iMyanmarHouse.com - Best Property Website for Myanmar
×

‘ပြဲေတာ္လမ္း’

ပြဲေတာ္ထဲ လေရာင္ မေရာက္ခင္

ေနေရာင္ဟာ သူတစ္ေယာက္တည္း

ေရာင္စုံစိတ္ကူးေလးေတြ

ေဆးျခယ္ထားတဲ့ လူ႕ဘုံထဲ

ဆိုင္းသံကိုသာ နားစြင့္ေနၾကသူေတြ။

ဆုေတာင္းေလးေတြ ရင္ျပင္ေတာ္ေပၚေၾကြက်

ေရခ်မ္းစင္တဲေလးေတြေရွ႕က

ကုသိုလ္စမ္းေခ်ာင္းေလး

သူ႕ေရစီးမွာ လူေတြ ေအးရိပ္ခိုၾက

အားငယ္ေနရွာတဲ့ စကၠဴႏြား႐ုပ္ေလး

တြဲလြဲခ်ိတ္ထားတဲ့ ေသနတ္ေလးကို

သူ ေၾကာက္ရြံ႕ေနရွာ။

ဇာတ္စင္ေတာ္ အဖြင့္လက္ခုပ္သံေတြထဲ

ေတာရြာေလးေတြရဲ႕ေပ်ာ္ရႊင္မႈေတြ လြင့္ပ်ံ႕

ဘယ္လိုပဲျဖစ္ျဖစ္ ပြဲေတာ္ရဲ႕လမ္းေတြ

လေရာင္ေအာက္ ႏွွစ္စဥ္ပြင့္ဖူးလို႔။

– ထက္လူေအာင္

“ဘုရားပြဲကို ဘုရားပြဲကို” လို႔ ေအာ္ေခၚေနတဲ့ အသံေတြကို ၾကားေနရတယ္။ ၀တ္ေကာင္းစားလွေတြနဲ႔ အဲဒီကားေတြေပၚကို သူ႔ထက္ငါ အလုအယက္ တက္ေနၾကတဲ့ လူေတြကိုလည္း ျမင္ေနရတာပါပဲ။ ဒါေပမဲ့ အံၾသစရာေကာင္းတာက အဲဒီျမင္ကြင္းေတြ အဲဒီအသံေတြအတြက္ ကြၽန္ေတာ့္စိတ္မွာ ဘယ္လိုမွ မခံစားေနရတာပဲ။ တကယ္လည္း အံၾသေနမိခဲ့တယ္။

ဘာျဖစ္လို႔လဲဆိုေတာ့ လြန္ခဲ့တဲ့ႏွစ္ေတြတုန္းကဆို အဲဒီလိုအသံေတြ အဲဒီလိုျမင္ကြင္းမ်ဳိးေတြကို ျမင္ၿပီဆိုတာနဲ႔ စိတ္ထဲမွာ မ႐ိုးမရြ ျဖစ္လာတတ္လို႔ပါပဲ။ မ႐ိုးမရြ ျဖစ္႐ုံတင္မက နီးစပ္ရာကားေပၚကို ေကာက္တက္ၿပီး ဘုရားပြဲေစ်းဆီကို ခဏေလာက္ျဖစ္ျဖစ္ ေရာက္သြားတတ္ပါေသးတယ္။ တကယ္ေတာ့ ဒီဘက္ႏွစ္ပိုင္းေတြမွာ အေပ်ာ္အပါးကိစၥဘက္ေတြမွာ ကြၽန္ေတာ္ဟာ စိတ္မပါ လက္မပါ ျဖစ္ေနခဲ့မွန္း ကိုယ့္ကိုယ္ကိုယ္ သတိထားမိေနခဲ့ပါတယ္။ အသက္အရြယ္ေၾကာင့္လား ဒါမွမဟုတ္ မေျပလည္တဲ့ စီးပြားေရးအေနအထားေၾကာင့္ ား ေသခ်ာမသိေပမယ့္ အဲဒီလိုပြဲေတာ္မ်ဳိးေတြကို သြားဖို႔ စိတ္မပါ လက္မပါ ျဖစ္ေနခဲ့တာေတာ့ အေသအခ်ာပါပဲ။

ပြဲေတာ္ေတြတင္ မဟုတ္ပါဘူး။ နည္းနည္းပါးပါး လူေနထူထပ္တဲ့ လက္ဖက္ရည္ဆိုင္လို ေနရာမ်ဳိးေတြကိုလည္း တတ္ႏိုင္သေလာက္ ကြၽန္ေတာ္ ေရွာင္ေနမိတတ္ပါတယ္။ဟုတ္ပါတယ္။ ဒီဘက္ႏွစ္ပိုင္းေတြမွာ စာဖတ္တာ၊ စာေရးတာလို ကိစၥရပ္မ်ဳိးေတြဘက္ကို ပဲ ကြၽန္ေတာ့္စိတ္ေတြက အားသန္ေနခဲ့ပါတယ္။ စာမဖတ္ျဖစ္ စာမေရးျဖစ္ရင္ေတာင္မွ ၿငိမ္ၿငိမ္ဆိတ္ဆိတ္ ေတြးေနရတာကိုပဲ သေဘာက်ေနမိခဲ့ပါတယ္။ ယုတ္စြအဆုံး အိမ္မွာေနရင္ေတာင္ အိမ္က မိသားစု၀င္ေတြနဲ႔ အနည္းငယ္ေ၀းတဲ့ ျခံထဲလိုေနရာမ်ဳိး မွာ ဆင္းၿပီးေနတတ္မိပါတယ္။

အဲဒီလိုဆိုလို႔ လူေတာမတိုးတဲ့ပုံစံ လူေတြထဲ မ၀င္ဆံ့တဲ့ ပုံစံမ်ဳိးေတာ့လည္း မဟုတ္ပါဘူး။ ကြၽန္ေတာ္ လုပ္စရာေတြကို ပုံမွန္လုပ္ၿပီး ကြၽန္ေတာ္ ဆက္ဆံစရာရွိတဲ့ လူေတြနဲ႔လည္း ပုံမွန္ဆက္ဆံျဖစ္ေနခဲ့ကာ ကြၽန္ေတာ့္ အားလပ္ခ်ိန္ ကြၽန္ေတာ္ရဲ႕ ကိုယ္ပိုင္အခ်ိန္ ေတြမွာ ကြၽန္ေတာ္ေနခ်င္တဲ့ပုံစံမ်ဳိးနဲ႔ ေနေနခဲ့တာမ်ဳိးပဲ ျဖစ္ပါတယ္။

လူသူရွင္းတဲ့ေနရာမွာ ၿငိမ္ၿငိမ္ဆိတ္ဆိတ္ထိုင္ၿပီး ၿငိမ္ၿငိမ္ဆိတ္ဆိတ္ေတြးမယ္၊ ၿငိမ္ၿငိမ္ဆိတ္ဆိတ္ စာဖတ္ၿပီး ၿငိမ္ၿငိမ္ဆိတ္ဆိတ္ပဲ ကြၽန္ေတာ္ ေတြးမိသမွ်ကို ခ်ေရးမယ္။ကြၽန္ေတာ့္ေခါင္းထဲမွာ ဒီေလာက္ပဲ ရွိေနခဲ့ပါတယ္။ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေနခ်င္မိတဲ့ ႏွစ္ ပိုင္းေတြလို႔ ေျပာရင္ေတာ့ ပိုမွန္လိမ့္မယ္ ထင္ပါတယ္။

တကယ္လည္း တစ္ေယာက္ေယာက္နဲ႔ ျငင္းခုံရမွာ၊ တစ္ေယာက္ေယာက္နဲ႔ ၿပိဳင္ဆိုင္ရမွာကို ကြၽန္ေတာ့္စိတ္က လုံး၀ လက္မခံခဲ့ဘူး။ မေတာ္တဆ ျငင္းခုံရဖို႔ၾကံဳလာခဲ့ရင္လည္း အေလွ်ာ့ေပးပစ္လိုက္မိတာခ်ည္းပါပဲ။ အထူးသျဖင့္ အခုလို ပြဲေတာ္ေနရာေတြကို ကြၽန္ေတာ္ လုံး၀ ေရွာင္ၾကဥ္ေနခ်င္မိတယ္။ ဖုန္တေထာင္းေထာင္းနဲ႔ လူေတြက်ပ္ညပ္ေနတဲ့ လမ္းေတြထဲကို တိုးေ၀ွ႔ေလွ်ာက္ရမွာကို ကြၽန္ေတာ္ ေၾကာက္ေနမိတယ္။ ေစ်းဆိုင္ ေပါင္းစုံက အနံ႔မ်ဳိးစုံ၊ လူေပါင္းေျမာက္ျမားစြာဆီက အနံ႔မ်ဳိးစုံ စီးေမ်ာခို၀င္ေနမယ့္ ပြဲ ေတာ္၀န္းက်င္က ေလကို႐ွဴ႐ိႈက္ဖို႔အတြက္ ေတြးလိုက္မိ႐ုံနဲ႔ကို ကြၽန္ေတာ္စိတ္မွာ အသက္ ႐ွဴက်ပ္ေနခဲ့မိတယ္။

တကယ္လည္း ေသေသခ်ာခ်ာ စဥ္းစားၾကည့္ေတာ့ လူေတြၾကားထဲကို တိုးေ၀ွ႔ၿပီး ေလွ်ာက္ရတာရယ္၊ သာမန္အခ်ိန္မွာ ၅၀၀ ေပးၿပီး ၀ယ္စားလို႔ရႏိုင္တဲ့ အစားအစာေတြ ကို ၁၀၀၀ ေလာက္ေပးၿပီး ၀ယ္စားၾကရတာကလြဲရင္ ပြဲေတာ္ေတြဟာ သိပ္ၿပီးေပ်ာ္စရာ မေကာင္းဘူးလို႔ ထင္တယ္။ အဲဒီလိုပဲ ဖ်ာတစ္ခ်ပ္စာေနရာကို ေသာင္းဂဏန္းေပးၿပီး ပြဲေတြကို ၾကည့္မယ့္အစား စာအုပ္တစ္အုပ္ကို ဖတ္ေနလိုက္ရတာကမွ ပိုၿပီး ေကာင္းလိမ့္ဦးမယ္လို႔ ထင္တယ္။

ဒါေပမဲ့ ဒါေတြဟာ ဒီဘက္ပိုင္းမွ ျဖစ္ေပၚလာတဲ့ ကြၽန္ေတာ္ရဲ႕စိတ္ခံစားမႈေတြျဖစ္ၿပီး လြန္ခဲၿပီးတဲ့ ႏွစ္ပိုင္းေတြကေတာ့ ပြဲေတာ္ေတြကိုသြားဖို႔ အခုျမင္ေနရတဲ့ လူေတြလိုပဲ ကြၽန္ေတာ္လည္း ေပ်ာ္ရႊင္ တက္ၾကြ ခဲ့ပါတယ္။အထူးသျဖင့္ ကေလးတစ္ေယာက္အျဖစ္နဲ႔ ေန႔ရက္ေတြမွာ ပြဲေတာ္ေတြကို ပိုၿပီးရင္ခုန္ေပ်ာ္ရႊင္ခဲ့ရဖူးပါတယ္။ ပြဲေစ်းတန္းက ဆိုင္ခန္းေတြမွာ ခ်ိတ္ဆြဲထားတဲ့ ကစားစရာအ႐ုပ္ေတြကို တေမ့တေမာ့ ေငးၾကည့္ခဲ့ဖူးပါတယ္။တစ္ပတ္ၿပီးတစ္ပတ္ လည္ပတ္ေနတဲ့ရဟတ္ႀကီးေတြကို တအံ့တၾသ ေငးၾကည့္မိခဲ့ဖူးပါ တယ္။ လမ္းေဘးမွာ လမ္းလယ္ေကာင္မွာ ခြက္တစ္လုံးေရွ႕ခ်ၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ေခြအိပ္ေနၾကတဲ့ ကေလးေတြကိုၾကည့္ၿပီး တစ္ေယာက္ေယာက္က တက္နင္းမိသြားမွာကို ေတြးပူမိခဲ့ပါတယ္။

ၿပီးေတာ့ ေျခေထာက္မပါ လက္မပါဘဲ ေတာင္းရမ္းစားေသာက္သူတခ်ဳိ႕ကို ေတြ႕တဲ့အခါ သြားလာစရာ ေျခေထာက္မရွိဘဲ အဲဒီလူေတြ ဒီေနရာကို ဘယ္လိုလုပ္ၿပီး ေရာက္လာၾကတာလဲဆိုတဲ့ အေတြးမ်ဳိးကိုလည္း ေတြးမိခဲ့ဖူးပါေသးတယ္။ ပြဲေစ်းတန္းမွာ ေရာင္းတတ္တဲ့ မုန္႔ဟင္းခါးဟာ ကြၽန္ေတာ့္အတြက္ အရသာအရွိဆုံးအစားအစာပါပဲ။တကယ္ေတာ့ ပြဲေတာ္ေတြဟာ တခ်ဳိ႕လူေတြအတြက္ အေပ်ာ္ရွာဖို႔ျဖစ္ေပမယ့္ တခ်ဳိ႕လူေတြအတြက္ေတာ့ စီးပြားရွာဖို႔ေနရာသာ ျဖစ္ပါတယ္။ အဲဒီလိုပဲ တခ်ဳိ႕လူေတြအတြက္ ပြဲ ေတာ္ဆိုတာ အေမာအပန္းေတြကို ေျဖေဖ်ာက္ဖို႔ ေနရာတစ္ခုလည္း ျဖစ္ပါေသးတယ္။ အထူးသျဖင့္ ေက်းလက္ ေတာရြာေနသူမ်ားအတြက္ ပြဲေတာ္ေတြဟာ တစ္ႏွစ္ပတ္လုံး ပင္ပန္းထားခဲ့ၾကသမွ်ကို အတိုးခ်အနားယူၾကတဲ့ေနရာလို႔ေတာင္မွ ေျပာလို႔ရပါတယ္။ တကယ္လည္း ပြဲေတာ္အစကေန အဆုံးအထိ အိမ္မျပန္စတမ္း ပြဲေတာ္မွာေပ်ာ္ၾကတဲ့ဓေလ့နဲ႔ ေနရာေဒသ အေတာ္မ်ားမ်ား ရွိေနခဲ့ပါတယ္။

ဘယ္သူေတြအတြက္ ဘယ္လို ပြဲေတာ္မ်ဳိးပဲျဖစ္ျဖစ္ ဘယ္ေလာက္ စည္ကားေပ်ာ္ရႊင္စရာေကာင္းတဲဲ့ ပြဲေတာ္မ်ဳိးကိုပဲျဖစ္ျဖစ္ ဒီဘက္ႏွစ္ပိုင္းေတြမွာ ပြဲေတာ္လမ္းေတြကိုေလွ်ာက္ဖို႔ ကြၽန္ေတာ္ ေၾကာက္ရြံ႕ေနမိခဲ့တာေတာ့ အမွန္ပဲျဖစ္ပါတယ္။ ပြဲေတာ္လမ္းေတြ ေပၚတိုးေ၀ွ႔ေလွ်ာက္သြားဖို႔ ၀န္ေလးေနမိခဲ့တာကေတာ့ အမွန္ပဲျဖစ္ပါတယ္။ ပြဲေတာ္ေတြကေပးမယ့္ ေပ်ာ္ရႊင္မႈထက္ ဆိတ္ၿငိမ္ျခင္းကေပးမယ့္ စိတ္ခ်မ္းသာၾကည့္ေမြ႕မႈကို ပိုၿပီး လိုလားေနမိခဲ့တယ္လို႔ ေျပာရင္ေတာ့ ပိုမွန္လိမ့္မယ္ ထင္ပါတယ္။ တကယ္ေတာ့တစ္ ေယာက္တည္း ေအးေအးေဆးေနရဖို႔ဆိုတာဟာလည္း သိပ္လြယ္ကူတဲ့ ကိစၥတစ္ခုေတာ့ မဟုတ္ပါဘူး။ မိသားစုရွိတဲ့သူ အဲဒီမိသားစု၀င္ေတြထဲမွာ ကေလးငယ္ရွိတဲ့ သူေတြဆိုသာၿပီး ဆိုးပါလိမ့္မယ္။ တကယ္လည္း ကေလးဆိုတာမ်ဳိးက ၿငိမ္ၿငိမ္သက္သက္ တိတ္တိတ္ဆိတ္ဆိတ္ ေနတတ္ၾကသူေတြ မဟုတ္ပါဘူး။ အျမဲတမ္း တစ္ခုခုနဲ႔ ေဆာ့ကစားေနတတ္ၾက၊ အျမဲတမ္း တစ္ခုခုကို ေအာ္ဟစ္ေနတတ္ၾကတဲ့သူေတြ ျဖစ္ပါတယ္။ကြၽန္ေတာ္တို႔ ငယ္ငယ္တုန္းကလည္း ဒီအတိုင္းပဲ ျဖစ္ပါတယ္။ ဘယ္သူ႔ရဲ႕ ကေလးဘ၀တိုင္းမဆို ဒီအတိုင္းပဲ ျဖစ္လိမ့္မယ္ ထင္ပါတယ္။

လူႀကီးေတြရဲ႕ ရင္ထဲမွာ ဘာေတြ ျဖစ္ေနတယ္။ ဘာေတြ ပူပန္ေနတယ္ဆိုတာကို သူတို႔တစ္ေတြ မသိၾကပါဘူး။ သူတို႔ လိုခ်င္တာ သူတို႔ ျဖစ္ခ်င္တာကိုပဲ သူတို႔ေတြ သိတတ္ၾကတာပါ။ တကယ္ေတာ့ ကေလးတစ္ေယာက္အေနနဲ႔ ကစားတာ၊ စားတာ၊ အိပ္တာနဲ႔ စာသင္ၾကား ဖို႔ကလြဲရင္ တျခားပူပန္စရာေတြကို သိစရာမလိုဘူးလို႔လည္း ကြၽန္ေတာ္ကေတာ့ ထင္ပါတယ္။ ဒါဟာ ကေလးတစ္ေယာက္ရဲ႕ အခြင့္အေရးလည္း ျဖစ္ပါတယ္။ ေနာက္ၿပီး သူတို႔ လိုခ်င္တာရွိတဲ့အခါ ျဖစ္ႏိုင္တာ မျဖစ္ႏိုင္တာ လူႀကီးေတြ တတ္ႏိုင္တာ မတတ္ႏိုင္တာကို အသာထားၿပီး မရမက ပူစာခြင့္ဟာလည္း သူတို႔မွာရွိေနတဲ့ အထူးအခြင့္အေရးတစ္ခုပဲ ျဖစ္ပါတယ္။ တကယ္ေတာ့ ဘယ္သူမဆို ကေလးဘ၀က ကိုယ္ လိုခ်င္တာကို ကိုယ့္မိဘ၊ ညီအစ္ကို ေမာင္ႏွမေတြဆီကေန ပူဆာၾက ဖူးလိမ့္ၾကမယ္ထင္ပါတယ္။

အထူးသျဖင့္ အခုလိုပြဲေတာ္ရက္ေတြကို ေရာက္တဲ့အခါ ပြဲေတာ္ကို သြားဖို႔ ပြဲေတာ္ ေစ်းဆိုင္ခန္းေတြမွာ ခ်ိတ္ဆြဲထားတဲ့ အ႐ုပ္ေတြ၊ ကစားစရာေတြကို ၀ယ္ေပးဖို႔ ပူဆာဖူးၾကလိမ့္မယ္လို႔ ထင္ပါတယ္။ တကယ္လည္း ကြၽန္ေတာ့္ရဲ႕ ခုနစ္တန္းအရြယ္ သမီးငယ္နဲ႔ ပထမတန္းအရြယ္ သားငယ္ဟာ သူတို႔ကို ဘုရားေစ်းပြဲကို လိုက္ပို႔ေပးဖို႔ ပူဆာထားခဲ့ၾကပါတယ္။ ကြၽန္ေတာ္ကလည္း လိုက္ပို႔မယ္လို႔ ကတိေပးထားခဲ့ပါတယ္။ အဲဒီအတြက္ ပြဲေတာ္လမ္းေတြကို မေလွ်ာက္ခ်င္သည္ျဖစ္ေစ ေလွ်ာက္ခ်င္သည္ျဖစ္ေစ အနည္းဆုံးတစ္ ေခါက္ေလာက္ေတာ့ ကြၽန္ေတာ္ ေလွ်ာက္ရဦးမွာ ျဖစ္ပါတယ္။ အဲဒီလိုပါပဲ ေျမာက္ျမားစြာေသာ လူေတြထဲကို တိုးေ၀ွ႔ရ၊ ေညႇာ္နံ႔သင္းေနတဲ့ ေလေတြကိုလည္း ႐ွဴ႐ိႈက္ရဦးမွာ ျဖစ္ပါ တယ္။ ဒါတင္မက ကြၽန္ေတာ္ရဲ႕ သားနဲ႔သမီး ရယူခ်င္လို႔ ပူဆာလာမယ့္ ပစၥည္းေလးေတြ၊ ကစားစရာေလးေတြကို ၀ယ္ယူေပးႏိုင္ဖို႔လည္း ႀကိဳးစားရဦးမယ္ ျဖစ္ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ဒါဟာ ဖခင္တစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္ ထမ္းေဆာင္ရမယ့္ ၀တၱရားျဖစ္လို႔ ကြၽန္ေတာ္ရဲ႕ ပုဂၢလိကခံစားခ်က္ေတြကို ခဏေလာက္ ေဘးကို ဖယ္ထားရလိမ့္ဦးမွာ ျဖစ္သလို ဒါဟာ ကြၽန္ေတာ္ခ်စ္တဲ့သူေတြရဲ႕ ဆႏၵျဖစ္လို႔ ကြၽန္ေတာ့္ဆႏၵ အျဖစ္ လက္ခံေပးလိုက္ရဦးမွာပါ။

အဲဒီလိုပါပဲ အသက္ရွင္ေနသမွ် ေလွ်ာက္ခ်င္သည္ျဖစ္ေစ မေလွ်ာက္ခ်င္သည္ျဖစ္ေစ ကြၽန္ေတာ္တို႔ဟာ ကြၽန္ေတာ္တို႔ခ်စ္တဲ့ခင္တဲ့သူေတြအတြက္ တခ်ဳိ႕ေသာ လမ္းေတြအေပၚကို တက္နင္း ေလွ်ာက္လွမ္းေပးေနရဦးမွာလည္းပဲ ျဖစ္ပါတယ္။

Credit : Eleven
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
‘ပွဲတော်လမ်း’

ပွဲတော်ထဲ လရောင် မရောက်ခင်

နေရောင်ဟာ သူတစ်ယောက်တည်း

ရောင်စုံစိတ်ကူးလေးတွေ

ဆေးခြယ်ထားတဲ့ လူ့ဘုံထဲ

ဆိုင်းသံကိုသာ နားစွင့်နေကြသူတွေ။

ဆုတောင်းလေးတွေ ရင်ပြင်တော်ပေါ်ကြွေကျ

ရေချမ်းစင်တဲလေးတွေရှေ့က

ကုသိုလ်စမ်းချောင်းလေး

သူ့ရေစီးမှာ လူတွေ အေးရိပ်ခိုကြ

အားငယ်နေရှာတဲ့ စက္ကူနွားရုပ်လေး

တွဲလွဲချိတ်ထားတဲ့ သေနတ်လေးကို

သူ ကြောက်ရွံ့နေရှာ။

ဇာတ်စင်တော် အဖွင့်လက်ခုပ်သံတွေထဲ

တောရွာလေးတွေရဲ့ပျော်ရွှင်မှုတွေ လွင့်ပျံ့

ဘယ်လိုပဲဖြစ်ဖြစ် ပွဲတော်ရဲ့လမ်းတွေ

လရောင်အောက် နှှစ်စဉ်ပွင့်ဖူးလို့။

– ထက်လူအောင်

“ဘုရားပွဲကို ဘုရားပွဲကို” လို့ အော်ခေါ်နေတဲ့ အသံတွေကို ကြားနေရတယ်။ ဝတ်ကောင်းစားလှတွေနဲ့ အဲဒီကားတွေပေါ်ကို သူ့ထက်ငါ အလုအယက် တက်နေကြတဲ့ လူတွေကိုလည်း မြင်နေရတာပါပဲ။ ဒါပေမဲ့ အံသြစရာကောင်းတာက အဲဒီမြင်ကွင်းတွေ အဲဒီအသံတွေအတွက် ကျွန်တော့်စိတ်မှာ ဘယ်လိုမှ မခံစားနေရတာပဲ။ တကယ်လည်း အံသြနေမိခဲ့တယ်။

ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့နှစ်တွေတုန်းကဆို အဲဒီလိုအသံတွေ အဲဒီလိုမြင်ကွင်းမျိုးတွေကို မြင်ပြီဆိုတာနဲ့ စိတ်ထဲမှာ မရိုးမရွ ဖြစ်လာတတ်လို့ပါပဲ။ မရိုးမရွ ဖြစ်ရုံတင်မက နီးစပ်ရာကားပေါ်ကို ကောက်တက်ပြီး ဘုရားပွဲဈေးဆီကို ခဏလောက်ဖြစ်ဖြစ် ရောက်သွားတတ်ပါသေးတယ်။ တကယ်တော့ ဒီဘက်နှစ်ပိုင်းတွေမှာ အပျော်အပါးကိစ္စဘက်တွေမှာ ကျွန်တော်ဟာ စိတ်မပါ လက်မပါ ဖြစ်နေခဲ့မှန်း ကိုယ့်ကိုယ်ကိုယ် သတိထားမိနေခဲ့ပါတယ်။ အသက်အရွယ်ကြောင့်လား ဒါမှမဟုတ် မပြေလည်တဲ့ စီးပွားရေးအနေအထားကြောင့် ား သေချာမသိပေမယ့် အဲဒီလိုပွဲတော်မျိုးတွေကို သွားဖို့ စိတ်မပါ လက်မပါ ဖြစ်နေခဲ့တာတော့ အသေအချာပါပဲ။

ပွဲတော်တွေတင် မဟုတ်ပါဘူး။ နည်းနည်းပါးပါး လူနေထူထပ်တဲ့ လက်ဖက်ရည်ဆိုင်လို နေရာမျိုးတွေကိုလည်း တတ်နိုင်သလောက် ကျွန်တော် ရှောင်နေမိတတ်ပါတယ်။ဟုတ်ပါတယ်။ ဒီဘက်နှစ်ပိုင်းတွေမှာ စာဖတ်တာ၊ စာရေးတာလို ကိစ္စရပ်မျိုးတွေဘက်ကို ပဲ ကျွန်တော့်စိတ်တွေက အားသန်နေခဲ့ပါတယ်။ စာမဖတ်ဖြစ် စာမရေးဖြစ်ရင်တောင်မှ ငြိမ်ငြိမ်ဆိတ်ဆိတ် တွေးနေရတာကိုပဲ သဘောကျနေမိခဲ့ပါတယ်။ ယုတ်စွအဆုံး အိမ်မှာနေရင်တောင် အိမ်က မိသားစုဝင်တွေနဲ့ အနည်းငယ်ဝေးတဲ့ ခြံထဲလိုနေရာမျိုး မှာ ဆင်းပြီးနေတတ်မိပါတယ်။

အဲဒီလိုဆိုလို့ လူတောမတိုးတဲ့ပုံစံ လူတွေထဲ မဝင်ဆံ့တဲ့ ပုံစံမျိုးတော့လည်း မဟုတ်ပါဘူး။ ကျွန်တော် လုပ်စရာတွေကို ပုံမှန်လုပ်ပြီး ကျွန်တော် ဆက်ဆံစရာရှိတဲ့ လူတွေနဲ့လည်း ပုံမှန်ဆက်ဆံဖြစ်နေခဲ့ကာ ကျွန်တော့် အားလပ်ချိန် ကျွန်တော်ရဲ့ ကိုယ်ပိုင်အချိန် တွေမှာ ကျွန်တော်နေချင်တဲ့ပုံစံမျိုးနဲ့ နေနေခဲ့တာမျိုးပဲ ဖြစ်ပါတယ်။

လူသူရှင်းတဲ့နေရာမှာ ငြိမ်ငြိမ်ဆိတ်ဆိတ်ထိုင်ပြီး ငြိမ်ငြိမ်ဆိတ်ဆိတ်တွေးမယ်၊ ငြိမ်ငြိမ်ဆိတ်ဆိတ် စာဖတ်ပြီး ငြိမ်ငြိမ်ဆိတ်ဆိတ်ပဲ ကျွန်တော် တွေးမိသမျှကို ချရေးမယ်။ကျွန်တော့်ခေါင်းထဲမှာ ဒီလောက်ပဲ ရှိနေခဲ့ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း နေချင်မိတဲ့ နှစ် ပိုင်းတွေလို့ ပြောရင်တော့ ပိုမှန်လိမ့်မယ် ထင်ပါတယ်။

တကယ်လည်း တစ်ယောက်ယောက်နဲ့ ငြင်းခုံရမှာ၊ တစ်ယောက်ယောက်နဲ့ ပြိုင်ဆိုင်ရမှာကို ကျွန်တော့်စိတ်က လုံး၀ လက်မခံခဲ့ဘူး။ မတော်တဆ ငြင်းခုံရဖို့ကြုံလာခဲ့ရင်လည်း အလျှော့ပေးပစ်လိုက်မိတာချည်းပါပဲ။ အထူးသဖြင့် အခုလို ပွဲတော်နေရာတွေကို ကျွန်တော် လုံး၀ ရှောင်ကြဉ်နေချင်မိတယ်။ ဖုန်တထောင်းထောင်းနဲ့ လူတွေကျပ်ညပ်နေတဲ့ လမ်းတွေထဲကို တိုးဝှေ့လျှောက်ရမှာကို ကျွန်တော် ကြောက်နေမိတယ်။ ဈေးဆိုင် ပေါင်းစုံက အနံ့မျိုးစုံ၊ လူပေါင်းမြောက်မြားစွာဆီက အနံ့မျိုးစုံ စီးမျောခိုဝင်နေမယ့် ပွဲ တော်ဝန်းကျင်က လေကိုရှူရှိုက်ဖို့အတွက် တွေးလိုက်မိရုံနဲ့ကို ကျွန်တော်စိတ်မှာ အသက် ရှူကျပ်နေခဲ့မိတယ်။

တကယ်လည်း သေသေချာချာ စဉ်းစားကြည့်တော့ လူတွေကြားထဲကို တိုးဝှေ့ပြီး လျှောက်ရတာရယ်၊ သာမန်အချိန်မှာ ၅၀၀ ပေးပြီး ဝယ်စားလို့ရနိုင်တဲ့ အစားအစာတွေ ကို ၁၀၀၀ လောက်ပေးပြီး ဝယ်စားကြရတာကလွဲရင် ပွဲတော်တွေဟာ သိပ်ပြီးပျော်စရာ မကောင်းဘူးလို့ ထင်တယ်။ အဲဒီလိုပဲ ဖျာတစ်ချပ်စာနေရာကို သောင်းဂဏန်းပေးပြီး ပွဲတွေကို ကြည့်မယ့်အစား စာအုပ်တစ်အုပ်ကို ဖတ်နေလိုက်ရတာကမှ ပိုပြီး ကောင်းလိမ့်ဦးမယ်လို့ ထင်တယ်။

ဒါပေမဲ့ ဒါတွေဟာ ဒီဘက်ပိုင်းမှ ဖြစ်ပေါ်လာတဲ့ ကျွန်တော်ရဲ့စိတ်ခံစားမှုတွေဖြစ်ပြီး လွန်ခဲပြီးတဲ့ နှစ်ပိုင်းတွေကတော့ ပွဲတော်တွေကိုသွားဖို့ အခုမြင်နေရတဲ့ လူတွေလိုပဲ ကျွန်တော်လည်း ပျော်ရွှင် တက်ကြွ ခဲ့ပါတယ်။အထူးသဖြင့် ကလေးတစ်ယောက်အဖြစ်နဲ့ နေ့ရက်တွေမှာ ပွဲတော်တွေကို ပိုပြီးရင်ခုန်ပျော်ရွှင်ခဲ့ရဖူးပါတယ်။ ပွဲဈေးတန်းက ဆိုင်ခန်းတွေမှာ ချိတ်ဆွဲထားတဲ့ ကစားစရာအရုပ်တွေကို တမေ့တမော့ ငေးကြည့်ခဲ့ဖူးပါတယ်။တစ်ပတ်ပြီးတစ်ပတ် လည်ပတ်နေတဲ့ရဟတ်ကြီးတွေကို တအံ့တသြ ငေးကြည့်မိခဲ့ဖူးပါ တယ်။ လမ်းဘေးမှာ လမ်းလယ်ကောင်မှာ ခွက်တစ်လုံးရှေ့ချပြီး နှစ်နှစ်ခြိုက်ခြိုက် ခွေအိပ်နေကြတဲ့ ကလေးတွေကိုကြည့်ပြီး တစ်ယောက်ယောက်က တက်နင်းမိသွားမှာကို တွေးပူမိခဲ့ပါတယ်။

ပြီးတော့ ခြေထောက်မပါ လက်မပါဘဲ တောင်းရမ်းစားသောက်သူတချို့ကို တွေ့တဲ့အခါ သွားလာစရာ ခြေထောက်မရှိဘဲ အဲဒီလူတွေ ဒီနေရာကို ဘယ်လိုလုပ်ပြီး ရောက်လာကြတာလဲဆိုတဲ့ အတွေးမျိုးကိုလည်း တွေးမိခဲ့ဖူးပါသေးတယ်။ ပွဲဈေးတန်းမှာ ရောင်းတတ်တဲ့ မုန့်ဟင်းခါးဟာ ကျွန်တော့်အတွက် အရသာအရှိဆုံးအစားအစာပါပဲ။တကယ်တော့ ပွဲတော်တွေဟာ တချို့လူတွေအတွက် အပျော်ရှာဖို့ဖြစ်ပေမယ့် တချို့လူတွေအတွက်တော့ စီးပွားရှာဖို့နေရာသာ ဖြစ်ပါတယ်။ အဲဒီလိုပဲ တချို့လူတွေအတွက် ပွဲ တော်ဆိုတာ အမောအပန်းတွေကို ဖြေဖျောက်ဖို့ နေရာတစ်ခုလည်း ဖြစ်ပါသေးတယ်။ အထူးသဖြင့် ကျေးလက် တောရွာနေသူများအတွက် ပွဲတော်တွေဟာ တစ်နှစ်ပတ်လုံး ပင်ပန်းထားခဲ့ကြသမျှကို အတိုးချအနားယူကြတဲ့နေရာလို့တောင်မှ ပြောလို့ရပါတယ်။ တကယ်လည်း ပွဲတော်အစကနေ အဆုံးအထိ အိမ်မပြန်စတမ်း ပွဲတော်မှာပျော်ကြတဲ့ဓလေ့နဲ့ နေရာဒေသ အတော်များများ ရှိနေခဲ့ပါတယ်။

ဘယ်သူတွေအတွက် ဘယ်လို ပွဲတော်မျိုးပဲဖြစ်ဖြစ် ဘယ်လောက် စည်ကားပျော်ရွှင်စရာကောင်းတဲ့ ပွဲတော်မျိုးကိုပဲဖြစ်ဖြစ် ဒီဘက်နှစ်ပိုင်းတွေမှာ ပွဲတော်လမ်းတွေကိုလျှောက်ဖို့ ကျွန်တော် ကြောက်ရွံ့နေမိခဲ့တာတော့ အမှန်ပဲဖြစ်ပါတယ်။ ပွဲတော်လမ်းတွေ ပေါ်တိုးဝှေ့လျှောက်သွားဖို့ ဝန်လေးနေမိခဲ့တာကတော့ အမှန်ပဲဖြစ်ပါတယ်။ ပွဲတော်တွေကပေးမယ့် ပျော်ရွှင်မှုထက် ဆိတ်ငြိမ်ခြင်းကပေးမယ့် စိတ်ချမ်းသာကြည့်မွေ့မှုကို ပိုပြီး လိုလားနေမိခဲ့တယ်လို့ ပြောရင်တော့ ပိုမှန်လိမ့်မယ် ထင်ပါတယ်။ တကယ်တော့တစ် ယောက်တည်း အေးအေးဆေးနေရဖို့ဆိုတာဟာလည်း သိပ်လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ မိသားစုရှိတဲ့သူ အဲဒီမိသားစုဝင်တွေထဲမှာ ကလေးငယ်ရှိတဲ့ သူတွေဆိုသာပြီး ဆိုးပါလိမ့်မယ်။ တကယ်လည်း ကလေးဆိုတာမျိုးက ငြိမ်ငြိမ်သက်သက် တိတ်တိတ်ဆိတ်ဆိတ် နေတတ်ကြသူတွေ မဟုတ်ပါဘူး။ အမြဲတမ်း တစ်ခုခုနဲ့ ဆော့ကစားနေတတ်ကြ၊ အမြဲတမ်း တစ်ခုခုကို အော်ဟစ်နေတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။ကျွန်တော်တို့ ငယ်ငယ်တုန်းကလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ ဘယ်သူ့ရဲ့ ကလေးဘဝတိုင်းမဆို ဒီအတိုင်းပဲ ဖြစ်လိမ့်မယ် ထင်ပါတယ်။

လူကြီးတွေရဲ့ ရင်ထဲမှာ ဘာတွေ ဖြစ်နေတယ်။ ဘာတွေ ပူပန်နေတယ်ဆိုတာကို သူတို့တစ်တွေ မသိကြပါဘူး။ သူတို့ လိုချင်တာ သူတို့ ဖြစ်ချင်တာကိုပဲ သူတို့တွေ သိတတ်ကြတာပါ။ တကယ်တော့ ကလေးတစ်ယောက်အနေနဲ့ ကစားတာ၊ စားတာ၊ အိပ်တာနဲ့ စာသင်ကြား ဖို့ကလွဲရင် တခြားပူပန်စရာတွေကို သိစရာမလိုဘူးလို့လည်း ကျွန်တော်ကတော့ ထင်ပါတယ်။ ဒါဟာ ကလေးတစ်ယောက်ရဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်။ နောက်ပြီး သူတို့ လိုချင်တာရှိတဲ့အခါ ဖြစ်နိုင်တာ မဖြစ်နိုင်တာ လူကြီးတွေ တတ်နိုင်တာ မတတ်နိုင်တာကို အသာထားပြီး မရမက ပူစာခွင့်ဟာလည်း သူတို့မှာရှိနေတဲ့ အထူးအခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်။ တကယ်တော့ ဘယ်သူမဆို ကလေးဘဝက ကိုယ် လိုချင်တာကို ကိုယ့်မိဘ၊ ညီအစ်ကို မောင်နှမတွေဆီကနေ ပူဆာကြ ဖူးလိမ့်ကြမယ်ထင်ပါတယ်။

အထူးသဖြင့် အခုလိုပွဲတော်ရက်တွေကို ရောက်တဲ့အခါ ပွဲတော်ကို သွားဖို့ ပွဲတော် ဈေးဆိုင်ခန်းတွေမှာ ချိတ်ဆွဲထားတဲ့ အရုပ်တွေ၊ ကစားစရာတွေကို ဝယ်ပေးဖို့ ပူဆာဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ တကယ်လည်း ကျွန်တော့်ရဲ့ ခုနစ်တန်းအရွယ် သမီးငယ်နဲ့ ပထမတန်းအရွယ် သားငယ်ဟာ သူတို့ကို ဘုရားဈေးပွဲကို လိုက်ပို့ပေးဖို့ ပူဆာထားခဲ့ကြပါတယ်။ ကျွန်တော်ကလည်း လိုက်ပို့မယ်လို့ ကတိပေးထားခဲ့ပါတယ်။ အဲဒီအတွက် ပွဲတော်လမ်းတွေကို မလျှောက်ချင်သည်ဖြစ်စေ လျှောက်ချင်သည်ဖြစ်စေ အနည်းဆုံးတစ် ခေါက်လောက်တော့ ကျွန်တော် လျှောက်ရဦးမှာ ဖြစ်ပါတယ်။ အဲဒီလိုပါပဲ မြောက်မြားစွာသော လူတွေထဲကို တိုးဝှေ့ရ၊ ညှော်နံ့သင်းနေတဲ့ လေတွေကိုလည်း ရှူရှိုက်ရဦးမှာ ဖြစ်ပါ တယ်။ ဒါတင်မက ကျွန်တော်ရဲ့ သားနဲ့သမီး ရယူချင်လို့ ပူဆာလာမယ့် ပစ္စည်းလေးတွေ၊ ကစားစရာလေးတွေကို ဝယ်ယူပေးနိုင်ဖို့လည်း ကြိုးစားရဦးမယ် ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ ဖခင်တစ်ယောက်အနေနဲ့ ကျွန်တော် ထမ်းဆောင်ရမယ့် ဝတ္တရားဖြစ်လို့ ကျွန်တော်ရဲ့ ပုဂ္ဂလိကခံစားချက်တွေကို ခဏလောက် ဘေးကို ဖယ်ထားရလိမ့်ဦးမှာ ဖြစ်သလို ဒါဟာ ကျွန်တော်ချစ်တဲ့သူတွေရဲ့ ဆန္ဒဖြစ်လို့ ကျွန်တော့်ဆန္ဒ အဖြစ် လက်ခံပေးလိုက်ရဦးမှာပါ။

အဲဒီလိုပါပဲ အသက်ရှင်နေသမျှ လျှောက်ချင်သည်ဖြစ်စေ မလျှောက်ချင်သည်ဖြစ်စေ ကျွန်တော်တို့ဟာ ကျွန်တော်တို့ချစ်တဲ့ခင်တဲ့သူတွေအတွက် တချို့သော လမ်းတွေအပေါ်ကို တက်နင်း လျှောက်လှမ်းပေးနေရဦးမှာလည်းပဲ ဖြစ်ပါတယ်။

Credit : Eleven

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top