iMyanmarHouse.com - Best Property Website for Myanmar
×

ခုခ်ိန္က စေတာ္ဘယ္ရီသီးေပၚခ်ိန္ဆိုေတာ့ ေစ်းထဲသြားရင္ စေတာ္ဘယ္ရီသီးေတြကိုေတာ့ ေပါေပါေလာေလာ ျမင္ရမွာပါပဲ။ ပံုမွန္အားျဖင့္ဆိုရင္ စေတာ္ဘယ္ရီသီးကို ေရေဆးၿပီး အစိမ္းစားခ်င္စား၊ ဒါမွမဟုတ္ ႏို႔ဆီနဲ႔ ခေလာက္ၿပီး ေဖ်ာ္ရည္လုပ္ေသာက္ တတ္ၾကပါတယ္။ ပံုမွန္အတိုင္းႀကီးပဲ သြားေနရင္ ဘဝက ပ်င္းဖို႔ေကာင္းပါတယ္။

ဒီေန႔မွာ စေတာ္ဘယ္ရီသီးေတြကို mocktail စတိုင္လ္ေလး ေဖ်ာ္ေသာက္ၾကရင္ ေကာင္းမလား။ ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္ အရသာကိုမွ ႏွစ္သက္ပါတယ္ဆိုသူေတြအတြက္ စေတာ္ဘယ္ရီသီးေလးေတြနဲ႔ သံပုရာသီးေလးေတြကိုေရာၿပီး ေဖ်ာ္စပ္ထားတဲ့ စေတာ္ဘယ္ရီသံပုရာ လစ္မနစ္ေဖ်ာ္ရည္ စပ္နည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ပါဝင္ပစၥည္းမ်ား

ပါဝင္ပစၥည္းေတြကေတာ့ ေ႐ွာက္သီး (သို႔) သံပ႐ိုသီး (၇) လံုးခန္႔၊ သံပုရာသီး (၇) လံုးခန္႔၊ စေတာ္ဘယ္ရီ (၂၄) ေအာင္စခန္႔၊ သၾကား (၂) ခြက္ခန္႔၊ သံပုရာေဖ်ာ္ရည္အဆီ လက္ဖက္ရည္ဇြန္း (၁) ဇြန္းခန္႔၊ ဗနီလာအႏွစ္ လက္ဖက္ရည္ဇြန္း (၂) ဇြန္းခန္႔၊ ေရခဲေရတစ္ဂါလံခန္႔တို႔ပဲ ျဖစ္ပါတယ္။

ျပဳလုပ္နည္း

အရင္ဆံုး စေတာ္ဘယ္ရီသီးေလးေတြကို လွီးစိတ္ၿပီး အ႐ြယ္ေတာ္အိုးတစ္လံုးထဲမွာ ထည့္လိုက္ပါ။ ၿပီးရင္ သံပုရာေဖ်ာ္ရည္အႏွစ္ တစ္ဇြန္းရယ္၊ ဗနီလာအႏွစ္ရယ္၊ သၾကားရယ္ကို စေတာ္ဘယ္ရီသီးေတြ ထည့္ထားတဲ့ အိုးထဲကို ထည့္လိုက္ပါ။ ၿပီးရင္ ပါဝင္ပစၥည္းေတြအားလံုးကို သမေအာင္နယ္လိုက္ၿပီး (၁၅) မိနစ္ခန္႔ အပူေပးလိုက္ပါ။ အေငြ႕ထြက္ႏိုင္ေအာင္ အိုးအဖံုးကို အလံုမပိတ္ဘဲ နည္းနည္းေလး ဟထားေပးလိုက္ပါဦး။ (၁၅) မိနစ္ျပည့္ရင္ေတာ့ မီးပိတ္ၿပီး အိုးကိုမီးဖိုေပၚက ခ်ႏိုင္ပါၿပီ။

သံပ႐ိုသီး (၆) လံုးနဲ႔ သံပုရာသီး (၆) လံုးကို အရည္ညွစ္ၿပီး ဖန္ေရတေကာင္းတစ္လံုးထဲမွာ ထည့္လိုက္ပါ။ အဲဒီအရည္ေတြအားလံုး ေပါင္းလိုက္ရင္ တစ္ဂါလံခြဲေလာက္ ရပါလိမ့္မယ္။

ခုနက အပူေပးထားတဲ့ စေတာ္ဘယ္ရီအႏွစ္ကိုေတာ့ ဘယ္ရီသီးဖတ္ေလးေတြေကာ၊ ေဖ်ာ္ရည္ေတြကိုပါ သံပုရာရည္ထည့္ထားတဲ့ ဖန္ေရတေကာင္းထဲကို ေလာင္းထည့္လိုက္ပါ။ ၿပီးရင္ ဇြန္း႐ွည္တစ္ေခ်ာင္းနဲ႔ ေမႊေပးလိုက္ပါ။ ေရခဲေရတစ္ဂါလံခန္႔ကိုလည္း ေလာင္းထည့္ၿပီး ေရာေမႊေပးလိုက္ပါဦး။ ဒါဆိုရင္ေတာ့ စေတာ္ဘယ္ရီသံပုရာ လစ္မနစ္ေဖ်ာ္ရည္ေလးကို အသင့္ေသာက္သံုးႏိုင္ပါၿပီ။ ဖန္ခြက္႐ွည္ေလးေတြထဲကို ေလာင္းထည့္ၿပီး ဖန္ခြက္ႏႈတ္ခမ္းမွာ သံပုရာသီးစိတ္ေလးေတြလွီးၿပီး တင္ထားေပးလိုက္ပါဦးေနာ္။

Source: Willcookforsmile

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ခုချိန်က စတော်ဘယ်ရီသီးပေါ်ချိန်ဆိုတော့ ဈေးထဲသွားရင် စတော်ဘယ်ရီသီးတွေကိုတော့ ပေါပေါလောလော မြင်ရမှာပါပဲ။ ပုံမှန်အားဖြင့်ဆိုရင် စတော်ဘယ်ရီသီးကို ရေဆေးပြီး အစိမ်းစားချင်စား၊ ဒါမှမဟုတ် နို့ဆီနဲ့ ခလောက်ပြီး ဖျော်ရည်လုပ်သောက် တတ်ကြပါတယ်။ ပုံမှန်အတိုင်းကြီးပဲ သွားနေရင် ဘဝက ပျင်းဖို့ကောင်းပါတယ်။

ဒီနေ့မှာ စတော်ဘယ်ရီသီးတွေကို mocktail စတိုင်လ်လေး ဖျော်သောက်ကြရင် ကောင်းမလား။ ချိုချိုချဉ်ချဉ် အရသာကိုမှ နှစ်သက်ပါတယ်ဆိုသူတွေအတွက် စတော်ဘယ်ရီသီးလေးတွေနဲ့ သံပုရာသီးလေးတွေကိုရောပြီး ဖျော်စပ်ထားတဲ့ စတော်ဘယ်ရီသံပုရာ လစ်မနစ်ဖျော်ရည် စပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

ပါဝင်ပစ္စည်းတွေကတော့ ရှောက်သီး (သို့) သံပရိုသီး (၇) လုံးခန့်၊ သံပုရာသီး (၇) လုံးခန့်၊ စတော်ဘယ်ရီ (၂၄) အောင်စခန့်၊ သကြား (၂) ခွက်ခန့်၊ သံပုရာဖျော်ရည်အဆီ လက်ဖက်ရည်ဇွန်း (၁) ဇွန်းခန့်၊ ဗနီလာအနှစ် လက်ဖက်ရည်ဇွန်း (၂) ဇွန်းခန့်၊ ရေခဲရေတစ်ဂါလံခန့်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

အရင်ဆုံး စတော်ဘယ်ရီသီးလေးတွေကို လှီးစိတ်ပြီး အရွယ်တော်အိုးတစ်လုံးထဲမှာ ထည့်လိုက်ပါ။ ပြီးရင် သံပုရာဖျော်ရည်အနှစ် တစ်ဇွန်းရယ်၊ ဗနီလာအနှစ်ရယ်၊ သကြားရယ်ကို စတော်ဘယ်ရီသီးတွေ ထည့်ထားတဲ့ အိုးထဲကို ထည့်လိုက်ပါ။ ပြီးရင် ပါဝင်ပစ္စည်းတွေအားလုံးကို သမအောင်နယ်လိုက်ပြီး (၁၅) မိနစ်ခန့် အပူပေးလိုက်ပါ။ အငွေ့ထွက်နိုင်အောင် အိုးအဖုံးကို အလုံမပိတ်ဘဲ နည်းနည်းလေး ဟထားပေးလိုက်ပါဦး။ (၁၅) မိနစ်ပြည့်ရင်တော့ မီးပိတ်ပြီး အိုးကိုမီးဖိုပေါ်က ချနိုင်ပါပြီ။

သံပရိုသီး (၆) လုံးနဲ့ သံပုရာသီး (၆) လုံးကို အရည်ညှစ်ပြီး ဖန်ရေတကောင်းတစ်လုံးထဲမှာ ထည့်လိုက်ပါ။ အဲဒီအရည်တွေအားလုံး ပေါင်းလိုက်ရင် တစ်ဂါလံခွဲလောက် ရပါလိမ့်မယ်။

ခုနက အပူပေးထားတဲ့ စတော်ဘယ်ရီအနှစ်ကိုတော့ ဘယ်ရီသီးဖတ်လေးတွေကော၊ ဖျော်ရည်တွေကိုပါ သံပုရာရည်ထည့်ထားတဲ့ ဖန်ရေတကောင်းထဲကို လောင်းထည့်လိုက်ပါ။ ပြီးရင် ဇွန်းရှည်တစ်ချောင်းနဲ့ မွှေပေးလိုက်ပါ။ ရေခဲရေတစ်ဂါလံခန့်ကိုလည်း လောင်းထည့်ပြီး ရောမွှေပေးလိုက်ပါဦး။ ဒါဆိုရင်တော့ စတော်ဘယ်ရီသံပုရာ လစ်မနစ်ဖျော်ရည်လေးကို အသင့်သောက်သုံးနိုင်ပါပြီ။ ဖန်ခွက်ရှည်လေးတွေထဲကို လောင်းထည့်ပြီး ဖန်ခွက်နှုတ်ခမ်းမှာ သံပုရာသီးစိတ်လေးတွေလှီးပြီး တင်ထားပေးလိုက်ပါဦးနော်။

Source: Willcookforsmile

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top