iMyanmarHouse.com - Best Property Website for Myanmar
×

ၿပီးခဲ့တဲ့ ေႏြတစ္ရက္ဆီတုန္းက အရိပ္ေကာင္းေကာင္းရတဲ့ ထိုင္ေနက် လက္ဖက္ရည္ဆိုင္ရဲ႕ ထိုင္ေနက် ၀ိုင္းမွာထိုင္ရင္း လမ္းသြားလမ္းလာေတြေငးလိုက္ ဖုန္းကေလး ထုတ္ၾကည့္လိုက္နဲ႔ေပါ့ ဇိမ္က်ေနခဲ့တာ။ မ်က္ႏွာခ်င္းဆိုင္က စားပဲြ၀ိုင္းရဲ႕ မ်က္ႏွာခ်င္းဆိုင္ ထိုင္ခံုမွာ အသက္ေလးငါးဆယ္ေလာက္ေတာ့ ရွိမယ္ထင္ရတဲ့ အ၀တ္အစား ခပ္ႏြမ္းႏြမ္းနဲ႔ လူတစ္ေယာက္ လာထိုင္ပါေလေရာ။ တစ္၀ိုင္းနဲ႔ တစ္၀ိုင္းဟာ ၁၀ ေပသာသာေလာက္ ေ၀းတယ္ဆိုေပမယ့္ မ်က္ႏွာခ်င္းဆိုင္ႀကီးမွာ လူတစ္ေယာက္ လာထိုင္တာဟာ တစ္မ်ဳိးေတာ့ မလံုမျခံဳျဖစ္သလို ခံစားရတယ္။ ပိုဆိုးတာက ဒီလူက ကြၽန္ေတာ့္ကို လွမ္းလွမ္းၾကည့္ ေနတာပဲ။ သံုး၊ ေလး၊ ငါးခါမက လွမ္းလွမ္းၾကည့္ၿပီး ကြၽန္ေတာ္နဲ႔ မ်က္လံုးခ်င္းဆံုဖို႔ ႀကိဳးစားေနတယ္ဆိုတာကို ၾကာေတာ့ ကြၽန္ေတာ္သတိထားမိေနတယ္။

အဲဒီေတာ့ ကြၽန္ေတာ္က စဥ္းစားမိတယ္။ ဒီလူဟာ ငါနဲ႔ မဆံုျဖစ္တာၾကာလို႔ ငါေမ့ေနတဲ့ ငါ့အသိထဲကမ်ား ျဖစ္ေနမလားေပါ့။ ကြၽန္ေတာ္ကလည္း အလြန္ေမ့တတ္တဲ့ လူမ်ဳိးဆိုေတာ့ အသိမ်ား ျဖစ္ေနရင္ အားနာစရာ။ ေနာက္ၿပီးသူ ၀တ္စားထားတဲ့ အ၀တ္အစားကလည္း ခပ္ႏြမ္းႏြမ္းနဲ႔ဆိုေတာ့ တကယ္သာ ကြၽန္ေတာ့္အသိမိတ္ေဆြမ်ားထဲက တစ္ေယာက္ေယာက္ျဖစ္ေနခဲ့ရင္ သူ႔စိတ္ထဲ အ၀တ္အစားေၾကာင့္ ကြၽန္ေတာ္က မသိခ်င္ေယာင္ေဆာင္ေနခဲ့တယ္လို႔ထင္ၿပီး စိတ္အားငယ္သြားရွာမွာ။ ဒါနဲ႔ သူ႔မ်က္ႏွာကို ေသခ်ာၾကည့္ရင္ေတာ့ ျပန္မွတ္မိလာေကာင္းရဲ႕လို႔ ေတြးၿပီး သူ႔ကို လွမ္းအၾကည့္ မ်က္လံုးခ်င္း ဆံုဖို႔ေလာက္သာ ေစာင့္စားေနပံုရတဲ့ သူနဲ႔အၾကည့္ခ်င္း ဆံုပါေလေရာ။

သူက ျပံဳးျပတယ္ဗ်။ ကြၽန္ေတာ္ကေတာ့ မမွတ္မိဘူး။ မမွတ္မိတဲ့အျပင္ ေသေသခ်ာခ်ာေတာင္ ဆံုးျဖတ္လိုက္ႏိုင္တာက ဒီလူဟာ ကြၽန္ေတာ့္ အသိထဲက မဟုတ္တာ ေသခ်ာတယ္ေပါ့။ ဒါေပမဲ့လည္း သိသည္ျဖစ္ေစ မသိသည္ျဖစ္ေစ ျပံဳးျပေနတဲ့ လူတစ္ေယာက္ကို ဥေပကၡာျပဳလိုက္ဖို႔ကေတာ့ မေကာင္းဘူး။ လူမႈေရးအရ ကြၽန္ေတာ္လည္း ျပန္ျပံဳးျပလိုက္တာေပါ့။ ဒါေပမဲ့ ျပံဳးျပၿပီး ခ်က္ခ်င္းမ်က္ႏွာ လဲႊလိုက္တာပဲ။ ဘာေၾကာင့္ ခ်က္ခ်င္း မ်က္ႏွာလဲႊလိုက္ရသလဲဆိုေတာ့ ဒီလူက ျပံဳးျပျပၿပီးခ်င္းမွာ စကားတစ္ခုခုေျပာဖို႔ ပါးစပ္ျပင္လိုက္တာကို ကြၽန္ေတာ္ ျမင္လိုက္လို႔ပဲ။ ဘာေျပာခ်င္သလဲေတာ့ ကြၽန္ေတာ္လည္း မသိႏိုင္ပါဘူး။ ဒါေပမဲ့ နာရီေမးဖို႔၊ မီးတစ္တို႔ ေတာင္းဖို႔ ဆိုတာမ်ဳိးအတြက္နဲ႔ေတာ့ ဒီေခတ္ႀကီးထဲမွာ ဘယ္သူကမွ သူစိမ္းတစ္ေယာက္ကို အၾကာႀကီး မ်က္လံုးခ်င္း ဆံုဖို႔လုပ္၊ ျပံဳးျပစသျဖင့္ အစပ်ဳိးေနမွာမဟုတ္တာ ေသခ်ာတယ္။

အကူအညီတစ္ခုခု ေတာင္းဖို႔ေနမွာပဲ။ အကူအညီတစ္ခုခုဆိုတာက ကြၽန္ေတာ္ေပးႏိုင္တဲ့ အကူအညီျဖစ္ေနရင္ထားဦး၊ မဟုတ္တ႐ုတ္ေတြ ျဖစ္လာမွာလည္း မလိုခ်င္ဘူး။ မဟုတ္တ႐ုတ္ေတြလို႔ ကြၽန္ေတာ္ သံုးႏႈန္းရတာက ဒီလိုပါ။

တစ္ခါတုန္းက ကြၽန္ေတာ္တစ္ေယာက္တည္း လမ္းေပၚမွာငိုက္စိုက္စိုက္နဲ႔ လမ္းေလွ်ာက္ေနတုန္း အသက္ႀကီးႀကီး အေမႀကီးတစ္ေယာက္က ကြၽန္ေတာ့္ကို ႐ုတ္တရက္ ပခံုးတို႔ၿပီး နာရီအခ်ိန္ေမးတာ ၾကံဳဖူးတယ္။ ကြၽန္ေတာ္က လမ္းေလွ်ာက္ရာက ခဏရပ္ လက္ပတ္နာရီကို ၾကည့္ၿပီး ဘယ္ႏွနာရီပါလို႔ အေျဖေပးေတာ့ ငါ့သားက ဒီၿမိဳ႕ကပဲလားတဲ့ ထပ္ေမးေရာ။ ကြၽန္ေတာ္လည္း ဟုတ္ပါတယ္ခင္ဗ်လို႔ ႐ို႐ုိေသေသပဲ ျပန္ေျဖေတာ့ အဲဒီ အေမႀကီးက ငါ့သား အေမ ျမင္းမူျပန္မလို႔ အဲဒါ လမ္းစရိတ္ကေလး လိုေနတယ္သားရယ္၊ ဘာမွလည္း မစားရေသးဘူးတဲ့။ ကြၽန္ေတာ္လည္း စိတ္မေကာင္းျဖစ္သြားတယ္။ အိတ္ကပ္ထဲက တစ္ေထာင္တန္ကေလး ႏွစ္ရြက္ထုတ္ၿပီး အေမႀကီးေရ ကြၽန္ေတာ္ေတာ့ ဒါကေလး တတ္ႏိုင္တာပဲဗ်ာလို႔ ေျပာရင္းေပးလိုက္ေတာ့ အေမႀကီးခမ်ာ ဆုေတြေပးလိုက္တာ စကၠန္႔ ၃၀ ေလာက္ေတာင္ ၾကာမယ္ထင္တယ္ တသီႀကီးပါပဲ။ ကြၽန္ေတာ္လည္း ပီတိစိတ္ကေလးလည္း ျဖစ္တာေပါ့။

အဲဒီလိုနဲ႔ ေနာက္တစ္လေလာက္ၾကာၿပီး တစ္ရက္မွာ ကြၽန္ေတာ္ တျခားၿမိဳ႕တစ္ခု ကေနအျပန္ လိုင္းကားေပၚက ဆင္းဆင္းခ်င္းေပါ့။ လူတစ္ေယာက္က ကြၽန္ေတာ့္ေနာက္ေက်ာကို ကုပ္လိုက္လို႔ လွည့္ၾကည့္လိုက္ေတာ့ အေမႀကီးတစ္ေယာက္ဗ်။ ငါ့သားေလး ဘယ္ႏွနာရီရွိၿပီလဲတဲ့။ ကြၽန္ေတာ္က ဒီအေမႀကီး ငါျမင္ဖူးပါတယ္လို႔ စဥ္းစားေတာ့ အမယ္ေလး ျမင္းမူျပန္မယ္ဆိုတဲ့ အေမႀကီးျဖစ္ေနပါေရာဗ်ာ။ ကြၽန္ေတာ္လည္း ငတံုးမွမဟုတ္ပဲဗ်ာ၊ အဲဒီေလာက္ဆို သေဘာေပါက္ၿပီေပါ့။ ဒါေပမဲ့ ကြၽန္ေတာ့္မွာက သိသိႀကီးနဲ႔ပဲ ပစ္ပစ္ခါခါႀကီး မသိခ်င္ေယာင္ေဆာင္ ထြက္သြားရမွာကို အားနာမိတယ္။ လိမ္ေနတဲ့လူကို သူလိမ္ေနတာ ကြၽန္ေတာ္က သိေနပါတယ္ဆို တဲ့အေၾကာင္းကို စကားနဲ႔ ထုတ္ေျပာလိုက္ဖို႔ ေနေနသာသာ အမူအရာကေလးနဲ႔ေတာင္ မျပရက္ဘူး။ ေနာက္ၿပီး ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ့္အေမအရြယ္ႀကီးပဲ ကိုယ္ခ်င္းစာစိတ္ကေလးေတာ့ ထားသင့္တယ္၊ ႐ိုင္း႐ိုင္းစိုင္းစိုင္း တံု႔ျပန္တာမ်ဳိးေတာ့ မလုပ္သင့္ပါဘူးဆိုတဲ့ စိတ္နဲ႔ လက္ပတ္နာရီကိုၾကည့္ ဘယ္ႏွနာရီရွိၿပီေပါ့ ေျဖတာေပါ့။ အဲဒီမွာ ျမင္းမူအေမႀကီးက ဆက္လာတယ္ ငါ့သား၊ ဒီၿမိဳ႕ကပဲလားတဲ့။ သနားဖို႔ေကာင္းတဲ့ ေတာင္းရမ္းစားေသာက္ သူအေမႀကီးခမ်ာ ကြၽန္ေတာ့္ကို သူတစ္ခါ ေတာင္းၿပီးသားသူမွန္း မမွတ္မိရွာဘူး။ ပထမ တစ္ခါတုန္းက ဇာတ္လမ္းႀကီးအတိုင္းပဲ။ ၿမိဳ႕ နာမည္ေလးသာ ေျပာင္းသြားတယ္။ မေကြး ကို ျပန္မလို႔သားရယ္တဲ့ ဆိုျပန္ပါေလေရာ။ အေမႀကီးဇာတ္လမ္းကို ကြၽန္ေတာ္သိၿပီးသားဗ်ာ။ လွည့္ပတ္မေနပါနဲ႔ေတာ့ ဘာညာ ဘယ္မွာေျပာရက္ ေျပာထြက္ပါ့မလဲဗ်ာ။ သက္ျပင္းပဲ ခပ္နာနာခ်ၿပီး အိတ္ကပ္ထဲက ငါးရာတန္ ေလးတစ္ရြက္ ထုတ္ေပးလိုက္ပါတယ္။ ေၾသာ္ တစ္ေနရာရာကို တကယ္ပဲ ျပန္ခြင့္ရပါေစေတာ့ အေမႀကီးေရလို႔ေတာင္ ဆုေတာင္းေပးမိပါတယ္။

လိမ္လည္ေတာင္းရမ္းစားေသာက္သူေတြနဲ႔ပတ္သက္ၿပီး လူေတာ္ေတာ္မ်ားမ်ားရဲ႕ အျမင္ေတြကို ကြၽန္ေတာ္ ၾကားဖူးေနက်ပါ။ အလုပ္လုပ္ခ်င္စိတ္ မရွိဘူး၊ အလကား အေခ်ာင္စားခ်င္တဲ့ အေခ်ာင္သမားေတြ စသျဖင့္ေပါ့ဗ်ာ။ သူတို႔လို လူေတြကို အျပစ္တင္ေန႐ံု၊ ႏွိမ့္ခ်ေန႐ံုသက္သက္ကေတာ့ စဥ္းစားဆင္ျခင္တတ္တဲ့ လူေတြအေနနဲ႔ မလုပ္သင့္တဲ့ အလုပ္မ်ဳိးလို႔ ကြၽန္ေတာ္ကေတာ့ ခံယူတာပါပဲ။ ကြၽန္ေတာ္တို႔အေနနဲ႔က ဒီထက္ဆိုးရြားတဲ့ လိမ္လည္မႈႀကီးေတြ၊ ဒီထက္ ပိုနည္းပရိယာယ္ပိုလွတဲ့ အေခ်ာင္သမားေတြကိုေတာင္ သတင္းစာေတြ၊ အေရးအသားညံ့ဖ်င္းလွတဲ့ ကိုယ္တိုင္ေရးအတၳဳပၸတၱိေတြမွာ ေတြ႕ေနရတာပဲ။ သူေတာင္းစားကိုက်မွ လွံစိုက္တာမ်ဳိးကေတာ့ မျဖစ္သင့္ဘူးေပါ့။

အခုအျဖစ္မွာလည္း ဒီလိုမ်ား ျဖစ္ေနမလားလို႔ ကြၽန္ေတာ္က ထင္မိေနတယ္။ မ်က္ႏွာခ်င္းဆိုင္၀ိုင္းက လူက စကားစဖို႔ ျပင္လိုက္တာနဲ႔ ကြၽန္ေတာ့္မွာ အဲဒီ ျမင္းမူ၊ မေကြး အေမႀကီးကိစၥကို ေျပးျမင္ၿပီး ဒါမ်ဳိးပဲလာဦးမွာလားလို႔ စိုးရိမ္ေနမိတယ္။ စိုးရိမ္ဆို ကြၽန္ေတာ့္အိတ္ကပ္ထဲမွာလည္း လက္ဖက္ရည္ဖိုးပိုက္ဆံက ေလးငါးရာအျပင္ အပိုမပါဘူး။ ဒါေၾကာင့္ ႐ိုင္းတယ္လို႔ ထင္ကာမွထင္ေရာ့။ ကိုယ့္၀မ္းနာ ကိုယ္သာသိဆိုတဲ့သေဘာနဲ႔ မ်က္ႏွာကို အေပၚေမာ့ၿပီး ကုကၠိဳပင္က ကုကၠိဳရြက္ကေလးေတြ လည္လည္ၿပီး ေၾကြက်လာတာေတြကို ေငးေနလိုက္ရတယ္။

မရပါဘူးဗ်ာ။ သူ႔ခမ်ာလည္း မ်က္လံုးခ်င္းဆံုဖို႔ ျပံဳးျပဖို႔ ဒီလိုေတြ ႀကိဳးစားၿပီးကာမွ လြယ္လြယ္လက္မေလွ်ာ႔ခ်င္ေတာ့ဘူးနဲ႔ တူပါတယ္။ သူေသာက္ထားတဲ့ လက္ဖက္ရည္ခြက္ကေလး မçလာၿပီး ကြၽန္ေတာ့္၀ိုင္းကို ေရာက္လာပါေတာ့တယ္။ ကြၽန္ေတာ္ကေရာ ဘာမ်ား တတ္ႏိုင္ဦးမည္နည္းေပါ့။ သစ္ရြက္ေႂကြတာ ေငးေနလို႔ မရမွေတာ့ ကြၽန္ေတာ္လည္း သူ႔ကိုပဲ ဘာအကူအညီမ်ား ေပးရပါမလဲခင္ဗ်ာဆိုတဲ့ အၾကည့္မ်ဳိးနဲ႔ ၾကည့္ေနမိလိုက္တယ္။ သူစိမ္းလူတစ္ေယာက္ျဖစ္ေနေတာ့ သတိကလည္း ထားရတယ္။ ဒီေခတ္ႀကီးထဲမွာ ကြၽန္ေတာ္တို႔အျဖစ္က အလိမ္ခံလိုက္ဖို႔ အျမဲအသင့္ပဲ။ ေခတ္ရဲ႕ စိတၱဇကိုက တစ္ခုခုဆိုရင္ အလိမ္ခံရေတာ့မယ္ခ်ည့္ ထင္ေနမိတာပဲ။

သူက ေျပာခ်င္တာ ၾကာၿပီျဖစ္တဲ့ စကားကို စေျပာပါတယ္။ “ငါ့တူရယ္ ဘယ္လိုမွ မေအာက္ေမ့ပါနဲ႔။ ဦးေလးအမ်ဳိးသမီးက ေဆး႐ံုတင္ထားရတာ။ အဲဒါ …”

အဲဒါဆိုၿပီး ရပ္ေနပါတယ္။ သူကေတာ့ ဆက္ေျပာသင့္ မေျပာသင့္ ခ်ိန္ေနသလား မေျပာတတ္ေပမယ့္ ကြၽန္ေတာ့္စိတ္ထဲမွာ ေတာ့ အင္း ထင္ထားတဲ့အတိုင္းပဲရယ္လို႔ ေတြး ၿပီး ႏွာေခါင္းကေန ေလထြက္မသြားတဲ့ သက္ ျပင္းပဲ ခ်ေနလိုက္မိတယ္။

အဲဒီအထိကေတာ့ ထင္ထားသလိုပဲလို႔ ဆိုရေပမယ့္ တကယ္တမ္းက ကြၽန္ေတာ္ထင္ထားသလို မဟုတ္ဘူးဆိုတာ သူဆက္ေျပာလာတဲ့ စကားနဲ႔ သိရေတာ့တာပဲ။ တကယ္က သူ႔မိန္းမ ေဆး႐ံုတင္ထားတာ ပိုက္ဆံမေလာက္လို႔ ရြာက အိမ္မွာရွိတဲ့ သူ႔သားကို ပိုက္ဆံယူခဲ့ဖို႔ လွမ္းမွာခ်င္တာ။ ဖုန္းက မပါခဲ့ဘူးတဲ့။ (ဟုတ္ေတာ့လည္း ဟုတ္သား။ ဒီေခတ္ထဲ လမ္းေဘးက ဖုန္းဆိုင္ေတြကလည္း မရွိေတာ့ဘူးဆိုေတာ့ ဖုန္းနဲ႔ ေနသားက်ေနသူေတြမွာ အေရးေပၚ ဖုန္းဆက္ဖို႔မ်ား လိုလာခ်ိန္ ဖုန္းမရွိရင္ တကယ့္ျပႆနာပဲ။) ကြၽန္ေတာ္ကလည္း ဖုန္းၾကည့္ေနတာဆိုေတာ့ ဖုန္းေလးတစ္ေကာေလာက္ ဆက္ခ်င္လို႔ အကူအညီေတာင္းခ်င္တာပါတဲ့။ ေၾသာ္ ေစာေစာက ေျပာေရာေပါ့ ဦးေလးရယ္လို႔ေတာင္ စိတ္ထဲက ေျပာမိတယ္။

သူ႔အလိုလို စိတ္အံကို ႀကိတ္ထားမိတာလည္း က်သြားၿပီး သက္ေသာင့္သက္သာေတြ ဘာေတြျဖစ္သြားတယ္။ ႐ုတ္တရက္ကို ထၿပီး သာယာသြားတဲ့ ေႏြတစ္ရက္ပဲ။ ဆက္ပါ ဦးေလးရယ္ ဆက္ပါလို႔ ဖုန္းကိုထိုးေပးလိုက္ေတာ့မွ သူ႔ခမ်ာ ေစာေစာက ငယ္ထားတဲ့ မ်က္ႏွာကေလး ျပံဳးလိုက္ႏိုင္တယ္နဲ႔ တူပါတယ္။ ရြာသူရြာသားဆိုေတာ့လည္း ဖုန္းေျပာတာ ျမန္ပါတယ္။ တိုတိုနဲ႔ လိုရင္းပါပဲ။ လမ္းတစ္ဖက္ကေန ၾကားေလာက္ေအာင္ အသံက်ယ္တာတစ္ခုေတာ့ ေျပာစရာရွိတာေပါ့။

သူ႔ကိစၥၿပီးေတာ့ ကြၽန္ေတာ့္ကို ေက်းဇူးတင္ေၾကာင္း ေျပာပါတယ္။ ၿပီးေတာ့ ေဆး႐ံုကို ျပန္သြားလိုက္ဦးမယ္လို႔ ႏႈတ္ဆက္ရင္း ကြၽန္ေတာ့္လက္ဖက္ရည္ခြက္ဖိုးပါ ေဘးလူေတြအျမင္မွာ ျမင္မေကာင္းေတာ့ေအာင္ အတန္တန္ တားတဲ့ၾကားက ဇြတ္ရွင္းသြားေလရဲ႕။ ေဆး႐ံုဘက္ကို သူထြက္သြားေလေတာ့ ကြၽန္ေတာ္လည္း အျဖစ္အပ်က္ကို စဥ္းစားမိၿပီး ကိုယ့္စိတ္ကိုကိုယ္ ျပန္ဖာေထးေနမိတယ္။ တကယ္ေတာ့ ဒီလူႀကီးအေပၚ သူေတာင္းစားမ်ား ျဖစ္ေနမလားရယ္လို႔ ေလွ်ာက္ေတြးၿပီး ႏွိမ္ႏွိမ္ခ်ဳိးခ်ဳိး လုပ္မိတယ္ဆိုတာကလည္း လက္ငင္းမွာ ကိုယ္တိုင္ကကို လက္ဖက္ရည္ဖိုးအျပင္ တျခားမပါလို႔သာ ျဖစ္ရတာပဲမဟုတ္လား။ နည္းနည္း ကသိကေအာက္ျဖစ္မိတယ္ ဆိုေပမယ့္လည္း ၿပီးခဲ့တဲ့ ေႏြတစ္ရက္တုန္းဆီက အေၾကာင္းပဲေလ။ ခုေတာ့ ဘယ္လိုမွလည္း မေနေတာ့ပါဘူး။ ၾကာခဲ့ၿပီပဲဟာ။

Credit : Eleven
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပြီးခဲ့တဲ့ နွေတစ်ရက်ဆီတုန်းက အရိပ်ကောင်းကောင်းရတဲ့ ထိုင်နေကျ လက်ဖက်ရည်ဆိုင်ရဲ့ ထိုင်နေကျ ဝိုင်းမှာထိုင်ရင်း လမ်းသွားလမ်းလာတွေငေးလိုက် ဖုန်းကလေး ထုတ်ကြည့်လိုက်နဲ့ပေါ့ ဇိမ်ကျနေခဲ့တာ။ မျက်နှာချင်းဆိုင်က စားပွဲဝိုင်းရဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာ အသက်လေးငါးဆယ်လောက်တော့ ရှိမယ်ထင်ရတဲ့ အဝတ်အစား ခပ်နွမ်းနွမ်းနဲ့ လူတစ်ယောက် လာထိုင်ပါလေရော။ တစ်ဝိုင်းနဲ့ တစ်ဝိုင်းဟာ ၁၀ ပေသာသာလောက် ဝေးတယ်ဆိုပေမယ့် မျက်နှာချင်းဆိုင်ကြီးမှာ လူတစ်ယောက် လာထိုင်တာဟာ တစ်မျိုးတော့ မလုံမခြုံဖြစ်သလို ခံစားရတယ်။ ပိုဆိုးတာက ဒီလူက ကျွန်တော့်ကို လှမ်းလှမ်းကြည့် နေတာပဲ။ သုံး၊ လေး၊ ငါးခါမက လှမ်းလှမ်းကြည့်ပြီး ကျွန်တော်နဲ့ မျက်လုံးချင်းဆုံဖို့ ကြိုးစားနေတယ်ဆိုတာကို ကြာတော့ ကျွန်တော်သတိထားမိနေတယ်။

အဲဒီတော့ ကျွန်တော်က စဉ်းစားမိတယ်။ ဒီလူဟာ ငါနဲ့ မဆုံဖြစ်တာကြာလို့ ငါမေ့နေတဲ့ ငါ့အသိထဲကများ ဖြစ်နေမလားပေါ့။ ကျွန်တော်ကလည်း အလွန်မေ့တတ်တဲ့ လူမျိုးဆိုတော့ အသိများ ဖြစ်နေရင် အားနာစရာ။ နောက်ပြီးသူ ဝတ်စားထားတဲ့ အဝတ်အစားကလည်း ခပ်နွမ်းနွမ်းနဲ့ဆိုတော့ တကယ်သာ ကျွန်တော့်အသိမိတ်ဆွေများထဲက တစ်ယောက်ယောက်ဖြစ်နေခဲ့ရင် သူ့စိတ်ထဲ အဝတ်အစားကြောင့် ကျွန်တော်က မသိချင်ယောင်ဆောင်နေခဲ့တယ်လို့ထင်ပြီး စိတ်အားငယ်သွားရှာမှာ။ ဒါနဲ့ သူ့မျက်နှာကို သေချာကြည့်ရင်တော့ ပြန်မှတ်မိလာကောင်းရဲ့လို့ တွေးပြီး သူ့ကို လှမ်းအကြည့် မျက်လုံးချင်း ဆုံဖို့လောက်သာ စောင့်စားနေပုံရတဲ့ သူနဲ့အကြည့်ချင်း ဆုံပါလေရော။

သူက ပြုံးပြတယ်ဗျ။ ကျွန်တော်ကတော့ မမှတ်မိဘူး။ မမှတ်မိတဲ့အပြင် သေသေချာချာတောင် ဆုံးဖြတ်လိုက်နိုင်တာက ဒီလူဟာ ကျွန်တော့် အသိထဲက မဟုတ်တာ သေချာတယ်ပေါ့။ ဒါပေမဲ့လည်း သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ပြုံးပြနေတဲ့ လူတစ်ယောက်ကို ဥပေက္ခာပြုလိုက်ဖို့ကတော့ မကောင်းဘူး။ လူမှုရေးအရ ကျွန်တော်လည်း ပြန်ပြုံးပြလိုက်တာပေါ့။ ဒါပေမဲ့ ပြုံးပြပြီး ချက်ချင်းမျက်နှာ လွဲှလိုက်တာပဲ။ ဘာကြောင့် ချက်ချင်း မျက်နှာလွဲှလိုက်ရသလဲဆိုတော့ ဒီလူက ပြုံးပြပြပြီးချင်းမှာ စကားတစ်ခုခုပြောဖို့ ပါးစပ်ပြင်လိုက်တာကို ကျွန်တော် မြင်လိုက်လို့ပဲ။ ဘာပြောချင်သလဲတော့ ကျွန်တော်လည်း မသိနိုင်ပါဘူး။ ဒါပေမဲ့ နာရီမေးဖို့၊ မီးတစ်တို့ တောင်းဖို့ ဆိုတာမျိုးအတွက်နဲ့တော့ ဒီခေတ်ကြီးထဲမှာ ဘယ်သူကမှ သူစိမ်းတစ်ယောက်ကို အကြာကြီး မျက်လုံးချင်း ဆုံဖို့လုပ်၊ ပြုံးပြစသဖြင့် အစပျိုးနေမှာမဟုတ်တာ သေချာတယ်။

အကူအညီတစ်ခုခု တောင်းဖို့နေမှာပဲ။ အကူအညီတစ်ခုခုဆိုတာက ကျွန်တော်ပေးနိုင်တဲ့ အကူအညီဖြစ်နေရင်ထားဦး၊ မဟုတ်တရုတ်တွေ ဖြစ်လာမှာလည်း မလိုချင်ဘူး။ မဟုတ်တရုတ်တွေလို့ ကျွန်တော် သုံးနှုန်းရတာက ဒီလိုပါ။

တစ်ခါတုန်းက ကျွန်တော်တစ်ယောက်တည်း လမ်းပေါ်မှာငိုက်စိုက်စိုက်နဲ့ လမ်းလျှောက်နေတုန်း အသက်ကြီးကြီး အမေကြီးတစ်ယောက်က ကျွန်တော့်ကို ရုတ်တရက် ပခုံးတို့ပြီး နာရီအချိန်မေးတာ ကြုံဖူးတယ်။ ကျွန်တော်က လမ်းလျှောက်ရာက ခဏရပ် လက်ပတ်နာရီကို ကြည့်ပြီး ဘယ်နှနာရီပါလို့ အဖြေပေးတော့ ငါ့သားက ဒီမြို့ကပဲလားတဲ့ ထပ်မေးရော။ ကျွန်တော်လည်း ဟုတ်ပါတယ်ခင်ဗျလို့ ရိုရိုသေသေပဲ ပြန်ဖြေတော့ အဲဒီ အမေကြီးက ငါ့သား အမေ မြင်းမူပြန်မလို့ အဲဒါ လမ်းစရိတ်ကလေး လိုနေတယ်သားရယ်၊ ဘာမှလည်း မစားရသေးဘူးတဲ့။ ကျွန်တော်လည်း စိတ်မကောင်းဖြစ်သွားတယ်။ အိတ်ကပ်ထဲက တစ်ထောင်တန်ကလေး နှစ်ရွက်ထုတ်ပြီး အမေကြီးရေ ကျွန်တော်တော့ ဒါကလေး တတ်နိုင်တာပဲဗျာလို့ ပြောရင်းပေးလိုက်တော့ အမေကြီးခမျာ ဆုတွေပေးလိုက်တာ စက္ကန့် ၃၀ လောက်တောင် ကြာမယ်ထင်တယ် တသီကြီးပါပဲ။ ကျွန်တော်လည်း ပီတိစိတ်ကလေးလည်း ဖြစ်တာပေါ့။

အဲဒီလိုနဲ့ နောက်တစ်လလောက်ကြာပြီး တစ်ရက်မှာ ကျွန်တော် တခြားမြို့တစ်ခု ကနေအပြန် လိုင်းကားပေါ်က ဆင်းဆင်းချင်းပေါ့။ လူတစ်ယောက်က ကျွန်တော့်နောက်ကျောကို ကုပ်လိုက်လို့ လှည့်ကြည့်လိုက်တော့ အမေကြီးတစ်ယောက်ဗျ။ ငါ့သားလေး ဘယ်နှနာရီရှိပြီလဲတဲ့။ ကျွန်တော်က ဒီအမေကြီး ငါမြင်ဖူးပါတယ်လို့ စဉ်းစားတော့ အမယ်လေး မြင်းမူပြန်မယ်ဆိုတဲ့ အမေကြီးဖြစ်နေပါရောဗျာ။ ကျွန်တော်လည်း ငတုံးမှမဟုတ်ပဲဗျာ၊ အဲဒီလောက်ဆို သဘောပေါက်ပြီပေါ့။ ဒါပေမဲ့ ကျွန်တော့်မှာက သိသိကြီးနဲ့ပဲ ပစ်ပစ်ခါခါကြီး မသိချင်ယောင်ဆောင် ထွက်သွားရမှာကို အားနာမိတယ်။ လိမ်နေတဲ့လူကို သူလိမ်နေတာ ကျွန်တော်က သိနေပါတယ်ဆို တဲ့အကြောင်းကို စကားနဲ့ ထုတ်ပြောလိုက်ဖို့ နေနေသာသာ အမူအရာကလေးနဲ့တောင် မပြရက်ဘူး။ နောက်ပြီး ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အမေအရွယ်ကြီးပဲ ကိုယ်ချင်းစာစိတ်ကလေးတော့ ထားသင့်တယ်၊ ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်တာမျိုးတော့ မလုပ်သင့်ပါဘူးဆိုတဲ့ စိတ်နဲ့ လက်ပတ်နာရီကိုကြည့် ဘယ်နှနာရီရှိပြီပေါ့ ဖြေတာပေါ့။ အဲဒီမှာ မြင်းမူအမေကြီးက ဆက်လာတယ် ငါ့သား၊ ဒီမြို့ကပဲလားတဲ့။ သနားဖို့ကောင်းတဲ့ တောင်းရမ်းစားသောက် သူအမေကြီးခမျာ ကျွန်တော့်ကို သူတစ်ခါ တောင်းပြီးသားသူမှန်း မမှတ်မိရှာဘူး။ ပထမ တစ်ခါတုန်းက ဇာတ်လမ်းကြီးအတိုင်းပဲ။ မြို့ နာမည်လေးသာ ပြောင်းသွားတယ်။ မကွေး ကို ပြန်မလို့သားရယ်တဲ့ ဆိုပြန်ပါလေရော။ အမေကြီးဇာတ်လမ်းကို ကျွန်တော်သိပြီးသားဗျာ။ လှည့်ပတ်မနေပါနဲ့တော့ ဘာညာ ဘယ်မှာပြောရက် ပြောထွက်ပါ့မလဲဗျာ။ သက်ပြင်းပဲ ခပ်နာနာချပြီး အိတ်ကပ်ထဲက ငါးရာတန် လေးတစ်ရွက် ထုတ်ပေးလိုက်ပါတယ်။ သြော် တစ်နေရာရာကို တကယ်ပဲ ပြန်ခွင့်ရပါစေတော့ အမေကြီးရေလို့တောင် ဆုတောင်းပေးမိပါတယ်။

လိမ်လည်တောင်းရမ်းစားသောက်သူတွေနဲ့ပတ်သက်ပြီး လူတော်တော်များများရဲ့ အမြင်တွေကို ကျွန်တော် ကြားဖူးနေကျပါ။ အလုပ်လုပ်ချင်စိတ် မရှိဘူး၊ အလကား အချောင်စားချင်တဲ့ အချောင်သမားတွေ စသဖြင့်ပေါ့ဗျာ။ သူတို့လို လူတွေကို အပြစ်တင်နေရုံ၊ နှိမ့်ချနေရုံသက်သက်ကတော့ စဉ်းစားဆင်ခြင်တတ်တဲ့ လူတွေအနေနဲ့ မလုပ်သင့်တဲ့ အလုပ်မျိုးလို့ ကျွန်တော်ကတော့ ခံယူတာပါပဲ။ ကျွန်တော်တို့အနေနဲ့က ဒီထက်ဆိုးရွားတဲ့ လိမ်လည်မှုကြီးတွေ၊ ဒီထက် ပိုနည်းပရိယာယ်ပိုလှတဲ့ အချောင်သမားတွေကိုတောင် သတင်းစာတွေ၊ အရေးအသားညံ့ဖျင်းလှတဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတွေမှာ တွေ့နေရတာပဲ။ သူတောင်းစားကိုကျမှ လှံစိုက်တာမျိုးကတော့ မဖြစ်သင့်ဘူးပေါ့။

အခုအဖြစ်မှာလည်း ဒီလိုများ ဖြစ်နေမလားလို့ ကျွန်တော်က ထင်မိနေတယ်။ မျက်နှာချင်းဆိုင်ဝိုင်းက လူက စကားစဖို့ ပြင်လိုက်တာနဲ့ ကျွန်တော့်မှာ အဲဒီ မြင်းမူ၊ မကွေး အမေကြီးကိစ္စကို ပြေးမြင်ပြီး ဒါမျိုးပဲလာဦးမှာလားလို့ စိုးရိမ်နေမိတယ်။ စိုးရိမ်ဆို ကျွန်တော့်အိတ်ကပ်ထဲမှာလည်း လက်ဖက်ရည်ဖိုးပိုက်ဆံက လေးငါးရာအပြင် အပိုမပါဘူး။ ဒါကြောင့် ရိုင်းတယ်လို့ ထင်ကာမှထင်ရော့။ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုတဲ့သဘောနဲ့ မျက်နှာကို အပေါ်မော့ပြီး ကုက္ကိုပင်က ကုက္ကိုရွက်ကလေးတွေ လည်လည်ပြီး ကြွေကျလာတာတွေကို ငေးနေလိုက်ရတယ်။

မရပါဘူးဗျာ။ သူ့ခမျာလည်း မျက်လုံးချင်းဆုံဖို့ ပြုံးပြဖို့ ဒီလိုတွေ ကြိုးစားပြီးကာမှ လွယ်လွယ်လက်မလျှော့ချင်တော့ဘူးနဲ့ တူပါတယ်။ သူသောက်ထားတဲ့ လက်ဖက်ရည်ခွက်ကလေး မçလာပြီး ကျွန်တော့်ဝိုင်းကို ရောက်လာပါတော့တယ်။ ကျွန်တော်ကရော ဘာများ တတ်နိုင်ဦးမည်နည်းပေါ့။ သစ်ရွက်ကြွေတာ ငေးနေလို့ မရမှတော့ ကျွန်တော်လည်း သူ့ကိုပဲ ဘာအကူအညီများ ပေးရပါမလဲခင်ဗျာဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်နေမိလိုက်တယ်။ သူစိမ်းလူတစ်ယောက်ဖြစ်နေတော့ သတိကလည်း ထားရတယ်။ ဒီခေတ်ကြီးထဲမှာ ကျွန်တော်တို့အဖြစ်က အလိမ်ခံလိုက်ဖို့ အမြဲအသင့်ပဲ။ ခေတ်ရဲ့ စိတ္တဇကိုက တစ်ခုခုဆိုရင် အလိမ်ခံရတော့မယ်ချည့် ထင်နေမိတာပဲ။

သူက ပြောချင်တာ ကြာပြီဖြစ်တဲ့ စကားကို စပြောပါတယ်။ “ငါ့တူရယ် ဘယ်လိုမှ မအောက်မေ့ပါနဲ့။ ဦးလေးအမျိုးသမီးက ဆေးရုံတင်ထားရတာ။ အဲဒါ …”

အဲဒါဆိုပြီး ရပ်နေပါတယ်။ သူကတော့ ဆက်ပြောသင့် မပြောသင့် ချိန်နေသလား မပြောတတ်ပေမယ့် ကျွန်တော့်စိတ်ထဲမှာ တော့ အင်း ထင်ထားတဲ့အတိုင်းပဲရယ်လို့ တွေး ပြီး နှာခေါင်းကနေ လေထွက်မသွားတဲ့ သက် ပြင်းပဲ ချနေလိုက်မိတယ်။

အဲဒီအထိကတော့ ထင်ထားသလိုပဲလို့ ဆိုရပေမယ့် တကယ်တမ်းက ကျွန်တော်ထင်ထားသလို မဟုတ်ဘူးဆိုတာ သူဆက်ပြောလာတဲ့ စကားနဲ့ သိရတော့တာပဲ။ တကယ်က သူ့မိန်းမ ဆေးရုံတင်ထားတာ ပိုက်ဆံမလောက်လို့ ရွာက အိမ်မှာရှိတဲ့ သူ့သားကို ပိုက်ဆံယူခဲ့ဖို့ လှမ်းမှာချင်တာ။ ဖုန်းက မပါခဲ့ဘူးတဲ့။ (ဟုတ်တော့လည်း ဟုတ်သား။ ဒီခေတ်ထဲ လမ်းဘေးက ဖုန်းဆိုင်တွေကလည်း မရှိတော့ဘူးဆိုတော့ ဖုန်းနဲ့ နေသားကျနေသူတွေမှာ အရေးပေါ် ဖုန်းဆက်ဖို့များ လိုလာချိန် ဖုန်းမရှိရင် တကယ့်ပြဿနာပဲ။) ကျွန်တော်ကလည်း ဖုန်းကြည့်နေတာဆိုတော့ ဖုန်းလေးတစ်ကောလောက် ဆက်ချင်လို့ အကူအညီတောင်းချင်တာပါတဲ့။ သြော် စောစောက ပြောရောပေါ့ ဦးလေးရယ်လို့တောင် စိတ်ထဲက ပြောမိတယ်။

သူ့အလိုလို စိတ်အံကို ကြိတ်ထားမိတာလည်း ကျသွားပြီး သက်သောင့်သက်သာတွေ ဘာတွေဖြစ်သွားတယ်။ ရုတ်တရက်ကို ထပြီး သာယာသွားတဲ့ နွေတစ်ရက်ပဲ။ ဆက်ပါ ဦးလေးရယ် ဆက်ပါလို့ ဖုန်းကိုထိုးပေးလိုက်တော့မှ သူ့ခမျာ စောစောက ငယ်ထားတဲ့ မျက်နှာကလေး ပြုံးလိုက်နိုင်တယ်နဲ့ တူပါတယ်။ ရွာသူရွာသားဆိုတော့လည်း ဖုန်းပြောတာ မြန်ပါတယ်။ တိုတိုနဲ့ လိုရင်းပါပဲ။ လမ်းတစ်ဖက်ကနေ ကြားလောက်အောင် အသံကျယ်တာတစ်ခုတော့ ပြောစရာရှိတာပေါ့။

သူ့ကိစ္စပြီးတော့ ကျွန်တော့်ကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။ ပြီးတော့ ဆေးရုံကို ပြန်သွားလိုက်ဦးမယ်လို့ နှုတ်ဆက်ရင်း ကျွန်တော့်လက်ဖက်ရည်ခွက်ဖိုးပါ ဘေးလူတွေအမြင်မှာ မြင်မကောင်းတော့အောင် အတန်တန် တားတဲ့ကြားက ဇွတ်ရှင်းသွားလေရဲ့။ ဆေးရုံဘက်ကို သူထွက်သွားလေတော့ ကျွန်တော်လည်း အဖြစ်အပျက်ကို စဉ်းစားမိပြီး ကိုယ့်စိတ်ကိုကိုယ် ပြန်ဖာထေးနေမိတယ်။ တကယ်တော့ ဒီလူကြီးအပေါ် သူတောင်းစားများ ဖြစ်နေမလားရယ်လို့ လျှောက်တွေးပြီး နှိမ်နှိမ်ချိုးချိုး လုပ်မိတယ်ဆိုတာကလည်း လက်ငင်းမှာ ကိုယ်တိုင်ကကို လက်ဖက်ရည်ဖိုးအပြင် တခြားမပါလို့သာ ဖြစ်ရတာပဲမဟုတ်လား။ နည်းနည်း ကသိကအောက်ဖြစ်မိတယ် ဆိုပေမယ့်လည်း ပြီးခဲ့တဲ့ နွေတစ်ရက်တုန်းဆီက အကြောင်းပဲလေ။ ခုတော့ ဘယ်လိုမှလည်း မနေတော့ပါဘူး။ ကြာခဲ့ပြီပဲဟာ။

Credit : Eleven

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top