iMyanmarHouse.com - Best Property Website for Myanmar
×
၁။ မျက်ခုံးမွှေး
၎။ Smokey Eye ချယ်ပေးမယ်
၅။ မျက်တောင်ကော့ပါ
၇။ မျက်တောင်အတုတပ်ပါ
မင်္ဂလာပါနော်။ မိတ်ကပ်လိမ်းတာဟာ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ လှဖို့လိမ်းကြတာပါ။ ပြစ်မျိုးမှဲ့မထင် အလှပိုင်ရှင်လေးဖြစ်ဖို့ မိတ်ကပ်ကို ဘယ်လိုလိမ်းရမလဲဆိုတဲ့ အချက်တွေကို မျှဝေပေးချင်ပါတယ်။
၁။ မျက်ခုံးမွှေး
မိတ်ကပ်လိမ်းရာမှာ မျက်ခုံး၊ မျက်လုံး၊ နှာခေါင်းနဲ့ နှုတ်ခမ်းက အရေးပါဆုံးပါပဲ။ မျက်ခုံး မထူမပါးလေးနဲ့ ကြည့်ကောင်းနေစေဖို့ အခုလိုဆိုးပေးလိုက်ပါ။
၂။ Liner ကိုဒီလိုဆိုးမယ်
Eyeliner ကိုဆိုးပေးဖို့လည်းလိုပါတယ်နော်။ ပိုပြီး စနစ်တကျဆိုးလို့ရအောင် အခုလို ပုံနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။
၃။ အဖြူရောင် Eye Pencil ကိုသုံးမယ်
မျက်လုံးနားမှာ အဖြူရောင်သုံးပေးတာဟာ မျက်လုံးကို ပိုပြီးတောက်ပစေပါတယ်။
၄။ Smokey Eye ချယ်ပေးမယ်
တခါတလေ မျက်လုံးကို Smokey Eye လေးချယ်ပေးလိုက်ပါ။ သင့်ရဲ့ အသွင်အပြင်ကို ပိုပြီးဆွဲဆောင်မှုရှိစေမှာဖြစ်ပါတယ်။
၅။ မျက်တောင်ကော့ပါ
မျက်တောင်ကော့ပေးဖို့လိုပါတယ်နော်။ Mascara မသုံးခင်မှာ မျက်တောင်ကော့တံနဲ့ အရင်ကော့ပေးလိုက်ပါ။
၆။ Nude အရောင်နှုတ်ခမ်းနီဆိုးပါ
နှုတ်ခမ်းနီကို အရောင်ရင့်ရင့်ထက် အရောင်နုတာကို ဆိုးပေးပါ။ အဲဒီလိုဆိုးပေးတာဟာ သင့်ကိုပိုပြီး နုပျိုစေပါတယ်။
၇။ မျက်တောင်အတုတပ်ပါ
ထသွားထလာဆိုရင်တော့ တပ်စရာမလိုပါဘူး။ ဒါပေမယ့် ပွဲတက်မယ်၊ ဓာတ်ပုံရိုက်ဖို့ရှိတယ်ဆိုရင် မျက်တောင်အတုတပ်ပေးလိုက်ပါနော်။
Credit : Mystylemyanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top