iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္မွာ ေ႐ႊဖ႐ံုသီးဟင္း ခ်က္စားၿပီးရင္ အေစ့ေတြကို လႊင့္မပစ္ၾကနဲ႔ေနာ္။ ဖ႐ံုေစ့ကို ဒယ္အိုးပူထဲမွာ အိုးကင္းပူတိုက္ၿပီး ေလွာ္ထားတဲ့ ဖ႐ံုေစ့ေလွာ္ေလးေတြဟာ ဝါးလို႔ေကာင္း႐ံုတင္မက က်န္းမာေရး အက်ိဳးေက်းဇူးေတြကိုလည္း ျဖည့္စြမ္းေပးႏုိင္ပါတယ္။ ဖ႐ံုေစ့ေလွာ္ကို ေန႔စဥ္စားေပးသင့္တဲ့ အေၾကာင္းရင္းေတြကို သိခ်င္ရင္ေတာ့ ဆက္ဖတ္ၾကည့္ေပးၾကပါဦး။

၁။ ကိုလက္စ္ထေရာကို ထိန္းခ်ဳပ္ေပးႏိုင္တယ္

Phytosterol နဲ႔ အိုမီဂါသရီး ဖက္တီးအက္ဆစ္ေတြဟာ ဖ႐ံုေစ့ထဲမွာ ၾကြယ္ဝစြာပါဝင္ၿပီး LDL ကိုလက္စ္ထေရာ လယ္ဗယ္နဲ႔ တိုက္႐ိုက္ဆက္စပ္ေနပါတယ္။ အဲဒီျဒပ္ေပါင္းေတြဟာ ေသြးခဲျခင္းကိုလည္း တားဆီးေပးတဲ့အတြက္ ႏွလံုးေသြးေၾကာက်ဥ္း ေရာဂါ မျဖစ္ေစႏိုင္ပါဘူး။ ရလဒ္အေနနဲ႔ ႏွလံုးေရာဂါနဲ႔ ေလျဖတ္ေလငန္း ေရာဂါေတြကို ကာကြယ္တားဆီးေပးႏိုင္ပါတယ္။

၂။ Antioxidant ၾကြယ္ဝတယ္

ဖ႐ံုေစ့ထဲမွာ Lignan ဆိုတဲ့ ျဒပ္ေပါင္းအပါအဝင္ ကင္ဆာကို တိုက္ဖ်က္ႏုိင္တဲ့ ပါဝင္ပစၥည္းေတြ ပါဝင္ပါတယ္။ အဲဒီျဒပ္ေပါင္းေတြဟာ Free radical ေတြကို တိုက္ဖ်က္ေပးႏိုင္တဲ့ antioxidant အျဖစ္ လုပ္ေဆာင္ေပးႏုိင္ပါတယ္။ ဒီေတာ့ ဆဲလ္လုပ္ေဆာင္မႈစနစ္ကို ပိုမိုေကာင္းမြန္ေစၿပီး ကင္ဆာေရာဂါ အႏၱရာယ္ကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

၃။ အိပ္စက္ျခင္းကို ပိုမိုေကာင္းမြန္ေစတယ္

အလုပ္မ်ားလြန္းတဲ့ တစ္ေန႔တာေၾကာင့္ ပင္ပန္းႏြမ္းနယ္ၿပီး စိတ္ဖိစီးမႈ မ်ားျပားေနသလို ခံစားေနရရင္ ဖ႐ံုေစ့ေလွာ္ေလးေတြ ဝါးေပးၿပီး အိပ္ေပ်ာ္စားဝင္ေအာင္ ျပန္လည္ဖန္တီးႏိုင္ပါတယ္။ ဖ႐ံုေစ့ထဲမွာ မဂၢနီစီယမ္နဲ႔ ထရြိဳင္တိုဖန္းလည္း ၾကြယ္ဝစြာပါဝင္ပါတယ္။ အဲဒီသတၳဳဓာတ္ေတြက အိပ္စက္ျခင္းကို လႈံ႕ေဆာ္ေပးႏိုင္တဲ့ အာဟာရဓာတ္ေတြပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ စိတ္ပင္ပန္းေနရင္ ဖ႐ံုေစ့ေလွာ္ေလးသာ ေကာက္ဝါးၾကည့္လိုက္ပါ။

၄။ ဆီးႀကိတ္က်န္းမာေရးကို အေထာက္အကူျပဳတယ္

အမ်ိဳးသားေတြရဲ႕ ခႏၶာကိုယ္ထဲမွာ ဇင့္ဓာတ္ပါဝင္မႈ မ်ားျပားျခင္းေၾကာင့္ ဆီးႀကိတ္ေရာင္ရမ္းျခင္း ေဝဒနာကို ခံစားေနရၿပီဆိုရင္ ဖ႐ံုေစ့ေလွာ္ေလးကိုသာ စားေပးၾကည့္ပါ။ ဖ႐ံုေစ့က ဆီးႀကိတ္က်န္းမာေရးကို ေကာင္းမြန္ေစၿပီး ကင္ဆာျဖစ္ေစမဲ့ အႏၱရာယ္မွ ကာကြယ္ေပးႏိုင္ပါတယ္။ ေနာက္ၿပီး အမ်ိဳးသားေတြမွာ ဇင့္ဓာတ္နည္းပါးရင္လည္း လိင္စိတ္ေဟာ္မုန္း လယ္ဗယ္ကို ေလ်ာ့က်ေစႏိုင္ပါတယ္။ ဖ႐ံုေစ့စားေပးျခင္းက အမ်ိဳးသားေတြမွာ လိင္စိတ္က်န္းမာေရးကို အားေကာင္းေစႏိုင္ပါေသးတယ္။

၅။ ဆံပင္သန္ေစတယ္

ေလ့လာမႈေတြအရ ဖ႐ံုေစ့ဆီက ဆံပင္မသန္တဲ့ အမ်ိဳးသားေတြကို ဆံသားျပန္လည္ သန္စြမ္းလာေစႏိုင္ပါတယ္။ တကယ္ေတာ့ အမ်ိဳးသားေတြ ထိပ္ေျပာင္ရျခင္းက androgen ဆိုတဲ့ ေဟာ္မုန္း နည္းပါးမႈေၾကာင့္လို႔ သုေတသီေတြက အေျဖထုတ္ထားပါတယ္။ ဖ႐ံုေစ့ထဲမွာ ပါဝင္တဲ့ အဆီဓာတ္ကေတာ့ အမ်ိဳးသားေတြမွာ androgen ေဟာ္မုန္းကို တိုးပြားေစပါတယ္။ ဒါေၾကာင့္ ထိပ္ေျပာင္ေနသူမ်ား ဆံပင္ျပန္သန္ခ်င္ရင္ ဖ႐ံုေစ့လက္တစ္ဆုပ္ကို ေန႔တိုင္းစားေပးပါ။

Source: Organicfacts

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အိမ်မှာ ရွှေဖရုံသီးဟင်း ချက်စားပြီးရင် အစေ့တွေကို လွှင့်မပစ်ကြနဲ့နော်။ ဖရုံစေ့ကို ဒယ်အိုးပူထဲမှာ အိုးကင်းပူတိုက်ပြီး လှော်ထားတဲ့ ဖရုံစေ့လှော်လေးတွေဟာ ဝါးလို့ကောင်းရုံတင်မက ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ဖြည့်စွမ်းပေးနိုင်ပါတယ်။ ဖရုံစေ့လှော်ကို နေ့စဉ်စားပေးသင့်တဲ့ အကြောင်းရင်းတွေကို သိချင်ရင်တော့ ဆက်ဖတ်ကြည့်ပေးကြပါဦး။

၁။ ကိုလက်စ်ထရောကို ထိန်းချုပ်ပေးနိုင်တယ်

Phytosterol နဲ့ အိုမီဂါသရီး ဖက်တီးအက်ဆစ်တွေဟာ ဖရုံစေ့ထဲမှာ ကြွယ်ဝစွာပါဝင်ပြီး LDL ကိုလက်စ်ထရော လယ်ဗယ်နဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ အဲဒီဒြပ်ပေါင်းတွေဟာ သွေးခဲခြင်းကိုလည်း တားဆီးပေးတဲ့အတွက် နှလုံးသွေးကြောကျဉ်း ရောဂါ မဖြစ်စေနိုင်ပါဘူး။ ရလဒ်အနေနဲ့ နှလုံးရောဂါနဲ့ လေဖြတ်လေငန်း ရောဂါတွေကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။

၂။ Antioxidant ကြွယ်ဝတယ်

ဖရုံစေ့ထဲမှာ Lignan ဆိုတဲ့ ဒြပ်ပေါင်းအပါအဝင် ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ ပါဝင်ပစ္စည်းတွေ ပါဝင်ပါတယ်။ အဲဒီဒြပ်ပေါင်းတွေဟာ Free radical တွေကို တိုက်ဖျက်ပေးနိုင်တဲ့ antioxidant အဖြစ် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒီတော့ ဆဲလ်လုပ်ဆောင်မှုစနစ်ကို ပိုမိုကောင်းမွန်စေပြီး ကင်ဆာရောဂါ အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။

၃။ အိပ်စက်ခြင်းကို ပိုမိုကောင်းမွန်စေတယ်

အလုပ်များလွန်းတဲ့ တစ်နေ့တာကြောင့် ပင်ပန်းနွမ်းနယ်ပြီး စိတ်ဖိစီးမှု များပြားနေသလို ခံစားနေရရင် ဖရုံစေ့လှော်လေးတွေ ဝါးပေးပြီး အိပ်ပျော်စားဝင်အောင် ပြန်လည်ဖန်တီးနိုင်ပါတယ်။ ဖရုံစေ့ထဲမှာ မဂ္ဂနီစီယမ်နဲ့ ထရွိုင်တိုဖန်းလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ အဲဒီသတ္ထုဓာတ်တွေက အိပ်စက်ခြင်းကို လှုံ့ဆော်ပေးနိုင်တဲ့ အာဟာရဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ပင်ပန်းနေရင် ဖရုံစေ့လှော်လေးသာ ကောက်ဝါးကြည့်လိုက်ပါ။

၄။ ဆီးကြိတ်ကျန်းမာရေးကို အထောက်အကူပြုတယ်

အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဇင့်ဓာတ်ပါဝင်မှု များပြားခြင်းကြောင့် ဆီးကြိတ်ရောင်ရမ်းခြင်း ဝေဒနာကို ခံစားနေရပြီဆိုရင် ဖရုံစေ့လှော်လေးကိုသာ စားပေးကြည့်ပါ။ ဖရုံစေ့က ဆီးကြိတ်ကျန်းမာရေးကို ကောင်းမွန်စေပြီး ကင်ဆာဖြစ်စေမဲ့ အန္တရာယ်မှ ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး အမျိုးသားတွေမှာ ဇင့်ဓာတ်နည်းပါးရင်လည်း လိင်စိတ်ဟော်မုန်း လယ်ဗယ်ကို လျော့ကျစေနိုင်ပါတယ်။ ဖရုံစေ့စားပေးခြင်းက အမျိုးသားတွေမှာ လိင်စိတ်ကျန်းမာရေးကို အားကောင်းစေနိုင်ပါသေးတယ်။

၅။ ဆံပင်သန်စေတယ်

လေ့လာမှုတွေအရ ဖရုံစေ့ဆီက ဆံပင်မသန်တဲ့ အမျိုးသားတွေကို ဆံသားပြန်လည် သန်စွမ်းလာစေနိုင်ပါတယ်။ တကယ်တော့ အမျိုးသားတွေ ထိပ်ပြောင်ရခြင်းက androgen ဆိုတဲ့ ဟော်မုန်း နည်းပါးမှုကြောင့်လို့ သုတေသီတွေက အဖြေထုတ်ထားပါတယ်။ ဖရုံစေ့ထဲမှာ ပါဝင်တဲ့ အဆီဓာတ်ကတော့ အမျိုးသားတွေမှာ androgen ဟော်မုန်းကို တိုးပွားစေပါတယ်။ ဒါကြောင့် ထိပ်ပြောင်နေသူများ ဆံပင်ပြန်သန်ချင်ရင် ဖရုံစေ့လက်တစ်ဆုပ်ကို နေ့တိုင်းစားပေးပါ။

Source: Organicfacts

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top