iMyanmarHouse.com - Best Property Website for Myanmar
×


ရတနာခင်ကလည်း သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ အဲ့ဒီလှူဒါန်းမှုလေးကို တင်ထားသလို သူမရဲ့ လှူဒါန်းမှု အစုစုတို့ကိုလည်း လူနတ်ဗြမ္မာ သတ္တဝါအားလုံးတို့ကို အမျှပေးဝေထားပါသေးတယ်။






Credit : Duwun

သရုပ်ဆောင် ရတနာခင်တို့ ဇနီးမောင်နှံဟာ သဲဖြူဆရာတော်အတွက် ကားတစ်စီးလှူဒါန်းခဲ့တယ်လို့သိရပါတယ်။သူမတို့ ဇနီးမောင်နှံက ဖေဖော်ဝါရီ(၁၂) ရက်နေ့က သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ရတနာခင်ကလည်း သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ အဲ့ဒီလှူဒါန်းမှုလေးကို တင်ထားသလို သူမရဲ့ လှူဒါန်းမှု အစုစုတို့ကိုလည်း လူနတ်ဗြမ္မာ သတ္တဝါအားလုံးတို့ကို အမျှပေးဝေထားပါသေးတယ်။

"သဲဖြူဆရာတော် အားမော်တော်ယာဉ်လှူဒါန်းပါ၏ ဤကောင်းမှုအစုစုတို့ကို လူနတ်ဗြမ္မာ သတ္တဝါအားလုံးတို့အားအမျှ အမျှ အမျှ ပေးဝေပါသည်"ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။

အလှူအတန်းတွေ အမြဲတမ်းလုပ်ဖြစ်တဲ့ သူမအတွက် ပရိသတ်တွေလည်း ဂုဏ်ယူလို့နေပါတယ်။

ရတနာခင်ဟာ လက်ရှိမှာ လက်ရှိမှာ စီးပွားရေးဘက်ကို ဦးစားပေးလုပ်ကိုင်နေသလို ဇာတ်ကားရိုက်ကူးမှုနဲ့ ပတ်သက်ပြီးတော့လည်း သူမနဲ့ အပ်စပ် မယ့် ဇာတ်ကားတစ်ကား ပြန်လည်ရိုက်ကူးဖို့ ရှိပြီး မင်းသား၊ မင်းသမီးအသစ်များကိုလည်း မွေးထုတ်ပေး လို့တယ်လို့ ဆိုပါတယ်။

စီးပွားရေးအနေနဲ့လည်း ရွှေအာဟာရနာမည်နဲ့ ထမင်းဆိုင်နှစ်ဆိုင် ဖွင့်လှစ်ထားပြီ ဖြစ်ကာ နောက်ထပ် သုံးဆိုင်မြော်က ဆိုင်တစ်ဆိုင် ထပ်ဖွင့်ဖို့ စိတ်ကူးရှိတယ်လို့ သိရပါတယ်။

Photo : ရတနာခင် ဖေ့စ်ဘွတ်

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top