iMyanmarHouse.com - Best Property Website for Myanmar
×

၀က္ရူးျပန္ေရာဂါ ကုသနည္းလမ္းေတြမွာ သဘာ၀နည္းလမ္းေတြလဲပါ၀င္ပါတယ္။ လူတိုင္းအတြက္ အလုပ္မျဖစ္ႏိုင္ေသာ္လည္း ဆရာ၀န္ေတြက သဘာ၀နည္းေတြကို ၾကိဳးစားၾကည့္ဖို႔ အၾကံျပဳေလ့ရွိၾကပါတယ္။ ထိုသဘာ၀နည္းေတြမွာ ဘယေဆးေတြ၊ ဗီတာမင္ေတြ၊ ဘိုင္အိုဖိဘက္နဲ႔ အပ္စိုက္ျခင္းတို႔ပါ၀င္ပါတယ္။

၁။ဘယေဆးနည္းမ်ား

၀က္ရူးျပန္ေရာဂါအတြက္ အသံုးျပဳေသာ ဘယေဆးအခ်ိဳ႕ကေတာ့ ေအာက္ပါအတိုင္းပဲျဖစ္ပါတယ္။

·        ျပာမႈန္႕

·        ဂေရာင္းဆယ္အပင္

·        Hydrocotyle ျမင္းခြာရြက္

·        က်ီးေပါင္းပင္

·        Mugwort ပ်ိဳးပင္ျမက္

·        ပ်ိဳနီပန္းပင္

·        Scullcap အပင္

·        Tree of Heaven

·        Valerian သစ္ခြ

ဘယေဆးေတြမွာ ေခါင္းကိုက္ျခင္း၊ အင္ပ်ဥ္ထြက္ျခင္း၊ အစာႏွင့္အူလမ္းေၾကာင္း ျပႆနာလိုမ်ိဳး ေဘးထြက္ဆိုးက်ိဳးေတြရွိတတ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ အတက္ေရာဂါေတြအတြက္ေတာ့ ထိေရာက္မႈရွိလွပါတယ္။

အခ်ိဳ႕ဘယေဆးေတြဟာ ၀က္ရူးျပန္ေရာဂါအတြက္ အသံုးျပဳႏိုင္ေသာ္လည္း အခ်ိဳ႕ေဆးေတြကိုေတာ့ ေရွာင္ရွားသင့္ပါတယ္။ ေအာက္ပါတို႔ပါ၀င္ပါတယ္။

·        ဂ်င္ကိုအပင္ႏွင့္ စိန္႔ဂြ်န္အပင္

·        ကာဗာငရုတ္ေကာင္း၊ စူကာပန္း၊ Valerian သစ္ခြ

·        ၾကက္သြန္ျဖဴ

·        ကမ္မိုမိုင္အပင္

၂။ဗီတာမင္မ်ား

က်န္းမာတဲ့ စားေသာက္ျခင္းပံုစံနဲ႔တြဲလိုက္မယ္ဆိုရင္ ဗီတာမင္အခ်ိဳ႕က တက္ႏိုင္ေျခကို ေလ်ာ့ခ်ေပးႏိုင္ပါလိမ့္မယ္။ ဗီတာမင္ေတြ ကိုယ္တြင္းမွာ အဆိပ္အေတာက္မျဖစ္ေအာင္ေသာက္ဖို႔ ဆရာ၀န္ညႊန္ၾကားခ်က္အတိုင္း လုပ္ေဆာင္ရပါလိမ့္မယ္။ ၀က္ရူးျပန္ေရာဂါအတြက္ အသံုးျပဳေသာ ဗီတာမင္အမ်ားစုကေတာ့ ေအာက္ပါအတိုင္းပဲျဖစ္ပါတယ္။

·        ေဖာလစ္အက္စစ္

·        ဗီတာမင္ဘီ၆

·        ဗီတာမင္ဒီ

·        ဗီတာမင္အီး

၃။မိမိကိုယ္ကို ထိန္းခ်ဳပ္ျခင္းႏွင့္ ဘိုင္အိုဖိဘက္

ဦးေႏွာက္လုပ္ငန္းေဆာင္တာေတြကို ထိန္းခ်ဳပ္ျခင္းျဖင့္ ၀က္ရူးျပန္တဲ့အၾကိမ္ေရကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။ ၀က္ရူးျပန္မႈအစပ်ိဳးတဲ့ လကၡဏာေတြကို သိရွိမယ္ဆိုရင္ ရပ္တန္႔နိင္မယ္လို႕ လူေတာ္ေတာ္မ်ားမ်ားက ယံုၾကည္ထားၾကပါတယ္။ အခ်ိဳ႕ကေတာ့ ေရာဂါလကၡဏာေတြကို ရက္ေပါင္းမ်ားစြာထိ ခံစားေနရျပီး စိတ္ေသာကပူပန္ျခင္း၊ စိတ္က်ျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္းနဲ႔ ေခါင္းကိုက္ျခင္းတို႔အထိ ျဖစ္သြားႏိုင္ပါတယ္။

မိမိကိုယ္ကိုထိန္းခ်ဳပ္ျခင္းနည္းလမ္းေတြဟာ ၀က္ရူးျပန္ျခင္းကိုကာကြယ္ဖို႕နဲ႔ ၀က္ရူးျပန္ျခင္း၏ဆိုးရြားမႈကို ေလ်ာ့နည္းေစဖို႔အသံုးျပဳျခင္းျဖစ္ပါတယ္။ နည္းလမ္းအခ်ိဳ႕ကေတာ့ တရားထိုင္ျခင္း၊ လမ္းေလ်ာက္ျခင္း၊ အလုပ္တစ္ခုထဲတြင္စိတ္ႏွစ္ထားျခင္း၊ အနံ႔ျပင္းျပင္းကို နမ္းရိႈက္ျခင္းႏွင့္ မတက္နဲ႔လို႕အသံထြက္ေျပာျခင္းတို႔ျဖစ္ပါတယ္။ အျခားနည္းလမ္းဆိုရင္ျဖင့္ ဦးေႏွာက္၏လုပ္ငန္းေဆာင္တာေတြကို ထိန္းခ်ဳပ္ေပးတဲ့ ဘိုင္အုိဖိဘက္ပဲျဖစ္ပါတယ္။

ယင္းနည္းလမ္းက လွ်ပ္စစ္ဓာတ္ကို အသံုးျပဳျပီး ဦးေႏွာက္လိႈင္းေတြကို ေျပာင္းလဲေပးျခင္းျဖစ္ပါတယ္။ ဗဟိဒၶကုထံုးဆရာေတြအသံုးမ်ားတဲ့ နည္လမ္းတစ္ခုပါ။ စိတ္၀င္စားမယ္ဆိုရင္ေတာ့ ကြ်မ္းက်င္ပညာရွင္ေတြနဲ႔ ေဆြးေႏြးတိုင္ပင္ႏိုင္ပါတယ္။

၄။အျခားတိုင္းရင္းေဆးနည္းမ်ား

အပ္စိုက္ျခင္းနဲ႕ အဆစ္အျမစ္ျပင္ျခင္းတို႕လိုမ်ိဳး ကုသနည္းေတြကိုလည္း တစ္ခါတစ္ရံအသံုးျပဳေလ့ရွိပါတယ္။ အပ္စိုက္ကုထံုးက နာတာရွည္နာက်င္မႈမ်ား၊ အတက္ေရာဂါနဲ႔ အျခားေ၀ဒနာမ်ားကို တိက်ေသာေနရာမ်ားသို႔ အပ္ေသးေသးေလးမ်ား ထိုးစိုက္ျခင္းျဖင့္ သက္သာေစပါတယ္။ အပ္စိုက္ျခင္းဟာ ဦးေႏွာက္လုပ္ငန္းေဆာင္တာေတြကို ေျပာင္းလဲေစႏုိင္တာေၾကာင့္ တက္ႏိုင္ေျခကို ေလ်ာ့ခ်ေပးပါတယ္။ စာေပသေဘာအရ ေကာင္းမြန္သည္ဟု ယူဆႏိုင္ေသာ္လည္း သိပၸံနည္းက်သက္ေသေတာ့ မရွိေသးပါဘူး။

အဆစ္အျမစ္ျပင္ျခင္းကုသနည္းမွာ ေက်ာရိုးျပင္ေပးျခင္းက ေရာဂါေတြ ေပ်ာက္ေစႏိုင္ပါတယ္။ ပံုမွန္သေဘာေလး လႈံ႕ေဆာ္ေပးလုိက္တာက လူနာကို အတက္ေရာဂါအတြက္ ပိုမိုထိန္းခ်ဳပ္မႈ ရရွိသြားေစပါတယ္။ ဒါေပမယ့္ အပ္စိုက္ကုထံုးလိုပဲ တိက်တဲ့ သက္ေသျပမႈေတြေတာ့ မရွိေသးပါဘူး။

စားေသာက္မႈပံုစံေျပာင္းလဲျခင္းကလည္း အတက္ေရာဂါကို ေလ်ာ့နည္းေစႏိုင္ပါတယ္။ အေကာင္းဆံုးပံုစံကေတာ့ အဆီမ်ားမ်ားပါေသာ ကီတိုဂ်င္းနစ္စားေသာက္မႈပံုစံပါပဲ။ ကာဗြန္ဟိုက္ဒရိတ္နဲ႔ ပရိုတင္းဓာတ္နည္းေသာ စားေသာက္မႈပံုစံလို႕လည္း ယူဆႏုိင္ပါေသးတယ္။ ထိုသို႔စားေသာက္ျခင္းက အတက္ေရာဂါကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုတာကိုေတာ့ ဆရာ၀န္ေတြ တိတိပပမသိၾကေသးပါဘူး။

ကေလးေတြအတြက္လည္း ကီတုိဂ်င္းနစ္စားေသာက္မႈပံုစံကို အသံုးျပဳၾကျပီး လူေတာ္ေတာ္မ်ားမ်ားဟာ စိတ္ေခၚမႈေတြ ၾကံဳေတြ႕ၾကရပါတယ္။ ထိုစားေသာက္မႈပံုစံဟာ အျခားေသာ ကုသနည္းေတြရဲ႕ ၀က္ရူးျပန္ေရာဂါအေပၚ သက္ေရာက္မႈေတြမွာလည္း ေကာင္းက်ိဳးေတြေပးလ်က္ရွိပါတယ္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
၀က်ရူးပြန်ရောဂါ ကုသနည်းလမ်းတွေမှာ သဘာဝနည်းလမ်းတွေလဲပါဝင်ပါတယ်။ လူတိုင်းအတွက် အလုပ်မဖြစ်နိုင်သော်လည်း ဆရာဝန်တွေက သဘာဝနည်းတွေကို ကြိုးစားကြည့်ဖို့ အကြံပြုလေ့ရှိကြပါတယ်။ ထိုသဘာဝနည်းတွေမှာ ဘယဆေးတွေ၊ ဗီတာမင်တွေ၊ ဘိုင်အိုဖိဘက်နဲ့ အပ်စိုက်ခြင်းတို့ပါဝင်ပါတယ်။

၁။ဘယဆေးနည်းများ

ဝက်ရူးပြန်ရောဂါအတွက် အသုံးပြုသော ဘယဆေးအချို့ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

·        ပြာမှုန့်

·        ဂရောင်းဆယ်အပင်

·        Hydrocotyle မြင်းခွာရွက်

·        ကျီးပေါင်းပင်

·        Mugwort ပျိုးပင်မြက်

·        ပျိုနီပန်းပင်

·        Scullcap အပင်

·        Tree of Heaven

·        Valerian သစ်ခွ

ဘယဆေးတွေမှာ ခေါင်းကိုက်ခြင်း၊ အင်ပျဉ်ထွက်ခြင်း၊ အစာနှင့်အူလမ်းကြောင်း ပြဿနာလိုမျိုး ဘေးထွက်ဆိုးကျိုးတွေရှိတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အတက်ရောဂါတွေအတွက်တော့ ထိရောက်မှုရှိလှပါတယ်။

အချို့ဘယဆေးတွေဟာ ဝက်ရူးပြန်ရောဂါအတွက် အသုံးပြုနိုင်သော်လည်း အချို့ဆေးတွေကိုတော့ ရှောင်ရှားသင့်ပါတယ်။ အောက်ပါတို့ပါဝင်ပါတယ်။

·        ဂျင်ကိုအပင်နှင့် စိန့်ဂျွန်အပင်

·        ကာဗာငရုတ်ကောင်း၊ စူကာပန်း၊ Valerian သစ်ခွ

·        ကြက်သွန်ဖြူ

·        ကမ်မိုမိုင်အပင်

၂။ဗီတာမင်များ

ကျန်းမာတဲ့ စားသောက်ခြင်းပုံစံနဲ့တွဲလိုက်မယ်ဆိုရင် ဗီတာမင်အချို့က တက်နိုင်ခြေကို လျော့ချပေးနိုင်ပါလိမ့်မယ်။ ဗီတာမင်တွေ ကိုယ်တွင်းမှာ အဆိပ်အတောက်မဖြစ်အောင်သောက်ဖို့ ဆရာဝန်ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ရပါလိမ့်မယ်။ ဝက်ရူးပြန်ရောဂါအတွက် အသုံးပြုသော ဗီတာမင်အများစုကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

·        ဖောလစ်အက်စစ်

·        ဗီတာမင်ဘီ၆

·        ဗီတာမင်ဒီ

·        ဗီတာမင်အီး

၃။မိမိကိုယ်ကို ထိန်းချုပ်ခြင်းနှင့် ဘိုင်အိုဖိဘက်

ဦးနှောက်လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ခြင်းဖြင့် ဝက်ရူးပြန်တဲ့အကြိမ်ရေကို လျော့ချပေးနိုင်ပါတယ်။ ဝက်ရူးပြန်မှုအစပျိုးတဲ့ လက္ခဏာတွေကို သိရှိမယ်ဆိုရင် ရပ်တန့်နိင်မယ်လို့ လူတော်တော်များများက ယုံကြည်ထားကြပါတယ်။ အချို့ကတော့ ရောဂါလက္ခဏာတွေကို ရက်ပေါင်းများစွာထိ ခံစားနေရပြီး စိတ်သောကပူပန်ခြင်း၊ စိတ်ကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ခေါင်းကိုက်ခြင်းတို့အထိ ဖြစ်သွားနိုင်ပါတယ်။

မိမိကိုယ်ကိုထိန်းချုပ်ခြင်းနည်းလမ်းတွေဟာ ဝက်ရူးပြန်ခြင်းကိုကာကွယ်ဖို့နဲ့ ဝက်ရူးပြန်ခြင်း၏ဆိုးရွားမှုကို လျော့နည်းစေဖို့အသုံးပြုခြင်းဖြစ်ပါတယ်။ နည်းလမ်းအချို့ကတော့ တရားထိုင်ခြင်း၊ လမ်းလျောက်ခြင်း၊ အလုပ်တစ်ခုထဲတွင်စိတ်နှစ်ထားခြင်း၊ အနံ့ပြင်းပြင်းကို နမ်းရှိုက်ခြင်းနှင့် မတက်နဲ့လို့အသံထွက်ပြောခြင်းတို့ဖြစ်ပါတယ်။ အခြားနည်းလမ်းဆိုရင်ဖြင့် ဦးနှောက်၏လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးတဲ့ ဘိုင်အိုဖိဘက်ပဲဖြစ်ပါတယ်။

ယင်းနည်းလမ်းက လျှပ်စစ်ဓာတ်ကို အသုံးပြုပြီး ဦးနှောက်လှိုင်းတွေကို ပြောင်းလဲပေးခြင်းဖြစ်ပါတယ်။ ဗဟိဒ္ဓကုထုံးဆရာတွေအသုံးများတဲ့ နည်လမ်းတစ်ခုပါ။ စိတ်ဝင်စားမယ်ဆိုရင်တော့ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

၄။အခြားတိုင်းရင်းဆေးနည်းများ

အပ်စိုက်ခြင်းနဲ့ အဆစ်အမြစ်ပြင်ခြင်းတို့လိုမျိုး ကုသနည်းတွေကိုလည်း တစ်ခါတစ်ရံအသုံးပြုလေ့ရှိပါတယ်။ အပ်စိုက်ကုထုံးက နာတာရှည်နာကျင်မှုများ၊ အတက်ရောဂါနဲ့ အခြားဝေဒနာများကို တိကျသောနေရာများသို့ အပ်သေးသေးလေးများ ထိုးစိုက်ခြင်းဖြင့် သက်သာစေပါတယ်။ အပ်စိုက်ခြင်းဟာ ဦးနှောက်လုပ်ငန်းဆောင်တာတွေကို ပြောင်းလဲစေနိုင်တာကြောင့် တက်နိုင်ခြေကို လျော့ချပေးပါတယ်။ စာပေသဘောအရ ကောင်းမွန်သည်ဟု ယူဆနိုင်သော်လည်း သိပ္ပံနည်းကျသက်သေတော့ မရှိသေးပါဘူး။

အဆစ်အမြစ်ပြင်ခြင်းကုသနည်းမှာ ကျောရိုးပြင်ပေးခြင်းက ရောဂါတွေ ပျောက်စေနိုင်ပါတယ်။ ပုံမှန်သဘောလေး လှုံ့ဆော်ပေးလိုက်တာက လူနာကို အတက်ရောဂါအတွက် ပိုမိုထိန်းချုပ်မှု ရရှိသွားစေပါတယ်။ ဒါပေမယ့် အပ်စိုက်ကုထုံးလိုပဲ တိကျတဲ့ သက်သေပြမှုတွေတော့ မရှိသေးပါဘူး။

စားသောက်မှုပုံစံပြောင်းလဲခြင်းကလည်း အတက်ရောဂါကို လျော့နည်းစေနိုင်ပါတယ်။ အကောင်းဆုံးပုံစံကတော့ အဆီများများပါသော ကီတိုဂျင်းနစ်စားသောက်မှုပုံစံပါပဲ။ ကာဗွန်ဟိုက်ဒရိတ်နဲ့ ပရိုတင်းဓာတ်နည်းသော စားသောက်မှုပုံစံလို့လည်း ယူဆနိုင်ပါသေးတယ်။ ထိုသို့စားသောက်ခြင်းက အတက်ရောဂါကို လျော့ချပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ ဆရာဝန်တွေ တိတိပပမသိကြသေးပါဘူး။

ကလေးတွေအတွက်လည်း ကီတိုဂျင်းနစ်စားသောက်မှုပုံစံကို အသုံးပြုကြပြီး လူတော်တော်များများဟာ စိတ်ခေါ်မှုတွေ ကြုံတွေ့ကြရပါတယ်။ ထိုစားသောက်မှုပုံစံဟာ အခြားသော ကုသနည်းတွေရဲ့ ဝက်ရူးပြန်ရောဂါအပေါ် သက်ရောက်မှုတွေမှာလည်း ကောင်းကျိုးတွေပေးလျက်ရှိပါတယ်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top