iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္မရွိတဲ့ဘဝက ဆားမပါတဲ့ဟင္းတစ္ခြက္လုိပါပဲ။ ေလာကမွာရွိတဲ့လူတစ္ဦးခ်င္းဆီမွာလည္း ကိုယ္ခ်စ္ရတဲ့သူတစ္ေယာက္မဟုတ္တစ္ေယာက္ရွိပါလိမ့္မယ္။ ဒါေပမယ့္ ခ်စ္တိုင္းလည္း ကိုယ့္လက္တြဲေဖာ္လို႔သတ္မွတ္လုိ႔မရျပန္ဘူး။ ကံအခြင့္သာလို႔ လက္ထပ္ေပါင္းဖက္ႏိုင္မွသာ ကိုယ့္ရဲ႕လက္တြဲေဖာ္အျဖစ္သတ္မွတ္လို႔ရမွာပါ။ လက္ထပ္ရုံနဲ႔ သူ႔ရဲ႕အခ်စ္ကိုထာဝရသိမ္းပိုက္ႏုိင္ျပီလို႔မထင္ပါနဲ႔။ ျပသနာအမ်ိဳးမ်ိဳးေၾကာင့္ ကြာရွင္းျပတ္စဲသြားတဲ့ စံုတြဲေတြရွိၾကပါေသးတယ္။ ဒါဆို ခုိင္ျမဲတဲ့အိမ္ေထာင္ဘဝရရွိဖို႔ဘာလုပ္ရမလဲ။ မပူပါနဲ႔။ ဒီအခ်က္ေလးကို သတိထားလိုက္နာပါ။

၁။ မွ်တပါေစ။

မွ်တမႈဆိုတာ အိမ္ေထာင္ဘဝမွာအေရးပါတဲ့အခ်က္ျဖစ္ပါတယ္။ အိမ္မႈကိစၥေတြဆိုတာ ဇနီးသည္လုပ္သင့္တဲ့ကိစၥလို႔မသတ္မွတ္ပါနဲ႔။ ခင္ပြန္းတစ္ေယာက္အေနနဲ႔ ကိုယ္တတ္ႏုိင္တဲ့ဘက္က ကူညီေပးဖို႔လိုပါတယ္။ ဇနီးသည္ကလည္း အျခားေသာလူမႈေရးကိစၥေတြမွာ သူကေယာက္်ားမို႔ သူပဲလုပ္သင့္တယ္လို႔မသတ္မွတ္ပါနဲ႔။ ကိုယ့္ဘက္ကေနတတ္ႏိုင္သေလာက္ပါဝင္ကူညီေပးပါ။ အဖက္ဖက္က မွ်မွ်ေတြး၊ မွ်မွ်လုပ္ပါ။

၂။ အခ်စ္မေလ်ာ႔ေစပါနဲ႔။

ခ်စ္သူဘဝတုန္းက နင့္ေနေအာင္ခ်စ္ေပမယ့္ အိမ္ေထာင္က်ျပီးေနာက္ပိုင္းေတာ့ အခ်စ္ေတြေျပေလ်ာ႔သြားသလို ခံစားေနရရင္ ခ်က္ခ်င္းျပဳျပင္လုိက္ပါ။ တာဝန္ဝတၱရားေတြ ဘယ္ေလာက္ပဲမ်ားေနပါေစ၊ အဲ့ဒီ့အေၾကာင္းျပခ်က္အတြက္နဲ႔ေတာ့ အခ်စ္မေလ်ာ႔ေစပါနဲ႔။ အိမ္ေထာင္ေရးရဲ႕အဓိက ေသာ့ခ်က္က အခ်စ္ပဲဆိုတာကို ေမ့မပစ္လုိက္ပါနဲ႔။ အသက္ၾကီးရင္လည္း စိတ္ဓာတ္ေတြပ်ိဳျမစ္ျပီး အခ်စ္ရဲ႕အႏွစ္သာရကို အခ်င္းခ်င္းမွ်ေဝေပးပါ။

၃။ ဂရုစိုက္ေပးပါ။

တစ္ေယာက္ကိုတစ္ေယာက္ ဂရုစိုက္ေပးတာကလည္း အခ်စ္ကိုအသက္ဝင္ေစပါတယ္။ အေသးစိတ္လုိက္ျပီး ဂရုမိစုိက္ေပးႏုိင္ရင္ေတာင္မွ “ဒီေန႔ အဆင္ေျပလား” လို႔တစ္ခြန္းေမးလိုက္တာကလည္း ကိုယ္သူ႔အေပၚဂရုစိုက္ေၾကာင္း ထင္ရွားေစပါတယ္။

၄။ စိတ္ရွည္ေပးပါ။

ျပသနာဆိုတာ အိမ္ေထာင္ေရးတစ္ခုမွာမဆန္းပါဘူး။ ကိစၥအမ်ိဳးမ်ိဳးေၾကာင့္ျပသနာေတြတက္လာတဲ့အခါ ဆတ္ခနဲ အျမန္ေကာက္ခ်က္မခ်လိုက္ပါနဲ႔။ အထူးသျဖင့္ ကိုယ့္ရဲ႕အိမ္ေထာင္ဖက္အေပၚ အျမင္မေစာင္းေစဖို႔ပါပဲ။ အခ်ိန္ယူပါ။ ႏွစ္ေယာက္စလံုးစိတ္ေအးသြားတဲ့အခါမွာ အခ်င္းခ်င္းရင္ဖြင့္ျပီး ေျပလည္ေအာင္လုပ္ေပးပါ။

၅။ေလးစားပါ။

တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္ေလးစားမႈမ်ိဳးရွိတဲ့အိမ္ေထာင္ေရးတစ္ခု ျပိဳကြဲရုိးထံုးစံမရွိပါဘူး။ ေလာေလာဆယ္ အိမ္ေထာင္ျပသနာနဲ႔ကြဲကြာရသူေတြအမ်ားစုက ကိုယ့္အိမ္ေထာင္ဖက္အေပၚ ေလးစားမႈတစ္ခုမေပးႏိုင္ပဲ အတၱ၊ မာနနဲ႔ အႏုိင္ယူတာေၾကာင့္ပါပဲ။

၆။ တိုင္ပင္ပါ။

ဘယ္အရာမဆို တုိင္တိုင္ပင္ပင္လုပ္ပါ။ ကိုယ့္အိမ္ေထာင္ဖက္က ကိုယ့္ဘဝရဲ႕လက္တြဲေဖာ္မို႔လို႔ ကိုယ္နဲ႔ပတ္သတ္တဲ့အရာတုိင္းသူ႔မွာသိခြင့္ရွိပါတယ္။ မိသားစုကိစၥေရးရာေတြမွာ တစ္ေယာက္တည္းဆံုးျဖတ္ခ်က္ခ်ျပီး ထင္ရာမစိုင္းပဲ ကိုယ့္အိမ္ေထာင္ဖက္ကို အေရးတယူတုိင္ပင္ပါ။ အၾကံဉာဏ္ေတာင္းပါ။

၇။ယံုၾကည္ပါ။

မ်က္လံုးနဲ႔ကိုယ္တုိင္ျမင္တဲ့ကိစၥမွသာ ယံုၾကည္ျပီးအေရးတယူလုပ္ပါ။ သူတစ္ပါးေျပာတာ နားေယာင္ျပီး ကိုယ့္အိမ္ေထာင္ဖက္အေပၚ သံသယဝင္တာမ်ိဳးမျဖစ္ေစပါနဲ႔။ သံသယဝင္လာတာနဲ႔တိုက္ရုိက္ေျဖရွင္းပါ။ အခ်ိန္ဆြဲျပီး စိတ္ထဲအျမစ္မခ်န္ပါနဲ႔။

Credit : Mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အချစ်မရှိတဲ့ဘဝက ဆားမပါတဲ့ဟင်းတစ်ခွက်လိုပါပဲ။ လောကမှာရှိတဲ့လူတစ်ဦးချင်းဆီမှာလည်း ကိုယ်ချစ်ရတဲ့သူတစ်ယောက်မဟုတ်တစ်ယောက်ရှိပါလိမ့်မယ်။ ဒါပေမယ့် ချစ်တိုင်းလည်း ကိုယ့်လက်တွဲဖော်လို့သတ်မှတ်လို့မရပြန်ဘူး။ ကံအခွင့်သာလို့ လက်ထပ်ပေါင်းဖက်နိုင်မှသာ ကိုယ့်ရဲ့လက်တွဲဖော်အဖြစ်သတ်မှတ်လို့ရမှာပါ။ လက်ထပ်ရုံနဲ့ သူ့ရဲ့အချစ်ကိုထာဝရသိမ်းပိုက်နိုင်ပြီလို့မထင်ပါနဲ့။ ပြသနာအမျိုးမျိုးကြောင့် ကွာရှင်းပြတ်စဲသွားတဲ့ စုံတွဲတွေရှိကြပါသေးတယ်။ ဒါဆို ခိုင်မြဲတဲ့အိမ်ထောင်ဘဝရရှိဖို့ဘာလုပ်ရမလဲ။ မပူပါနဲ့။ ဒီအချက်လေးကို သတိထားလိုက်နာပါ။

၁။ မျှတပါစေ။

မျှတမှုဆိုတာ အိမ်ထောင်ဘဝမှာအရေးပါတဲ့အချက်ဖြစ်ပါတယ်။ အိမ်မှုကိစ္စတွေဆိုတာ ဇနီးသည်လုပ်သင့်တဲ့ကိစ္စလို့မသတ်မှတ်ပါနဲ့။ ခင်ပွန်းတစ်ယောက်အနေနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီပေးဖို့လိုပါတယ်။ ဇနီးသည်ကလည်း အခြားသောလူမှုရေးကိစ္စတွေမှာ သူကယောက်ျားမို့ သူပဲလုပ်သင့်တယ်လို့မသတ်မှတ်ပါနဲ့။ ကိုယ့်ဘက်ကနေတတ်နိုင်သလောက်ပါဝင်ကူညီပေးပါ။ အဖက်ဖက်က မျှမျှတွေး၊ မျှမျှလုပ်ပါ။

၂။ အချစ်မလျော့စေပါနဲ့။

ချစ်သူဘဝတုန်းက နင့်နေအောင်ချစ်ပေမယ့် အိမ်ထောင်ကျပြီးနောက်ပိုင်းတော့ အချစ်တွေပြေလျော့သွားသလို ခံစားနေရရင် ချက်ချင်းပြုပြင်လိုက်ပါ။ တာဝန်ဝတ္တရားတွေ ဘယ်လောက်ပဲများနေပါစေ၊ အဲ့ဒီ့အကြောင်းပြချက်အတွက်နဲ့တော့ အချစ်မလျော့စေပါနဲ့။ အိမ်ထောင်ရေးရဲ့အဓိက သော့ချက်က အချစ်ပဲဆိုတာကို မေ့မပစ်လိုက်ပါနဲ့။ အသက်ကြီးရင်လည်း စိတ်ဓာတ်တွေပျိုမြစ်ပြီး အချစ်ရဲ့အနှစ်သာရကို အချင်းချင်းမျှဝေပေးပါ။

၃။ ဂရုစိုက်ပေးပါ။

တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပေးတာကလည်း အချစ်ကိုအသက်ဝင်စေပါတယ်။ အသေးစိတ်လိုက်ပြီး ဂရုမိစိုက်ပေးနိုင်ရင်တောင်မှ “ဒီနေ့ အဆင်ပြေလား” လို့တစ်ခွန်းမေးလိုက်တာကလည်း ကိုယ်သူ့အပေါ်ဂရုစိုက်ကြောင်း ထင်ရှားစေပါတယ်။

၄။ စိတ်ရှည်ပေးပါ။

ပြသနာဆိုတာ အိမ်ထောင်ရေးတစ်ခုမှာမဆန်းပါဘူး။ ကိစ္စအမျိုးမျိုးကြောင့်ပြသနာတွေတက်လာတဲ့အခါ ဆတ်ခနဲ အမြန်ကောက်ချက်မချလိုက်ပါနဲ့။ အထူးသဖြင့် ကိုယ့်ရဲ့အိမ်ထောင်ဖက်အပေါ် အမြင်မစောင်းစေဖို့ပါပဲ။ အချိန်ယူပါ။ နှစ်ယောက်စလုံးစိတ်အေးသွားတဲ့အခါမှာ အချင်းချင်းရင်ဖွင့်ပြီး ပြေလည်အောင်လုပ်ပေးပါ။

၅။လေးစားပါ။

တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်လေးစားမှုမျိုးရှိတဲ့အိမ်ထောင်ရေးတစ်ခု ပြိုကွဲရိုးထုံးစံမရှိပါဘူး။ လောလောဆယ် အိမ်ထောင်ပြသနာနဲ့ကွဲကွာရသူတွေအများစုက ကိုယ့်အိမ်ထောင်ဖက်အပေါ် လေးစားမှုတစ်ခုမပေးနိုင်ပဲ အတ္တ၊ မာနနဲ့ အနိုင်ယူတာကြောင့်ပါပဲ။

၆။ တိုင်ပင်ပါ။

ဘယ်အရာမဆို တိုင်တိုင်ပင်ပင်လုပ်ပါ။ ကိုယ့်အိမ်ထောင်ဖက်က ကိုယ့်ဘဝရဲ့လက်တွဲဖော်မို့လို့ ကိုယ်နဲ့ပတ်သတ်တဲ့အရာတိုင်းသူ့မှာသိခွင့်ရှိပါတယ်။ မိသားစုကိစ္စရေးရာတွေမှာ တစ်ယောက်တည်းဆုံးဖြတ်ချက်ချပြီး ထင်ရာမစိုင်းပဲ ကိုယ့်အိမ်ထောင်ဖက်ကို အရေးတယူတိုင်ပင်ပါ။ အကြံဉာဏ်တောင်းပါ။

၇။ယုံကြည်ပါ။

မျက်လုံးနဲ့ကိုယ်တိုင်မြင်တဲ့ကိစ္စမှသာ ယုံကြည်ပြီးအရေးတယူလုပ်ပါ။ သူတစ်ပါးပြောတာ နားယောင်ပြီး ကိုယ့်အိမ်ထောင်ဖက်အပေါ် သံသယဝင်တာမျိုးမဖြစ်စေပါနဲ့။ သံသယဝင်လာတာနဲ့တိုက်ရိုက်ဖြေရှင်းပါ။ အချိန်ဆွဲပြီး စိတ်ထဲအမြစ်မချန်ပါနဲ့။

Credit : Mystylemyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top