iMyanmarHouse.com - Best Property Website for Myanmar
×
Ref :  boldsky.com
Credit : 7Day Daily
လူကြိုက်များ ယမကာတစ်မျိုးဖြစ်တဲ့ ဘီယာမှာ အံ့သြဖွယ်ကောင်းလောက်အောင်အလှအပနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူူးတွေ ရှိနေပါတယ်။ ဒါကြောင့်မို့ ဘီယာမှာ ဘယ်လိုအလှအပကောင်းကျိုးတွေရှိလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။
ဘီယာဟာ အရေပြားနဲ့ ဆံပင်ကျန်းမာရေးအတွက် အထူးပင်ကောင်းမွန်တယ်လို့ ဆိုလိုပါတယ်။ ဘီယာကို ဆံပင်ပြုပြင်ပေးတဲ့ ဆေးရည်အဖြစ်သုံးနိုင်ပါတယ်။ ခေါင်းလျှော်ရည်နဲ့ လျှော်ပြီး ဘီယာနဲ့ဆေးချလိုက်ရင် နူးညံ့တောက်ပြောင်တဲ့ ဆံသားရနိုင်ပြီး ဆံပင်သန်စွမ်းစေနိုင်ပါတယ်။ နောက်ပြီး အရေပြားပေါ်က အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်တဲ့အပြင် ဘီယာမှာပါတဲ့ ဓာတ်ပါဝင်တာကြောင့် ဝက်ခြံတွေရှိရင်လည်း ဘီယာနဲ့ သုတ်လိမ်းပေးရင် သက်သာစေတယ်လို့ဆိုပါတယ်။ နောက်အသားအရေစိုထိုင်းဆကိုလည်း ညီမျှစေတာကြောင့် အရေပြားခြောက်တာတွေ၊ အဆီပြန်တာတွေကိုလည်း ကာကွယ်ပေးနိုင်တဲ့အပြင် အရွယ်မတိုင်မီ အိုမင်းရင့်ရော်တာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ချွေးပေါက်တွေထဲ အညစ်အကြေး ဝင်တာတွေကိုလည်း ဘီယာနဲ့ သုတ်လိမ်းဆေးကြောပေးရင် သန့်စင်ကြည်လင်တဲ့ အရေပြားကို ပိုင်ဆိုင်နိုင်မှာပါ။ အကုန်အကျခံနိုင်သူတစ်ယောက်ဖြစ်တယ်ဆိုရင်တော့ ဘီယာနဲ့ ရေစိမ်ချိုးပေးရင် အရေပြားအတွက်ရော ဆံပင်အတွက်ပါ ကောင်းကျိုးရှိမယ်လို့ဆိုလိုပါတယ်။ အိမ်မှာဘီယာဝယ်ထားပြီးသားရှိရင်တော့ လက်တွေ့ စမ်းသပ်ကြည့်လိုက်ကြရအောင်ပါ။
Ref :  boldsky.com
Credit : 7Day Daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top