iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ ၃၃ ႏွစ္ရွိ ႏြမ္ဗယ္လီဆိုႏို မာဆြန္တိုဒိုယီဆိုသူ အမ်ဳိးသမီးသည္ ေတာင္အာဖ ရိကႏုိင္ငံေတာင္ပိုင္း အိစတန္းကိပ္ျပည္နယ္ရွိ သာယီဆီေက်းရြာမွျဖစ္ၿပီး အသက္မ႐ွဴႏိုင္ျဖစ္ကာ ေသဆံုးသြားျခင္းျဖစ္သည္။ ကေလးငါးဦး၏ မိခင္ျဖစ္သည့္ ႏြမ္ဗယ္ လီဆိုေသဆံုးၿပီးေနာက္ မၾကာမီမွာပင္ မိသားစုဝင္မ်ားက ၄င္း၏ ႐ုပ္အေလာင္းကို ေျမျမႇဳပ္သၿဂႋဳဟ္ရန္အတြက္ အသုဘလုပ္ငန္းတစ္ခုသို႔ အပ္လိုက္ၾကသည္။

သို႔ေသာ္ ေျမျမႇဳပ္သၿဂႋဳဟ္ရန္ တစ္ရက္အလိုေသဆံုးၿပီး ၁ဝ ရက္အၾကာတြင္ ႏြမ္ဗယ္လီဆို၏ အသက္မဲ့ခႏၶာကိုယ္ရွိ ေျခေထာက္ႏွစ္ေခ်ာင္းၾကားတြင္ ကေလးငယ္တစ္ဦးရွိေနသည္ကို အသုဘဝန္ထမ္းတစ္ဦးက သတိျပဳမိခဲ့ျခင္းျဖစ္သည္။ႏြမ္ဗယ္လီဆို၏ အေလာင္းကို ေရခဲတိုက္အေလာင္းတင္ ဗန္းထဲမွေန၍ အေခါင္းအတြင္းသို႔ ေျပာင္းထည့္ရန္ မလိုက္စဥ္ ၄င္း၏ ေျခေထာက္ႏွစ္ေခ်ာင္းၾကား၌ ေမြးကင္းစကေလးငယ္တစ္ဦး ရွိေနသည္ကို သတိျပဳမိျခင္းျဖစ္ေၾကာင္း အသုဘလုပ္ငန္းမွ တာဝန္ရွိသူကဆိုသည္။

သို႔ေသာ္ အဆိုပါေမြးကင္းစကေလးမွာ အသက္မဲ့ေနၿပီျဖစ္ေၾကာင္းႏွင့္ ၄င္း၏လုပ္ သက္အႏွစ္ ၂ဝ အတြင္း လူေသက ကေလးေမြးသည့္ ျဖစ္စဥ္မ်ဳိးကို တစ္ႀကိမ္တစ္ခါမွ် မၾကားဖူးေၾကာင္း အသုဘလုပ္ငန္းမွအႀကီးအကဲ မာကာလာနာကဆိုသည္။

ထိုသုိ႔ ျဖစ္လာျခင္းသည္ ေအာက္လမ္းျဖင့္ လုပ္ျခင္းေၾကာင့္ျဖစ္ေၾကာင္း ေကာလာဟလ မ်ားထြက္လာေသာ္လည္း ႏြမ္ဗယ္လီဆို၏မိသားစုကမူ အသုဘအခမ္းအနားကို အစီအစဥ္အတိုင္းဆက္လုပ္ခဲ့ၿပီး ေသဆံုးေနၿပီျဖစ္ေသာ ေမြးကင္းစကေလးကိုလည္း မိခင္ႏွင့္ အေခါင္းတစ္ခုထဲမွာပင္ထည့္၍ ေျမျမႇဳပ္သၿဂႋဳဟ္လိုက္ၾကသည္။ေသဆံုးၿပီး ေနာက္ လူ႔ခႏၶာကိုယ္ရွိတင္းေနသည့္ ၾကြက္သားမ်ားေလ်ာ့သြားျခင္း သို႔မဟုတ္ ဗက္တီးရီးယား မ်ားေပါက္ဖြားလာမႈက သားအိမ္အတြင္းရွိ မေမြးေသးေသာကေလးကို အျပင္ဘက္သုိ႔ ထြက္လာေစျခင္း ျဖစ္ႏုိင္ေၾကာင္း ေဒသတြင္း က်န္းမာေရး တာဝန္ရွိသူ မ်ားက ဆိုသည္။

Credit : ျမ၀တီ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အသက် ၃၃ နှစ်ရှိ နွမ်ဗယ်လီဆိုနို မာဆွန်တိုဒိုယီဆိုသူ အမျိုးသမီးသည် တောင်အာဖ ရိကနိုင်ငံတောင်ပိုင်း အိစတန်းကိပ်ပြည်နယ်ရှိ သာယီဆီကျေးရွာမှဖြစ်ပြီး အသက်မရှူနိုင်ဖြစ်ကာ သေဆုံးသွားခြင်းဖြစ်သည်။ ကလေးငါးဦး၏ မိခင်ဖြစ်သည့် နွမ်ဗယ် လီဆိုသေဆုံးပြီးနောက် မကြာမီမှာပင် မိသားစုဝင်များက ၎င်း၏ ရုပ်အလောင်းကို မြေမြှုပ်သင်္ဂြိုဟ်ရန်အတွက် အသုဘလုပ်ငန်းတစ်ခုသို့ အပ်လိုက်ကြသည်။

သို့သော် မြေမြှုပ်သင်္ဂြိုဟ်ရန် တစ်ရက်အလိုသေဆုံးပြီး ၁ဝ ရက်အကြာတွင် နွမ်ဗယ်လီဆို၏ အသက်မဲ့ခန္ဓာကိုယ်ရှိ ခြေထောက်နှစ်ချောင်းကြားတွင် ကလေးငယ်တစ်ဦးရှိနေသည်ကို အသုဘဝန်ထမ်းတစ်ဦးက သတိပြုမိခဲ့ခြင်းဖြစ်သည်။နွမ်ဗယ်လီဆို၏ အလောင်းကို ရေခဲတိုက်အလောင်းတင် ဗန်းထဲမှနေ၍ အခေါင်းအတွင်းသို့ ပြောင်းထည့်ရန် မလိုက်စဉ် ၎င်း၏ ခြေထောက်နှစ်ချောင်းကြား၌ မွေးကင်းစကလေးငယ်တစ်ဦး ရှိနေသည်ကို သတိပြုမိခြင်းဖြစ်ကြောင်း အသုဘလုပ်ငန်းမှ တာဝန်ရှိသူကဆိုသည်။

သို့သော် အဆိုပါမွေးကင်းစကလေးမှာ အသက်မဲ့နေပြီဖြစ်ကြောင်းနှင့် ၎င်း၏လုပ် သက်အနှစ် ၂ဝ အတွင်း လူသေက ကလေးမွေးသည့် ဖြစ်စဉ်မျိုးကို တစ်ကြိမ်တစ်ခါမျှ မကြားဖူးကြောင်း အသုဘလုပ်ငန်းမှအကြီးအကဲ မာကာလာနာကဆိုသည်။

ထိုသို့ ဖြစ်လာခြင်းသည် အောက်လမ်းဖြင့် လုပ်ခြင်းကြောင့်ဖြစ်ကြောင်း ကောလာဟလ များထွက်လာသော်လည်း နွမ်ဗယ်လီဆို၏မိသားစုကမူ အသုဘအခမ်းအနားကို အစီအစဉ်အတိုင်းဆက်လုပ်ခဲ့ပြီး သေဆုံးနေပြီဖြစ်သော မွေးကင်းစကလေးကိုလည်း မိခင်နှင့် အခေါင်းတစ်ခုထဲမှာပင်ထည့်၍ မြေမြှုပ်သင်္ဂြိုဟ်လိုက်ကြသည်။သေဆုံးပြီး နောက် လူ့ခန္ဓာကိုယ်ရှိတင်းနေသည့် ကြွက်သားများလျော့သွားခြင်း သို့မဟုတ် ဗက်တီးရီးယား များပေါက်ဖွားလာမှုက သားအိမ်အတွင်းရှိ မမွေးသေးသောကလေးကို အပြင်ဘက်သို့ ထွက်လာစေခြင်း ဖြစ်နိုင်ကြောင်း ဒေသတွင်း ကျန်းမာရေး တာဝန်ရှိသူ များက ဆိုသည်။

Credit : မြဝတီ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top