iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူေတြတိုင္းအတြက္ ရင္ခုန္စရာေကာင္းတဲ့ Valentine's Day ေရာက္လာေတာ့မယ္ေနာ္။ ခ်စ္သူနဲ႔ေတြ႔ဖို႔အတြက္ စီစဥ္ထားတဲ့ မဒီေလးေတြ ႐ွိတယ္မဟုတ္လား။ အဲ့ဒီေန႔မွာ အလွဆံုးျဖစ္ေနခ်င္ရင္ေတာ့ ဒါေလးေတြ လုပ္လိုက္ေနာ္။

၁။ ဆံပင္စတိုင္လ္

ဆံပင္အေျဖာင့္ထက္စာရင္ ဆံပင္ေကာက္ေကာက္ေလးေတြက ပိုၿပီးရင္ခုန္စရာေကာင္းတယ္ သိလား။ တစ္ေခါင္းလံုးေကာက္ဖုိ႔ ေျပာတာမဟုတ္ဘူးေနာ္။ အပူေခ်ာင္းေလးနဲ႔ ယာယီအေကာက္ေလးပဲျဖစ္ေအာင္ လုပ္ထားလိုက္ဖုိ႔ပါပဲ။ အေကာက္ေျပေျပေလးရေအာင္ အပူေခ်ာင္းနဲ႔လိပ္ၿပီးရင္ လက္ေလးနဲ႔ဖြေပးပါ။ ဘီးနဲ႔မၿဖီးလုိက္ပါနဲ႔။

၂။ ဆြဲေဆာင္မႈ႐ွိတဲ့ႏႈတ္ခမ္း

ႏႈတ္ခမ္းနီမဆိုးခင္ Lip primer ေလး ခံၿပီးဆိုး၊ ဒါမွမဟုတ္ မိတ္ကပ္ေဖာင္ေဒးရွင္း လိမ္းၿပီးေတာ့မွ ႏႈတ္ခမ္းနီဆုိးပါ။ အေရာင္ထြက္ပိုလွတယ္။ ၾကာၾကာလည္းခံတယ္။ နမ္းရင္လည္း မပ်က္ေအာင္လို႔ေပါ့။ ႏႈတ္ခမ္းနီတစ္ထပ္ဆိုးၿပီးရင္ တစ္ရႈးေလးနဲ႔ဖိကပ္လိုက္၊ ၿပီးေတာ့ ေနာက္တစ္ထပ္ ထပ္ဆိုးရင္ ႏႈတ္ခမ္းေလးက ဖူးဖူးေလးျဖစ္ၿပီး အေရာင္လည္း ပိုေပၚတယ္။

၃။ လက္သည္းေျခသည္း

မိတ္ကပ္ေတြဘယ္ေလာက္လိမ္းလိမ္း လက္သည္း၊ေျခသည္းေတြက မလွမပျဖစ္ေနရင္ အႀကီးႀကီးဂြမ္းမွာေနာ္။ တစ္ရက္အလိုတည္းက လက္သည္း၊ ေျခသည္းေတြကို သန္႔ရွင္းထားၿပီး အေရာင္ဆိုးထားေပါ့။ အေရာင္မဆိုးခ်င္ဘူး ဆုိရင္ေတာင္ လက္သည္း၊ ေျခသည္းမွာ ေၾကး (ဂ်ီး)ေတြ မရွိေအာင္ သန္႔ရွင္းထား။ မညီတာေတြလည္း ညီေအာင္ ညႇိထားဖုိ႔လိုတယ္။

၄။ အေရးႀကီးဆံုးတစ္ခု

အဲ့တာကေတာ့ ရနံ႔ပဲ။ ခႏၶာကိုယ္က ေမႊးရန႔ံေလးေၾကာင့္ ကိုယ့္အနားက မခြာႏိုင္ ျဖစ္ေနေတာ့မွာ။ တစ္ခု သတိေပးခ်င္တာက အနံ႔ေတြ အမ်ားႀကီး ေရာမေနေစဖုိ႔ပါပဲ။ ေခါင္းက အနံ႔တစ္မ်ိဳး၊ body lotion က အနံ႔တစ္မ်ိဳး၊ ေရေမႊးပါ ထပ္ဆြတ္လိုက္ေတာ့ အနံ႔ေတြ ေရာၿပီး မူးသြားဦးမယ္။ ကိုယ့္ခႏၶာကိုယ္က အန႔ံဆိုးေတြ မထြက္ဖုိ႔က ပထမ၊ ဒုတိယကမွ အနံ႔ေလးသင္းပ်ံ႕ေနေအာင္ လုပ္ရမွာေနာ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချစ်သူတွေတိုင်းအတွက် ရင်ခုန်စရာကောင်းတဲ့ Valentine's Day ရောက်လာတော့မယ်နော်။ ချစ်သူနဲ့တွေ့ဖို့အတွက် စီစဉ်ထားတဲ့ မဒီလေးတွေ ရှိတယ်မဟုတ်လား။ အဲ့ဒီနေ့မှာ အလှဆုံးဖြစ်နေချင်ရင်တော့ ဒါလေးတွေ လုပ်လိုက်နော်။

၁။ ဆံပင်စတိုင်လ်

ဆံပင်အဖြောင့်ထက်စာရင် ဆံပင်ကောက်ကောက်လေးတွေက ပိုပြီးရင်ခုန်စရာကောင်းတယ် သိလား။ တစ်ခေါင်းလုံးကောက်ဖို့ ပြောတာမဟုတ်ဘူးနော်။ အပူချောင်းလေးနဲ့ ယာယီအကောက်လေးပဲဖြစ်အောင် လုပ်ထားလိုက်ဖို့ပါပဲ။ အကောက်ပြေပြေလေးရအောင် အပူချောင်းနဲ့လိပ်ပြီးရင် လက်လေးနဲ့ဖွပေးပါ။ ဘီးနဲ့မဖြီးလိုက်ပါနဲ့။

၂။ ဆွဲဆောင်မှုရှိတဲ့နှုတ်ခမ်း

နှုတ်ခမ်းနီမဆိုးခင် Lip primer လေး ခံပြီးဆိုး၊ ဒါမှမဟုတ် မိတ်ကပ်ဖောင်ဒေးရှင်း လိမ်းပြီးတော့မှ နှုတ်ခမ်းနီဆိုးပါ။ အရောင်ထွက်ပိုလှတယ်။ ကြာကြာလည်းခံတယ်။ နမ်းရင်လည်း မပျက်အောင်လို့ပေါ့။ နှုတ်ခမ်းနီတစ်ထပ်ဆိုးပြီးရင် တစ်ရှုးလေးနဲ့ဖိကပ်လိုက်၊ ပြီးတော့ နောက်တစ်ထပ် ထပ်ဆိုးရင် နှုတ်ခမ်းလေးက ဖူးဖူးလေးဖြစ်ပြီး အရောင်လည်း ပိုပေါ်တယ်။

၃။ လက်သည်းခြေသည်း

မိတ်ကပ်တွေဘယ်လောက်လိမ်းလိမ်း လက်သည်း၊ခြေသည်းတွေက မလှမပဖြစ်နေရင် အကြီးကြီးဂွမ်းမှာနော်။ တစ်ရက်အလိုတည်းက လက်သည်း၊ ခြေသည်းတွေကို သန့်ရှင်းထားပြီး အရောင်ဆိုးထားပေါ့။ အရောင်မဆိုးချင်ဘူး ဆိုရင်တောင် လက်သည်း၊ ခြေသည်းမှာ ကြေး (ဂျီး)တွေ မရှိအောင် သန့်ရှင်းထား။ မညီတာတွေလည်း ညီအောင် ညှိထားဖို့လိုတယ်။

၄။ အရေးကြီးဆုံးတစ်ခု

အဲ့တာကတော့ ရနံ့ပဲ။ ခန္ဓာကိုယ်က မွှေးရနံ့လေးကြောင့် ကိုယ့်အနားက မခွာနိုင် ဖြစ်နေတော့မှာ။ တစ်ခု သတိပေးချင်တာက အနံ့တွေ အများကြီး ရောမနေစေဖို့ပါပဲ။ ခေါင်းက အနံ့တစ်မျိုး၊ body lotion က အနံ့တစ်မျိုး၊ ရေမွှေးပါ ထပ်ဆွတ်လိုက်တော့ အနံ့တွေ ရောပြီး မူးသွားဦးမယ်။ ကိုယ့်ခန္ဓာကိုယ်က အနံ့ဆိုးတွေ မထွက်ဖို့က ပထမ၊ ဒုတိယကမှ အနံ့လေးသင်းပျံ့နေအောင် လုပ်ရမှာနော်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top