iMyanmarHouse.com - Best Property Website for Myanmar
×

မနက္စာဟာ တစ္ေန႔တာလံုးမွာ အေရးအႀကီးဆံုး အစားအစာျဖစ္ေၾကာင္း က်န္းမာေရးေဆာင္းပါး ေတာ္ေတာ္မ်ားမ်ားမွာ ဖတ္ဖူးၾကမွာပါ။ တစ္နည္းအားျဖင့္ မနက္တိုင္း မနက္တိုင္းမွာ အာဟာရျပည့္ဝတဲ့ မနက္စာေလးကို စားသံုးေနဖို႔က အလြန္အေရးႀကီးပါတယ္။

ဒီေန႔မွာေတာ့ အာဟာရလည္းျပည့္ဝ၊ လုပ္ရလည္း လြယ္ကူတဲ့ မနက္စာေလးတစ္မ်ိဳးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ အဲဒါကေတာ့ ေထာပတ္ေပါင္မုန္႔ ပူတင္းေလးပါပဲ။

ပါဝင္ပစၥည္းမ်ား

ပါဝင္ပစၥည္းအျဖစ္ ေပါင္မုန္႔အျဖဴ (၈) ခ်ပ္၊ မာဂ်ရင္း (Margarine) (၅၀) ဂရမ္၊ ၾကက္ဥ (၄) လံုး၊ ဗနီလာ လက္ဖက္ရည္ဇြန္း (၁) ဇြန္း၊ သစ္ၾကံပိုးေခါက္မႈန္႔ ဇြန္းဝက္၊ သၾကားမႈန္႔ (၁/၄) ခြက္၊ ႏြားႏို႔ (၂) ခြက္၊ ခရင္မ္ (၁/၄) ခြက္၊ စပ်စ္သီးေျခာက္ (၃/၄) ခြက္တို႔ကို လိုအပ္ပါတယ္။

ျပဳလုပ္နည္း

ပန္းကန္လံုးတစ္လံုးထဲမွာ ၾကက္ဥ၊ သၾကားမႈန္႔၊ ဗနီလာ၊ သစ္ၾကံပိုးေခါက္မႈန္႔၊ ႏြားႏို႔နဲ႔ ခရင္မ္တို႔ကို ေရာထည့္ၿပီး ေမႊေပးလိုက္ပါ။ ၿပီးရင္ ေဘးခနဖယ္ထားလိုက္ပါ။ ေပါင္မုန္႔ခ်ပ္ေလးေတြေပၚမွာ ေထာပတ္ကို မ်က္ႏွာျပင္ (၂) ဘက္လံုးမွာ သုတ္လိမ္းၿပီး ႀတိဂံပံုစံ ေထာင့္ျဖတ္လွီးေပးလိုက္ပါ။

ဆီသုတ္လိမ္းထားတဲ့ မုန္႔ဖုတ္လင္ပန္းထဲမွာ ေပါင္မုန္႔ေထာပတ္သုတ္ေလးေတြကို အစီအရီထည့္ေပးလိုက္ပါ။ အေပၚကေနမွ စပ်စ္သီးေျခာက္ေလးေတြျဖဴး၊ ၾကက္ဥအႏွစ္ရည္ေလးကို ဆမ္းေပးလိုက္ပါ။ ၿပီးရင္ ေကာင္တာေပၚမွာ (၁၀) မိနစ္ခန္႔ တင္ထားေပးလိုက္ပါ။

ၿပီးရင္ေတာ့ ေပါင္မုန္႔ထည့္ထားတဲ့ မုန္႔ဖုတ္လင္ပန္းကို အပူခ်ိန္ (၁၈၀) ဒီဂရီဆဲလ္စီးယပ္စ္ခန္႔ အပူေပးထားတဲ့ မုန္႔ဖို (Oven) ထဲမွာ မိနစ္ (၃၀) ခန္႔ ထည့္ဖုတ္ေပးလိုက္ပါ။ မိနစ္ (၃၀) ျပည့္ရင္ေတာ့ အျပင္ကိုယူထုတ္ၿပီး ပန္းကန္တစ္ခ်ပ္ထဲ ေျပာင္းထည့္ၿပီး ေကာ္ဖီပူပူေလးတစ္ခြက္နဲ႔ တြဲဖက္စားသံုးႏုိင္ပါၿပီေနာ္။

Source: Sidechef

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မနက်စာဟာ တစ်နေ့တာလုံးမှာ အရေးအကြီးဆုံး အစားအစာဖြစ်ကြောင်း ကျန်းမာရေးဆောင်းပါး တော်တော်များများမှာ ဖတ်ဖူးကြမှာပါ။ တစ်နည်းအားဖြင့် မနက်တိုင်း မနက်တိုင်းမှာ အာဟာရပြည့်ဝတဲ့ မနက်စာလေးကို စားသုံးနေဖို့က အလွန်အရေးကြီးပါတယ်။

ဒီနေ့မှာတော့ အာဟာရလည်းပြည့်ဝ၊ လုပ်ရလည်း လွယ်ကူတဲ့ မနက်စာလေးတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ ထောပတ်ပေါင်မုန့် ပူတင်းလေးပါပဲ။

ပါဝင်ပစ္စည်းများ

ပါဝင်ပစ္စည်းအဖြစ် ပေါင်မုန့်အဖြူ (၈) ချပ်၊ မာဂျရင်း (Margarine) (၅၀) ဂရမ်၊ ကြက်ဥ (၄) လုံး၊ ဗနီလာ လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ သစ်ကြံပိုးခေါက်မှုန့် ဇွန်းဝက်၊ သကြားမှုန့် (၁/၄) ခွက်၊ နွားနို့ (၂) ခွက်၊ ခရင်မ် (၁/၄) ခွက်၊ စပျစ်သီးခြောက် (၃/၄) ခွက်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

ပန်းကန်လုံးတစ်လုံးထဲမှာ ကြက်ဥ၊ သကြားမှုန့်၊ ဗနီလာ၊ သစ်ကြံပိုးခေါက်မှုန့်၊ နွားနို့နဲ့ ခရင်မ်တို့ကို ရောထည့်ပြီး မွှေပေးလိုက်ပါ။ ပြီးရင် ဘေးခနဖယ်ထားလိုက်ပါ။ ပေါင်မုန့်ချပ်လေးတွေပေါ်မှာ ထောပတ်ကို မျက်နှာပြင် (၂) ဘက်လုံးမှာ သုတ်လိမ်းပြီး တြိဂံပုံစံ ထောင့်ဖြတ်လှီးပေးလိုက်ပါ။

ဆီသုတ်လိမ်းထားတဲ့ မုန့်ဖုတ်လင်ပန်းထဲမှာ ပေါင်မုန့်ထောပတ်သုတ်လေးတွေကို အစီအရီထည့်ပေးလိုက်ပါ။ အပေါ်ကနေမှ စပျစ်သီးခြောက်လေးတွေဖြူး၊ ကြက်ဥအနှစ်ရည်လေးကို ဆမ်းပေးလိုက်ပါ။ ပြီးရင် ကောင်တာပေါ်မှာ (၁၀) မိနစ်ခန့် တင်ထားပေးလိုက်ပါ။

ပြီးရင်တော့ ပေါင်မုန့်ထည့်ထားတဲ့ မုန့်ဖုတ်လင်ပန်းကို အပူချိန် (၁၈၀) ဒီဂရီဆဲလ်စီးယပ်စ်ခန့် အပူပေးထားတဲ့ မုန့်ဖို (Oven) ထဲမှာ မိနစ် (၃၀) ခန့် ထည့်ဖုတ်ပေးလိုက်ပါ။ မိနစ် (၃၀) ပြည့်ရင်တော့ အပြင်ကိုယူထုတ်ပြီး ပန်းကန်တစ်ချပ်ထဲ ပြောင်းထည့်ပြီး ကော်ဖီပူပူလေးတစ်ခွက်နဲ့ တွဲဖက်စားသုံးနိုင်ပါပြီနော်။

Source: Sidechef

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top