iMyanmarHouse.com - Best Property Website for Myanmar
×

ေကာ္ဖီဟာ ကမၻာေပၚမွာ လူအမ်ားစု ႏွစ္သက္စြာေသာက္သံုးၾကတဲ့ ေသာက္စရာတစ္မ်ိဳးဆိုတာကို အျငင္းပြားဖြယ္ မ႐ွိပါဘူး။ ဒါေပမဲ့ ေကာ္ဖီမွာပါဝင္တဲ့ ကဖင္းဓာတ္ဟာ လူတိုင္းနဲ႔ ကိုက္ညီမႈ မ႐ွိပါဘူး။ ဥပမာ ႏွလံုးေရာဂါသည္ေတြအတြက္ေတာ့ ေကာ္ဖီခါးခါး ေသာက္သံုးရန္ မသင့္ေတာ္ပါဘူး။

ေကာ္ဖီကို က်န္းမာေရးနဲ႔ ပိုမိုညီညြတ္ေအာင္ နည္းလမ္း႐ွာေဖြေနတယ္ဆိုရင္ေတာ့ ေထာပတ္တစ္ေကာ္ေလာက္သာ ထည့္ေဖ်ာ္ၾကည့္လိုက္ပါ။ ဒီနည္းလမ္းေလးက က်န္းမာေရးအတြက္ ေကာင္းမြန္သလို ခါးဆိုဒ္ကိုလည္း လက္႐ွိနံပါတ္ကေန ကိန္းဂဏန္း (၂) ခု၊ (၃) ခုေလာက္ ေလ်ာ့က်သြားေစႏိုင္ပါတယ္။

ေဖ်ာ္စပ္နည္းကေတာ့ ေကာ္ဖီေစ့အေကာင္းစားကို အမႈန္႔ႀကိတ္ထားၿပီး ေပါင္းခံစက္နဲ႔ ေသခ်ာေပါင္းခံရာက ရ႐ွိတဲ့ ေကာ္ဖီေပါင္းခံရည္ (၂) ခြက္ရယ္၊ ေထာပတ္သန္႔ (၂) ဇြန္းခန္႔ရယ္၊ အုန္းပင္နဲ႔ ထန္းပင္ကေန ထုတ္ယူထားတဲ့ MCT (medium-chain triglycerides) ဆိုတဲ့ အဆီ (၂) ဇြန္းရယ္ကို ေရာေမႊၿပီး ေသာက္သံုးေပးရတာပါ။ ဒီေကာ္ဖီကို အင္တာနက္ေပၚမွာ လူႀကိဳက္မ်ားေနၿပီး စိတ္ဝင္တစား ေသာက္သံုးေနၾကပါတယ္။

သုေတသနအရေတာ့ MCT ဟာ ဇီဝကမၼလုပ္ေဆာင္မႈေတြကို လ်င္ျမန္စြာလုပ္ေဆာင္ေပးႏိုင္ၿပီး ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ေပးရာမွာ ထိေရာက္စြာ လုပ္ေဆာင္ႏိုင္ပါတယ္။ ေနာက္ၿပီးေတာ့ ေထာပတ္သန္႔ထဲမွာ အိုမီဂါသရီး ဖက္တီးအက္ဆစ္ ၾကြယ္ဝစြာပါဝင္ၿပီး အဲဒီအက္ဆစ္ေတြဟာ ေရာင္ရမ္းျခင္းကို ေလွ်ာ့ခ်ႏိုင္တဲ့ ဂုဏ္သတၱိ႐ွိတဲ့အတြက္ အူလမ္းေၾကာင္းလုပ္ေဆာင္မႈ၊ ဦးေႏွာက္ လုပ္ေဆာင္မႈနဲ႔ ခႏၶာကိုယ္စြမ္းအင္တို႔ကုိ တိုးတက္ေစႏိုင္ပါတယ္။ ရလာတဲ့ေပါင္းစပ္မႈက အရသာ႐ွိၿပီး ခရင္မ္မ်ားတဲ့ လက္တီးေကာ္ဖီေလးနဲ႔ေတာင္ တူတယ္လို႔ ဆိုၾကပါတယ္။ ေကာ္ဖီစိမ့္စိမ့္ေလး တစ္ခြက္ေသာက္ၿပီး ဝိတ္က်မွာကို မလိုခ်င္တဲ့သူ ဘယ္သူ႐ွိမလဲ။

ဒီေကာ္ဖီကို အာဟာရေဗဒ ပညာ႐ွင္ေတြကလည္း ေထာက္ခံထားပါေသးတယ္။ နယူးေယာက္ၿမိဳ႕က အာဟာရေဗဒပညာ႐ွင္ Amy Shapiro က "ဒီေကာ္ဖီဟာ စိတ္ေက်နပ္မႈ ေပးစြမ္းႏိုင္သလို ခြန္အားတိုးေစတဲ့ မနက္စာေကာ္ဖီတစ္မ်ိဳးျဖစ္ၿပီး ဆာေလာင္မႈကို ေျဖေဖ်ာက္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ အဆီပိုေတြကို ေလာင္ကြ်မ္းေစႏိုင္တဲ့အတြက္ ဝိတ္လည္း က်ေစႏိုင္ပါတယ္" လို႔ Reader's Digest မဂၢဇင္းကို ေျပာၾကားသြားပါတယ္။

ဒါေပမဲ့ သတိျပဳရမွာတစ္ခုေတာ့ ႐ွိပါေသးတယ္။ ဒီေကာ္ဖီထဲမွာ ကယ္လိုရီေတြ အမ်ားႀကီးပါဝင္တဲ့အတြက္ က်န္တဲ့တစ္ေန႔တာလံုးကို အဆီမ်ားတဲ့ အစားအေသာက္ေတြ စားသံုးမယ္ဆိုရင္ေတာ့ ေျပာင္းျပန္အက်ိဳးသက္ေရာက္မႈေတြ ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဝိတ္တကယ္က်ခ်င္တယ္ဆိုရင္ က်န္းမာညီညြတ္တဲ့ ေနထုိင္စားေသာက္မႈကိုလည္း ဆက္လက္ထိန္းသိမ္းသြားဖို႔ လိုအပ္ပါတယ္။

Source: Reader's Digest

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကော်ဖီဟာ ကမ္ဘာပေါ်မှာ လူအများစု နှစ်သက်စွာသောက်သုံးကြတဲ့ သောက်စရာတစ်မျိုးဆိုတာကို အငြင်းပွားဖွယ် မရှိပါဘူး။ ဒါပေမဲ့ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ လူတိုင်းနဲ့ ကိုက်ညီမှု မရှိပါဘူး။ ဥပမာ နှလုံးရောဂါသည်တွေအတွက်တော့ ကော်ဖီခါးခါး သောက်သုံးရန် မသင့်တော်ပါဘူး။

ကော်ဖီကို ကျန်းမာရေးနဲ့ ပိုမိုညီညွတ်အောင် နည်းလမ်းရှာဖွေနေတယ်ဆိုရင်တော့ ထောပတ်တစ်ကော်လောက်သာ ထည့်ဖျော်ကြည့်လိုက်ပါ။ ဒီနည်းလမ်းလေးက ကျန်းမာရေးအတွက် ကောင်းမွန်သလို ခါးဆိုဒ်ကိုလည်း လက်ရှိနံပါတ်ကနေ ကိန်းဂဏန်း (၂) ခု၊ (၃) ခုလောက် လျော့ကျသွားစေနိုင်ပါတယ်။

ဖျော်စပ်နည်းကတော့ ကော်ဖီစေ့အကောင်းစားကို အမှုန့်ကြိတ်ထားပြီး ပေါင်းခံစက်နဲ့ သေချာပေါင်းခံရာက ရရှိတဲ့ ကော်ဖီပေါင်းခံရည် (၂) ခွက်ရယ်၊ ထောပတ်သန့် (၂) ဇွန်းခန့်ရယ်၊ အုန်းပင်နဲ့ ထန်းပင်ကနေ ထုတ်ယူထားတဲ့ MCT (medium-chain triglycerides) ဆိုတဲ့ အဆီ (၂) ဇွန်းရယ်ကို ရောမွှေပြီး သောက်သုံးပေးရတာပါ။ ဒီကော်ဖီကို အင်တာနက်ပေါ်မှာ လူကြိုက်များနေပြီး စိတ်ဝင်တစား သောက်သုံးနေကြပါတယ်။

သုတေသနအရတော့ MCT ဟာ ဇီဝကမ္မလုပ်ဆောင်မှုတွေကို လျင်မြန်စွာလုပ်ဆောင်ပေးနိုင်ပြီး ကိုယ်အလေးချိန် လျှော့ချပေးရာမှာ ထိရောက်စွာ လုပ်ဆောင်နိုင်ပါတယ်။ နောက်ပြီးတော့ ထောပတ်သန့်ထဲမှာ အိုမီဂါသရီး ဖက်တီးအက်ဆစ် ကြွယ်ဝစွာပါဝင်ပြီး အဲဒီအက်ဆစ်တွေဟာ ရောင်ရမ်းခြင်းကို လျှော့ချနိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် အူလမ်းကြောင်းလုပ်ဆောင်မှု၊ ဦးနှောက် လုပ်ဆောင်မှုနဲ့ ခန္ဓာကိုယ်စွမ်းအင်တို့ကို တိုးတက်စေနိုင်ပါတယ်။ ရလာတဲ့ပေါင်းစပ်မှုက အရသာရှိပြီး ခရင်မ်များတဲ့ လက်တီးကော်ဖီလေးနဲ့တောင် တူတယ်လို့ ဆိုကြပါတယ်။ ကော်ဖီစိမ့်စိမ့်လေး တစ်ခွက်သောက်ပြီး ဝိတ်ကျမှာကို မလိုချင်တဲ့သူ ဘယ်သူရှိမလဲ။

ဒီကော်ဖီကို အာဟာရဗေဒ ပညာရှင်တွေကလည်း ထောက်ခံထားပါသေးတယ်။ နယူးယောက်မြို့က အာဟာရဗေဒပညာရှင် Amy Shapiro က "ဒီကော်ဖီဟာ စိတ်ကျေနပ်မှု ပေးစွမ်းနိုင်သလို ခွန်အားတိုးစေတဲ့ မနက်စာကော်ဖီတစ်မျိုးဖြစ်ပြီး ဆာလောင်မှုကို ဖြေဖျောက်ပေးနိုင်ပါတယ်။ ဒါ့အပြင် အဆီပိုတွေကို လောင်ကျွမ်းစေနိုင်တဲ့အတွက် ဝိတ်လည်း ကျစေနိုင်ပါတယ်" လို့ Reader's Digest မဂ္ဂဇင်းကို ပြောကြားသွားပါတယ်။

ဒါပေမဲ့ သတိပြုရမှာတစ်ခုတော့ ရှိပါသေးတယ်။ ဒီကော်ဖီထဲမှာ ကယ်လိုရီတွေ အများကြီးပါဝင်တဲ့အတွက် ကျန်တဲ့တစ်နေ့တာလုံးကို အဆီများတဲ့ အစားအသောက်တွေ စားသုံးမယ်ဆိုရင်တော့ ပြောင်းပြန်အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဝိတ်တကယ်ကျချင်တယ်ဆိုရင် ကျန်းမာညီညွတ်တဲ့ နေထိုင်စားသောက်မှုကိုလည်း ဆက်လက်ထိန်းသိမ်းသွားဖို့ လိုအပ်ပါတယ်။

Source: Reader's Digest

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top