iMyanmarHouse.com - Best Property Website for Myanmar
×

 ကစီဓာတ္ၾကြယ္ဝတဲ့ ဟင္းသီးဟင္း႐ြက္တစ္မ်ိဳးထဲမွာ ပါဝင္တဲ့အာလူးဟာ ဘီစီ ၈၀၀၀ နဲ႔ ၅၀၀၀ ၾကားေလာက္ကတည္းက ပီ႐ူးႏိုင္ငံနဲ႔ ဘိုလီးဗီးယားႏိုင္ငံ အေနာက္ေျမာက္ဘက္မွာ ေပါက္ေရာက္ခဲ့တဲ့ သီးႏွံတစ္မ်ိဳးျဖစ္ပါတယ္။

ကစီဓာတ္ၾကြယ္ဝတဲ့ ဟင္းသီးဟင္း႐ြက္တစ္မ်ိဳးထဲမွာ ပါဝင္တဲ့အာလူးဟာ ဘီစီ ၈၀၀၀ နဲ႔ ၅၀၀၀ ၾကားေလာက္ကတည္းက ပီ႐ူးႏိုင္ငံနဲ႔ ဘိုလီးဗီးယားႏိုင္ငံ အေနာက္ေျမာက္ဘက္မွာ ေပါက္ေရာက္ခဲ့တဲ့ သီးႏွံတစ္မ်ိဳးျဖစ္ပါတယ္။ အာလူးကို ခ်က္၊ ေၾကာ္၊ ျပဳတ္ ပံုစံအမ်ိဳးမ်ိဳးနဲ႔ ခ်က္ျပဳတ္စားေသာက္ၾကပါတယ္။ အရသာ႐ွိသလို က်န္းမာေရးနဲ႔ အလွအပဆိုင္ရာ အက်ိဳးေက်းဇူးေတြကိုလည္း ေပးစြမ္းႏိုင္တဲ့ ဟင္းသီးဟင္း႐ြက္တစ္မ်ိဳးပါ။ အာလူးရဲ႕က်န္းမာေရး အက်ိဳးေက်းဇူးေတြကေတာ့...

၁။ ေသြးဖိအားကို က်ဆင္းေစတယ္

သုေတသီေတြရဲ႕ ထုတ္ျပန္ခ်က္အရ အာလူးရဲ႕အခြံထဲမွာ ေသြးဖိအားကို က်ဆင္းေစၿပီး ေသြးတိုးေရာဂါကို ကာကြယ္ေပးႏိုင္တဲ့ ပိုတက္စီယမ္ဓာတ္ အထူးၾကြယ္ဝစြာပါဝင္ပါတယ္။ အေနေတာ္ အာလူးမီးဖုတ္တစ္မ်ိဳးမွာ ပိုတက္စီယမ္ (၅၃၅) မီလီဂရမ္နဲ႔ ဆိုဒီယမ္ (၁၇.၃) မီလီဂရမ္ပါဝင္ၿပီး ဒီပမာဏဟာ ေန႔စဥ္လိုအပ္တဲ့ ပိုတက္စီယမ္ပမာဏ (၁၅) ရာခိုင္ႏႈန္းကို ျဖည့္ဆည္းေပးႏိုင္ပါတယ္။ ေသြးထဲမွာ ပိုတက္စီယမ္ ပမာဏမ်ားမယ္ဆိုရင္ ေက်ာက္ကပ္ထဲမွာ ဆားနဲ႔ေရစစ္ထုတ္ႏိုင္စြမ္းကို ပိုမိုျမင့္မားေစသလို ေသြးဖိအားေလ်ာ့နည္းေအာင္လည္း လုပ္ေဆာင္ေပးႏိုင္ပါတယ္။

၂။ ႏွလံုးအားေကာင္းေစတယ္

ဝမ္းသာစရာသတင္းတစ္ခုက အာလူးထဲမွာ ကိုလက္စ္ထေရာမပါဝင္ပါဘူး။ အာလူးထဲမွာ အမွ်င္ဓာတ္၊ ပိုတက္စီယမ္၊ ဗိုက္တာမင္စီ၊ ဗိုက္တာမင္ဘီစစ္တို႔ေတာ့ ၾကြယ္ဝစြာပါဝင္ပါတယ္။ အဲဒါေတြအားလံုးက ႏွလံုးက်န္းမာေရးအတြက္ မ႐ွိမျဖစ္လိုအပ္တဲ့ အာဟာရဓာတ္ေတြပါ။

အမွ်င္ဓာတ္ဟာ ေသြးထဲမွာ ကိုလက္စ္ထေရာပမာဏ ေလ်ာ့နည္းေအာင္ ကူညီေပးႏိုင္ပါတယ္။ ေဆးသုေတသန တစ္ခုရဲ႕ အဆိုအရဆိုရင္ တစ္ေန႔ကို ပိုတက္စီယမ္ (၄၀၆၉) မီလီဂရမ္ မွီဝဲေပးမယ္ဆိုရင္ ႏွလံုးေရာဂါျဖစ္ႏိုင္ေျခကို (၄၉) ရာခိုင္ႏႈန္းထိ ကာကြယ္ေပးႏိုင္ပါတယ္တဲ့။ အာလူးပိုစားေပးသင့္တဲ့ အေၾကာင္းျပခ်က္ ေနာက္တစ္ခုေပါ့။

၃။ ကင္ဆာကာကြယ္ေပးတယ္

ေလ့လာမႈေတြအရ အာလူးကို ဆီေတြနဲ႔ေၾကာ္မစားဘဲ ျပဳတ္စားတာတို႔၊ မီးဖုတ္စားတာတို႔ လုပ္ေပးမယ္ဆိုရင္ ကင္ဆာေရာဂါကို ကာကြယ္ႏိုင္ပါတယ္တဲ့။ ဒီလိုမဟုတ္ဘဲ အာလူးကို အာလူးေခ်ာင္းေၾကာ္တို႔၊ အာလူးအျပားေၾကာ္တို႔အျဖစ္ ဆီနဲ႔ေၾကာ္စားမယ္ ဆိုရင္ေတာ့ acrylamide ဆိုတဲ့ ဓာတုပစၥည္းတစ္မ်ိဳးကို ထြက္လာေစၿပီး ကင္ဆာျဖစ္ေစႏိုင္ပါတယ္။

ဒါေၾကာင့္ အာဟာရေဗဒပညာ႐ွင္ေတြက တစ္ေန႔ကို အာလူး (၂) လံုး (ဗိုက္တာမင္စီ (၅၀) မီလီဂရမ္) စားေပးျခင္းက အစာအိမ္ကင္ဆာျဖစ္ႏိုင္ေျခကို (၈) ရာခိုင္ႏႈန္းထိ ေလွ်ာ့ခ်ေပးတယ္လို႔ ဆုိရျခင္းျဖစ္ပါတယ္။

၄။ အ႐ိုးေတြကို သန္မာေစတယ္

ေမရီလန္း ေဆးကုသေရး႒ာနရဲ႕ ေလ့လာမႈတစ္ခုအရေတာ့ အာလူးထဲမွာပါဝင္တဲ့ မဂၢနီစီယမ္နဲ႔ ပိုတက္စီယမ္ဟာ အ႐ိုးက်န္းမာေရးကို ပိုမိုေကာင္းမြန္ေစၿပီး အ႐ိုးပြေရာဂါ အႏၱရာယ္ကို တားဆီးေပးႏိုင္ပါတယ္။ ဒီသတၳဳဓာတ္ႏွစ္မ်ိဳးဟာ အမ်ိဳးသားေတြမွာေကာ၊ အမ်ိဳးသမီးေတြမွာပါ အ႐ိုးသန္မာၾက့ံခိုင္မႈ အားနည္းျခင္းကို ကုစားေပးႏိုင္ပါတယ္။

၅။ ကိုယ္ခံအားေကာင္းေစတယ္

ကိုယ္ခံအားစနစ္ဆိုတာ ခႏၶာကိုယ္အတြက္ အလြန္အေရးပါတဲ့ အရာတစ္ခုပါ။ ကိုယ္ခံအားေကာင္းေနမွ ကြ်န္ေတာ္တို႔ရဲ႕ ပတ္ဝန္းက်င္မွာ အျမဲ႐ွိေနတဲ့ ဘက္တီးရီးယားနဲ႔ ဗုိင္းရပ္စ္ပိုးမႊားေတြ ကူးစက္ျခင္း အႏၱရာယ္ကို ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။ သုေတသနေတြအရေတာ့ အာလူးစားေပးျခင္းဟာ လူတစ္ေယာက္ဖ်ားနာေနခ်ိန္မွာ ေရာင္ရမ္းျခင္းေၾကာင့္ ထြက္ေပၚလာတဲ့ leucocyte ဆိုတဲ့ ဓာတုပစၥည္း တစ္မ်ိဳးကို တိုက္ဖ်က္ေပးႏိုင္တယ္လို႔လည္း ဆိုပါတယ္။

ွSource: Stylecraze

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 ကစီဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးထဲမှာ ပါဝင်တဲ့အာလူးဟာ ဘီစီ ၈၀၀၀ နဲ့ ၅၀၀၀ ကြားလောက်ကတည်းက ပီရူးနိုင်ငံနဲ့ ဘိုလီးဗီးယားနိုင်ငံ အနောက်မြောက်ဘက်မှာ ပေါက်ရောက်ခဲ့တဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။

ကစီဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးထဲမှာ ပါဝင်တဲ့အာလူးဟာ ဘီစီ ၈၀၀၀ နဲ့ ၅၀၀၀ ကြားလောက်ကတည်းက ပီရူးနိုင်ငံနဲ့ ဘိုလီးဗီးယားနိုင်ငံ အနောက်မြောက်ဘက်မှာ ပေါက်ရောက်ခဲ့တဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ အာလူးကို ချက်၊ ကြော်၊ ပြုတ် ပုံစံအမျိုးမျိုးနဲ့ ချက်ပြုတ်စားသောက်ကြပါတယ်။ အရသာရှိသလို ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူးတွေကိုလည်း ပေးစွမ်းနိုင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ အာလူးရဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့...

၁။ သွေးဖိအားကို ကျဆင်းစေတယ်

သုတေသီတွေရဲ့ ထုတ်ပြန်ချက်အရ အာလူးရဲ့အခွံထဲမှာ သွေးဖိအားကို ကျဆင်းစေပြီး သွေးတိုးရောဂါကို ကာကွယ်ပေးနိုင်တဲ့ ပိုတက်စီယမ်ဓာတ် အထူးကြွယ်ဝစွာပါဝင်ပါတယ်။ အနေတော် အာလူးမီးဖုတ်တစ်မျိုးမှာ ပိုတက်စီယမ် (၅၃၅) မီလီဂရမ်နဲ့ ဆိုဒီယမ် (၁၇.၃) မီလီဂရမ်ပါဝင်ပြီး ဒီပမာဏဟာ နေ့စဉ်လိုအပ်တဲ့ ပိုတက်စီယမ်ပမာဏ (၁၅) ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ သွေးထဲမှာ ပိုတက်စီယမ် ပမာဏများမယ်ဆိုရင် ကျောက်ကပ်ထဲမှာ ဆားနဲ့ရေစစ်ထုတ်နိုင်စွမ်းကို ပိုမိုမြင့်မားစေသလို သွေးဖိအားလျော့နည်းအောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။

၂။ နှလုံးအားကောင်းစေတယ်

ဝမ်းသာစရာသတင်းတစ်ခုက အာလူးထဲမှာ ကိုလက်စ်ထရောမပါဝင်ပါဘူး။ အာလူးထဲမှာ အမျှင်ဓာတ်၊ ပိုတက်စီယမ်၊ ဗိုက်တာမင်စီ၊ ဗိုက်တာမင်ဘီစစ်တို့တော့ ကြွယ်ဝစွာပါဝင်ပါတယ်။ အဲဒါတွေအားလုံးက နှလုံးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေပါ။

အမျှင်ဓာတ်ဟာ သွေးထဲမှာ ကိုလက်စ်ထရောပမာဏ လျော့နည်းအောင် ကူညီပေးနိုင်ပါတယ်။ ဆေးသုတေသန တစ်ခုရဲ့ အဆိုအရဆိုရင် တစ်နေ့ကို ပိုတက်စီယမ် (၄၀၆၉) မီလီဂရမ် မှီဝဲပေးမယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေကို (၄၉) ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်ပါတယ်တဲ့။ အာလူးပိုစားပေးသင့်တဲ့ အကြောင်းပြချက် နောက်တစ်ခုပေါ့။

၃။ ကင်ဆာကာကွယ်ပေးတယ်

လေ့လာမှုတွေအရ အာလူးကို ဆီတွေနဲ့ကြော်မစားဘဲ ပြုတ်စားတာတို့၊ မီးဖုတ်စားတာတို့ လုပ်ပေးမယ်ဆိုရင် ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်တဲ့။ ဒီလိုမဟုတ်ဘဲ အာလူးကို အာလူးချောင်းကြော်တို့၊ အာလူးအပြားကြော်တို့အဖြစ် ဆီနဲ့ကြော်စားမယ် ဆိုရင်တော့ acrylamide ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးကို ထွက်လာစေပြီး ကင်ဆာဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အာဟာရဗေဒပညာရှင်တွေက တစ်နေ့ကို အာလူး (၂) လုံး (ဗိုက်တာမင်စီ (၅၀) မီလီဂရမ်) စားပေးခြင်းက အစာအိမ်ကင်ဆာဖြစ်နိုင်ခြေကို (၈) ရာခိုင်နှုန်းထိ လျှော့ချပေးတယ်လို့ ဆိုရခြင်းဖြစ်ပါတယ်။

၄။ အရိုးတွေကို သန်မာစေတယ်

မေရီလန်း ဆေးကုသရေးဋ္ဌာနရဲ့ လေ့လာမှုတစ်ခုအရတော့ အာလူးထဲမှာပါဝင်တဲ့ မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ်ဟာ အရိုးကျန်းမာရေးကို ပိုမိုကောင်းမွန်စေပြီး အရိုးပွရောဂါ အန္တရာယ်ကို တားဆီးပေးနိုင်ပါတယ်။ ဒီသတ္ထုဓာတ်နှစ်မျိုးဟာ အမျိုးသားတွေမှာကော၊ အမျိုးသမီးတွေမှာပါ အရိုးသန်မာကြံ့ခိုင်မှု အားနည်းခြင်းကို ကုစားပေးနိုင်ပါတယ်။

၅။ ကိုယ်ခံအားကောင်းစေတယ်

ကိုယ်ခံအားစနစ်ဆိုတာ ခန္ဓာကိုယ်အတွက် အလွန်အရေးပါတဲ့ အရာတစ်ခုပါ။ ကိုယ်ခံအားကောင်းနေမှ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ အမြဲရှိနေတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေ ကူးစက်ခြင်း အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ သုတေသနတွေအရတော့ အာလူးစားပေးခြင်းဟာ လူတစ်ယောက်ဖျားနာနေချိန်မှာ ရောင်ရမ်းခြင်းကြောင့် ထွက်ပေါ်လာတဲ့ leucocyte ဆိုတဲ့ ဓာတုပစ္စည်း တစ်မျိုးကို တိုက်ဖျက်ပေးနိုင်တယ်လို့လည်း ဆိုပါတယ်။

ှSource: Stylecraze

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top