iMyanmarHouse.com - Best Property Website for Myanmar
×

စားေသာက္မႈပံုစံကို အျမဲမျပတ္ေစာင့္ၾကည့္ပါ။ ဆံပင္ အံုထူျပီးဆံလံုးေကာင္းတဲ့ဆံသားျဖစ္ဖို႕ဆိုစားေသာက္မႈပံုစံအေရးပါပါတယ္။ အသား၊ငါးႏွင့္ပဲပိစပ္တို႕မွာေတြ႕ရတဲ့ပရိုတိန္းဓာတ္ကဆံပင္သန္စြမ္းဖို႕အေထာက္အကူျပဳပါတယ္။အခြံမာသီး ႏွင့္ အေစ့အဆံေတြမွာ ဗိုက္တာမင္ ႏွင့္ က်န္းမာေစေသာအဆီပါလို႕ ဆံသားေပ်ာ့ေပ်ာင္းသန္စြမ္းေစပါတယ္။

ေရဓာတ္ျပည့္၀ေနပါေစ

ဆံပင္ေမြးညင္းေပါက္ေလးေတြရဲ႕ ၂၅ ရာခိုင္ႏႈန္းကို ေရဓာတ္နဲ႕ ဖြဲ႕စည္းထားတာျဖစ္လို႕ေရဓာတ္ေလ်ာ့ရင္ ေမြးညင္းေပါက္အသစ္ေလးေတြအားေလ်ာ့ကုန္ပါတယ္။

ဗိုက္တာမင္ မွီ၀ဲပါ။

စိတ္ဖိစီးမႈ ၊ မ်ိဳးရိုးဗီဇ ေတြအျပင္ ဗိုက္တာမင္ဓာတ္ခ်ိဳ႕တဲ့တာကလည္း အမ်ိဳးသားေတြဆံပင္ကၽြတ္ရတဲ့အဓိကအေၾကာင္းရင္းပါ။ထိပ္ေျပာင္ျခင္းကင္းေ၀းဖို႕အတြက္ဆိုမွ်တတဲ့အစားအစာမွတဆင့္ လံုေလာက္တဲ့ဗိုက္တာမင္ေတြရဖို႕လိုပါတယ္။

ဆံပင္စည္းျခင္းကိုေရွာင္ရွားပါ။

အခုတေလာ ေယာက်္ားေလးအမ်ားစုၾကားမွာ ဆံပင္စည္းတဲ့ စတိုင္ေခတ္စားလာပါတယ္။ဒါက ဆံပင္ကၽြတ္ျခင္းကိုျဖစ္ေစတယ္ဆိုတာ သတိမူမိဟန္မရပါဘူး။ဆံသားကိုအရမ္းတင္းတင္းစုခ်ည္ထားလို႕ ဆံပင္ေမြးညင္းေတြပ်က္စီးပါတယ္။အသက္ငယ္တုန္းမွာ မသိသာေပမယ့္ေနာက္ပိုင္းမွာေတာ့ ေနာင္တရေနရမွာပါ။

စိတ္ဖိစီးမႈေလွ်ာ့ပါ။

စိတ္ဖိစီးမႈအရမ္းမ်ားတဲ့ အမ်ိဳးသားေတြက ဆံပင္ပိုကၽြတ္ပါတယ္။အသက္၀၀ရွဴျပီးစိတ္ဖိစီးမႈေလွ်ာ့ႏိုင္သလို ေလ့က်င့္ခန္းမွန္မွန္လုပ္ျပီးေတာ့လည္းေလွ်ာ့ခ်ႏိုင္ပါတယ္။

ေဆးလိပ္ ၊ အရက္ေတြေရွာင္ပါ။

ေဆးလိပ္ေသာက္ျခင္း ႏွင့္ အရက္အလြန္အကၽြံေသာက္ျခင္းက ခႏၶာကိုယ္ဆိုးက်ိဳးမ်ားတယ္ဆိုတာသိသာထင္ရွားပါတယ္။ဒီအခ်က္ေတြေၾကာင့္ ဆံသားထိခိုက္ေစတယ္ဆိုတာကိုသတိမူသူ ရွားပါတယ္။

ေလ့က်င့္ခန္းမွန္မွန္ျပဳလုပ္ေပးပါ။

ေလ့က်င့္ခန္းျပဳလုပ္တာက ကို္ယ္ခႏၶာကိုအေထာက္အကူျပဳသလို ဆံသားအတြက္လည္းေကာင္းပါတယ္။စိတ္ဖိစီးမႈကို ကင္းေ၀းေစျပီး ေသြးလွည့္ပတ္မႈ ေကာင္းေစတဲ့အျပင္ ဆံပင္သန္စြမ္းေစပါတယ္။

Credit : Lwinpyin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
စားသောက်မှုပုံစံကို အမြဲမပြတ်စောင့်ကြည့်ပါ။ ဆံပင် အုံထူပြီးဆံလုံးကောင်းတဲ့ဆံသားဖြစ်ဖို့ဆိုစားသောက်မှုပုံစံအရေးပါပါတယ်။ အသား၊ငါးနှင့်ပဲပိစပ်တို့မှာတွေ့ရတဲ့ပရိုတိန်းဓာတ်ကဆံပင်သန်စွမ်းဖို့အထောက်အကူပြုပါတယ်။အခွံမာသီး နှင့် အစေ့အဆံတွေမှာ ဗိုက်တာမင် နှင့် ကျန်းမာစေသောအဆီပါလို့ ဆံသားပျော့ပျောင်းသန်စွမ်းစေပါတယ်။

ရေဓာတ်ပြည့်ဝနေပါစေ

ဆံပင်မွေးညင်းပေါက်လေးတွေရဲ့ ၂၅ ရာခိုင်နှုန်းကို ရေဓာတ်နဲ့ ဖွဲ့စည်းထားတာဖြစ်လို့ရေဓာတ်လျော့ရင် မွေးညင်းပေါက်အသစ်လေးတွေအားလျော့ကုန်ပါတယ်။

ဗိုက်တာမင် မှီဝဲပါ။

စိတ်ဖိစီးမှု ၊ မျိုးရိုးဗီဇ တွေအပြင် ဗိုက်တာမင်ဓာတ်ချို့တဲ့တာကလည်း အမျိုးသားတွေဆံပင်ကျွတ်ရတဲ့အဓိကအကြောင်းရင်းပါ။ထိပ်ပြောင်ခြင်းကင်းဝေးဖို့အတွက်ဆိုမျှတတဲ့အစားအစာမှတဆင့် လုံလောက်တဲ့ဗိုက်တာမင်တွေရဖို့လိုပါတယ်။

ဆံပင်စည်းခြင်းကိုရှောင်ရှားပါ။

အခုတလော ယောကျ်ားလေးအများစုကြားမှာ ဆံပင်စည်းတဲ့ စတိုင်ခေတ်စားလာပါတယ်။ဒါက ဆံပင်ကျွတ်ခြင်းကိုဖြစ်စေတယ်ဆိုတာ သတိမူမိဟန်မရပါဘူး။ဆံသားကိုအရမ်းတင်းတင်းစုချည်ထားလို့ ဆံပင်မွေးညင်းတွေပျက်စီးပါတယ်။အသက်ငယ်တုန်းမှာ မသိသာပေမယ့်နောက်ပိုင်းမှာတော့ နောင်တရနေရမှာပါ။

စိတ်ဖိစီးမှုလျှော့ပါ။

စိတ်ဖိစီးမှုအရမ်းများတဲ့ အမျိုးသားတွေက ဆံပင်ပိုကျွတ်ပါတယ်။အသက်၀၀ရှူပြီးစိတ်ဖိစီးမှုလျှော့နိုင်သလို လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီးတော့လည်းလျှော့ချနိုင်ပါတယ်။

ဆေးလိပ် ၊ အရက်တွေရှောင်ပါ။

ဆေးလိပ်သောက်ခြင်း နှင့် အရက်အလွန်အကျွံသောက်ခြင်းက ခန္ဓာကိုယ်ဆိုးကျိုးများတယ်ဆိုတာသိသာထင်ရှားပါတယ်။ဒီအချက်တွေကြောင့် ဆံသားထိခိုက်စေတယ်ဆိုတာကိုသတိမူသူ ရှားပါတယ်။

လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်းပြုလုပ်တာက ကိုယ်ခန္ဓာကိုအထောက်အကူပြုသလို ဆံသားအတွက်လည်းကောင်းပါတယ်။စိတ်ဖိစီးမှုကို ကင်းဝေးစေပြီး သွေးလှည့်ပတ်မှု ကောင်းစေတဲ့အပြင် ဆံပင်သန်စွမ်းစေပါတယ်။

Credit : Lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top