iMyanmarHouse.com - Best Property Website for Myanmar
×



လီယူဝမ်ဆန် အမည်ရှိတဲ့ အမျိုးသမီးငယ်လေးက ရှန်ဇမ်းဈေးဝယ် စင်တာသို့ လာရောက်စဉ်ချိန် ဈေးဝယ်စင်တာမှာ လူစုလူဝေးဖြစ်နေ တဲ့ အခင်းဖြစ်ပွားနေရာကို စူးစမ်းဖိုသွားတဲ့အခိုက်မှာ သေကြောင်း ကြံစည်နေတဲ့ အဆိုပါအမျိုးသားကို တွေ့ခဲ့ပါတယ်။




Credit : Lwinpyin

အမျိုးသမီးတစ်ဦးရဲ့ အနမ်းတစ်ချက်က အမျိုးသားတစ်ဦးရဲ့ အ သက်တစ်ချောင်းလို့ ပြောရရင် အဲ့ဒီအနမ်းတစ်ပွင့်က သိပ်ကိုတန်ဖိုး ကြီးမားတဲ့ အဖိုးတန်အရာတစ်ခုဖြစ်သွားပါပြီ။

တရုတ်ဆယ်ကျော်သက် မိန်းကလေးတစ်ဦးက ဈေးဝယ်စင်တာအ ထပ်မြင့်ရဲ့ လက်ရန်းတစ်ခုကနေ ခုန်ချပြီးတော့ သေကြောင်း ကြံစည်နေတဲ့အမျိုးသားတစ်ဦးကို ရင်ဖိုလှိုက်မောဖွယ်စရာ ကောင်းတဲ့ အနမ်းတစ်ချက်တည်းနဲ့ ကယ်တင်လိုက်နိုင်တာက သိပ်ကို အံ့သြတုန်လှုပ်စရာကောင်း သွားပါတယ်။

လီယူဝမ်ဆန် အမည်ရှိတဲ့ အမျိုးသမီးငယ်လေးက ရှန်ဇမ်းဈေးဝယ် စင်တာသု့ိ လာရောက်စဉ်ချိန် ဈေးဝယ်စင်တာမှာ လူစုလူဝေးဖြစ်နေ တဲ့ အခင်းဖြစ်ပွားနေရာကို စူးစမ်းဖိုသွားတဲ့အခိုက်မှာ သေကြောင်း ကြံစည်နေတဲ့ အဆိုပါအမျိုးသားကို တွေ့ခဲ့ပါတယ်။

ယင်းသို့ကြံစည် နေတဲ့ အမျိုးသားကောင်လေးကို လုံခြုံရေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဘယ်လိုမှ ဖြောင်းဖြလို့မရတဲ့အခြေအနေလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့်မို့လို့ မိတစ်ကွဲ ဖတစ်ကွဲဖြစ်နေလို့ စိတ်ဓာတ်ကျအားငယ် နေတဲ့ အဆိုပါ အမျိုးသားလေးရှိရာ မိန်းကလေးကသွားခဲ့ပြီး အနား တိုးကပ်ကာ အနမ်းပေးလိုက်ပြီးနောက် ဖြောင်းဖြကာအောက် ကိုပြန်ဆင်းနိုင်စေခဲ့ပါတယ်။

သူမကိုယ်တိုင်လည်း မိသားစု ကွဲပြိုနေတဲ့ မိသားစုကနေဆင်း သက်လာခဲ့တာကြောင့် စိတ်ပိုင်းဆိုင် ဒဏ်ရာချင်းစာနာကာအား ပေးနှစ်သိမ့်နိုင်ခဲ့ကာ လူ့အသက်တစ်ချောင်း ကယ်တင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Credit : Lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top