iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူရွိၿပီး ရင့္က်က္တဲ့ မိန္းကေလးေတြဟာ သူတို႔ရဲ႕ အခ်စ္ေရးမွာ လုပ္ေလ့ရွိတဲ့ အေၾကာင္းအရာေတြကို မွ်ေ၀ေပးခ်င္ပါတယ္။

အခ်စ္နဲ႔ ဘ၀ကို ခြဲျခားထားတယ္

ရင့္က်က္တဲ့ မိန္းကေလးေတြဟာ အခ်စ္နဲ႔ ဘ၀ဆိုတာကို သတ္သတ္ဆီခြဲျခားထားပါတယ္။ အခ်စ္ကို ဘ၀တစ္ခုလို ကိုးကြယ္တာမ်ိဳး လုပ္ေလ့မရွိပါဘူး။ ရည္းစားရသြားလို႔လည္း သူတို႔ရဲ႕ မိတ္ေဆြ သူငယ္ခ်င္းခ်င္းေတြနဲ႔ အဆက္အသြယ္ျပတ္သြားတာမ်ိဳး လုပ္ေလ့မရွိပါဘူး။

ခ်စ္သူကို ေက်းဇူးတင္ဖို႔ ၀န္မေလးဘူး

ရင့္က်က္တဲ့ မိန္းကေလးဆိုတာ ကိုယ့္ခ်စ္သူကို ေက်းဇူးတင္တတ္ဖို႔၀န္မေလးတတ္ပါဘူး။ သူလုပ္တဲ့ အျပဳအမူေတြ သူေကာင္းတဲ့အေၾကာင္းအရာေတြအေပၚမွာ အၿမဲတမ္း အသိအမွတ္ျပဳေလ့ရွိပါတယ္။

ခ်စ္သူအေပၚ မေကာင္းတဲ့ဖက္ကေန မျမင္တတ္ဘူး

ခ်စ္သူကို မေကာင္းတဲ့အႀကံဥာဏ္ေတြ မေပးတတ္သလို အႏုတ္သေဘာေဆာင္တဲ့ အထင္အျမင္မ်ိဳး မရွိပါဘူး။ သူ႔ရဲ႕ ေကာင္းျခင္း ဆိုးျခင္းေတြကို လက္ခံထားတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။

စကားေျပာတိုင္းခဏခဏ ခ်စ္တယ္လို႔ ေျပာေလ့မရွိဘူး

ရင့္က်က္တဲ့မိန္းကေလးတစ္ေယာက္ဟာ စကားတစ္ခြန္းဆံုးတိုင္း အရမ္းခ်စ္တယ္ဆိုတဲ့ စကားကို ေျပာေလ့မရွိပါဘူး။

သူတို႔ပန္းတိုင္ ရည္မွန္းခ်က္လည္း မေပ်ာက္သြားဘူး

ခ်စ္သူမရခင္က ထားထားတဲ့ ပန္းတိုင္ရည္မွန္းခ်က္ေတြလည္း ခ်စ္သူရၿပီးေနာက္ ေျပာင္းလဲသြားတာ ပ်က္ပ်ယ္သြားတာမ်ိဳး မရွိပါဘူး။ အခ်စ္ဆိုတာ ကမၻာႀကီးရဲ႕ အဆံုးသတ္အရာတစ္ခုလို႔လည္း မယံုၾကည္ထားတဲ့သူေတြပါ။

သူတို႔ကိုယ္သူတို႔ ေလးစားမႈအျပည့္ရွိတယ္

ရင့္က်က္တဲ့ မိန္းကေလးေတြဟာ သူတို႔ကိုယ္သူတို႔ တန္ဖိုးထား ေလးစားမႈအျပည့္ရွိၿပီး အခ်စ္အတြက္ရူးမိုက္တာမ်ိဳး မရွိပါဘူး။

ခ်စ္သူကိုလည္း ခဏခဏ ဖုန္းေခၚေလ့မရွိဘူး

ရင့္က်က္တဲ့ မိန္းကေလးတစ္ေယာက္ဟာ ခ်စ္သူကို ခ်စ္ေပမယ့္ခဏခဏ ဆိုသလို ဖုန္းေခၚေလ့မရွိပါဘူး။ အခုခဏေနရင္ ဖုန္းေခၚလိုက္ မက္ေစ့ပို႔လိုက္လုပ္တာဟာ ကိုယ့္အတြက္လည္း အလုပ္ရွဳပ္သလို သူ႔အတြက္လည္း အဆင္မေျပတဲ့အရာႀကီးပါ။

ကိုယ္ပိုင္ဆံုးျဖတ္ခ်က္ရွိတယ္

ကိစၥတစ္ခုခု ႀကံဳလာတဲ့အခါရယ္မွ မဟုတ္ပါဘူး။ အက်ၤ ီ ၀ယ္လို႔ အေရာင္ေရြးတာကအစ၊ ဘာစားမယ္ဆိုတာကအဆံုး ကိုယ့္ခ်စ္သူအႀကိဳက္ကိုခ်ည္း လိုက္လုပ္တတ္တဲ့သူတစ္ေယာက္မဟုတ္ပါဘူး။ ဆံုးျဖတ္ခ်က္တစ္ခုကို ကိုယ္တိုင္ခ်ႏိုင္သူပါ။

Credit : Mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချစ်သူရှိပြီး ရင့်ကျက်တဲ့ မိန်းကလေးတွေဟာ သူတို့ရဲ့ အချစ်ရေးမှာ လုပ်လေ့ရှိတဲ့ အကြောင်းအရာတွေကို မျှဝေပေးချင်ပါတယ်။

အချစ်နဲ့ ဘဝကို ခွဲခြားထားတယ်

ရင့်ကျက်တဲ့ မိန်းကလေးတွေဟာ အချစ်နဲ့ ဘဝဆိုတာကို သတ်သတ်ဆီခွဲခြားထားပါတယ်။ အချစ်ကို ဘဝတစ်ခုလို ကိုးကွယ်တာမျိုး လုပ်လေ့မရှိပါဘူး။ ရည်းစားရသွားလို့လည်း သူတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းချင်းတွေနဲ့ အဆက်အသွယ်ပြတ်သွားတာမျိုး လုပ်လေ့မရှိပါဘူး။

ချစ်သူကို ကျေးဇူးတင်ဖို့ ဝန်မလေးဘူး

ရင့်ကျက်တဲ့ မိန်းကလေးဆိုတာ ကိုယ့်ချစ်သူကို ကျေးဇူးတင်တတ်ဖို့ဝန်မလေးတတ်ပါဘူး။ သူလုပ်တဲ့ အပြုအမူတွေ သူကောင်းတဲ့အကြောင်းအရာတွေအပေါ်မှာ အမြဲတမ်း အသိအမှတ်ပြုလေ့ရှိပါတယ်။

ချစ်သူအပေါ် မကောင်းတဲ့ဖက်ကနေ မမြင်တတ်ဘူး

ချစ်သူကို မကောင်းတဲ့အကြံဉာဏ်တွေ မပေးတတ်သလို အနုတ်သဘောဆောင်တဲ့ အထင်အမြင်မျိုး မရှိပါဘူး။ သူ့ရဲ့ ကောင်းခြင်း ဆိုးခြင်းတွေကို လက်ခံထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

စကားပြောတိုင်းခဏခဏ ချစ်တယ်လို့ ပြောလေ့မရှိဘူး

ရင့်ကျက်တဲ့မိန်းကလေးတစ်ယောက်ဟာ စကားတစ်ခွန်းဆုံးတိုင်း အရမ်းချစ်တယ်ဆိုတဲ့ စကားကို ပြောလေ့မရှိပါဘူး။

သူတို့ပန်းတိုင် ရည်မှန်းချက်လည်း မပျောက်သွားဘူး

ချစ်သူမရခင်က ထားထားတဲ့ ပန်းတိုင်ရည်မှန်းချက်တွေလည်း ချစ်သူရပြီးနောက် ပြောင်းလဲသွားတာ ပျက်ပျယ်သွားတာမျိုး မရှိပါဘူး။ အချစ်ဆိုတာ ကမ္ဘာကြီးရဲ့ အဆုံးသတ်အရာတစ်ခုလို့လည်း မယုံကြည်ထားတဲ့သူတွေပါ။

သူတို့ကိုယ်သူတို့ လေးစားမှုအပြည့်ရှိတယ်

ရင့်ကျက်တဲ့ မိန်းကလေးတွေဟာ သူတို့ကိုယ်သူတို့ တန်ဖိုးထား လေးစားမှုအပြည့်ရှိပြီး အချစ်အတွက်ရူးမိုက်တာမျိုး မရှိပါဘူး။

ချစ်သူကိုလည်း ခဏခဏ ဖုန်းခေါ်လေ့မရှိဘူး

ရင့်ကျက်တဲ့ မိန်းကလေးတစ်ယောက်ဟာ ချစ်သူကို ချစ်ပေမယ့်ခဏခဏ ဆိုသလို ဖုန်းခေါ်လေ့မရှိပါဘူး။ အခုခဏနေရင် ဖုန်းခေါ်လိုက် မက်စေ့ပို့လိုက်လုပ်တာဟာ ကိုယ့်အတွက်လည်း အလုပ်ရှုပ်သလို သူ့အတွက်လည်း အဆင်မပြေတဲ့အရာကြီးပါ။

ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိတယ်

ကိစ္စတစ်ခုခု ကြုံလာတဲ့အခါရယ်မှ မဟုတ်ပါဘူး။ အင်္ကျ ီ ဝယ်လို့ အရောင်ရွေးတာကအစ၊ ဘာစားမယ်ဆိုတာကအဆုံး ကိုယ့်ချစ်သူအကြိုက်ကိုချည်း လိုက်လုပ်တတ်တဲ့သူတစ်ယောက်မဟုတ်ပါဘူး။ ဆုံးဖြတ်ချက်တစ်ခုကို ကိုယ်တိုင်ချနိုင်သူပါ။

Credit : Mystylemyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top