iMyanmarHouse.com - Best Property Website for Myanmar
×

 ေပါေပါမ်ားမ်ားေတြ႔ရတဲ့ အသီးေတြထဲမွာ ၾကက္ေမာက္သီးလည္း အပါအဝင္ ျဖစ္ပါတယ္။ ကိုယ္စားသုံးတဲ့အရာဟာ ကိုယ္အတြက္ ဘယ္လို အာနိသင္ေကာင္းေတြ ေပးတယ္ဆိုတာကို လူတိုင္း သိထားသင့္ပါတယ္။ ဒါမွသာ အစားအစာကို က်န္းမာေရးနဲ႔ ညီညြတ္ေအာင္ စားသုံးႏိုင္မွာ ျဖစ္ပါတယ္။

ေသြးတိုးေရာဂါ ေဝဒနာသည္မ်ား အေနနဲ႔ တစ္ေန ကို္ ၾကက္ေမာက္သီး ၈-လံုးကေန ၁ဝ-လံုးခန္ ့စားေပးသင့္ပါတယ္။ အေစ့ထဲတြင္ hypoglycemic ဓာတ္ပါရွိျခင္းေၾကာင့္ လည္း ေသြးထဲရွိသၾကားပမာဏကိုက်ဆင္းေစပါတယ္။ ၾကက္ေမာက္သီး တစ္ခြက္စာ ပမာဏကို စားသံုးေသာအခါ၊ တစ္ေန႔တာ လိုအပ္သည့္ ေဖာ့စ္ဖရပ္စ္ ၄.၃% ကို ရရွိေစသည့္ အတြက္၊ ေက်ာက္ကပ္ကို ေကာင္းစြာအလုပ္လုပ္ႏိုင္ေအာင္ ေထာက္ပံ့ေပးပါတယ္။

ေက်ာက္ကပ္ကိုလည္းသန္ ့စင္ေစပါတယ္။ ကယ္လ္စီယမ္ဓာတ္ ပါရွိျခင္းေၾကာင့္ သြားႏွင့္အ႐ိုးမ်ားကိုခုိင္ခန္ ့ေစပါတယ္။  ၾကက္ေမာက္သီးကို စားေပးျခင္းျဖင့္ အူလမ္းေၾကာင္းရွိ ကပ္ပါးေကာင္မ်ားကို ေသေစႏိုင္သည့္ျပင္ ၊ ဝမ္းေလွ်ာ/ဝမ္းပ်က္ျခင္း ေဝဒနာတို ့ ကုိလည္း သက္သာေစပါတယ္။

 ၾကက္ေမာက္သီးအေစ့ကို သူ ့ခ်ည္းဘဲ အစိမ္းလိုက္ဝါးစားႏိုင္သလို၊ ၾကိတ္ေခ်ျပီးအျခားအစားအစာတို ့နဲ ့ တြဲဘက္စားေပးျခင္ျဖင့္ ခႏၶာကိုယ္အဆီမ်ားကို ထိထိေရာက္ေရာက္ ခ်ေပးႏိုင္ပါတယ္။ ထို ့ျပင္ အသားအရည္ကိုက်န္းမာေစျပီး အထူးသျဖင့္ မ်က္ႏွာ အသားအရည္ကို ႏူးညံ့ေခ်ာေမြ ့ေစပါတယ္။ (လူအခ်ိဳ ့ကေတာ့ ၾကက္ေမာက္သီးအေစ့ႏွင့္ ေမြးရာပါ ဓာတ္မတည့္မႈမ်ားရွိတတ္သျဖင့္ သတိျပဳ၍ စားသံုးသင့္ပါသည္)။

 ၾကက္ေမာက္ပင္အရြက္ကိုေထာင္းထု၍ အနာအံုေဆး အျဖစ္လည္ေကာင္း၊ အသားအေရေျခာက္ေသြ ့ျခင္းအတြက္ lotion အျဖစ္လည္းေကာင္း အသံုးျပဳႏိုင္ပါတယ္။ ေခါင္းကိုက္ေသာအခါတြင္ ၾကက္ေမာက္ပင္အရြက္ကို နားထင္ပတ္လည္တြင္ ေထာင္းအံုေပးျခင္းျဖင့္လဲ ေဝဒနာမ်ား သက္သာလာေစႏိုင္ပါတယ္။ ထို ့ျပင္ ၾကက္ေမာက္သီးအရြက္ကိုသန္ ့စင္ေအာင္ေဆးေၾကာျပီး၊ ေရအနဲငယ္ထဲ့၍ ၾကိတ္ေခ်ပါ။ ထိုအႏွစ္ကို အဝတ္သန္ ့သန္ ့ျဖင့္ ထုပ္ကာညွစ္ျပီးရလာသည့္ အရြက္သတၱုရည္ကို ဦးေရးျပားအႏွံ ့ မွန္မွန္လိမ္းေပးျခင္းျဖင့္ ဆံပင္သားမ်ားသန္စြမ္းနက္ေမွာင္လာေစပါမည္။

ဆံပင္ဆိုးေဆးအျဖစ္လည္းအသံုးျပဳႏိုင္ပါတယ္။  ၾကက္ေမာက္သီးအခြံကို ခပ္ပါးပါးလွီးျပီး၊ ေရ ၃-ခြက္တစ္ခြက္တင္ၾကိဳ၍ အေအးခံကာ တစ္ေန ့၂-ၾကိမ္ေသာက္သံုးေပးျခင္းျဖင့္ ဝမ္းကုိက္ေရာဂါ ကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။  ၾကက္ေမာက္သီးအေစ့ ၅-လံုးကိုေလွာ္္၍ ကိ်တ္ေခ်ပါ။ ျပီးရင္ ေရေအးေအးတစ္ခြက္ျဖင့္ ထိုနည္းအတိုင္း တစ္ေန ့၂-ၾကိမ္ ေသာက္သံုးေပးပါက၊ ဆီးခ်ိဳေရာဂါ ကို သက္သာလာေစႏိုင္ပါတယ္။ ၾကက္ေမာက္သီး အခြံေျခာက္ ၁၅-ဂရမ္ ခန္ ့ကို ေရ ၃-ခြက္စာပမာဏျဖင့္ေရာ၍ ၁၅-မိနစ္ေလာက္ ဆူေအာင္တည္ပါ။ အေအးခံျပီးေနာက္ ထုိျပဳတ္ေရကို တစ္ေန ့ ၃-ၾကိမ္ ေသာက္ေပးျခင္းျဖင့္ ဖ်ားနာေရာဂါမ်ား ယူပစ္သလို ေပ်ာက္ကင္းေစႏိုင္ပါတယ္။

ပင္စည္သားကိုျပဳတ္၍ မွကၡရုနာ မ်ားကို လိမ္းက်ံေပးျခင္းျဖင့္ ေပ်ာက္ကင္းသက္သာေစႏိုင္ပါတယ္။ ၾကက္ေမာက္ပင္၏ အျမစ္ကိုျပဳတ္၍ သန္ခ်ေဆးအျဖစ္ ေသာက္သံုးႏိုင္သည့္အျပင္ ၾကက္ေမာက္သီး အခြံေျခာက္မ်ားကို ဖ်ားနာျခင္းေဝဒနာအမ်ိဳးမ်ဳိးတို ့ကို ကုသရန္အတြက္ အသုံးျပဳႏိုင္ပါတယ္။

Credit : Thithtoolwin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 ပေါပေါများများတွေ့ရတဲ့ အသီးတွေထဲမှာ ကြက်မောက်သီးလည်း အပါအဝင် ဖြစ်ပါတယ်။ ကိုယ်စားသုံးတဲ့အရာဟာ ကိုယ်အတွက် ဘယ်လို အာနိသင်ကောင်းတွေ ပေးတယ်ဆိုတာကို လူတိုင်း သိထားသင့်ပါတယ်။ ဒါမှသာ အစားအစာကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးနိုင်မှာ ဖြစ်ပါတယ်။

သွေးတိုးရောဂါ ဝေဒနာသည်များ အနေနဲ့ တစ်နေ ကို ကြက်မောက်သီး ၈-လုံးကနေ ၁ဝ-လုံးခန့်စားပေးသင့်ပါတယ်။ အစေ့ထဲတွင် hypoglycemic ဓာတ်ပါရှိခြင်းကြောင့် လည်း သွေးထဲရှိသကြားပမာဏကိုကျဆင်းစေပါတယ်။ ကြက်မောက်သီး တစ်ခွက်စာ ပမာဏကို စားသုံးသောအခါ၊ တစ်နေ့တာ လိုအပ်သည့် ဖော့စ်ဖရပ်စ် ၄.၃% ကို ရရှိစေသည့် အတွက်၊ ကျောက်ကပ်ကို ကောင်းစွာအလုပ်လုပ်နိုင်အောင် ထောက်ပံ့ပေးပါတယ်။

ကျောက်ကပ်ကိုလည်းသန့်စင်စေပါတယ်။ ကယ်လ်စီယမ်ဓာတ် ပါရှိခြင်းကြောင့် သွားနှင့်အရိုးများကိုခိုင်ခန့်စေပါတယ်။  ကြက်မောက်သီးကို စားပေးခြင်းဖြင့် အူလမ်းကြောင်းရှိ ကပ်ပါးကောင်များကို သေစေနိုင်သည့်ပြင် ၊ ဝမ်းလျှော/ဝမ်းပျက်ခြင်း ဝေဒနာတို့ ကိုလည်း သက်သာစေပါတယ်။

 ကြက်မောက်သီးအစေ့ကို သူ့ချည်းဘဲ အစိမ်းလိုက်ဝါးစားနိုင်သလို၊ ကြိတ်ချေပြီးအခြားအစားအစာတို့နဲ့ တွဲဘက်စားပေးခြင်ဖြင့် ခန္ဓာကိုယ်အဆီများကို ထိထိရောက်ရောက် ချပေးနိုင်ပါတယ်။ ထို့ပြင် အသားအရည်ကိုကျန်းမာစေပြီး အထူးသဖြင့် မျက်နှာ အသားအရည်ကို နူးညံ့ချောမွေ့စေပါတယ်။ (လူအချို့ကတော့ ကြက်မောက်သီးအစေ့နှင့် မွေးရာပါ ဓာတ်မတည့်မှုများရှိတတ်သဖြင့် သတိပြု၍ စားသုံးသင့်ပါသည်)။

 ကြက်မောက်ပင်အရွက်ကိုထောင်းထု၍ အနာအုံဆေး အဖြစ်လည်ကောင်း၊ အသားအရေခြောက်သွေ့ခြင်းအတွက် lotion အဖြစ်လည်းကောင်း အသုံးပြုနိုင်ပါတယ်။ ခေါင်းကိုက်သောအခါတွင် ကြက်မောက်ပင်အရွက်ကို နားထင်ပတ်လည်တွင် ထောင်းအုံပေးခြင်းဖြင့်လဲ ဝေဒနာများ သက်သာလာစေနိုင်ပါတယ်။ ထို့ပြင် ကြက်မောက်သီးအရွက်ကိုသန့်စင်အောင်ဆေးကြောပြီး၊ ရေအနဲငယ်ထဲ့၍ ကြိတ်ချေပါ။ ထိုအနှစ်ကို အဝတ်သန့်သန့်ဖြင့် ထုပ်ကာညှစ်ပြီးရလာသည့် အရွက်သတ္တုရည်ကို ဦးရေးပြားအနှံ့ မှန်မှန်လိမ်းပေးခြင်းဖြင့် ဆံပင်သားများသန်စွမ်းနက်မှောင်လာစေပါမည်။

ဆံပင်ဆိုးဆေးအဖြစ်လည်းအသုံးပြုနိုင်ပါတယ်။  ကြက်မောက်သီးအခွံကို ခပ်ပါးပါးလှီးပြီး၊ ရေ ၃-ခွက်တစ်ခွက်တင်ကြို၍ အအေးခံကာ တစ်နေ့၂-ကြိမ်သောက်သုံးပေးခြင်းဖြင့် ဝမ်းကိုက်ရောဂါ ကို ပျောက်ကင်းစေနိုင်ပါတယ်။  ကြက်မောက်သီးအစေ့ ၅-လုံးကိုလှော်၍ ကျိတ်ချေပါ။ ပြီးရင် ရေအေးအေးတစ်ခွက်ဖြင့် ထိုနည်းအတိုင်း တစ်နေ့၂-ကြိမ် သောက်သုံးပေးပါက၊ ဆီးချိုရောဂါ ကို သက်သာလာစေနိုင်ပါတယ်။ ကြက်မောက်သီး အခွံခြောက် ၁၅-ဂရမ် ခန့်ကို ရေ ၃-ခွက်စာပမာဏဖြင့်ရော၍ ၁၅-မိနစ်လောက် ဆူအောင်တည်ပါ။ အအေးခံပြီးနောက် ထိုပြုတ်ရေကို တစ်နေ့ ၃-ကြိမ် သောက်ပေးခြင်းဖြင့် ဖျားနာရောဂါများ ယူပစ်သလို ပျောက်ကင်းစေနိုင်ပါတယ်။

ပင်စည်သားကိုပြုတ်၍ မှက္ခရုနာ များကို လိမ်းကျံပေးခြင်းဖြင့် ပျောက်ကင်းသက်သာစေနိုင်ပါတယ်။ ကြက်မောက်ပင်၏ အမြစ်ကိုပြုတ်၍ သန်ချဆေးအဖြစ် သောက်သုံးနိုင်သည့်အပြင် ကြက်မောက်သီး အခွံခြောက်များကို ဖျားနာခြင်းဝေဒနာအမျိုးမျိုးတို့ကို ကုသရန်အတွက် အသုံးပြုနိုင်ပါတယ်။

Credit : Thithtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top