iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင္အေရာင္ဆိုးထားတဲ့ ပ်ိဳေမတို႕ေရ မဂၤလာပါေနာ္။ ဆံပင္အေရာင္ဆိုးတာက ဒီကေန႕ေခတ္မွာ လူတိုင္းလိုလို လုပ္ေနၾကတာမို႕ သိပ္အထူးအဆန္း ကိစၥတစ္ခုမဟုတ္ပါဘူး။ ဆံပင္အရာင္ဆိုးထားတဲ့ သူေတြအတြက္ ဆံေကသာမပ်က္စီးေအာင္ ဘယ္လို ဂရုတစိုက္ ထိန္းသိမ္းရမလဲဆိုတာ ဒီကေန မွ်ေဝေပးသြားပါမယ္ေနာ္။

၁။ ဒီအခ်က္ေလးေတြကို ျပင္ဆင္ပါ

ဆံပင္ကို အေရာင္ဆိုးၿပီးတဲ့ေနာက္ ဆံေကသာကို က်န္းမာသန္စြမ္းေစခ်င္ေသးရင္ ဒီအခ်က္ေလးေတြကို ျပင္ဆင္ဖို႔လိုပါတယ္။

    တစ္လကို အနည္းဆံုး ၂ ႀကိမ္ေလာက္ အုန္းဆီ (သို႔) သံလြင္ဆီ နဲ ႔ေပါင္းတင္လိုက္ပါ။
    ဆံပင္ကို ၂ လတစ္ႀကိမ္ေလာက္ ပံုမွန္တိေပးၿပီး၊ ဆံပင္အပူေပးစက္ေတြကို ေရွာင္ပါ။

၂။ ဆံပင္အေရာင္ဆိုးေဆးကို ေသခ်ာေရြးပါ

ဆံပင္အဖ်ားႏွစ္ခြျဖစ္ျခင္းနဲ႔ ဆံသားက်ိဳေၾကျခင္းအတြက္ အေကာင္းဆံုး သဘာဝနည္းအတိုင္း ေပါင္းတင္နည္းေတြ

ေဆးသားမေကာင္းတာနဲ႔ ဆံပင္ဆိုးရင္ ဆံေကသာပိုၿပီး ပ်က္စီးေစပါတယ္။ ဒါ့ေၾကာင့္ သင္ေရြးခ်ယ္မယ့္ ေဆးသားကို ေသခ်ာေလးေရြးခ်ယ္ပါ။

၃။ ပ်က္စီးေနတဲ့ ဆံသားေတြကို ညွပ္ပစ္လုိက္ပါ

ဆံေကသာ ဖြာတာ၊ ဆံပင္အဖ်ားႏွစ္ခြျဖစ္တာ ၊ ဆံသားပ်က္စီးေနတဲ ့အဖ်ားေလးေတြကို ညွပ္ပစ္လုိက္ပါ။

၄။ ေခါင္းခဏခဏ မေလွ်ာ္ပါနဲ႕

ဆံပင္အေရာင္ဆိုးထားတဲ့ သူေတြအေနနဲ႔ တစ္ပတ္ကို ၂ ႀကိမ္ ၃ ႀကိမ္ေလာက္သာ ေခါင္းေလွ်ာ္ပါ။ ေခါင္းခဏခဏ ေလွ်ာ္တာဟာ ဦးေရျပားအတြင္းက အဆီေတြကို ေလွ်ာ့နည္းေစၿပီး ဆံေကသာကို ပ်က္စီးေစပါတယ္။

၅။ ေရေအးေအးနဲ႔ ေဆးခ်ပါ

ေခါင္းေလွ်ာ္ရာမွာ ေရေႏြးနဲပမဟုတ္ဘဲ ေရေအးေအးနဲ႔ ေဆးခ်ေပးပါ။ ေရေႏြးက ဆံပင္ကၽြန္ေစၿပီး ဆံေကသာကို ေျခာက္ေသြ႕ေစပါတယ္။

၆။ ေပါင္းေဆးသံုးမယ္

ေခါင္းေလွ်ာ္ရာမွာ ေပါင္းေဆးကို ၅ မိနစ္ေလာက္ လိမ္းေပးထားၿပီးမွ ေလွ်ာ္ခ်လိုက္ပါ။ ဒါဆိုရင္ ဆံေကသာ ပ်က္စီးတာကိုလည္း သက္သာေစမွာပါ။

၇။ သင့္ေတာ္တဲ့ ေခါင္းေလွ်ာ္ရည္သံုးမယ္

ဆံပင္အေရာင္ဆိုးထားတဲ့ သူေတြအတြက္ သီးသန္႕ထုတ္ထားတဲ့ ေခါင္းေလွ်ာ္ရည္ေပါင္းေဆးေတြကို ေရြးခ်ယ္သံုးေပးပါ။

၈။ ၾကက္ဥနဲ႔ ေပါင္းတင္မယ္

ဆံပင္ေဆးဆိုးထားတဲ့သူေတြအတြက္ ပရိုတင္းဓာတ္ကအေကာင္းဆံုးပါပဲ။ ပရိုတင္းဓာတ္ပါတဲ့ ၾကက္ဥနဲ႕ ဆံပင္ေပါင္းတင္ေပးလိုက္ပါ။

ၾကက္ဥ ၁ လံုး
Mayonnaise စားပြဲတင္ဇြန္း ၂ ဇြန္းကိုေသခ်ာေရာၿပီး ဆံပင္ကို အရင္းကေန အဖ်ားထိ ေသခ်ာလိမ္းေပးလုိက္ပါ။ ၿပီးရင္ ၄၅ မိနစ္ေလာက္ထားၿပီး ေခါင္းေလွ်ာ္ခ်လိုက္ပါ။ တစ္ပတ္ကို ၁ ႀကိမ္လုပ္ေပးပါ။

Credit : Mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဆံပင်အရောင်ဆိုးထားတဲ့ ပျိုမေတို့ရေ မင်္ဂလာပါနော်။ ဆံပင်အရောင်ဆိုးတာက ဒီကနေ့ခေတ်မှာ လူတိုင်းလိုလို လုပ်နေကြတာမို့ သိပ်အထူးအဆန်း ကိစ္စတစ်ခုမဟုတ်ပါဘူး။ ဆံပင်အရာင်ဆိုးထားတဲ့ သူတွေအတွက် ဆံကေသာမပျက်စီးအောင် ဘယ်လို ဂရုတစိုက် ထိန်းသိမ်းရမလဲဆိုတာ ဒီကနေ မျှဝေပေးသွားပါမယ်နော်။

၁။ ဒီအချက်လေးတွေကို ပြင်ဆင်ပါ

ဆံပင်ကို အရောင်ဆိုးပြီးတဲ့နောက် ဆံကေသာကို ကျန်းမာသန်စွမ်းစေချင်သေးရင် ဒီအချက်လေးတွေကို ပြင်ဆင်ဖို့လိုပါတယ်။

    တစ်လကို အနည်းဆုံး ၂ ကြိမ်လောက် အုန်းဆီ (သို့) သံလွင်ဆီ နဲ့ပေါင်းတင်လိုက်ပါ။
    ဆံပင်ကို ၂ လတစ်ကြိမ်လောက် ပုံမှန်တိပေးပြီး၊ ဆံပင်အပူပေးစက်တွေကို ရှောင်ပါ။

၂။ ဆံပင်အရောင်ဆိုးဆေးကို သေချာရွေးပါ

ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းနဲ့ ဆံသားကျိုကြေခြင်းအတွက် အကောင်းဆုံး သဘာဝနည်းအတိုင်း ပေါင်းတင်နည်းတွေ

ဆေးသားမကောင်းတာနဲ့ ဆံပင်ဆိုးရင် ဆံကေသာပိုပြီး ပျက်စီးစေပါတယ်။ ဒါ့ကြောင့် သင်ရွေးချယ်မယ့် ဆေးသားကို သေချာလေးရွေးချယ်ပါ။

၃။ ပျက်စီးနေတဲ့ ဆံသားတွေကို ညှပ်ပစ်လိုက်ပါ

ဆံကေသာ ဖွာတာ၊ ဆံပင်အဖျားနှစ်ခွဖြစ်တာ ၊ ဆံသားပျက်စီးနေတဲ့အဖျားလေးတွေကို ညှပ်ပစ်လိုက်ပါ။

၄။ ခေါင်းခဏခဏ မလျှော်ပါနဲ့

ဆံပင်အရောင်ဆိုးထားတဲ့ သူတွေအနေနဲ့ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက်သာ ခေါင်းလျှော်ပါ။ ခေါင်းခဏခဏ လျှော်တာဟာ ဦးရေပြားအတွင်းက အဆီတွေကို လျှော့နည်းစေပြီး ဆံကေသာကို ပျက်စီးစေပါတယ်။

၅။ ရေအေးအေးနဲ့ ဆေးချပါ

ခေါင်းလျှော်ရာမှာ ရေနွေးနဲပမဟုတ်ဘဲ ရေအေးအေးနဲ့ ဆေးချပေးပါ။ ရေနွေးက ဆံပင်ကျွန်စေပြီး ဆံကေသာကို ခြောက်သွေ့စေပါတယ်။

၆။ ပေါင်းဆေးသုံးမယ်

ခေါင်းလျှော်ရာမှာ ပေါင်းဆေးကို ၅ မိနစ်လောက် လိမ်းပေးထားပြီးမှ လျှော်ချလိုက်ပါ။ ဒါဆိုရင် ဆံကေသာ ပျက်စီးတာကိုလည်း သက်သာစေမှာပါ။

၇။ သင့်တော်တဲ့ ခေါင်းလျှော်ရည်သုံးမယ်

ဆံပင်အရောင်ဆိုးထားတဲ့ သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ ခေါင်းလျှော်ရည်ပေါင်းဆေးတွေကို ရွေးချယ်သုံးပေးပါ။

၈။ ကြက်ဥနဲ့ ပေါင်းတင်မယ်

ဆံပင်ဆေးဆိုးထားတဲ့သူတွေအတွက် ပရိုတင်းဓာတ်ကအကောင်းဆုံးပါပဲ။ ပရိုတင်းဓာတ်ပါတဲ့ ကြက်ဥနဲ့ ဆံပင်ပေါင်းတင်ပေးလိုက်ပါ။

ကြက်ဥ ၁ လုံး
Mayonnaise စားပွဲတင်ဇွန်း ၂ ဇွန်းကိုသေချာရောပြီး ဆံပင်ကို အရင်းကနေ အဖျားထိ သေချာလိမ်းပေးလိုက်ပါ။ ပြီးရင် ၄၅ မိနစ်လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်ကို ၁ ကြိမ်လုပ်ပေးပါ။

Credit : Mystylemyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top