယ္။ ကိုယ္တုိင္လည္း ေပ်ာ္ရႊင္လာရတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 မျက်နှာတည်ကြီးနဲ့ နေနေတာမျိုးကို ခုပဲ ရပ်တန့်လိုက်ပါတော့။

ငါ ဘာလို့ သူ့လို မပျော်နိုင်ရတာလဲဆိုတဲ့ မေးခွန်းမျိုး ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ဖူးလား။ ပျော်ရွှင်နေတဲ့လူတွေဟာ အကောင်းဆုံးအရာတွေကို ပိုင်ဆိုင်ထားရလို့ မဟုတ်ပါဘူး။ သူတို့မှာရှိတဲ့ အရာတွေကိုပဲ ကျေနပ်လက်ခံထားလို့ ပျော်နိုင်တာပါ။ ပြီးတော့ ဒီလိုအကျင့် စိတ်ထားလေးတွေလည်း ရှိကြသေးတယ်။

၁။ မျှဝေတယ်

လျှို့ဝှက်ချက်တွေ အများကြီးနဲ့ တစ်ယောက်တည်း အထီးကျန်နေသူမျိုး မဟုတ်ဘူး။ ကိုယ့်ခံစားချက်တွေကို သိုဝှက်ပြီး ကျိတ်မှိတ်နာကျင်ရမယ့်အစား ချစ်ခင်သူတွေကိုလည်း ရင်ဖွင့်တယ်။ စိတ်ထဲမှာ တေးထားတာမျိုး မရှိဘူး။ သူများတွေရင်ဖွင့်လာရင်လည်း နားထောင်ပေးတတ်တယ်။

၂။ ခွင့်လွှတ်တတ်တယ်

ခွင့်လွှတ်တတ်တဲ့ နှလုံးသားဟာ အရမ်းအေးချမ်းပါတယ်။ လက်စားချေလိုစိတ်တွေ ရှိနေသမျှ လူက ပူလောင်နေရတယ်လေ။ ပျော်စရာတွေကိုလည်း မပျော်နိုင်ဖြစ်ရမှာ။

၃။ နားထောင်တတ်သူ

ကိုယ်ကပဲ စကားတွေ တတွတ်တွတ် ပြောနေတာက တစ်ကိုယ်ကောင်းဆန်ပါတယ်။ သူများတွေရဲ့ ပြောစကားကို နားထောင်ပေးကြည့်ပါ။ စကားဆုံးအောင် နားထောင်ပြီးတော့မှ ကိုယ့်အမြင်ကို ပြောတတ်သူတွေဟာ သောကနဲ့ဒေါသနည်းသူတွေ ဖြစ်နေတတ်ကြတယ်။

၄။ မနာလိုဝန်တိုမှုကို ခွန်အားအဖြစ်ပြောင်းတယ်

ကိုယ့်ထက်သာနေတဲ့လူကို မနာလိုဝန်တိုစိတ်လေးတွေကတော့ လူအတော်များများမှာ ရှိတတ်ကြတယ်။ အမြဲတမ်းပြုံးပျော်နေသူတွေမှာလည်း ရှိတတ်တယ်။ ဒါပေမဲ့ သူတို့က မနာလိုမှုတွေကို ခွန်အားအဖြစ် ပြောင်းလဲလိုက်ပြီး မခံချင်စိတ်နဲ့ ပိုကြိုးစားကြတယ်။ သူများကို ပုတ်ခတ်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ် ပိုတိုးတက်လာအောင်ပဲ ကြိုးစားတယ်။

၅။ အပြုံး

ပြုံးပါ.... မျက်နှာတည်ကြီးနဲ့ နေနေတာမျိုးကို ခုပဲ ရပ်တန့်လိုက်ပါတော့။ ကိုယ့်အပြုံးကြောင့် ကိုယ့်ပတ်ဝန်းကျင်ကလူတွေလည်း ပျော်ရွှင်ရတယ်။ ကိုယ်တိုင်လည်း ပျော်ရွှင်လာရတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top