iMyanmarHouse.com - Best Property Website for Myanmar
×

က်ဴးဘား နိုင္ငံမွ ဆယ္ေက်ာ္သက္ ကေလးငယ္ တဦးဟာ မ်က္ႏွာ ေပၚမွ ၄ ဒႆမ ၅ ကီလိုဂရမ္ အေလးခ်ိန္ရွိတဲ့ ဧရာမ အသားပိုဖုႀကီးကို ခြဲစိတ္ဖယ္ရွားၿပီးေနာက္မွာ ေသဆုံးသြားခဲ့ပါတယ္ ။အသက္ ၁၄ ႏွစ္အ႐ြယ္ အီမန္န်ဴရယ္ဇာရက္စ္ဟာ Polyostotic Fibrous Dysplasia လို႔ ေဆးပညာရွင္ေတြက အမည္တပ္ၾကတဲ့ ေရာဂါတမ်ိဳးေၾကာင့္ ခုလိုျဖစ္ခဲ့ကာ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္၊ ႏိုဝင္ဘာလကတည္းက အေမရိကန္ နိုင္ငံဆီ ေဆးကုသဖို႔ ေရာက္ရွိေနခဲ့တာပါ။

သူ႔ မ်က္ႏွာ ေပၚမွ အသားပိုအလုံးႀကီးဟာ ႀကီးထြားလာတာမို႔ အသက္ရွဴႏိုင္ဖို႔လည္း အခက္အခဲ ျဖစ္ေနခဲ့တာေၾကာင့္ ဆရာဝန္ေတြက ခြဲစိတ္ခဲ့ၾကတာ ျဖစ္ပါတယ္။

မီယာမီျပည္နယ္၊ ေဟာ့လ္ထ္ဇ္ကေလး ေဆး႐ုံ မွာ ခြဲစိတ္ခဲ့တဲ့ ဒီခြဲစိတ္မႈဟာ အခ်ိန္ ၁၂ နာရီ ၾကာျမင့္ခဲ့တာျဖစ္ၿပီး ဆရာဝန္ေတြဟာ အသားပိုဖုႀကီး ကို ဖယ္ရွားကာ ကေလးငယ္ရဲ႕ႏွာေခါင္း ကို ျပန္လည္ျပဳျပင္ေပးႏိုင္ဖို႔ ႀကိဳးစားခဲ့ၾကတာပါ။

အစပိုင္းကေတာ့ သူ႔ရဲ႕ က်န္းမာေရးအေျခအေနဟာ ေကာင္းမြန္လာခဲ့တယ္လို႔ သတင္းေတြမွာ ေဖာ္ျပခဲ့ၾကေပမယ့္ သီတင္းပတ္အၾကာမွာေတာ့ ကိုယ္တြင္းပိုင္း ေက်ာက္ကပ္နဲ႔ အဆုတ္ေတြမွာ ယိုယြင္းမႈေတြ ျဖစ္လာခဲ့ကာ ေသဆုံးခဲ့ရတယ္လို႔ ဆိုပါတယ္။

ဇာရက္စ္ရဲ႕ မိဘ ေတြကေတာ့ သူတို႔ရဲ႕သားျဖစ္သူ ေသဆုံးခဲ့ရတဲ့ ဒီ ေရာဂါ နဲ႔ပတ္သက္တဲ့ ေဆးသုေတသနေတြ လုပ္ေဆာင္ႏိုင္ဖို႔ ေသသူရဲ႕ခႏၶာကိုယ္ကို ေဆး႐ုံဆီလႉဒါန္းသြားမွာ ျဖစ္တယ္လို႔ မီယာမီဟာေရးလ္ဒ္ သတင္းတပုဒ္က ဆိုပါတယ္။

Credit : DVB
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကျူးဘား နိုင်ငံမှ ဆယ်ကျော်သက် ကလေးငယ် တဦးဟာ မျက်နှာ ပေါ်မှ ၄ ဒဿမ ၅ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ဧရာမ အသားပိုဖုကြီးကို ခွဲစိတ်ဖယ်ရှားပြီးနောက်မှာ သေဆုံးသွားခဲ့ပါတယ် ။အသက် ၁၄ နှစ်အရွယ် အီမန်နျူရယ်ဇာရက်စ်ဟာ Polyostotic Fibrous Dysplasia လို့ ဆေးပညာရှင်တွေက အမည်တပ်ကြတဲ့ ရောဂါတမျိုးကြောင့် ခုလိုဖြစ်ခဲ့ကာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလကတည်းက အမေရိကန် နိုင်ငံဆီ ဆေးကုသဖို့ ရောက်ရှိနေခဲ့တာပါ။

သူ့ မျက်နှာ ပေါ်မှ အသားပိုအလုံးကြီးဟာ ကြီးထွားလာတာမို့ အသက်ရှူနိုင်ဖို့လည်း အခက်အခဲ ဖြစ်နေခဲ့တာကြောင့် ဆရာဝန်တွေက ခွဲစိတ်ခဲ့ကြတာ ဖြစ်ပါတယ်။

မီယာမီပြည်နယ်၊ ဟော့လ်ထ်ဇ်ကလေး ဆေးရုံ မှာ ခွဲစိတ်ခဲ့တဲ့ ဒီခွဲစိတ်မှုဟာ အချိန် ၁၂ နာရီ ကြာမြင့်ခဲ့တာဖြစ်ပြီး ဆရာဝန်တွေဟာ အသားပိုဖုကြီး ကို ဖယ်ရှားကာ ကလေးငယ်ရဲ့နှာခေါင်း ကို ပြန်လည်ပြုပြင်ပေးနိုင်ဖို့ ကြိုးစားခဲ့ကြတာပါ။

အစပိုင်းကတော့ သူ့ရဲ့ ကျန်းမာရေးအခြေအနေဟာ ကောင်းမွန်လာခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပေမယ့် သီတင်းပတ်အကြာမှာတော့ ကိုယ်တွင်းပိုင်း ကျောက်ကပ်နဲ့ အဆုတ်တွေမှာ ယိုယွင်းမှုတွေ ဖြစ်လာခဲ့ကာ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဇာရက်စ်ရဲ့ မိဘ တွေကတော့ သူတို့ရဲ့သားဖြစ်သူ သေဆုံးခဲ့ရတဲ့ ဒီ ရောဂါ နဲ့ပတ်သက်တဲ့ ဆေးသုတေသနတွေ လုပ်ဆောင်နိုင်ဖို့ သေသူရဲ့ခန္ဓာကိုယ်ကို ဆေးရုံဆီလှူဒါန်းသွားမှာ ဖြစ်တယ်လို့ မီယာမီဟာရေးလ်ဒ် သတင်းတပုဒ်က ဆိုပါတယ်။

Credit : DVB
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top