iMyanmarHouse.com - Best Property Website for Myanmar
×

ဂ်င္းတက္ဟာ မ႐ွိမျဖစ္လိုအပ္တဲ့ အာဟာရဓာတ္ေတြ ပါဝင္တဲ့ ဟင္းခတ္အေမႊးအႀကိဳင္တစ္မ်ိဳးျဖစ္ၿပီး တိုင္းရင္းေဆးအျဖစ္လည္း အသံုးျပဳၾကပါတယ္။ ဂ်င္းတက္ရဲ႕ ေရာဂါကုသႏိုင္တဲ့ အရည္အေသြးေတြကို သိ႐ွိခဲ့ၾကတာ ႏွစ္ေပါင္းရာခ်ီ ၾကာျမင့္ၿပီျဖစ္ၿပီး လူမ်ိဳးေပါင္းစံုရဲ႕ တိုင္းရင္းေဆးေတြမွာလည္း ထည့္သြင္းအသံုးခ်ခဲ့ၾကပါတယ္။ ဂ်င္းတက္ထဲမွာ မန္းဂနိစ္၊ ေကာ့ပါး၊ မဂၢနီစီယမ္၊ ပိုတက္စီယမ္ အစ႐ွိတဲ့ သတၳဳဓာတ္ေတြ ၾကြယ္ဝစြာပါဝင္သလို ဗိုက္တာမင္ အီး၊ စီ နဲ႔ ေအ တို႔လည္း ၾကြယ္ဝပါတယ္။

ဂ်င္းတက္စားေပးျခင္းျဖင့္ ခႏၶာကိုယ္ရဲ႕ ဇီဝကမၼလုပ္ေဆာင္မႈေတြကို ပိုမိုျမန္ဆန္ေစသလုိ ကိုယ္ခံအားစနစ္ကိုလည္း အတိုင္းအတာ တစ္ခုအထိ တိုးတက္ေစႏိုင္ပါတယ္။ ဂ်င္းတက္ကို အစိမ္းစားလို႔ ရသလို ေရေႏြးေလးနဲ႔ စိမ္ေသာက္လို႔လည္း ရပါတယ္။ အထူးသျဖင့္ ဂ်င္းျပဳတ္ရည္မွာ က်န္းမာေရးအတြက္ အထူးေကာင္းမြန္တဲ့ အာနိသင္ေတြ ပါ႐ွိပါတယ္။

၁။ ေသြးတြင္းအခ်ိဳဓာတ္ ထိန္းညွိေပးတယ္

ေလ့လာမႈေတြအရ ဂ်င္းျပဳတ္ရည္ ေသာက္ေပးျခင္းဟာ Type 2 ဆီးခ်ိဳေရာဂါ႐ွိသူေတြအတြက္ ေသြးတြင္းအခ်ိဳဓာတ္ကို ေလ်ာ့က်ေစႏိုင္တယ္လို႔ သိရပါတယ္။ ဒါတင္မကေသးပါဘူး။ ဂ်င္းျပဳတ္ရည္ထဲမွာ အစာအိမ္နဲ႔ အူလမ္းေၾကာင္းကို ၿငိမ္သက္ေစႏိုင္ၿပီး အစာေခ်ႏႈန္းကိုလည္း ကူညီထိန္းေက်ာင္းေပးႏိုင္တဲ့ ဂုဏ္သတၱိ႐ွိပါတယ္။

၂။ ဝိတ္က်ေစတယ္

ခါးဆိုဒ္ပိုႀကီးလာလို႔ ေဘာင္းဘီေတြ မေတာ္ေတာ့ဘူးလား။ ဘာမွစိတ္မပူပါနဲ႔။ ဂ်င္းျပဳတ္ရည္ကိုသာ ေသာက္ေပးလိုက္ပါ။ ဂ်င္းျပဳတ္ရည္ကို ေန႔စဥ္ေသာက္ေပးျခင္းဟာ ကိုယ္အေလးခ်ိန္ က်ဆင္းေစဖို႔အတြက္ ကူညီေပးႏိုင္ပါတယ္။ မနက္မိုးလင္းၿပီဆိုတာနဲ႔ အစာမစားခင္ ဂ်င္းျပဳတ္ရည္တစ္ခြက္ ေသာက္ေပးမယ္ဆိုရငသ္ ေသြးတြင္းအခ်ိဳဓာတ္ကို ညီမွ်ေအာင္ ထိန္းညွိေပးႏိုင္ၿပီး မိမိကုိယ္ကို အလြန္အကြ်ံ စားေသာက္မိျခင္းမွ ထိန္းခ်ဳပ္ႏိုင္ပါတယ္။

ေနာက္ၿပီးေတာ့ ခႏၶာကိုယ္ထဲက ကိုလက္စ္ထေရာလယ္ဗယ္ကို ထိန္းညွိေပးျခင္းျဖင့္လည္း ႏွလံုးေရာဂါ ျဖစ္ပြားႏိုင္ေျခကို ေလွ်ာ့ခ်ေပးပါတယ္။

၃။ ခႏၶာကိုယ္ကို ေရဓာတ္ျပည့္ဝေစတယ္

ကြ်န္ေတာ္တို႔ လူ႔ခႏၶာကိုယ္ကို ေရဓာတ္ (၇၀) ရာခိုင္ႏႈန္းနဲ႔ ဖြဲ႕စည္းထားတဲ့အတြက္ ေရဓာတ္ျပည့္ဝေနေစဖို႔အတြက္ ေရကိုလံုေလာက္စြာ ေသာက္သံုးဖို႔လိုအပ္ပါတယ္။ မနက္ခင္းတိုင္းမွာ ဂ်င္းျပဳတ္ရည္ တစ္ခြက္ကို ေသာက္သံုးေပးမယ္ဆိုရင္ ခႏၶာကိုယ္မွာ အခ်ိန္အေတာ္ၾကာသည္အထိ ေရဓာတ္ျပည့္ဝေနေအာင္ ကူညီေပးႏိုင္ပါတယ္။

ဂ်င္းျပဳတ္ရည္ ျပဳလုပ္နည္း

ဂ်င္းျပဳတ္ရည္ ျပဳလုပ္ဖို႔ဆိုရင္ ဂ်င္းတက္လတ္လတ္ဆတ္ဆတ္ကိုသံုးတာ အေကာင္းဆံုးပါပဲ။ ရယ္ဒီမိတ္ ဂ်င္းမႈန္႔ေတြကို သံုးလို႔လည္း ရတယ္ဆိုေပမဲ့ ဂ်င္းတက္ လတ္လတ္ဆတ္ဆတ္မွာ အာနိသင္အမ်ားဆံုး ပါဝင္ပါတယ္။

ဂ်င္းျပဳတ္ရည္ျပဳလုပ္ဖို႔အတြက္ အရင္ဆံုး ဂ်င္းတက္တစ္ခုကို ေရေအးနဲ႔ေဆးလိုက္ပါ။ ၿပီးရင္ ဂ်င္းတက္ကို အမႈန္႔ႀကိတ္လိုက္ပါ။ ရလာတဲ့ဂ်င္းမႈန္႔က လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာခန္႔ပဲ ႐ွိရမွာပါ။ ၿပီးရင္ ေရေႏြးပြက္ပြက္ဆူ တစ္ခြက္ထဲမွာ ဂ်င္းမႈန္႔ကို ျဖဴးေပးလိုက္ပါ။ ၿပီးရင္ေတာ့ ၾကက္သီးေႏြး အပူခ်ိန္ေလာက္ ေရာက္သည္အထိ အေအးခံလိုက္ၿပီး ေသာက္သံုးႏိုင္ပါၿပီ။ အရသာ ပုိမိုေကာင္းမြန္ခ်င္ရင္ေတာ့ သံပရာရည္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းစာနဲ႔ ပ်ားရည္လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာတို႔ကိုလည္း ထည့္သြင္းႏိုင္ပါတယ္။

Source: Food.ndtv

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဂျင်းတက်ဟာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပြီး တိုင်းရင်းဆေးအဖြစ်လည်း အသုံးပြုကြပါတယ်။ ဂျင်းတက်ရဲ့ ရောဂါကုသနိုင်တဲ့ အရည်အသွေးတွေကို သိရှိခဲ့ကြတာ နှစ်ပေါင်းရာချီ ကြာမြင့်ပြီဖြစ်ပြီး လူမျိုးပေါင်းစုံရဲ့ တိုင်းရင်းဆေးတွေမှာလည်း ထည့်သွင်းအသုံးချခဲ့ကြပါတယ်။ ဂျင်းတက်ထဲမှာ မန်းဂနိစ်၊ ကော့ပါး၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ် အစရှိတဲ့ သတ္ထုဓာတ်တွေ ကြွယ်ဝစွာပါဝင်သလို ဗိုက်တာမင် အီး၊ စီ နဲ့ အေ တို့လည်း ကြွယ်ဝပါတယ်။

ဂျင်းတက်စားပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလုပ်ဆောင်မှုတွေကို ပိုမိုမြန်ဆန်စေသလို ကိုယ်ခံအားစနစ်ကိုလည်း အတိုင်းအတာ တစ်ခုအထိ တိုးတက်စေနိုင်ပါတယ်။ ဂျင်းတက်ကို အစိမ်းစားလို့ ရသလို ရေနွေးလေးနဲ့ စိမ်သောက်လို့လည်း ရပါတယ်။ အထူးသဖြင့် ဂျင်းပြုတ်ရည်မှာ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အာနိသင်တွေ ပါရှိပါတယ်။

၁။ သွေးတွင်းအချိုဓာတ် ထိန်းညှိပေးတယ်

လေ့လာမှုတွေအရ ဂျင်းပြုတ်ရည် သောက်ပေးခြင်းဟာ Type 2 ဆီးချိုရောဂါရှိသူတွေအတွက် သွေးတွင်းအချိုဓာတ်ကို လျော့ကျစေနိုင်တယ်လို့ သိရပါတယ်။ ဒါတင်မကသေးပါဘူး။ ဂျင်းပြုတ်ရည်ထဲမှာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ငြိမ်သက်စေနိုင်ပြီး အစာချေနှုန်းကိုလည်း ကူညီထိန်းကျောင်းပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။

၂။ ဝိတ်ကျစေတယ်

ခါးဆိုဒ်ပိုကြီးလာလို့ ဘောင်းဘီတွေ မတော်တော့ဘူးလား။ ဘာမှစိတ်မပူပါနဲ့။ ဂျင်းပြုတ်ရည်ကိုသာ သောက်ပေးလိုက်ပါ။ ဂျင်းပြုတ်ရည်ကို နေ့စဉ်သောက်ပေးခြင်းဟာ ကိုယ်အလေးချိန် ကျဆင်းစေဖို့အတွက် ကူညီပေးနိုင်ပါတယ်။ မနက်မိုးလင်းပြီဆိုတာနဲ့ အစာမစားခင် ဂျင်းပြုတ်ရည်တစ်ခွက် သောက်ပေးမယ်ဆိုရငသ် သွေးတွင်းအချိုဓာတ်ကို ညီမျှအောင် ထိန်းညှိပေးနိုင်ပြီး မိမိကိုယ်ကို အလွန်အကျွံ စားသောက်မိခြင်းမှ ထိန်းချုပ်နိုင်ပါတယ်။

နောက်ပြီးတော့ ခန္ဓာကိုယ်ထဲက ကိုလက်စ်ထရောလယ်ဗယ်ကို ထိန်းညှိပေးခြင်းဖြင့်လည်း နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါတယ်။

၃။ ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေတယ်

ကျွန်တော်တို့ လူ့ခန္ဓာကိုယ်ကို ရေဓာတ် (၇၀) ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတဲ့အတွက် ရေဓာတ်ပြည့်ဝနေစေဖို့အတွက် ရေကိုလုံလောက်စွာ သောက်သုံးဖို့လိုအပ်ပါတယ်။ မနက်ခင်းတိုင်းမှာ ဂျင်းပြုတ်ရည် တစ်ခွက်ကို သောက်သုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာ အချိန်အတော်ကြာသည်အထိ ရေဓာတ်ပြည့်ဝနေအောင် ကူညီပေးနိုင်ပါတယ်။

ဂျင်းပြုတ်ရည် ပြုလုပ်နည်း

ဂျင်းပြုတ်ရည် ပြုလုပ်ဖို့ဆိုရင် ဂျင်းတက်လတ်လတ်ဆတ်ဆတ်ကိုသုံးတာ အကောင်းဆုံးပါပဲ။ ရယ်ဒီမိတ် ဂျင်းမှုန့်တွေကို သုံးလို့လည်း ရတယ်ဆိုပေမဲ့ ဂျင်းတက် လတ်လတ်ဆတ်ဆတ်မှာ အာနိသင်အများဆုံး ပါဝင်ပါတယ်။

ဂျင်းပြုတ်ရည်ပြုလုပ်ဖို့အတွက် အရင်ဆုံး ဂျင်းတက်တစ်ခုကို ရေအေးနဲ့ဆေးလိုက်ပါ။ ပြီးရင် ဂျင်းတက်ကို အမှုန့်ကြိတ်လိုက်ပါ။ ရလာတဲ့ဂျင်းမှုန့်က လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာခန့်ပဲ ရှိရမှာပါ။ ပြီးရင် ရေနွေးပွက်ပွက်ဆူ တစ်ခွက်ထဲမှာ ဂျင်းမှုန့်ကို ဖြူးပေးလိုက်ပါ။ ပြီးရင်တော့ ကြက်သီးနွေး အပူချိန်လောက် ရောက်သည်အထိ အအေးခံလိုက်ပြီး သောက်သုံးနိုင်ပါပြီ။ အရသာ ပိုမိုကောင်းမွန်ချင်ရင်တော့ သံပရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာတို့ကိုလည်း ထည့်သွင်းနိုင်ပါတယ်။

Source: Food.ndtv

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top