iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ကိုယ္ကိုယ္ ႏွိမ့္ခ်ၿပီးေတြးေနတဲ့ သိမ္ငယ္စိတ္ေတြက မဒီေလးတုိ႔ကို ေအာင္ျမင္တဲ့လမ္းေတြဆီ ေခၚသြားႏိုင္မွာမဟုတ္ဘူး။ အၿမဲတမ္း အားငယ္ေနမယ္၊ ေၾကာက္လန္႔ေနမယ္၊ ဘာမွမလုပ္မကိုင္ရဲဘူးဆုိရင္ သတၱိမရွိဘူးဆုိရင္ မဒီေလးတုိ႔လိုခ်င္တဲ့ ပန္းတိုင္ေတြကို ေရာက္ဖုိ႔ရာ ခက္ခဲေနဦးမွာပါ။ ၿပီးေတာ့ ကိုယ့္ကိုယ္ကိုယ္ထက္ သူမ်ားကို ပိုခ်စ္ေနတာမ်ိဳးလည္း မျဖစ္ပါေစနဲ႔။ ကိုယ့္ကိုယ္ကိုယ္ခ်စ္တတ္သူသာလွ်င္ ပူေဆြးေသာကေတြနဲ႔ေဝးၿပီး ယံုၾကည္ခ်က္ရွိရွိ ေနႏိုင္မွာပါေနာ္။

မိန္းကေလးအမ်ားစုဟာ ကိုယ့္ကိုယ္ကိုယ္ လံုလံုေလာက္ေလာက္ မခ်စ္တတ္ၾကပါဘူး။ မလိုအပ္တဲ့ သိမ္ငယ္စိတ္၊ ေၾကာက္လန္႔စိတ္ေတြ၊ အေတြးမွားေတြကို ေမြးျမဴထားၾကတယ္။ ကိုယ့္ကိုယ္ကိုယ္ခ်စ္တယ္ဆုိတာက အတၱႀကီးဖုိ႔ တစ္ကိုယ္ေကာင္းဆန္ဖုိ႔ကို မဆုိလုိပါဘူးေနာ္။ ကိုယ့္ကိုယ္ကိုယ္တန္ဖိုးထားၿပီး ဂ႐ုစိုက္ေပးတာ၊ ကိုယ့္အတြက္ေကာင္းမယ့္အရာေတြကို သူမ်ားကိုမထိခိုက္ေစဘဲ လုပ္တာကို ေျပာတာပါ။ ကိုယ့္ကိုယ္ကိုယ္ေတာင္ တန္ဖိုးမထား၊ မခ်စ္တတ္တဲ့ မိန္းကေလးေတြကို တျခားလူေတြက ပိုခ်စ္ေပးလိမ့္မယ္လို႔လည္း မေမွ်ာ္မွန္းေစခ်င္ဘူး။ ဒီေတာ့ ကိုယ့္ကိုယ္ခ်စ္တတ္လာေအာင္ ဘယ္လုိလုပ္ၾကမလဲ။

၁။ ခႏၶာကိုယ္ကို စိတ္မပ်က္ပါနဲ႔။ လူဆိုတာ ၿပီးျပည့္စံုတယ္ရယ္လို႔မရွိဘူး။ ကိုယ့္ခႏၶာကိုယ္ကို ကိုယ္တုိင္က အားနည္းခ်က္လို႔ ျမင္ေနရင္ သူမ်ားေတြ ပုိေလွာင္ၾကမွာေပါ့။ အေကာင္းအတိုင္း က်န္းမာေနတဲ့ခႏၶာကိုယ္က တန္ဖိုးအရွိဆံုးပါ။

၂။ သူမ်ားနဲ႔လိုက္ယွဥ္ေနတာေတြ ရပ္လိုက္ပါ။ သူမ်ားက ကိုယ့္ထက္ပိုလွေနတယ္၊ သူရတာေတြ ကိုယ္မရလို႔ အားငယ္တာေတြ ျဖစ္လာတယ္။ သူကသူ ကိုယ္ကကိုယ္ပဲ။ ကိုယ့္မွာရွိတဲ့ ေကာင္းတဲ့အရာေတြကိုလည္း သူရခ်င္မွ ရမွာေလ။

၃။ ကိုယ္ျဖစ္တာကို လုပ္ျဖစ္ေအာင္လုပ္ရမယ္။ အေၾကာင္းျပခ်က္ေတြကို ေမ့လိုက္ပါ။ မျဖစ္ႏိုင္ဘူးဆုိတာ ဘာမွမရွိဘူးေနာ္။ ပိန္ခ်င္သလား ... ေလ့က်င့္ခန္းလုပ္၊ အစားေလွ်ာ့ရင္ ျဖစ္တယ္။ ကိတ္ခ်င္ရင္လည္း ေလ့က်င့္ခန္းလုပ္ရင္ ရလာမွာပဲ။ ကိုယ္ျဖစ္ခ်င္တာကို ျဖစ္ေအာင္မႀကိဳးစားဘဲ ထိုင္ၿပီးစိတ္ပ်က္ေနရံုနဲ႔ေတာ့ ကိုယ့္ကိုယ္ကိုယ္ခ်စ္ရာမေရာက္ပါဘူး။ လိုခ်င္တဲ့အရာရွိတယ္ဆုိရင္ ဒီစာဖတ္ေနရင္း ခ်က္ျခင္းပဲ ထလုပ္လိုက္ပါေတာ့ေနာ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီးတွေးနေတဲ့ သိမ်ငယ်စိတ်တွေက မဒီလေးတို့ကို အောင်မြင်တဲ့လမ်းတွေဆီ ခေါ်သွားနိုင်မှာမဟုတ်ဘူး။ အမြဲတမ်း အားငယ်နေမယ်၊ ကြောက်လန့်နေမယ်၊ ဘာမှမလုပ်မကိုင်ရဲဘူးဆိုရင် သတ္တိမရှိဘူးဆိုရင် မဒီလေးတို့လိုချင်တဲ့ ပန်းတိုင်တွေကို ရောက်ဖို့ရာ ခက်ခဲနေဦးမှာပါ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ထက် သူများကို ပိုချစ်နေတာမျိုးလည်း မဖြစ်ပါစေနဲ့။ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်သူသာလျှင် ပူဆွေးသောကတွေနဲ့ဝေးပြီး ယုံကြည်ချက်ရှိရှိ နေနိုင်မှာပါနော်။

မိန်းကလေးအများစုဟာ ကိုယ့်ကိုယ်ကိုယ် လုံလုံလောက်လောက် မချစ်တတ်ကြပါဘူး။ မလိုအပ်တဲ့ သိမ်ငယ်စိတ်၊ ကြောက်လန့်စိတ်တွေ၊ အတွေးမှားတွေကို မွေးမြူထားကြတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်တယ်ဆိုတာက အတ္တကြီးဖို့ တစ်ကိုယ်ကောင်းဆန်ဖို့ကို မဆိုလိုပါဘူးနော်။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားပြီး ဂရုစိုက်ပေးတာ၊ ကိုယ့်အတွက်ကောင်းမယ့်အရာတွေကို သူများကိုမထိခိုက်စေဘဲ လုပ်တာကို ပြောတာပါ။ ကိုယ့်ကိုယ်ကိုယ်တောင် တန်ဖိုးမထား၊ မချစ်တတ်တဲ့ မိန်းကလေးတွေကို တခြားလူတွေက ပိုချစ်ပေးလိမ့်မယ်လို့လည်း မမျှော်မှန်းစေချင်ဘူး။ ဒီတော့ ကိုယ့်ကိုယ်ချစ်တတ်လာအောင် ဘယ်လိုလုပ်ကြမလဲ။

၁။ ခန္ဓာကိုယ်ကို စိတ်မပျက်ပါနဲ့။ လူဆိုတာ ပြီးပြည့်စုံတယ်ရယ်လို့မရှိဘူး။ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်တိုင်က အားနည်းချက်လို့ မြင်နေရင် သူများတွေ ပိုလှောင်ကြမှာပေါ့။ အကောင်းအတိုင်း ကျန်းမာနေတဲ့ခန္ဓာကိုယ်က တန်ဖိုးအရှိဆုံးပါ။

၂။ သူများနဲ့လိုက်ယှဉ်နေတာတွေ ရပ်လိုက်ပါ။ သူများက ကိုယ့်ထက်ပိုလှနေတယ်၊ သူရတာတွေ ကိုယ်မရလို့ အားငယ်တာတွေ ဖြစ်လာတယ်။ သူကသူ ကိုယ်ကကိုယ်ပဲ။ ကိုယ့်မှာရှိတဲ့ ကောင်းတဲ့အရာတွေကိုလည်း သူရချင်မှ ရမှာလေ။

၃။ ကိုယ်ဖြစ်တာကို လုပ်ဖြစ်အောင်လုပ်ရမယ်။ အကြောင်းပြချက်တွေကို မေ့လိုက်ပါ။ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူးနော်။ ပိန်ချင်သလား ... လေ့ကျင့်ခန်းလုပ်၊ အစားလျှော့ရင် ဖြစ်တယ်။ ကိတ်ချင်ရင်လည်း လေ့ကျင့်ခန်းလုပ်ရင် ရလာမှာပဲ။ ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်မကြိုးစားဘဲ ထိုင်ပြီးစိတ်ပျက်နေရုံနဲ့တော့ ကိုယ့်ကိုယ်ကိုယ်ချစ်ရာမရောက်ပါဘူး။ လိုချင်တဲ့အရာရှိတယ်ဆိုရင် ဒီစာဖတ်နေရင်း ချက်ခြင်းပဲ ထလုပ်လိုက်ပါတော့နော်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top