iMyanmarHouse.com - Best Property Website for Myanmar
×

႐ံုးပိတ္ရက္မွာ ႐ုပ္႐ွင္ေလးဘာေလးၾကည့္ရင္း အပန္းေျဖမယ္ဆိုရင္ ေနၾကာေစ့ေလးတစ္ထုပ္ေတာ့ ေဆာင္သြားတတ္တာပဲ မဟုတ္လား။ ႐ုပ္႐ွင္ၾကည့္ရင္း ေနၾကာေစ့ေလး တေထာက္ေထာက္ ဝါးေနရတာကိုက အရသာတစ္ခုေလ။ ဒါေပမယ့္ ေနၾကာေစ့ထဲမွာ လူသိပ္မသိေသးတဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေတြလည္း အမ်ားႀကီးပါဝင္ပါေသးတယ္။ ဘာပဲေျပာေျပာ ကိုယ္စားမယ့္ အစားအစာက ဘယ္လိုအက်ိဳးေက်းဇူးေတြကို ရ႐ွိေစႏိုင္လဲဆိုတာကို သိထားတာ ေကာင္းတာေပါ့။

၁။ ဆဲလ္ပ်က္ဆီးျခင္းကို ကာကြယ္ႏိုင္တယ္

ေနၾကာေစ့ေတြဟာ ဗိုက္တာမင္အီးၾကြယ္ဝတဲ့ အေစ့အဆန္ေတြျဖစ္ၿပီး ဗိုက္တာမင္အီးဟာ ေန႔စဥ္အာဟာရ လိုအပ္ခ်က္အတြက္ အဓိကအေရးပါတဲ့ အစိတ္အပိုင္းတစ္ခု ျဖစ္ပါတယ္။ ဒါ့အျပင္ ေနၾကာေစ့ထဲမွာ antioxidant ၾကြယ္ဝစြာပါဝင္ၿပီး ခႏၶာကိုယ္ထဲမွာ free radical ပ်ံ႕ပြားမႈ မ႐ွိေအာင္ တားဆီးေပးႏိုင္ပါတယ္။ Free radical ေတြဟာ ခႏၶာကိုယ္ဆဲလ္ေတြ ပ်က္ဆီးမႈကို ျဖစ္ေစႏိုင္တဲ့ ဓာတုပစၥည္းေတြပါ။ ေနၾကာေစ့စားေပးရင္ေတာ့ အဲဒီလို ဆဲလ္ပ်က္ဆီးမႈကို ကာကြယ္တားဆီးေပးႏိုင္ပါတယ္။

၂။ အစာေၾကလြယ္ေစတယ္

ေနၾကာေစ့ထဲမွာ အမွ်င္ဓာတ္အထူးၾကြယ္ဝစြာ ပါဝင္တဲ့အတြက္ အစာေျခအဂၤါစနစ္ကို အေထာက္အကူျပဳႏိုင္ပါတယ္။ ခႏၶာကိုယ္မွာ အမွ်င္ဓာတ္နည္းပါးေနရင္ ဝမ္းခ်ဳပ္ျခင္း၊ အူမႀကီးကင္ဆာနဲ႔ အညစ္အေၾကးစြန္႔အဂၤါ ေသြးေၾကာေရာင္ရမ္္းျခင္းတို႔လို ေရာဂါေတြကို ျဖစ္ေစႏိုင္ပါတယ္။

အဲဒီလို အစာေျခစနစ္နဲ႔ဆိုင္တဲ့ ျပႆနာေတြက အစာအိမ္နဲ႔ အူလမ္းေၾကာင္းထဲမွာ အဆိပ္သင့္ျခင္းကိုလည္း ျဖစ္ေစႏုိင္ပါတယ္။ လူတစ္ေယာက္ကို တစ္ေန႔မွာ အမွ်င္ဓာတ္ (၃၀) ဂရမ္ စားေပးသင့္ေတာ့ တီဗီေလးၾကည့္ရင္း ေနၾကာေစ့ဝါးေပးျခင္းက အေထာက္အကူ ျဖစ္ေစႏိုင္မွာပါ။

၃။ ခြန္အားတိုးေစတယ္

အားကစားသမားေတြက ေနၾကာေစ့စားျခင္းကို ႏွစ္သက္ၾကပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေနၾကာေစ့ထဲမွာ ပ႐ိုတိန္းဓာတ္နဲ႔ ကာဘိုဟိုက္ဒရိတ္ ၾကြယ္ဝစြာပါဝင္လို႔ပါပဲ။ ေနၾကာေစ့ထဲမွာ ပါဝင္တဲ့ အာဟာရဓာတ္ေတြဟာ ဂလိုက္ကိုဂ်င္ (glycogen) ဆိုတဲ့ ဓာတ္တစ္မ်ိဳးကို ေသြးေၾကာထဲေရာက္ေအာင္ အသည္းကစြန္႔ထုတ္ႏိုင္စြမ္းကို အေထာက္အကူေပးပါတယ္။ အဲဒီ ဂလိုက္ကိုဂ်င္ (glycogen) ဆိုတဲ့ ဓာတ္က ခြန္အားကို တိုးေစႏုိင္ပါတယ္။

၄။ အ႐ိုးနဲ႔ ၾကြက္သားေတြကို သန္မာေစတယ္

ေနၾကာေစ့ထဲက သံဓာတ္က ၾကြက္သားေတြထဲကို ေအာက္ဆီဂ်င္ထုတ္လႊတ္ေပးႏိုင္ၿပီး ဇင့္ဓာတ္ကေတာ့ ကိုယ္ခံအားစနစ္ကို ျမင့္တက္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ အခုလို ေဆာင္းရာသီလို ကာလမ်ိဳးမွာ ေနၾကာေစ့စားေပးျခင္းက အေအးမိျခင္းနဲ႔ ေခ်ာင္းဆိုးျခင္းေဝဒနာေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

မဂၢနီစီယမ္ကေတာ့ အ႐ိုးေတြကို သန္မာေစဖို႔နဲ႔ ခြန္အားတိုးေစဖို႔အတြက္ အဓိကလိုအပ္တဲ့ ဓာတ္တစ္မ်ိဳးပါပဲ။ ဒီလိုသတၳဳဓာတ္ေတြက ၾကြယ္ဝတဲ့ ေနၾကာေစ့ကို စားေပးျခင္းျဖင့္ အ႐ိုးနဲ႔ ၾကြက္သားေတြကို သန္မာေစႏိုင္ပါတယ္။

၅။ ဦးေႏွာက္က်န္းမာေရးကို ျမွင့္တင္ေပးတယ္

ေလ့လာမႈေတာ္ေတာ္မ်ားမ်ားမွာ ေဖာ္ျပေနတာကေတာ့ ေနၾကာေစ့ထဲမွာ ဦးေႏွာက္ကိုတည္ၿငိမ္ေစၿပီး စိတ္ခံစားခ်က္ကို ျမွင့္တင္ေပးႏိုင္တဲ့ ဂုဏ္သတၱိေတြ ပါဝင္ပါတယ္။ ဒါဟာ ေနၾကာေစ့ထဲမွာ ပါဝင္တဲ့ tryptophan ဆိုတဲ့ ဓာတ္တစ္မ်ိဳးေၾကာင့္ပါပဲတဲ့။ အဲဒီဓာတ္ဟာ ဦးေႏွာက္ထဲက ဆာ႐ိုတိုနင္ဆိုတဲ့ အာ႐ံုေၾကာလႈံ႔ေဆာ္ပစၥည္းကို တိုးပြားေစႏိုင္ပါတယ္။ ဆာ႐ိုတိုနင္ကေတာ့ စိတ္ဖိစီးမႈကို ေလ်ာ့နည္းေစၿပီး စိတ္ကိုသက္ေတာင့္သက္သာ ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ေနၾကာေစ့ စားေပးျခင္းဟာ ဦးေႏွာက္က်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။

Source: Organicfacts

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရုံးပိတ်ရက်မှာ ရုပ်ရှင်လေးဘာလေးကြည့်ရင်း အပန်းဖြေမယ်ဆိုရင် နေကြာစေ့လေးတစ်ထုပ်တော့ ဆောင်သွားတတ်တာပဲ မဟုတ်လား။ ရုပ်ရှင်ကြည့်ရင်း နေကြာစေ့လေး တထောက်ထောက် ဝါးနေရတာကိုက အရသာတစ်ခုလေ။ ဒါပေမယ့် နေကြာစေ့ထဲမှာ လူသိပ်မသိသေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီးပါဝင်ပါသေးတယ်။ ဘာပဲပြောပြော ကိုယ်စားမယ့် အစားအစာက ဘယ်လိုအကျိုးကျေးဇူးတွေကို ရရှိစေနိုင်လဲဆိုတာကို သိထားတာ ကောင်းတာပေါ့။

၁။ ဆဲလ်ပျက်ဆီးခြင်းကို ကာကွယ်နိုင်တယ်

နေကြာစေ့တွေဟာ ဗိုက်တာမင်အီးကြွယ်ဝတဲ့ အစေ့အဆန်တွေဖြစ်ပြီး ဗိုက်တာမင်အီးဟာ နေ့စဉ်အာဟာရ လိုအပ်ချက်အတွက် အဓိကအရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် နေကြာစေ့ထဲမှာ antioxidant ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်ထဲမှာ free radical ပျံ့ပွားမှု မရှိအောင် တားဆီးပေးနိုင်ပါတယ်။ Free radical တွေဟာ ခန္ဓာကိုယ်ဆဲလ်တွေ ပျက်ဆီးမှုကို ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေပါ။ နေကြာစေ့စားပေးရင်တော့ အဲဒီလို ဆဲလ်ပျက်ဆီးမှုကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။

၂။ အစာကြေလွယ်စေတယ်

နေကြာစေ့ထဲမှာ အမျှင်ဓာတ်အထူးကြွယ်ဝစွာ ပါဝင်တဲ့အတွက် အစာခြေအင်္ဂါစနစ်ကို အထောက်အကူပြုနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ အမျှင်ဓာတ်နည်းပါးနေရင် ဝမ်းချုပ်ခြင်း၊ အူမကြီးကင်ဆာနဲ့ အညစ်အကြေးစွန့်အင်္ဂါ သွေးကြောရောင်ရမ်းခြင်းတို့လို ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

အဲဒီလို အစာခြေစနစ်နဲ့ဆိုင်တဲ့ ပြဿနာတွေက အစာအိမ်နဲ့ အူလမ်းကြောင်းထဲမှာ အဆိပ်သင့်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ လူတစ်ယောက်ကို တစ်နေ့မှာ အမျှင်ဓာတ် (၃၀) ဂရမ် စားပေးသင့်တော့ တီဗီလေးကြည့်ရင်း နေကြာစေ့ဝါးပေးခြင်းက အထောက်အကူ ဖြစ်စေနိုင်မှာပါ။

၃။ ခွန်အားတိုးစေတယ်

အားကစားသမားတွေက နေကြာစေ့စားခြင်းကို နှစ်သက်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေကြာစေ့ထဲမှာ ပရိုတိန်းဓာတ်နဲ့ ကာဘိုဟိုက်ဒရိတ် ကြွယ်ဝစွာပါဝင်လို့ပါပဲ။ နေကြာစေ့ထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ဂလိုက်ကိုဂျင် (glycogen) ဆိုတဲ့ ဓာတ်တစ်မျိုးကို သွေးကြောထဲရောက်အောင် အသည်းကစွန့်ထုတ်နိုင်စွမ်းကို အထောက်အကူပေးပါတယ်။ အဲဒီ ဂလိုက်ကိုဂျင် (glycogen) ဆိုတဲ့ ဓာတ်က ခွန်အားကို တိုးစေနိုင်ပါတယ်။

၄။ အရိုးနဲ့ ကြွက်သားတွေကို သန်မာစေတယ်

နေကြာစေ့ထဲက သံဓာတ်က ကြွက်သားတွေထဲကို အောက်ဆီဂျင်ထုတ်လွှတ်ပေးနိုင်ပြီး ဇင့်ဓာတ်ကတော့ ကိုယ်ခံအားစနစ်ကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် အခုလို ဆောင်းရာသီလို ကာလမျိုးမှာ နေကြာစေ့စားပေးခြင်းက အအေးမိခြင်းနဲ့ ချောင်းဆိုးခြင်းဝေဒနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

မဂ္ဂနီစီယမ်ကတော့ အရိုးတွေကို သန်မာစေဖို့နဲ့ ခွန်အားတိုးစေဖို့အတွက် အဓိကလိုအပ်တဲ့ ဓာတ်တစ်မျိုးပါပဲ။ ဒီလိုသတ္ထုဓာတ်တွေက ကြွယ်ဝတဲ့ နေကြာစေ့ကို စားပေးခြင်းဖြင့် အရိုးနဲ့ ကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။

၅။ ဦးနှောက်ကျန်းမာရေးကို မြှင့်တင်ပေးတယ်

လေ့လာမှုတော်တော်များများမှာ ဖော်ပြနေတာကတော့ နေကြာစေ့ထဲမှာ ဦးနှောက်ကိုတည်ငြိမ်စေပြီး စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ ဒါဟာ နေကြာစေ့ထဲမှာ ပါဝင်တဲ့ tryptophan ဆိုတဲ့ ဓာတ်တစ်မျိုးကြောင့်ပါပဲတဲ့။ အဲဒီဓာတ်ဟာ ဦးနှောက်ထဲက ဆာရိုတိုနင်ဆိုတဲ့ အာရုံကြောလှုံ့ဆော်ပစ္စည်းကို တိုးပွားစေနိုင်ပါတယ်။ ဆာရိုတိုနင်ကတော့ စိတ်ဖိစီးမှုကို လျော့နည်းစေပြီး စိတ်ကိုသက်တောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေကြာစေ့ စားပေးခြင်းဟာ ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

Source: Organicfacts

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top