iMyanmarHouse.com - Best Property Website for Myanmar
×

ေထာပတ္သီးရဲ႕ ေကာင္းက်ိဳး ေတြကေတာ့ အမ်ားႀကီးပါပဲ။ က်န္းမာေရးႏွင့္ ညီညြတ္လို သူတိုင္း ေထာပတ္သီးလို အသီးမ်ိဳးကို ပံုမွန္စားေပးရင္ အေကာင္းဆံုး ပါပဲ။ သူ႔ရဲ႕ က်န္းမာေရး ဆိုင္ရာ

အက်ိဳး ေက်းဇူး ေတြကလည္း အံ့ဩစရာ ေကာင္းလွပါတယ္။ တကယ္ေတာ့ ေထာပတ္သီးဟာ Berry ဘယ္ရီလို႔ ေခၚေသာ သစ္သီး မိသားစုမွ ဆင္းသက္လာသည့္ မ်ိဳးႏြယ္ဝင္ သစ္သီးတစ္မ်ိဳး ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ ေထာပတ္ သီးလို႔ ေခၚၾကျခင္းရဲ႕ အေၾကာင္းရင္းက မွည့္၍ ေပ်ာ့ေနေသာ ေထာပတ္သီး အသားမ်ားဟာ ကိုင္တြယ္ထိေတြ႕ ၾကည့္လိုက္ရင္ ႏြားႏို႔မွ ထုတ္လုပ္ထားေသာ ေထာပတ္ကဲ့သို႔ ႏူးညံ့သည့္ အသားမ်ိဳး (Texture) မို႔လို႔ ေထာပတ္နဲ႔ တူလို႔ ေထာပတ္သီးလို႔ အမည္ေပး ထားဟန္ တူပါတယ္။ အဂၤလိပ္ ဘာသာအားျဖင့္ Avocadoလို႔ ေခၚပါတယ္။ တခ်ိဳ႕ကလည္း ေထာပတ္သီးရဲ႕ အေပၚ အေရခြံ အေရာင္ ပံုသဏၭာန္နဲ႔ သစ္ေတာ္သီး ပံုသဏၭာန္ ျဖစ္ေနတဲ့ အတြက္ မိေက်ာင္း သစ္ေတာ္ Alligator Pear လို႔လည္း ေခၚၾက တယ္လို႔ ဆိုပါတယ္။ ေထာပတ္သီးရဲ႕ အာနိသင္ ေတြ ကေတာ့-

(၁) ကင္ဆာေရာဂါကာကြယ္ေပးျခင္း

ေထာပတ္သီးထဲမွာ ပါဝင္ေသာ ဓာတုပစၥည္းမ်ား အခ်ိဳ႕က ကင္ဆာ ကလာပ္စည္း မ်ားကို ဖ်က္ဆီး ပစ္ႏိုင္ေၾကာင္း၊ က်န္းမာေနေသာ ကလာပ္ စည္းမ်ားကိုလည္း ထိခိုက္မႈ မရွိေၾကာင္း၊ ထို႔ေၾကာင့္ ဆီးက်ိတ္ကင္ဆာ၊ ခံတြင္း ကင္ဆာတို႔ကို ကာကြယ္ႏိုင္ျခင္းရွိ ေၾကာင္း သိရပါတယ္။ ဒါ့အျပင္ ေထာပတ္သီးမွ ထြက္ရွိ လာေသာ အဆီက OleicAcid ပါဝင္မႈ မ်ားၿပီး၊ ၄င္းက ရင္သားကင္ ဆာမျဖစ္ေအာင္လည္း ကာကြယ္ေပး ႏိုင္တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ေထာပတ္သီးသည္ ကင္ဆာေရာဂါ ကာကြယ္ႏိုင္တယ္လို႔ ဆိုပါတယ္။

(၂) ႏွလံုးေသြးေၾကာေရာဂါ ျဖစ္နုိင္ေျခ ေလ်ာ့က်ေစျခင္း

ေထာပတ္သီး တစ္ခြက္စာထဲမွာ လူတစ္ေယာက္ တစ္ေန႔တာ လိုအပ္ေသာ Folate ေဖာလိတ္ အမည္ရွိ ဗီတာမင္B တစ္မ်ိဳး ၂၃ ရာခိုင္ႏႈန္း ပါဝင္ေၾကာင္း သိရပါတယ္။ ေဖာလိတ္က ႏွလံုးေသြးေၾကာ ေရာဂါမျဖစ္ေအာင္ ကာကြယ္ေပး ႏိုင္ပါတယ္။ ဒါ့အျပင္ ေထာပတ္သီး ထဲမွာ ပါဝင္တဲ့ Mono မျပည့္ဝဆီႏွင့္ ဗီတာမင္ E, Glutathione စသည္တို႔ ကလည္း ႏွလံုး က်န္းမာေရးကို အားေပး ျမႇင့္တင္ ေပးႏိုင္ပါတယ္။

(၃) ေသြးတြင္းအဆီဓါတ္ က်ဆင္းေစသည္

ေထာပတ္သီးထဲမွာ ဘီတာဆိုက္ စတီေရာဟုေခၚေသာ ဓာတုပစၥည္း မ်ားက ကိုလက္ စထေရာလ္ ပမာဏကို က်ဆင္း ေစပါတယ္။ ေထာပတ္သီး တစ္ပတ္ခန္႔ စားၿပီးလွ်င္ ကိုလက္စထ ေရာလ္ပမာဏ ၁၇ ရာခိုင္ႏႈန္းထိ က်ဆင္းသြားေစႏိုင္ေၾကာင္း ေတြ႕ရွိ ထားရပါတယ္။ ကိုလက္စထေရာလ္ နည္းတာႏွင့္အမွ် ႏွလံုးေသြးေၾကာ ေရာဂါ ျဖစ္ႏိုင္ေျခ အခြင့္အလမ္း နည္းသြား ေစပါတယ္။

(၄) ေလျဖတ္ျခင္းကို ကာကြယ္ျခင္း

ေထာပတ္သီးထဲမွာ ပါတဲ့ ေဖာလိတ္က ေလမျဖတ္ေအာင္ ကာကြယ္ ေပးပါတယ္။

(၅) အိုမင္းရင့္ေရာ္ျခင္းကို ေႏွးေကြးေစျခင္း

Glutathione လို႔ေခၚတဲ့ အင္တီ ေအာက္စီးဒင့္ ၾကြယ္ဝစြာ ပါဝင္တဲ့ အတြက္ အဲဒီပစၥည္းက အသက္အရြယ္ အိုမင္း ရင့္ေရာ္မႈကို ေႏွးေကြးေအာင္ လုပ္ေပးႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အသက္ အရြယ္ခ်င္း အတူတူ ပိုၿပီးႏုပ်ိဳ ေစႏိုင္ပါတယ္။ ဒါ့အျပင္ ႏွလံုးေရာဂါ ႏွင့္ ကင္ဆာ ေရာဂါတို႔ကိုလည္း ကာကြယ္ႏိုင္ပါေသးတယ္။

(၆) ဗီတာမင္ C,E ႏွင့္ K ၾကြယ္၀စြာ ပါ၀င္ျခင္း

ဗီတာမင္ C ႏွင့္ E ၾကြယ္ဝ ေသာေၾကာင့္ ခႏၶာကိုယ္အတြင္း ဓာတ္တိုးျခင္း ျဖစ္စဥ္မ်ား မျဖစ္ေအာင္ တားဆီး ေပးပါတယ္။ ဗီတာမင္ K က ေသြးခဲရာမွာ ကူညီ ေပးပါတယ္။

(၇) အာဟာရစုပ္ယူမွု ပိုေကာင္းေစျခင္း

ကာ႐ိုတင္ႏြိဳက္လို႔ ေခၚတဲ့ ပစၥည္းေတြ ပါဝင္တဲ့ အတြက္ အဆီတြင္ ေပ်ာ္ဝင္ လြယ္ေသာ အာဟာရ ဓာတ္မ်ား စုပ္ယူမႈ ပိုေကာင္း ေစပါတယ္။ ေထာပတ္သီး အခြံႏွင့္ ကပ္လ်က္ အစိမ္း ရင့္ေရာင္ရွိေသာ အပိုင္းမွာ အမ်ားဆံုး ပါဝင္ပါတယ္။ ဒါ့ေၾကာင့္ ေထာပတ္သီး အခြံ သင္တဲ့အခါ အဲဒီ အစိမ္း ရင့္ေရာင္အပိုင္းေတြ လႊင့္ပစ္တဲ့ အထဲ ပါမသြားေအာင္ ဂ႐ုစိုက္၍ လွီးပါ။

(၈) ေထာပတ္သီး ဘယ္လိုစားမလဲ

ေထာပတ္သီးကို စားတဲ့နည္း အမ်ိဳးမ်ိဳး ရွိတဲ့အနက္ က်န္းမာေရးႏွင့္ ညီညြတ္ေသာ စားသံုးနည္း မ်ားကို သိထားဖို႔ အေရးႀကီး ပါတယ္။ ေဒါက္တာ အယ္ဒီတာ တို႔ႏိုင္ငံတြင္ အမ်ားစု ကေတာ့ ေထာပတ္သီးကို အသားေတြျခစ္ယူ၊ ႏို႔၊ သၾကားတို႔ျဖင့္ ေဖ်ာ္ရည္စက္ထဲ ထည့္ေဖ်ာ္ကာ ေသာက္သံုးေလ့ ရွိၾကတာ ျဖစ္ပါတယ္။ အဲဒီလို ပံုစံမ်ိဳး အၿမဲတမ္း သံုးစြဲလွ်င္ ႏို႔ႏွင့္ သၾကားေၾကာင့္ ကယ္လိုရီေတြ တက္ျခင္း၊ ကိုယ္အေလးခ်ိန္ တိုးျခင္း၊ ႏို႔ထဲမွ ျပည့္ဝဆီေတြ စားမိျခင္းျဖစ္ တတ္ေၾကာင္း သတိထား ရပါမယ္။ အေကာင္းဆံုး ကေတာ့ ေထာပတ္သီးကို သူ႔အတိုင္း ဇြန္းႏွင့္ ေကာ္၍ စားျခင္းက စိတ္အခ်ရဆံုး ပါပဲ။ ဒါမွမဟုတ္ ေထာပတ္သီး အသားေတြ ခ်ည္းသက္သက္ ႀကိတ္စက္ထဲ ထည့္ေခ်ကာ အဲဒီ ေထာပတ္သီး အႏွစ္ထဲမွာ သခြားသီး အေခ်ာင္းမ်ား၊ မုန္လာဥနီ အေခ်ာင္းမ်ား ႏွစ္၍ စားျခင္းျဖင့္ က်န္းမာေရးႏွင့္ ညီညြတ္ေစပါတယ္။ ဒါ့အျပင္ ေထာပတ္သီးကို ဟင္းခ်ိဳရည္ အျဖစ္ ခပ္ေသာက္ ႏိုင္ပါ ေသးတယ္။ ဒီေလာက္ဆိုရင္ ေထာပတ္သီးႏွင့္ ပတ္သက္၍ လံုေလာက္ၿပီ ထင္ပါတယ္။

Credit : Thithtoolwin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ထောပတ်သီးရဲ့ ကောင်းကျိုး တွေကတော့ အများကြီးပါပဲ။ ကျန်းမာရေးနှင့် ညီညွတ်လို သူတိုင်း ထောပတ်သီးလို အသီးမျိုးကို ပုံမှန်စားပေးရင် အကောင်းဆုံး ပါပဲ။ သူ့ရဲ့ ကျန်းမာရေး ဆိုင်ရာ

အကျိုး ကျေးဇူး တွေကလည်း အံ့ဩစရာ ကောင်းလှပါတယ်။ တကယ်တော့ ထောပတ်သီးဟာ Berry ဘယ်ရီလို့ ခေါ်သော သစ်သီး မိသားစုမှ ဆင်းသက်လာသည့် မျိုးနွယ်ဝင် သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ထောပတ် သီးလို့ ခေါ်ကြခြင်းရဲ့ အကြောင်းရင်းက မှည့်၍ ပျော့နေသော ထောပတ်သီး အသားများဟာ ကိုင်တွယ်ထိတွေ့ ကြည့်လိုက်ရင် နွားနို့မှ ထုတ်လုပ်ထားသော ထောပတ်ကဲ့သို့ နူးညံ့သည့် အသားမျိုး (Texture) မို့လို့ ထောပတ်နဲ့ တူလို့ ထောပတ်သီးလို့ အမည်ပေး ထားဟန် တူပါတယ်။ အင်္ဂလိပ် ဘာသာအားဖြင့် Avocadoလို့ ခေါ်ပါတယ်။ တချို့ကလည်း ထောပတ်သီးရဲ့ အပေါ် အရေခွံ အရောင် ပုံသဏ္ဌာန်နဲ့ သစ်တော်သီး ပုံသဏ္ဌာန် ဖြစ်နေတဲ့ အတွက် မိကျောင်း သစ်တော် Alligator Pear လို့လည်း ခေါ်ကြ တယ်လို့ ဆိုပါတယ်။ ထောပတ်သီးရဲ့ အာနိသင် တွေ ကတော့-

(၁) ကင်ဆာရောဂါကာကွယ်ပေးခြင်း

ထောပတ်သီးထဲမှာ ပါဝင်သော ဓာတုပစ္စည်းများ အချို့က ကင်ဆာ ကလာပ်စည်း များကို ဖျက်ဆီး ပစ်နိုင်ကြောင်း၊ ကျန်းမာနေသော ကလာပ် စည်းများကိုလည်း ထိခိုက်မှု မရှိကြောင်း၊ ထို့ကြောင့် ဆီးကျိတ်ကင်ဆာ၊ ခံတွင်း ကင်ဆာတို့ကို ကာကွယ်နိုင်ခြင်းရှိ ကြောင်း သိရပါတယ်။ ဒါ့အပြင် ထောပတ်သီးမှ ထွက်ရှိ လာသော အဆီက OleicAcid ပါဝင်မှု များပြီး၊ ၎င်းက ရင်သားကင် ဆာမဖြစ်အောင်လည်း ကာကွယ်ပေး နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ထောပတ်သီးသည် ကင်ဆာရောဂါ ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

(၂) နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း

ထောပတ်သီး တစ်ခွက်စာထဲမှာ လူတစ်ယောက် တစ်နေ့တာ လိုအပ်သော Folate ဖောလိတ် အမည်ရှိ ဗီတာမင်B တစ်မျိုး ၂၃ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရပါတယ်။ ဖောလိတ်က နှလုံးသွေးကြော ရောဂါမဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။ ဒါ့အပြင် ထောပတ်သီး ထဲမှာ ပါဝင်တဲ့ Mono မပြည့်ဝဆီနှင့် ဗီတာမင် E, Glutathione စသည်တို့ ကလည်း နှလုံး ကျန်းမာရေးကို အားပေး မြှင့်တင် ပေးနိုင်ပါတယ်။

(၃) သွေးတွင်းအဆီဓါတ် ကျဆင်းစေသည်

ထောပတ်သီးထဲမှာ ဘီတာဆိုက် စတီရောဟုခေါ်သော ဓာတုပစ္စည်း များက ကိုလက် စထရောလ် ပမာဏကို ကျဆင်း စေပါတယ်။ ထောပတ်သီး တစ်ပတ်ခန့် စားပြီးလျှင် ကိုလက်စထ ရောလ်ပမာဏ ၁၇ ရာခိုင်နှုန်းထိ ကျဆင်းသွားစေနိုင်ကြောင်း တွေ့ရှိ ထားရပါတယ်။ ကိုလက်စထရောလ် နည်းတာနှင့်အမျှ နှလုံးသွေးကြော ရောဂါ ဖြစ်နိုင်ခြေ အခွင့်အလမ်း နည်းသွား စေပါတယ်။

(၄) လေဖြတ်ခြင်းကို ကာကွယ်ခြင်း

ထောပတ်သီးထဲမှာ ပါတဲ့ ဖောလိတ်က လေမဖြတ်အောင် ကာကွယ် ပေးပါတယ်။

(၅) အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေခြင်း

Glutathione လို့ခေါ်တဲ့ အင်တီ အောက်စီးဒင့် ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် အဲဒီပစ္စည်းက အသက်အရွယ် အိုမင်း ရင့်ရော်မှုကို နှေးကွေးအောင် လုပ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အသက် အရွယ်ချင်း အတူတူ ပိုပြီးနုပျို စေနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ နှင့် ကင်ဆာ ရောဂါတို့ကိုလည်း ကာကွယ်နိုင်ပါသေးတယ်။

(၆) ဗီတာမင် C,E နှင့် K ကြွယ်ဝစွာ ပါဝင်ခြင်း

ဗီတာမင် C နှင့် E ကြွယ်ဝ သောကြောင့် ခန္ဓာကိုယ်အတွင်း ဓာတ်တိုးခြင်း ဖြစ်စဉ်များ မဖြစ်အောင် တားဆီး ပေးပါတယ်။ ဗီတာမင် K က သွေးခဲရာမှာ ကူညီ ပေးပါတယ်။

(၇) အာဟာရစုပ်ယူမှု ပိုကောင်းစေခြင်း

ကာရိုတင်နွိုက်လို့ ခေါ်တဲ့ ပစ္စည်းတွေ ပါဝင်တဲ့ အတွက် အဆီတွင် ပျော်ဝင် လွယ်သော အာဟာရ ဓာတ်များ စုပ်ယူမှု ပိုကောင်း စေပါတယ်။ ထောပတ်သီး အခွံနှင့် ကပ်လျက် အစိမ်း ရင့်ရောင်ရှိသော အပိုင်းမှာ အများဆုံး ပါဝင်ပါတယ်။ ဒါ့ကြောင့် ထောပတ်သီး အခွံ သင်တဲ့အခါ အဲဒီ အစိမ်း ရင့်ရောင်အပိုင်းတွေ လွှင့်ပစ်တဲ့ အထဲ ပါမသွားအောင် ဂရုစိုက်၍ လှီးပါ။

(၈) ထောပတ်သီး ဘယ်လိုစားမလဲ

ထောပတ်သီးကို စားတဲ့နည်း အမျိုးမျိုး ရှိတဲ့အနက် ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးနည်း များကို သိထားဖို့ အရေးကြီး ပါတယ်။ ဒေါက်တာ အယ်ဒီတာ တို့နိုင်ငံတွင် အများစု ကတော့ ထောပတ်သီးကို အသားတွေခြစ်ယူ၊ နို့၊ သကြားတို့ဖြင့် ဖျော်ရည်စက်ထဲ ထည့်ဖျော်ကာ သောက်သုံးလေ့ ရှိကြတာ ဖြစ်ပါတယ်။ အဲဒီလို ပုံစံမျိုး အမြဲတမ်း သုံးစွဲလျှင် နို့နှင့် သကြားကြောင့် ကယ်လိုရီတွေ တက်ခြင်း၊ ကိုယ်အလေးချိန် တိုးခြင်း၊ နို့ထဲမှ ပြည့်ဝဆီတွေ စားမိခြင်းဖြစ် တတ်ကြောင်း သတိထား ရပါမယ်။ အကောင်းဆုံး ကတော့ ထောပတ်သီးကို သူ့အတိုင်း ဇွန်းနှင့် ကော်၍ စားခြင်းက စိတ်အချရဆုံး ပါပဲ။ ဒါမှမဟုတ် ထောပတ်သီး အသားတွေ ချည်းသက်သက် ကြိတ်စက်ထဲ ထည့်ချေကာ အဲဒီ ထောပတ်သီး အနှစ်ထဲမှာ သခွားသီး အချောင်းများ၊ မုန်လာဥနီ အချောင်းများ နှစ်၍ စားခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်စေပါတယ်။ ဒါ့အပြင် ထောပတ်သီးကို ဟင်းချိုရည် အဖြစ် ခပ်သောက် နိုင်ပါ သေးတယ်။ ဒီလောက်ဆိုရင် ထောပတ်သီးနှင့် ပတ်သက်၍ လုံလောက်ပြီ ထင်ပါတယ်။

Credit : Thithtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top