iMyanmarHouse.com - Best Property Website for Myanmar
×
(၁) Been Love Memory
(၂) Couple Wallpaper
 (၃) Life 360
 (၄) Period Tracker Flo
Credit : Duwun
ချစ်ရသူတွေပဲ ရှိရှိ၊ လက်ထပ်ပြီးလို့ပဲ ဖြစ်ဖြစ် ဒီ app လေးတွေက ချစ်သူနှစ်ဦး အတွက် အကျိုးရှိစေမဲ့ app လေးတွေ ဖြစ်လို့ ဒေါင်းထားဖို့ စုစည်းတင်ပြလိုက်ပါတယ်။ Andriod ဖုန်းတွေ ရော iOS တွေ အတွက်ပါ အသုံးပြုလို့ရမယ့် App တွေ ဖြစ်ပါတယ်။
(၁) Been Love Memory
ပုံမှန် နှစ်ပတ်လည်မှတ်တဲ့ app တွေလိုပါပဲ ထူးခြားတာက Theme တွေနဲ့ Background ဓါတ်ပုံတွေ Graphic တွေ ကို ချစ်ဖို့ကောင်းအောင် ပြောင်းလဲလို့ရပါတယ်။ နောက်ပြီး ဓါတ်ပုံ album တွေ ပါ အမှတ်တရ ပြုလုပ်ထားနိုင်တဲ့ app ပါ။ အခမဲ့ ရရှိနိုင်ပြီး Premium Version နဲ့ကတော့ ကြေငြာပါဝင်မှု့ မပါဝင်မှု့ ကွာခြားပါတယ်။ Google Play မှာရော App Store မှာပါ ရယူနိုင်ပါတယ်။
(၂) Couple Wallpaper
ချစ်သူနဲ့ အတူ wallpaper လှလှလေး ချိန်းလို့ရအောင် ကူညီပေးမဲ့ app ပါ။ ချစ်ဖို့တဲ့ ကောင်လေး ကောင်မလေး ပုံတစ်ခြမ်းလေးတွေ၊ အခြား ချစ်ခြင်းမေတ္တာ ပြသနေတဲ့ ဆင်တူ wallpaper လေးတွေကို ကိုယ့် Screen lock အဖြစ်ပါ ထားရှိနိုင်မှာ ဖြစ်ပါတယ်။ အခမဲ့ ရရှိနိုင်ပြီး Google play မှာရော App Store မှာပါရရှိနိုင်ပါတယ်။
 (၃) Life 360
ဒီ app လေးကတော့ Andriod အတွက်ရော iOS အတွက်ပါ ရရှိနိုင်ပါတယ်။ မိမိ ချစ်သူ နဲ့ မိမိ ဘယ်နေရာတွေ ရောက်ရောက် အလုပ်တွေ မအားလို့ပဲ ဖြစ်ဖြစ် သူဘယ်ရောက်နေလဲ ဘယ်တွေ သွားခဲ့လဲ ဆိုတာ ကြည့်ရှု့နိုင်ပါ
တယ်။ GPS လိုအပ်သလို မိမိ ဘယ်ရောက်လဲ check in ဝင်လိုက်တာပဲ ဖြစ်ဖြစ် တစ်ဖက်က မိမိချစ်သူဖုန်းမှာလဲ အချက်သွားပြတာကြောင့် ဖုန်းနဲ့ ဘယ်ရောက်နေလဲ မေးစရာ မလိုတော့ဘူးပေါ့။ အခမဲ့ app ဖြစ်ပြီး Google play ရော App Store မှာပါ ရယူနိုင်ပါတယ်။
 (၄) Period Tracker Flo
ဒီ app လေးကတော့ မိန်းကလေးတွေ အတွက် ပိုလိုအပ်သလို Period အချိန် ကိုယ့်ချစ်သူ စိတ်အခြေအနေ သိနိုင်ဖို့ ကောင်လေးတွေလဲ ဆောင်ထားသင့်တဲ့ app ပါ။ တစ်ယောက်နှင့်တစ်ယောက် ကျန်းမာရေး ကိစ္စတွေ ဟာ
သိထားတာ နားလည်မှုပိုမို ရရှိစေပါတယ်။ ဒီ app လေးမှာ အခြား ကျန်းမာရေးဆိုင်ရာများ ဖတ်ရှု့နိုင်တဲ့အပြင် ရေ၊ ခန္ဓာကိုယ်အလေးအချိန် စတာတွေပါ မှတ်သားနိုင်ပါသေးတယ်။ Google Play မှာတော့ Period Tracker Flo လို့ရှာဖွေ နိုင်ပြီး App Store မှာတော့ Flo Preiod & Ovulation Tracker ဆိုပြီး ရှာဖွေရယူနိုင်ပါတယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top