iMyanmarHouse.com - Best Property Website for Myanmar
×

အဆိုတော််၊မင်းသား ထွန်းထွန်းကတော့ ဂီတနဲ့ သရုပ်ဆောင်မှာပါ ပရိသတ်အားပေးမှု လက်ခံရရှိထားသူပါ။အဆိုတော် မင်းသား တင်မဟုတ်ပဲ နှင်းဆီအငြိမ့်အဖွဲ့ရဲ့ လူရွှင်တော်တစ်ယောက်အဖြစ်နဲ့လည်း ပရိသတ်လက်ခုပ်သံကို သိမ်း ပိုက်ထားသူပါ။






Credit : Talhon

အဆိုတေ်ာ်၊မင်းသား ထွန်းထွန်းကတော့ ဂီတနဲ့ သရုပ်ဆောင်မှာပါ ပရိသတ်အားပေးမှု လက်ခံရရှိထားသူပါ။အဆိုတော် မင်းသား တင်မဟုတ်ပဲ နှင်းဆီအငြိမ့်အဖွဲ့ရဲ့ လူရွှင်တော်တစ်ယောက်အဖြစ်နဲ့လည်း ပရိသတ်လက်ခုုပ်သံကို သိမ်း ပိုက်ထားသူပါ။

အသက်(၃၄)နှစ်ရှိနေပြီဖြစ်တဲ့ လူပျိုကြီးထွန်းထွန်းကတော့ ချစ်သူရနေတဲ့ အကြောင်း သူ့ရဲ့ Instagram က တစ် ဆင့် ပရိသတ်တွေကို အသိပေးထားပါတယ်။သူ့ရဲ့ ချစ်သူကတော့ စုစန္ဒီထွန်း လို့သိရပါတယ်။အပြင်လောကက ဖြစ်ဖို့ များပါတယ်။ ထွန်းထွန်းကတော့ သူ့ရဲ့ အချစ်ရေးကို အရမ်းကို သိုသိပ်ထားတာကိုတွေ့ရပါတယ်။ချစ်သူကို အခုထိ ရုပ်လုံးထုတ်မပြသေးပါဘူး။

ဇန်နဝါရီ(၂၁)တုန်းကတော့ ထွန်းထွန်းတစ်ယောက် IG ပေါ်မှာ Post တစ်ခု တင်ထားပါတယ်။သူရဲ့ ချစ်သူ သက်တမ်း ရက်(၂၀၀)ပြည့်တဲ့ အကြောင်းကို တင်ထားတာပါ။ချစ်သက်တမ်း ရက်(၂၀၀)ပြည့်အနေနဲ့ ချစ်သူကို နှင်းဆီအနီအပွင့် နှစ်ရာ လက်ဆောင်ပေးခဲ့ပုံရပါတယ်။ပုံတွေထဲမှာတော့ နှင်းဆီပန်းတွေကို ကိုင်ထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ မျက်နှာတစ်ဝက်နဲ့ caption မှာတော့ ထွန်းထွန်းက


“I want you all to myself my love ♥️ BeenTogether 200 days…” ဆိုပြီး တင်ထားပါတယ်။ပုံရဲ့ Com ment တွေမှာတော့ ထွန်းထွန်းကို ဂုဏ်ပြုစကားပြောပေးထားတာကို တွေ့ရပါတယ်။

Congregation!! ပါ ကိုကို ထွန်းထွန်းရေ

Credit : Talhon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top